Yu Par Star

Yu Par Star

Share

19/04/2026

"ပြန်ဆုံခြင်းဆိုတာ ကံတရားကြောင့် ဖြစ်နိုင်ပေမယ့်၊ ပြန်ချစ်ခြင်းဆိုတာကတော့ ခံယူချက်နဲ့ ဆိုင်တယ်။ သစ္စာတရားကို အသက်ထက်မြတ်နိုးတဲ့ ငါ့ရင်ခွင်ထဲမှာ သစ္စာမဲ့သူတစ်ယောက်အတွက် နေရာအပို မရှိတော့ဘူး။ နင်နဲ့ငါကြားက ကွာခြားချက်က 'သစ္စာ' ပဲ။ အဲဒီကွာခြားချက်ကပဲ နင်ဟာ ငါနဲ့မတန်ဘူးဆိုတာကို သက်သေပြနေလိမ့်မယ်။"

03/07/2025

#လေယာဉ်ခရီးသည်များသတိပြုစရာ။
# # # # # # # # # # # # # # # # # # # # # # # # # # # #

လေယာဉ်စီးရင် ကိုယ့်ဘေးထိုင်တဲ့သူကို သတိထားပါ။
အထူးသဖြင့် စကားဖေါင်ဖွဲ့ပြောတတ်သူပေါ့။

ကျမ လေယာဉ်ခုံမှာ ထိုင်ပြီး မကြာမီမှာပဲ
အမျိုးသမီးကြီးတယောက် ရောက်လာပြီး
သူ့လက်ဆွဲအိတ် overhead luggage compartment ထဲ
ကူထည့်ပေးဖို့ ပြောတယ်။
ကျမက အရပ်ပုတော့ မှီမယ် မထင်ဘူး။
ဒီအချိန်မှာပဲ လျှောက်လမ်းဟိုဖက်က လူကြီးက
ကူထည့်ပေးလိုက်တယ်။

အမျိုးသမီးကြီး ထိုင်ခုံမှာ ထိုင်လိုက်ပြီးတာနဲ့
ဒူဘိုင်း ရောက်တဲ့အထိ
ကျမကို စကားတွေ တောက်လျှောက်ပြောတော့တာပဲ။

အဲ - ဒူဘိုင်းလေယာဉ်ကွင်းကို ဆင်းကာနီးမှာ
အမျိုးသမီးကြီး ဗိုက်အောင့်လို့ ထအော်တယ်။
ကျမလက်ကိုလည်း ဆုပ်ကိုင်ထားတယ်။
ကျမလည်း steward ခေါ်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။
လေယာဉ်မယ်တွေ ရောက်လာတော့
သူ ဗိုက်အောင့်နေတယ်၊ နေလို့ မသက်မသာဖြစ်နေတယ်
ဆိုပြီး သူ့ကိုယ်စား အကူအညီတောင်းပေးလိုက်တယ်။

အမျိုးသမီးကြီးက
သမီးရယ် အမေ့ကို ကူပါအုံး
တတွတ်တွတ်နဲ့ ကျမကို သမီးအရင်းလို ပြောနေတယ်။
လေယာဉ်မယ်တွေက
လေယာဉ်ပေါ်မှာ painkillers ပဲ ရှိတယ်။
သက်သက်သာသာနေပြီး သည်းခံစောင့်လိုက်ပါ၊
လေယာဉ်ဆိုက်ဖို့လည်း မကြာတော့ပါဘူး။
အရေးပေါ်ဆေးအဖွဲ့ကိုလည်း အကြောင်းကြားထားတယ်
လေယာဉ်ဆိုက်တာနဲ့ လာခေါ်ပါလိမ့်မယ် တဲ့။

အမျိုးသမီးကြီးကတော့ ငြီးတွားနေတုန်းပဲ။
ကျမလက်ကိုလည်း မလွှတ်တမ်း ကိုင်ထားတယ်။
အများအမြင်တော့ သားအမိတွေ ပေါ့။

လေယာဉ်ဆိုက်တာနဲ့ လျှောက်လမ်းတဖက်က လူကြီး
အမျိုးသမီးကြီးရဲ့အိတ်ကို ယူချပေးလိုက်တယ်။
အမျိုးသမီးကြီးအနား မကပ်ဖို့၊ ခပ်ခွါခွါနေဖို့
သူနဲ့မင်း အတူတူလာကြတာ မဟုတ်ကြောင်း
လေယာဉ်မယ်တွေ သတိပြုမိအောင် သိအောင် ပြောဖို့
ကျမကို တိုးတိုးကပ်ပြောတယ်။

မကြာဘူး၊ လေယာဉ်မယ်တွေ ရောက်လာပြီး
သူနဲ့ကျမ ဆွေမျိုးလား မိတ်ဆွေလား မေးတယ်။
လေယာဥ်ပေါ်ရောက်မှ သိတာ လို့ပြန်ပြောလိုက်တယ်။
ကျမလည်း အမျိုးသမီးကြီးဖက်လှည့်ပြီး
ဘိုင့် ဘိုင့် လို့နှုတ်ဆက်လိုက်တော့
သူ့အိတ်ကို ကူသယ်ပေးပါ၊ သူ ဗိုက်အောင့်နေလို့ပါ တဲ့။
ကျမ သနားသွားတယ်။
အိတ် သယ်ပေးမလို့ ဟန်ပြင်လိုက်တုန်း
လျှောက်လမ်းတ‌ဖက်မှ လူကြီးက
ကျမမျက်လုံးထဲ စိုက်ကြည့်ရင်း ခေါင်းခါပြတယ်။
လေယာဉ်မယ်တွေ အကူအညီပေးလိမ့်မယ်
လို့ပါးစပ်ဟန်နဲ့ပြောတယ်။

