Merai
15/03/2026
ဂျပန်လက်အောက်ကျရောက်ခြင်းမရှိခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းရဲ့မြို့ ပူတာအို
ပူတာအိုကို ရှေးယခင်က "ဖော့ဟတ်" (Fort Hertz) လို့ လူသိများခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် ဝန်းကျင်မှာ အင်္ဂလိပ်အစိုးရက အုပ်ချုပ်ရေးစခန်းအဖြစ် စတင်တည်ထောင်ခဲ့တာပါ။
ထိုစဉ်က အထက်မြန်မာပြည်ရဲ့ တာဝန်ခံ အရေးပိုင်ဖြစ်တဲ့ Captain W.A. Hertz ကို အစွဲပြုပြီး "Fort Hertz" လို့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ ရဝမ် (Rawang) ဘာသာစကားအရ "ပူတာအို" ဆိုတာ "ပူတောင်" (မြေပြန့်ကုန်းမြေ) လို့ အဓိပ္ပာယ်ရတယ်လို့ ဆိုကြပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက အခန်းကဏ္ဍ
ပူတာအိုဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗျူဟာမြောက် အရေးပါတဲ့နေရာ ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ တစ်ပြည်လုံးနီးပါး ဂျပန်လက်အောက် ရောက်သွားပေမယ့် ပူတာအိုဟာ အင်္ဂလိပ်နဲ့ မဟာမိတ်တပ်တွေ လက်ထဲမှာပဲ နောက်ဆုံးအထိ ကျန်ရှိနေခဲ့တဲ့ တစ်ခုတည်းသော မြို့ ဖြစ်ပါတယ်။
မဟာမိတ်တပ်တွေက အိန္ဒိယကနေ တရုတ်နိုင်ငံကို လက်နက်ခဲယမ်းတွေ လေကြောင်းကနေ ပို့ဆောင်တဲ့အခါ ပူတာအိုလေယာဉ်ကွင်းဟာ အရေးပေါ် ဆင်းသက်နားခိုရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ပူတာအိုဟာ မြန်မာ၊ အိန္ဒိယနဲ့ တရုတ် ၃ နိုင်ငံ နယ်စပ်နဲ့ နီးကပ်နေတာကြောင့် သမိုင်းတစ်လျှောက်မှာ နယ်စပ်လုံခြုံရေးအတွက် အမြဲတမ်း အချက်အချာကျခဲ့ပါတယ်။
၁၉၆၀ ခုနှစ် မြန်မာ-တရုတ် နယ်နိမိတ် စာချုပ်ချုပ်ဆိုတဲ့အခါမှာလည်း ပူတာအိုအနီးက တောင်တန်းတွေဟာ အရေးပါတဲ့ အမှတ်အသားတွေ ဖြစ်ခဲ့ပါတယ်။
ကောင်းမှုလုံစေတီတော်: ပူတာအိုရဲ့ သမိုင်းမှာ အစောဆုံးနဲ့ အထင်ရှားဆုံး သာသနာပြု သမိုင်းကြောင်းကတော့ ကောင်းမှုလုံစေတီတော်ကြီး ဖြစ်ပါတယ်။ သီရိဓမ္မာသောကမင်းကြီး စိုက်ထူခဲ့တဲ့ စေတီပေါင်း ၈၄,၀၀၀ ထဲက တစ်ဆူဖြစ်တယ်လို့ ယုံကြည်ကြပြီး အစဉ်အဆက် ပြုပြင်မွမ်းမံလာခဲ့ကြတာပါ။
အင်္ဂလိပ်ခေတ်နဲ့ နောက်ပိုင်းကာလတွေမှာ သာသနာပြုတွေ ရောက်ရှိလာတာကြောင့် ဒေသခံ ရဝမ်နဲ့ လီဆူ တိုင်းရင်းသားအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လာခဲ့ပြီး ပညာရေးနဲ့ လူမှုရေးစနစ်တွေလည်း ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။
သဇင်နက် ကမ္ဘာပေါ်မှာ ပူတာအိုဒေသမှာပဲ ပေါက်ရောက်တဲ့ အရှားပါးဆုံး ပန်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ခါကာဘိုရာဇီ (၅၈၈၁ မီတာ) နဲ့ ဂမ်လန်ရာဇီ တောင်တွေဆီ သွားဖို့ ပူတာအိုကနေပဲ စတင်ရပါတယ်။
ခဏလေး... ပင်ပန်းနေတဲ့ စိတ်ကို အနားပေးဖို့ ဒီလိုနေရာလေးတွေ လိုအပ်တယ်မဟုတ်လား။ ⛰️🍃
"မြို့ပြရဲ့ ဆူညံသံတွေ၊ ဖိအားတွေကို ခေတ္တဘေးဖယ်ပြီး စိမ်းစိုနေတဲ့ တောင်တန်းတွေကြားမှာ စိတ်လွတ်ကိုယ်လွတ် နားခိုချင်မိတယ်မှတ်လား။
ခဏလောက် အနားယူလိုက်ပါ။ 🙌
မာလာ ထမင်းပေါင်း
ရိုးရှင်းပီ ချက်ရလွယ် အရသာက ထိမိ
ထမင်းပေါင်းအိုးနဲ့ပဲချက်တာဆိုတော့ အချိန်လဲကုန်သက်သာတယ်
ကိုယ်ကြိုက်နှစ်သက်ရာ အသီးအရွက်လေးနဲ့အသားငါးထည့်ပီ
မာလာ အခဲလေးထည့်ပီ ပုံမှန်ထမင်းချက်တဲ့အတိုင်းရေထည့်ပီချက်ထားလိုက်ရုံပဲ
အရမ်းလွယ်ကူလို့ ချက်စားကြည့်ကြနော်😘
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |