T Lone

T Lone

Share

21/03/2026

19/03/2026

Statue of Anton Verhey

#ပေါ့ပေါ့ပါးပါးမြင်တာဆွဲ

16/03/2026

စစ်ဖက်ဆိုင်ရာ ဂီတတူရိယာ (Weapon of War) တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြတဲ့ Scotland ရဲ့ ရိုးရာ Bagpipe instrument

Bagpipe instrument ဟာ ဥရောပတိုက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ ကျော်ကြာ 1000 BCE ကတည်းက စတင် အသုံးပြုခဲ့တဲ့ ရိုးရာပုလွေတစ်မျိုး ဖြစ်ပြီး Scotland နိုင်ငံနှင့် ပတ်သက်တဲ့ စစ်ပွဲတွေ ၊ ပွဲတော်တွေနှင့် ရိုးရာယဉ်ကျေးမှု အခန်းအနားတွေမှာ ထင်ရှားစွာ အသုံးပြုခဲ့ကြပါတယ် ။ အထူးသဖြင့် စကော့တလန်ရဲ့ သမိုင်းမှာ စစ်သည်‌တော်တွေ စစ်မြေပြင်ကို ချီတက်တဲ့အချိန် War Bagpipe တီးမှုတ်သူများ (Piper) များလည်း ပါဝင်ခဲ့ကြပါတယ် ။

Bagpipe instrument ရဲ့အသံကို စစ်သည်တော်‌တွေ အတွက် စိတ်ဓာတ်မြှင့်တင်ရန် အနေနဲ့
- စကော့တလန်စစ်သည်များ စစ်မြေပြင်သို့ ချီတက်စဉ် Bagpipe သံဖြင့် ရဲရင့်မှုနှင့် စည်းလုံးမှုကို မြှင့်တင်ဖို့ အသုံးပြုခဲ့ကြတယ် ။
- အသံက ဝေးလံသောနေရာများအထိ ကြားရနိုင်တဲ့အတွက် စစ်သည်တော်များရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ရာတွင် ထိရောက်မှုရှိစေဖို့ အသုံးပြုခဲ့ကြတယ် ။

စစ်ဆင်ရေးလှိုင်းခေါ်သံ (Battle Signals) အဖြစ်
- Bagpipe ကို ချီတက်ရန်၊ ချဉ်းကပ်ရန်၊ အနားယူရန် စသည့် စစ်ဆင်ရေးညွှန်ကြားချက်များ ပေးရန်အတွက်လည်း အသုံးပြုခဲ့ကြတယ် ။

ရန်သူများကို စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရန် နှင့် စိတ်ဓာတ်ကျဆင်းစေရန်
- Bagpipe ရဲ့အသံက ရန်သူစစ်တပ်အတွင်း ကြောက်ရွံ့မှုကို ဖြစ်စေနိုင်သည်ဟု ယုံကြည်ခဲ့ကြတယ် ။ Scotland ရဲ့ Stirling Castle အနီးမှာဖြစ်ခဲ့တဲ့ စစ်သည်တော် ၆၀၀၀ သာရှိတဲ့ Robert the Bruce of Scotland နဲ့ စစ်သည်တော် ၂,၅၀၀၀ နဲ့ စစ်မြင်း ၂၀၀၀ ရှိတဲ့ King Edward II of England တို့ရဲ့တိုက်ပွဲမှာ England စစ်သည်တော်အများတွေအများအပြားသေဆုံး ရှုံးနိမ့်ခဲ့ပြီးတပ်ဆုပ်ခဲ့ရတဲ့ ဘန်းနော့ဘန် တိုက်ပွဲ (Battle of Bannockburn, 1314) မှာ စကော့တပ်များဟာ Bagpipe သံဖြင့်များ တိုက်ပွဲ၀င်ခဲ့ပြီး အောင်ပွဲအကြီးအကျယ်ဆင်နွှဲခဲ့ကြဆိုတဲ့ သမိုင်းဟာထင်ရှားလှပါတယ် ။

ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု အနေဖြင့်
- Bagpipe instrument ကို စကော့တလန်၏ လွတ်လပ်ရေးနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုပြီး တီးမှုတ်ကြခြင်းဖြစ်ပါတယ် ။
- ဟိုင်းလန်းဂိမ်း (Highland Games) ကဲ့သို့ ရိုးရာပွဲများမှာလည်း အနုပညာတစ်ရပ် အဖြစ် တီးမှုတ်‌‌ ဖျော်ဖြေနေကြဆဲဖြစ်ပါတယ် ။
- အခုထိလည်း Bagpipe ဟာ စစ်ရေးသာမက၊ ငြိမ်းချမ်းရေးပွဲများ (မင်္ဂလာဆောင်များ၊ ပွဲတော်များ၊ ဈာပနများ၊ စစ်ရေးအခမ်းအနားများ) တွင်လည်း အဓိကပါဝင်အသုံးပြုနေဆဲဖြစ်ပါတယ် ။

ယနေ့ခေတ်ဖက်မှာတော့ Bagpipe instrument ကို ကမ္ဘာအရပ်ရပ် မှာရှိတဲ့ ဂီတပညာရှင်များ၊ တီးဝိုင်းများတွင်လည်း ပေါင်းစပ်အသုံးပြုလျက် ရှိပြီး ရိုးရာနှင့် ခေတ်ပေါ်ဂီတကို ချိတ်ဆက်ဖန်တီး ကြတာတွေလည်းရှိပါတယ် ။
ထို့ကြောင့် စစ်ပွဲများအတွက်သာမဟုတ်ပဲ ယဉ်ကျေးမှုဆိုင်ရာအခန်းအနားများတွင်ပါအသုံးပြုတဲ့ Duality ရှိသည့် တူရိယာတစ်ခုလည်း ဖြစ်ပါတယ် ။

အချုပ်အားဖြင့်ဆိုရလျှင် Bagpipe ဟာ စကော့တလန်၏ စစ်ရေးသမိုင်းတွင် အရေးပါသော တူရိယာတစ်ခုဖြစ်သည်သာမက ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အဖြစ် ထိန်းသိမ်းဖျော်ဖြေ တီးမှုတ် အသုံးပြုလျက်ရှိပါတယ် ။

စာကြွင်း - Bagpipe ကို စကော့တလန် ရိုးရာအဝတ်အစား Kilt (ကီလ်တ်) အား၀တ်ဆင်ပြီး တီးမှုတ်ကြခြင်း
Kilt သည် စကော့တလန်၏ ရိုးရာနှင့် ဂုဏ်သိက္ခာကိုယ်စားပြုသော အဝတ်အစားတစ်ခု ဖြစ်ပြီး ထူးခြားသော အကွက် (Tartan)များ နှင့် ချုပ်ထားသော ခါးပတ်အဝတ်အစားဖြစ်ပြီး အမျိုးသားများက အဓိက ဝတ်ဆင်ကြပါသည်။ Kilt ကို Bagpipe တီးမှုတ်သူများ၊ ရိုးရာကခုန်သူများ၊ အထိမ်းအမှတ်ပွဲများနှင့် ဟိုင်းလန်းဂိမ်း (Highland Games) ကဲ့သို့ ပွဲများတွင် အများဆုံး တွေ့ရပါနိုင်ပါသည် ။ ။

#တီလုံး

06/03/2026

"CHONG KEE" Restaurant

Commission Sketch

Kinkerstraat 204 A, 1053 EM Amsterdam

#တီလုံး #ပေါ့ပေါ့ပါးပါးမြင်တာဆွဲ

05/03/2026

Two Years Ago.

28/02/2026

ရုပ်သေးလူ (Official Music Video)

Available at
YouTube - https://youtu.be/F1kn3eLtCZ0?si=VixruEF1N9OZAL2i

Flow streaming - https://open.flow.com.mm/kMOjz2W070b

with Thanks

#ရုပ်သေးလူ #တီလုံး

27/02/2026

"ရုပ်သေးလူ"

Both Audio and Official Music Video of the new single song will be dropped tomorrow evening via Flow App and Legacy YouTube channel.

15/02/2026

အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်း
သိလေ ပိုနာကျင်လေ ။

ဒါကြောင့်မို့ မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာဖြစ်မယ် ။

အပြစ်ကင်းစင်တဲ့ လှေကလေးတစ်စင်းနဲ့
ဟိုတစ်ဖက်ကမ်းကို ကူးချင်ရဲ့ ။

Rest In Peace ဆရာ #၀င်းမြင့်
ကဗျာများဖြင့် ငြိမ်းချမ်းပါစေ . . .

15/02/2026

Old drawing of 2018.

11/02/2026

"Flipje"

The statue of Flipje, a famous local mascot of the city of Tiel, Netherlands, also known as the "Fruit City by the Waal", a region famous for its fruit cultivation (apples, pears, cherries).

Flipje was invented in 1935 by Philip van Alfen of the Alfen advertising agency as a marketing symbol for the local jam factory "De Betuwe".
The character, with a body made of raspberries and limbs of red currants, was used as a logo and featured in comic booklets to promote the factory's products. This makes Flipje one of the oldest marketing figures in Europe, second only to the Michelin Tire Man.

The character represents the region's strong historical connection to fruit cultivation and the legacy of the "De Betuwe" factory, which was a household name in the Netherlands for many years. When the factory closed in 1993, Flipje had become so beloved that he remained the symbol and figurehead of the Tiel region. Also in 1993, the bronze statue was created by artist Else Ringnalda, stands in the market square of Tiel and serves as a permanent reminder of this history.

ဖန်တီးထားတာ ရာစုနှစ် တစ်ခုနီးပါးလောက် ရှိပြီဖြစ်တဲ့ "Flipje" လို့ခေါ်တဲ့ Mascot လာဘ်ကောင် ရုပ်လေးဟာ နယ်သာလန်နိုင်ငံရဲ့ လူသိများတဲ့ ဒေသခံ မျက်နှာဖုံးအရုပ်တစ်ခု ဖြစ်ပြီး Waal မြစ်ဘေးမှာရှိတဲ့ ပန်းသီး၊ သစ်တော်သီး၊ ချယ်ရီသီးစသည့် သစ်သီးများစိုက်ပျိုးရာ သစ်သီးများမြို့လို့ လူသိများတဲ့ "Tiel" မြို့မှာရှိပါတယ် ။
Flipje ကို ၁၉၃၅ ခုနှစ်တွင် Alfen ကြော်ငြာအေဂျင်စီမှ Philip van Alfen က "De Betuwe" သစ်သီးစက်ရုံအတွက် ဖန်တီးခဲ့တာဖြစ်ပြီး အရုပ်လေးရဲ့ ကိုယ်ထည်၊ လက်မောင်းနှင့်ခြေထောက်များကို ဘယ်ရီသီးများဖြင့် ပုံဖော်ဖန်တီးထားပြီး စက်ရုံရဲ့ ထုတ်ကုန်ပစ္စည်းများ၊ Logo ၊ ကြော်ငြာများ၊ စာရွက်စာတမ်းများနှင့် Comic တွေ ကာတွန်းတွေထဲမှာ အသုံးပြုခဲ့ပါတယ် ။ ကျနော်တို့ မြင်ဖူးသိဖူးပြီးသားဖြစ်တဲ့ Michelin Man တာယာ Company ရဲ့ Mascot အရုပ်ပြီးလျှင် "Flipje" သည် ဥရောပရဲ့ အစောဆုံးသော Mascot အရုပ်တစ်ခုလည်းဖြစ်ပါတယ် ။
1993 ခုနှစ်မှာ သစ်သီးစက်ရုံပိတ်လိုက်သော်လည်း Flipje သည် Tiel ဒေသရဲ့ ဒေသသစ်သီးစိုက်ပျိုးရေးနှင့် "De Betuwe" လုပ်ငန်းရဲ့ မျိုးဆက်အမွေကိုထင်ဟပ်စေဖို့နဲ့ သင်္ကေတအဖြစ် ဆက်လက်တည်ရှိနေဖို့ ပန်းပုဆရာ Else Ringnalda ကကြေးရုပ်ထုအဖြစ် Tiel မြို့၏ အလယ်တွင်ထားရှိပြီး သမိုင်းကို အမှတ်တရဖြစ်စေဖို့ သွင်းထုထားရှိခဲ့တာ ဖြစ်ပါတယ် ။


#ပေါ့ပေါ့ပါးပါးမြင်တာဆွဲ

08/02/2026
06/02/2026

Catholic church St. Paulus Utrecht

Originally built in 1934 as a Dutch Reformed church (Willem de Zwijgerkerk). In 1993, the building was transferred to the Catholic Sint-Paulus parish after their previous location on Linnaeuslaan was demolished. The building features a distinctive hexagonal shape and a roof turret. Many items, including the pews, altar, and tabernacle, were moved from the original Linnaeuslaan church to the current building in 1934.


#ပေါ့ပေါ့ပါးပါးမြင်တာဆွဲ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Yangon