Ddd h

Ddd h

Share

04/02/2026
Photos from Pyae Sone Aung Shop's post 02/11/2023

ဆေးလိပ်သောက်သူများ အတွက် ဘားဂါး (Buerger) ရောဂါ
ဘားဂါးဆိုတာဘာလဲ ။
=========================================
ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ်အလတ်ရှိသော သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ယောင်ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါတယ် ။ ဒါဟာ ဆေးလိပ်သောက်သုံးခြင်းနဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများအပါအ၀င် ဆေးလိပ်မသောက်ပေမယ့် လည်း ဆေးရွက်ကြီးစားသုံးသူတွေ To***co နဲ့ပါတ်သတ်တဲ့ထုတ်ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။

အဖြစ်များစေတဲ့ အချက်တွေ ။

စီးကရက်သောက်သုံးခြင်းဟာ ဘားဂါးကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ်အရမ်းသောက်သူတွေ ဥပမာ တစ်နေ့ကို တစ်ဗူး နှုန်း သောက်သုံးသူတွေဟာ ဘားဂါးဖြစ်စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။ ဆေးရွက်ကြီး ငုံတဲ့လူတွေ ကွမ်းစားရင်ဆေးရွက်ကြီးထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ်ပွားစေနိုင်ပါတယ် ။ လက်နဲ့လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ To***co မှာပါ၀င်တဲ့ ဓါတုပစ္စည်းတွေက သင့်သွေးကြောနံရံတွေကို ထိခိုက်စေပါတယ် ။ သူတို့ကိုရောင်ရမ်းလာစေပါတယ် ။ ဘားဂါးဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်သောက်မှုများတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင်ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက်သူများနဲ့ ဝေးဝေးနေသင့်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဆေးလိပ်ငွေ့ကလည်း သင့်ကို ထိခိုက်စေပါတယ် ။

ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေ ။

၁ ။ ခြေထောက်မှာ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း လက်များနာကျင်လာခြင်း လက်မောင်းများ နာကျင်လာ ခြင်းနဲ့အားနည်းလာခြင်း ။
၂ ။ သင့်ရဲ့ လက်တွေ ခြေထောက်တွေ ရောင်ရမ်းလာခြင်း ။
၃ ။ လက်ချောင်းလေးတွေနဲ့ ခြေမ ၊ ခြေချောင်းလေးတွေဟာ ဖြူဖျော့လာပြီး အထူးသဖြင့် အေးတဲ့အခါမှာ ပိုသိသာပါတယ် ။ ဒါကို Raynaud's phenomenon လို့ခေါ်ပါတယ်။

ဘားဂါးကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ။

ဘားဂါးရောဂါက ပိုဆိုးလာပြီဆိုရင် သင့်ရဲ့ လက်တွေ ခြေထောက်တွေကို သွေးပို့မှုနှုန်းသွေး စီးဆင်းမှုနှုန်း နည်းလာပါတယ် ။ ဒါဟာ သွေးတွေက လက်ချောင်းလေးတွေ ခြေချောင်းလေးတွေစီ စီးဆင်းရာမှာ ပိတ်ဆို့တဲ့ အတားအဆီးတွေ (Blood clots) ရှိနေတဲ့အ တွက်ကြောင့်ပါ ။ ဒါကြောင့် သွေးတွေက အောက်ဆီဂျင်နဲ့ အာဟာ ရတွေကို တစ်ရှုးတွေဆီကို မပို့ပေးနိုင်တော့ ပါဘူး ။ ဒါကြောင့် ခြေဖျားလက်ဖျားလေးတွေမှာ ရှိတဲ့ တစ်ရှုးလေးတွေ သေဆုံးသွားပါတယ် ။ ဒါကို gangrene လို့ခေါ်ပါတယ် ။ ဂမ်ဂရင်း ရဲ့ လက္ခဏာတွေကတော့
ရေပြားဟာ အမဲေ၇ာင် အပြာရောင်ပြောင်းသွားခြင်း ဖြစ်တဲ့ ခြေချောင်းလက်ချောင်းမှာ အာရုံခံစားမှု မရှိတော့ခြင်း ဖြစ်တဲ့ နေရာမှာ အနံ့ နံလာခြင်း စသည်တို့ ဖြစ်ပါတယ် ။ဂမ်ဂရင်း ဖြစ်ပြီဆိုရင်တော့ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ် ။

ကုသမှုနဲ့ ဆေးဝါးတွေ ။

ဘာကုသမှုမှ ဘားဂါးကို မကုနိုင်ပါဘူး ။ သင့်ရဲ့ ဆရာ၀န်ကလည်း သင်ဖြစ်နေတဲ့ ခံစားမှုတွေ လက္ခဏာတွေကို လျော့နည်းသွားအောင် ကုသမှု အမျိုးမျိုးနဲ့ ချဉ်းကပ်ယုံပဲ ရှိပါလိမ့်မယ် ။ အဲဒါတွေကတော့

၁ ။ သင်ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးနိုင်တဲ့ ဆေးဝါးတွေ နှစ်သိမ့်ဆွေးနွေးပေးခြင်း သင့်ရဲ့ သွေးကြောတွေ ရောင်ရမ်းမှုသက်သာအောင် ဆေးပေးခြင်း ။
၂ ။ သင့်ရဲ့ သွေးလည်ပတ်မှုကောင်းအောင် ခဲနေတဲ့သွေးတွေ ပြန်ကျဲသွားအောင် ဆေးပေးခြင်း (ဥပမာ Cilostazol )
၃ ။ ဖြစ်ပွားတဲ့ နေရာက အာရုံကြောတွေကို ဖြတ်တောက်ပစ်ခြင်း (ဒါကတော့ နာတာကို သက်သာစေဖို့ပါ )
၄ ။ ခြေထောက် လက် ဖြတ်ထုတ်ပစ်ခြင်း (အကယ်၍ ပိုး၀င်နေတယ် ပုပ်နေပြီဆိုရင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် )

ဘယ်လိုကာကွယ်မလဲ ။

သင်ဟာ ဘားဂါးဖြစ်နေပြီ လို့ သိတာနဲ့ တပြိုင်နက် ဆေးလိပ်သောက်သုံးတာကို ချက်ချင်းဖြတ်ပစ်ရမှာ ဖြစ်ပါတယ် ။ ထူးဆန်းတာတစ်ချက်က တော့ သင်ဆေးလိပ်ဖြတ်လိုက်တာနဲ့ တပြိုင်နက် သင့်ရဲ့ ခြေလက်တွေ သွေးကြောတွေရောင်ရမ်း နေတာတွေ ချက်ချင်းသက် သာသွားခြင်း ဖြစ်ပါတယ် ။ ဆေးလိပ်အချိန်မှီဖြတ်ပစ်တဲ့ လူအများစုဟာ ခြေလက်တွေ ဖြတ်ပစ်စရာ မလိုအပ်တော့ပါဘူး ။ ဆက်သောက်နေမယ်ဆိုရင်တော့ သင်ရဲ့ ဘားဂါးကို ပိုဆိုးစေပြီး သင့်ရဲ့ ခြေလက်တွေ ဖယ်ရှားပစ်ခံရမှာ ဖြစ်ပါတယ် ။

ဆေးလိပ်ဖြတ်ဖို့ဟာ ခက်ခဲလှပါတယ်။ သင်ဟာ ဆေးလိပ်သောက်သုံးသူ အများစုထဲက တစ်ယောက်ဆိုရင် သူတို့လိုပဲ အတိတ်တုန်းက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးမှာပါ ။ဒါပေမယ့် အောင်မြင်ခဲ့မှာမဟုတ်ပါဘူး ။ ဆရာ၀န်နဲ့ တိုင်ပင်ပြီး သင့် ပြဿနာကို ပြောပြပါ ။ သင့်ဒုက္ခကို ကူညီပေးနိုင်မယ့် ဆေးဝါးတွေ ရှိပါတယ် ။ ပီကေဝါးခြင်းနဲ့ စိတ်အာရုံပြောင်းခြင်း ။ နောက်တစ်ခုကတော့ နီကိုတင်းအစားထိုး ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နီကိုတင်းကလည်း ဘားဂါးကို ပိုဆိုးစေတဲ့အရာဖြစ်တဲ့အတွက်ပါ ။ နောက်တစ်နည်းကတော့ ဆေးလိပ်ဖြတ် ပရို
ဂရမ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ် ။ ဒါကတော့ ဆေးရုံ ဆေးခန်းမှာ ရက်အနည်းငယ်သွားနေပြီး ကုသမှု ခံယူခြင်းပဲ ဖြစ်ပါတယ် ။ အဲဒီအချိန်တွေမှာ သင်ဟာ လူမှုရေး လုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်ခြင်း ကုသိုလ်ရေး တွေ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို To***co free world ထဲကိုခေါ်ဆောင်သွား မှာ ဖြစ်ပါတယ် ။

အိမ်မှာနေရင်းနဲ့ ဘာတွေ လုပ်ဆောင်မလဲ ။

သင့်မှာ ဘားဂါး ရှိနေပြီဆိုရင် သင့်ခြေချောင်းတွေလက်ချောင်းတွေကို ဂရုစိုက်ပါ ။ သင့်ရဲ့ အရေပြားပေါ်က ခြစ်ရာ ရှရာတွေကို သတိထားပါ သင်ဟာ အာရုံခံစားမှုရှိနေသေးလားမရှိတော့ဘူးလား ဆိုတာ စမ်းစစ်ပါ ။ ခြေလက်တွေ အေးနေခြင်းဟာ သင်ဟာ ပိုးမွှားအလွယ်တကူ ၀င်ေ၇ာက်ကူးစက်ခံနိုင်ရတဲ့ အခြေအ နေဖြစ်ပါတယ် ။


#မေးပေးဦးသောက်ဦးမလား☺️

27/09/2023

ရှေးဦးသူနာပြုအတွက် ဘာပစ္စည်း/ဘာဆေးတွေ ဆောင်ထားသင့်လဲ? 🧑‍⚕️
--------------------------------
အဲမေးခွန်းကို ပြန်ဖြေရရင် First Aid Box 🧰 (ရှေးဦးသူနာပြုသေတ္တာ) ထဲမှာဘာတွေ ပါသင့်လဲ ဆိုတာကို ပြောပြရမှာပါ။
ရှေးဦးသူနာပြုသေတ္တာ တစ်လုံးမှာ အခြေခံပါဝင်သင့်တဲ့ ပစ္စည်းလေးတွေကတော့

1. နှာခေါင်းစည်း
(ခေတ်နဲ့လိုက်လျောညီထွေအောင် ပါလာရတာပါ)

2. ရာဘာလက်အိတ်
(၃ စုံလောက်ကို ဇစ်ပါ/ပလတ်စတစ်အိတ်လေးထဲ ထည့်ထားပါ)

3. ပတ်တီးလိပ်
(အရွယ်အစားရွေးဝယ်လို့ရပါတယ်)

4. ဂွမ်း
(ပိုးသတ်ထားတဲ့ တစ်ခါသုံး ဂွမ်းထုပ်လေးများလည်း ရှိပါတယ်)

5. အနာစည်းတဲ့ ကော်တိပ်/ ပလာစတာ
(ယာယီစည်းတဲ့ စက္ကူတိပ်လိုဟာမျိုးရှိသလို၊ တစ်ခါစည်းရင် တစ်နေကုန်ခံတဲ့ ကော်တိပ်တွေလည်း ရှိပါတယ်)

6. ဆွဲဆန့်လို့ရတဲ့ပတ်တီး
(Elastic Bandage)

7. ကတ်ကြေးအကွေး
(ရှာရတာ မလွယ်ရင် အဖြောင့် သုံးလည်းရပါတယ်)

8. ဇာဂနာ
(တစ်ခါသုံး ကော်ဇာဂနာလေးတွေဆို ပိုကောင်းပါတယ်)

