Star-MM
07/11/2026
SPRM က ဘဏ်အကောင့် ၁၄ ခုကို ပိတ်ပင်၊ ရင်းဂစ် ၂ သန်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်း**
(PUTRAJAYA) –** မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (SPRM) သည် ကုမ္ပဏီအကောင့် ၅ ခုနှင့် လူပုဂ္ဂိုလ်အချို့ပိုင်ဆိုင်သည့် ဘဏ်အကောင့် ၉ ခု အပါအဝင် စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၁.၁ သန်းနီးပါးရှိသော ဘဏ်အကောင့် ၁၄ ခုကို ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်。
၎င်းသည် နိုင်ငံခြားသားများနှင့် ပတ်သက်၍ ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ပြစ်မှုအမျိုးမျိုး ကျူးလွန်ထားသည်ဟု သံသယရှိရသော ဥပဒေစိုးမိုးရေးအရာရှိများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အများပြည်သူများနှင့် နိုင်ငံခြားသားများ ပါဝင်သည့် ပုဂ္ဂိုလ် ၃၃ ဦးအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နောက်ဆက်တွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သတင်းရင်းမြစ်များ၏ ပြောပြချက်အရ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က (ပုထြာဂျာယာ၊ ဆလန်ဂေါ၊ နယ်ဂရီဆွန်ဘီလန်နှင့် မလက္ကာ ပြည်နယ်/နယ်မြေများရှိ) SPRM ဌာနခွဲများနှင့် ထောက်လှမ်းရေးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးအတွင်း စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၁.၄ သန်းဖိုးရှိသော ပိုင်ဆိုင်မှုအမျိုးမျိုးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။
"ဒီကနေ့ (သောကြာနေ့) မှာ သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေထဲမှာ -
* ငွေသား ရင်းဂစ် ၃၉၃,၁၅၀
* အင်ဒိုနီးရှားငွေ ၁၈ သန်း ရူပီးယား (ရင်းဂစ် ၄,၀၅၀ ခန့်)
* စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၁.၈ သန်း တန်ဖိုးရှိ ဇိမ်ခံကား ၁၀ စီးနဲ့ မော်တော်ဆိုင်ကယ် ၃ စီး
* စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၈,၃၀၀ ခန့် တန်ဖိုးရှိ ရွှေပြား ၁၄ ပြား (တစ်ပြားလျှင် ၁ ဂရမ်အလေးချိန်ရှိ)
* စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၁၁၈,၅၀၀ တန်ဖိုးရှိ လက်ကောက်၊ လက်စွပ် စတဲ့ လက်ဝတ်ရတနာမျိုးစုံ ၈၀ ခု
* စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၄၂,၂၀၀ ခန့် တန်ဖိုးရှိ လက်ပတ်နာရီ ၃ လုံး
* ခန့်မှန်းခြေ ရင်းဂစ် ၉,၀၀၀ ခန့် တန်ဖိုးရှိ ဇိမ်ခံလက်ဆွဲအိတ် ၁ လုံး
* စုစုပေါင်း ခန့်မှန်းခြေ ရင်းဂစ် ၄၈,၀၀၀ ခန့် တန်ဖိုးရှိ လက်ကိုင်ဖုန်း ၁၇ လုံး တို့ ပါဝင်ပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၎င်း၏ ပြောပြချက်အရ သောကြာနေ့အထိ စုံစမ်းစစ်ဆေးရေး တွဲဖက်စာတွဲ ၉ ခုကို ဖွင့်လှစ်ထားပြီးဖြစ်ကာ၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြည်နယ် ၄ ခုတွင် ပြုလုပ်ခဲ့သည့် ပူးပေါင်းစစ်ဆင်ရေးမှတစ်ဆင့် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ဘဏ်အကောင့်များကို ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းတို့ကို SPRM က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"မနေ့က (ကြာသပတေးနေ့) မှာလည်း SPRM ဟာ ပုထြာဂျာယာ SPRM ဌာနချုပ်မှာ စုံစမ်းစစ်ဆေးမှုကို ကူညီပေးနိုင်ဖို့အတွက် အခြားဥပဒေစိုးမိုးရေးအရာရှိတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို SPRM ရဲ့ အာမခံနဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Op Layer (ပုထြာဂျာယာ SPRM)၊ Op Dalang (ဆလန်ဂေါ SPRM)၊ Op Raider (နယ်ဂရီဆွန်ဘီလန် SPRM) နှင့် Op Genuine (မလက္ကာ SPRM) စစ်ဆင်ရေးများမှတစ်ဆင့် SPRM သည် လူပုဂ္ဂိုလ် ၃၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ဥပဒေစိုးမိုးရေးအရာရှိများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အများပြည်သူများနှင့် နိုင်ငံခြားသားများ ပါဝင်သည့် ပုဂ္ဂိုလ် ၃၃ ဦးကို ချုပ်ရက်ရမန် ရယူထိန်းသိမ်းထားခဲ့သည်။
တစ်ချိန်တည်းမှာပင် SPRM ၏ အကြီးအကဲဖြစ်သူ Datuk Seri Abd Halim Aman ထံသို့ ဆက်သွယ်မေးမြန်းရာတွင် ယခုဖြစ်စဉ်ကို အတည်ပြုပေးခဲ့ပြီး အဆိုပါအမှုကို ၂၀၀၉ ခုနှစ် SPRM အက်ဥပဒေ ပုဒ်မ ၁၆(ခ)(က)၊ ၁၇(က)၊ ၁၇(ခ) နှင့် ၁၈ တို့အရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
Sinar Harian
07/11/2026
ယူကရိန်းစစ်ပွဲရပ်ရေး ထရမ့်က ကြားပွဲစားလုပ်ကာ တိုက်တွန်းနေသည့်တိုင် ပူတင်က မရပ်ချင်သေးဘူးလို့ သူနဲ့နီးစပ်သူ ၃ ယောက်က ဆိုလာပါတယ်။
၅ နှစ်ထဲဝင်လာတဲ့ ယူကရိန်းစစ်ပွဲကနေ တခုခု လက်ဆုပ်လက်ကိုင်ပြစရာ ရမှသာ ပူတင်အနေနဲ့ အိမ်ကွင်းမှာ အရှက်မရမှာမို့ လက်လွတ်ခွက်ကျွတ် ရပ်ရမှာ မလိုလားပါဘူး။ အနိမ့်ဆုံး ယူကရိန်းအရှေ့ဖက်အရပ်က ဒွန်းဘတ်နယ်မြေကို အပိုင်လိုချင်နေပါတယ်။ စစ်သဘောအရ အပစ်ရပ်စာချုပ်ချုပ်ရင် ရောက်တဲ့နေရာအထိပဲ ရကြမှာကို ပူတင်က အဆစ်ပိုလိုချင်နေတာပါ။ ဒိုးနပ်ဒေသရဲ့ ၁/၅ ပုံကို ရုရှားဟာ မသိမ်းနိုင်သေးပါဘူး။ ယူကရိန်းဖက်ကလည်း အသေခံကာကွယ်ထားရတဲ့ ဒိုးနပ်စက်မှုနယ်မြေကို ရုရှားကို ဘလိုင်းကြီးပေးဖို့ရာ မဖြစ်နိုင်ပါဘူး။
ခုရက်ပိုင်းမှာ မော်စကိုက ရေနံချက်စက်ရုံတွေနဲ့ ရုရှားဆိပ်ကမ်းတွေကို ယူကရိန်းစစ်တပ်က ဒရုန်းတွေစေလွှတ်ကာ တိုက်ခိုက်ခံနေရလို့ ရုရှားစစ်တပ်မှာ လောင်စာဆီအကြပ်အတည်း ဆိုက်လာပါတယ်။ တချိန်တည်းမှာ ယူကရိန်းအား ပက်ထရိယော့ဒုံးကျည် PAC3 တွေ အိမ်ကွင်းမှာထုတ်လုပ်ဖို့ အမေရိကန်က လိုင်စင်ခွင့်ပြုလိုက်ပါတယ်။ ပူတင်ဟာ မကြာခင်ကာလအတွင်း ယူကရိန်းကိုကျော်ကာ ထပ်မံကျူးကျော်စစ်ဆင်နွှဲရန် ပြင်နေတယ်လို့ ဇလန်စကီးက ဆိုပါတယ်။
ref: Reuters
07/10/2026
ခေါက်ဆွဲခြောက်ထုတ်လေး
🥘🥘🥘🥘🥘🥘🥘🥘🥘
Miggi ခေါက်ဆွဲခြောက်ထုတ်...
မလေးရှားနိုင်ငံ ဘလန်တစ်ကန့်ထဲက အကောင်းဆုံးအစားစာ..
အပြင်မှာRM6. 50လောက်တန်တဲ့ခေါက်ဆွဲက ကန့်ထဲမှာ တထုတ်RM15ပေးဝယ်စားရတယ်...
ကြောင်စာလောက်ပဲစားနေရတဲ့ လူငယ် လူရွယ် အသက်မပြည့်သေးတဲ့ကလေးတွေ ခေါက်ဆွဲခြောက်တထုတ်ကို ရေနဲ့ပြုတ် (၅)ယောက်လောက်ဝိုင်းစားနေရတယ်...
မနက်စာအတွက် ကန့်ကပေးတဲ့ ပေါင်မုန့်🍞 2ချပ်ကြား ရေနဲ့စိမ်ထားတဲ့ ခေါက်ဆွဲ လေးကို ညှပ်စားရင်းနဲ့ တချို့ အိမ်ကိုလွမ်းနေလေရဲ့....