အမျိုးသမီးကြီးအတွက် wheelchair စောင့်နေတုန်း
နှုတ်ဆက်ပြီး ကျမထွက်လာခဲ့တယ်။
မကူညီလိုက်ရလို့
စိတ်ထဲတော့ အပြစ်လုပ်မိသလို ခံစားရတယ်။

လေယာဉ်ကွင်းထဲ သေတ္တာရွေးဖို့ စောင့်နေတုန်း
အမျိုးသမီးကြီး အော်ဟစ်သံကြားရပြီး
wheelchair ပေါ်က ရုတ်တရက်ထပြီး
သူ့အိတ်ကိုဆွဲ ထွက်ပေါက်ရှိရာကို ပြေးတော့တာပဲ။
လေဆိပ်ရဲတွေ ချက်ချင်းပြေးဖမ်းပြီး
လက်ထိပ်ခတ်လိုက်တယ်။
အမျိုးသမီးကြီးရဲ့အိတ်ထဲ မူးယစ်ဆေးဝါးတွေ မိသတဲ့။

ကျမကို တွေ့သွားတဲ့အမျိုးသမီးကြီးက
အမေ့ကို ကယ်ပါအုံးသမီးရယ် ဆိုပြီး
သမီးအရင်းကို အမေကပြောတဲ့သဏ္ဌာန် လုပ်တယ်။
လေဆိပ်ရဲတွေလည်း ကျမကို လာခေါ်တာပေါ့။
တော်သေးတယ် ဟိုလူကြီးက
အမျိုးသမီးကြီးနဲ့ ကျမ ဘာမှဆွေမျိုး မတော်စပ်ဘူး။
လေယာဉ်ပေါ်ကျမှ တွေ့ကြ သိကြတာ လို့ပြောပေးတယ်။။

လေဆိပ်ရဲတွေ ကျမရဲ့ passport ကို တောင်းကြည့်တယ်။
ပြီးတော့ ကျမအမည်ကို ပြောပြပါ
လို့အမျိုးသမီးကြီးကို မေးတယ်။
တော်ပါသေးရဲ့၊ ကျမနာမည် တလုံးမှ
သူ့ကိုပြောမထားမိတာ ကံကောင်းတာပဲ။

ဘာပဲဖြစ်နေ ဖြစ်နေ
လေဆိပ်စစ်ဆေးရေးအထူးအခန်းကို လိုက်ခဲ့ဖို့
ကျမကို ခေါ်တယ်။
အဲဒီအခန်းထဲရောက်တော့
ကျမကို မေးခွန်းတွေ စစ်စစ်ပေါက်ပေါက်မေးတော့တာပဲ။
ဆွေမျိုးမတော်စပ်တာ အမှန်ပဲလား၊
မင်းတို့ ဘယ်မှာတွေ့ကြတာလဲ၊
အတူတူ လေယာဥ်ပေါ်တက်ကြတာလား၊၊
ပြီးတော့ ကျမ ကိုယ်ပေါ်နဲ့သေတ္တာကို
နံ့နှံ့စပ်စပ်ရှာကြတော့တာပဲ။
ကျမရဲ့လက်ဗွေတွေလည်း ယူလိုက်တယ်။

ကျမ မထွက်ရသေးဘူး။
အမျိုးသမီးကြီးရဲ့အိတ်မှာ ပစ္စည်းတွေမှာ
ကျမလက်‌ဗွေရာရှိလား တိုက်စစ်ဆေးတယ်။

အားလုံးကင်းစင်မှ ကျမကို ပြန်ခွင့်ပြုတယ်။
တဆက်တည်း မှာလိုက်တာက
နောင်အခါ ခရီးသွားရင် အခြားသူရဲ့အိတ်ကို
လေဆိပ်မှာဖြစ်ဖြစ် လေယာဉ်ပေါ်မှာဖြစ်ဖြစ်
မကိုင်ပါနဲ့။ လက်ဗွေရာ မထားရစ်ပါနဲ့ တဲ့။

အဲဒီအချိန်မှ စပြီး
လေဆိပ် လေယာဉ်ကွင်းမှာ
သူတို့ သေတ္တာတွေ များနေလို့၊ အိတ်‌တွေ များနေလို့
အကူအညီတောင်းရင်တောင် ကျမ ဂရုမစိုက်တော့ဘူး။
ကိုယ့်ကိစ္စ ကိုယ်ဖြေရှင်းပဲ၊ ကျမနဲ့ လားလားမှ မဆိုင်ဘူး။
ကူညီမှရမယ့်လူမျိုးဆိုလည်း
လေဆိပ်လုပ်သားတို့ လေယာဉ်ဝန်ထမ်းတို့ကို
လှမ်းခေါ်ပေးလိုက်တယ်။

02/07/2025

ဒီမှာသူငယ်ခြင်းဖားမှယားမှထိတ်ဆုံး
ရောက်မယ်ဆိုရင်
ဟိုးနောက်ဆုံးမှာပဲ
ငါနေပါမယ်

Website