9. 20 မီလီလီတာ ဆေးထိုးအပ်
(ဆေးထိုးဖို့မဟုတ်ဘဲ ပိုးသတ်ထားတဲ့ရေ/ဆေလိုင်း နဲ့ အနာကို ဆေးဖို့ပါ)

10. ဆေးလိုင်းလို့ အများခေါ်တဲ့ NS ပုလင်း -
အနာဆေးကြောတဲ့ နေရာမှာ သုံးတာပါ။ (ဗူးကြီးက တစ်ခါသုံးပြီးရင် သိမ်းထားလို့မကောင်းပါဘူး၊ ဗူးသေးလေးတွေလည်းရှိပါတယ်၊ နောက်ဆုံး ဘာမှမရှိရင် ရေနဲ့ပဲ အနာကို ဆေးရပါတယ်)

11. ဘီတာဒိုင်း/ အရက်ပြန်
(တစ်ခါသုံးဂွမ်းလေးတွေနဲ့ရှိပါတယ်၊ အနာကြီးရင်တော့ ဗူးကြီးတွေက အဆင်ပြေပါတယ်)

12. ဆပ်ပြာ
(အခဲသေး/ အရည်) - လိုအပ်ရင်အနာကို ရေနဲ့ဆပ်ပြာ သုံးပြီးဆေးဖို့နဲ့၊ ရှေးဦးသူနာပြုပေးတဲ့သူဆေးဖို့လည်း လိုပါတယ်။

13. အပူလောင်နာအတွက် လိမ်းဆေး (ဥပမာ - SilverDerm)

14. တြိဂံပုံစံပတ်တီးလိပ်
(လက်ကျိုးရင် လက်ကိုသိုင်းတဲ့နေရာမှာသုံးတာပါ)

15. အပူအိတ်/ အအေးအိတ် (အပူအိတ်ကတော့ ရေနွေးထည့်လို့ရတဲ့ အိတ်ဆိုရပါပြီ၊ နိုင်ငံခြားမှာတော့ အထုပ်ကလေးတွေက ဖွင့်လိုက်ရင် ပူတာရှိသလို၊ အေးတာလည်းရှိပါတယ်၊ ဒီမှာက လိုအပ်ရင် ရာဘာလက်အိတ်ထဲ ရေနွေး/ ဒါမှမဟုတ် ရေခဲရေထည့် ချည်ပြီးသုံးလည်းရပါတယ်၊ မြန်မာ့နည်း မြန်မာ့ဟန်ပါ)

16. သာမိုမီတာတစ်ချောင်း
(အခုကတော့ တစ်ခါသုံးပဲ သုံးပါ)

ဆေးတွေပါ ဆောင်ထားချင်တယ်ဆိုရင်တော့ -

17. အနာသက်သာတဲ့ လိမ်းဆေး/ ပလာစတာ (Voltex gel, TigerBalm plaster- ခါးနာရင် ကပ်တဲ့ ဟာမျိုးပါ)

18. ပါရာစီတမော (အနာသက်သာဆေး)

19. Activated Charcoal (အထူးစီမံထားတဲ့ မီးသွေးခဲပါပဲ၊ အစာအဆိပ်ထင်ရင်/ အော့အန်/ ဝမ်းလျှော တဲ့နေရာမှာသုံးတာပါ၊ လိုတာတော့ရှားပါတယ်၊ ရှိရင်တော့ပိုကောင်းပါတယ်)

20. ဓါတ်ဆားထုပ်
(သီးစုံက ချွေးထွက်ရုံလောက်ဆိုအဆင်ပြေပါတယ်၊ တအားဝမ်းလျှောရင်တော့ BPI ဓါတ်ဆားထုပ်က ပိုကောင်းပါတယ်) *** ဝမ်းပိတ်ဆေးတွေ မဆောင်ထားသင့်ပါ။

21. Calamine lotion
(ပိုးသတ်ဆေး နဲ့ စတီးရွိက်လိုဟာမျိုးတွေ မပါတဲ့အတွက် အရေပြားယားယံတဲ့ နေရာတွေမှာ မိမိဖာသာ လိမ်းထားလို့ ရပါတယ်)