တချို့တွေ အိမ်နဲ့ အဆက်အသွယ်ပျက် ပြီးဧည့်တွေမလာတဲ့သူတွေ ဒုနဲ့ဒေးရယ်။
ဆားမပါတဲ့ ကြက်သားပြုတ် ..စားပါများ ယားတဲ့ ဒါးမနိုင်ငါး ကြားထဲမှာ ခေါက်ဆွဲခြောက်ထုတ်လေးက ကန့်ထဲက လူတွေအတွက် တော့ တဒင်္ဂ ဗိုက်ပြည့်စေတဲ့ ဧည့်တွေ့ပေးတဲ့ ဆုလာဘ်လေးပေါ့.
ကန့်ရောက်ဖူးတိုင်း
ခေါက်ဆွဲထုတ်ကို ချစ်ကြသည်။
I♥️Miggi
အတွေကြုံရ
စွယ်စုံရ ချက်ကြီး
Credit @ Ah Htun
07/10/2026
မာရီနိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့ စပိန်အသင်း ဘယ်လ်ဂျီယံကို အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်
စပိန် ၂-၁ ဘယ်လ်ဂျီယံ
ဖာဘီယန်ရုဇ် ၃၀’ ⚽ ကတ်တယ်လီယာ
မာရီနို ၈၈’
ဥရောပချန်ပီယံ စပိန်အသင်းဟာ သောကြာနေ့က ကစားခဲ့တဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကြီးပွဲကောင်းတပွဲကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။
ဒုတိယပိုင်း ၈၈ မိနစ်မှာ ပေါ် ကူဘာစီရဲ့ ကန်ချက်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို မီကေးလ် မီရီနိုက ပိတ်သွင်းယူခဲ့ပြီး စပိန်အသင်းအတွက် အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ AT&T အားကစားကွင်းမှာ ပြင်သစ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရတော့မှာ ဖြစ်ပါတယ်။
Mizzma sports
07/10/2026
စပိန် ၂-၁ ဘယ်လ်ဂျီယမ် (၈၈ မိနစ်)
အာဆင်နယ်အသင်းရဲ့ Super Sub ကစားသမား မယ်ရီနိုက လူစားဝင်လာပြီး နောက်ထပ်တကြိမ် စပိန်အတွက် အနိုင်ဂိုးဖြစ်လာနိုင်တဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးလိုက်ပါပြီ။
ကူဘာဆီရဲ့ ပင်နယ်တီဧရိယာထိပ်က အပြင်းကန်သွင်းချက်ကို လန်မန်းစ် အမိဖမ်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပြန်အန်ထွက်လာတာကို မယ်ရီနိုက ပါးပါးနပ်နပ်ပဲ ပြေးဝင်ပိတ်သွင်းယူသွားခဲ့တာပါ။
07/10/2026
လူငယ်တွေ စတေးခဲ့ကြ.. စွန့်လွှတ်ခဲ့ကြ.. ပေးဆပ်ခဲ့ကြ .. ကျဆုံးခဲ့ကြ...
ကောင်းရာဘုံဘဝရောက်ပါစေမောင်ငယ်တို့ရေ
အလေးပြုပါတယ်
သွားနှင့်ကြကွယ် ...
07/10/2026
10.7.26
ယနေ့ မလေးရှားနိူင်ငံ ဆာဘားပြည်နယ်ဖက်ခြမ်း မှာ BAVI ဟုအမည်ပေးထားတဲ့ တိုင်းဖုန်း မုန်းတိုင်း
စတင် အစပျိုးလာတဲ့ မြင်ကွင်းကိုတွေ့မြင်ရစဥ်...
ဒီနေ့လူကြည့်များ နေတဲ့ VD ဖြစ်ပါတယ်
Bila met Malaysia keluar kan posting tentang "Taufan Bavi * ramai yang gelakkan sebab nama tu...komen mcm2...Hari ini dah sampai ke Sabah walaupun hanya ekor nya sahaja, tp tengok lah sendiri keadaan nya mcm mna angin tu.. Semoga mereka d permudahkan urusan....
07/10/2026
လူဝင်မူကြီးကြပ်ရေးဌာနမှ (ခြောက်လ)တာအတွင်းအထောက်အထားမဲနိုင်ငံခြားသား ၃၆၉၀၀ ဦးဖမ်းဆီးထိန်းသိမ်းခံရ
မလေးရှားနိုင်ငံ၊ခြောက်လတာအတွင်းလူဝင်မူကြီးကြပ်ရေးဌာနမှဇူလိုင်လ ၁၀ရက်နေ့က
နိုင်ငံတစ်ဝှမ်းတွင်ပြုလုပ်သောစစ်ဆေးရေး (အော်ပါရာစီ)တွင်အထောက်အထားမဲ့ရွှေ့ပြောင်း နိုင်ငံခြားသား (၃၆၉၀၀) ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်။လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှုးချုပ် ဒါတွတ်ဇာကာရီယာရှာဘန်က ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှဇွန်လ ၃၀ ရက်အထိနိုင်ငံတစ်ဝှမ်းဖမ်းဆီးစစ်ဆေးရေး(အော်ပါရာစီ)အ ကြိမ်ပေါင်း ၆၂၃၇ ကြိမ်ပြုလုပ်ကြောင့်ပြောကြားခဲ့သည်။
ဖမ်းဆီးစစ်ဆေးမူအတွင်း လူ ၈၄၄၆၄ ဦးကို စစ်ဆေးခဲ့သည်။ထို့အပြင်လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်မှုကျူးလွန်သည်ဟုသံသယရှိသောအလုပ်ရှင် ၉၇၈ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်" ဟု ၎င်းကပြောကြားခဲ့သည်။
လူဝင်မူကြီးကြပ်ရေးညွှန်ကြားရေးမှူးဇကာရီယာက ဇွန်လတွင်နိုင်ငံတစ်ဝှမ်းတွင်စစ်ဆေးရေးအ ကြိမ် ၁၁၅၄ ကြိမ်ပြုလုပ်ခဲ့ပြီးလူ ၁၃၀၇၈ ဦးကို စစ်ဆေးခဲ့ကာနိုင်ငံခြားသား ၄၀၉၃ ဦးကိုဖမ်းဆီးခဲ့သည်။အလုပ်ရှင် ၁၃၃ ဦးကိုလူဝင်မူကြီးကြပ် ရေးဆိုင်ရာပြစ်မှုများဟုသံသယရှိသောပြစ်မှုများအတွက်ဖမ်းဆီးခဲ့သည်" ဟု ၎င်းကပြောကြားခဲ့သည်။
ထိန်းသိမ်းခံထားရသောနိုင်ငံခြားသားများသည် ပြစ်မှုများမှာတရားဝင်ခရီးသွားစာရွက်စာတမ်းများမရှိခြင်းနှင့်ထုတ်ပေးထားသောပါမစ်များကို အလွဲသုံးစားပြုခြင်းတို့ဖြစ်ကြောင်းပြောကြားခဲ့သည်။ရိုဟင်ဂျာဒုက္ခသည်များကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင်လူဝင်မူကြီးကြပ်ရေး ဌာနသည်ပုံမှန်အတိုင်းပြဋ္ဌာန်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီးလူဝင်မူကြီးကြပ်ရေးဆိုင်ရာအရေးယူမှုများသည်ပါဝင်ပတ်သက်သူများ၏ စာရွက်စာတမ်းအခြေအနေပေါ် မူတည်မည်ဖြစ်သည်။
နိုင်ငံအတွင်းရှိရိုဟင်ဂျာဒုက္ခသည်အများစုသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတ်များကိုင်ဆောင်ထားသူများဖြစ်သောကြောင့်၄င်းတို့အားပါမစ်မရှိခြင်း (သို့) ပါမစ်ရက်လွန်ကျော်လွန်နေထိုင်ခြင်းကဲ့သို့သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများအတွက် အပြစ်ပေးအရေးယူ၍မရကြောင်း၄င်းကရှင်းပြခဲ့သည်။ “သို့သော်၄င်းတို့သည်အခြားဥပဒေများလက်အောက်တွင်အဖြစ်ရှိနေဆဲပြီး၄င်းတို့သည် ရာဇဝတ်မှုကျူးလွန်ပါက(သို့)အခြားဥပဒေများကိုချိုးဖောက်ပါကသက်ဆိုင်အဖွဲ့အစည်းများကအရေးယူဆောင်ရွက်နိုင်ဆဲဖြစ်သည်။
အာဏာပိုင်များကလမ်းဘေးတွင်တရားမဝင်ကုန်သွယ်မှုကဲ့သို့သောလုပ်ဆောင်ချက်များတွင်ပါဝင်ပတ်သက်ပါကလူဝင်မှုကြီးကြပ်ရေးဌာနသည်ဒေသန္တရအာဏာပိုင်များ (PBT)၊အခြားအေဂျင်စီများနှင့်ပူးပေါင်းဆောင်ရွက်ကာစစ် ဆေးအရေးယူရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်သွားမည်” ဟု ၎င်းက ရှင်းပြခဲ့သည်။
Ai Lwin
10-07-2026
Video recording of dc accident.
Rear cam footage of the accident involving
A car and motorcycle at km14
Pasir Gudang Highway after a quarrel
From Giant plentong towards Rosmerah jam
8.38 am 10/7/2026
Credit to owner dc
Click here to claim your Sponsored Listing.
Category
Website
Address
Matubi
Mars, PA
4444578