22. မျက်စိကာကွယ်တဲ့ မျက်မှန် (ရှေးဦးသူနာပြုတဲ့သူ တပ်ဖို့ပါ၊ သွေးစသွေးနလေးတွေ မျက်စိထဲစင်တတ်လို့ပါ)

23. တော်နီကေးလို့ လူတွေခေါ်တဲ့ Tourniquet
(လက်/ခြေထောက်ကို ခဏသွေးကြောပိတ်အောင်လုပ်တဲ့ ခါးပတ်လို အစည်းတစ်ခုပါ၊ မရှိလည်း ပတ်တီးနဲ့ပတ်လိုက်လဲ ရပါတယ်)

24. မူးတဲ့သူတွေအတွက် ရှူဆေး

25. လေထိုးလေအောင့်အတွက် (ဂျယ်လမတ်၊ ဆီလိုဆိုဂျင်းလို ဆေးများ)

26. ဓါတ်မတည့်၊ အ‌ရေပြားယားယံလျှင် (ဘာမီတွန်၊ ဆီထရင်ဇင်း၊ အလာဒေး နဲ့ ဒက်စ်လော လိုဆေးတွေလည်း အရင်သောက်ပြီး နီးစပ်ရာဆေးခန်း ပြေးလည်းရပါတယ်)

(အခြားဆေးတွေနဲ့ ပစ္စည်းတွေကတော့ သုံးတဲ့သူ၊ သုံးမယ့်နေရာ၊ သုံးမယ့်ပမာဏ ပေါ်မူတည်ပြီး ထပ်ထည့်လို့ ရပါသေးတယ်၊ ကုမ္ပဏီတွေနဲ့ အလုပ်ရုံတွေမှာ ကြိုတင်လေ့ကျင့်သင်ကြားထားတဲ့ သူတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ ပဲသုံးဖို့သင့်လျော်ပါတယ်၊ first aid box ဆိုတာထက် ဆေးသေတ္တာ ပိုဆန်တယ်ပဲ ပြောရမယ်)

ဥပမာ -

27. သွေးပေါင်တိုင်းစက်
28. ဆီးချိုဖောက်စက်
29. အောက်ဆီဂျင်တိုင်းသောစက်
30. နှာခေါင်းကိုအုပ်ပြီးလေညှစ်တဲ့ ပစ္စည်းတွေ
31. ဓါတ်မီးအသေး (ဖုန်းမီးရှိလည်း ရပါတယ်)
32. အနာချုပ်တဲ့ အပ်တွေ
33. အမူးပျောက်ဆေး (ထိုးဆေး၊ သောက်ဆေး)
34. ဆီးဆေး (ထိုးဆေး)
35. အစာအိမ်အတွက် (ထိုးဆေး)
36. ဗိုက်အောင့်တာအတွက် (ထိုးဆေး)
37. မေးခိုင်ကာကွယ်ဆေး (ထိုးဆေး)
38. အနာသက်သာဆေး (ထိုးဆေး)
39. ဇောက်ထိုးပုလင်းချိတ်ရန် ပစ္စည်းများ (ဆေးထိုးအပ်၊ ပိုက်အစုံ)
40. ရှော့ခ်ရရင်သုံးသော ထိုးဆေးများ (ဘာမီတွန်၊ စတီးရွိုက်ထိုးဆေးများ) *** အက်ဒရီနင်လင်းကတော့ အတွေ့အကြုံရှိတဲ့သူတွေပဲ သုံးသင့်ပါတယ်။
41. AED လို့ခေါ်တဲ့ နှလုံးကို လျှပ်စစ်နဲ့ လျှော့ရိုက်တဲ့စက်ကလေးပါ။ (ဆရာဝန်မဟုတ်တဲ့ လေ့ကျင့်ထားတဲ့ သာမာန်သူတွေ သုံးဖို့အဆင်ပြေ‌အောင် လုပ်ထားတဲ့စက်ကလေးပါ။ အခြားတိုင်းပြည်တွေမှာဆိုရင် စျေးဝယ်စင်တာနဲ့ လူစည်ကားတဲ့ နေရာတွေမှာ မီးသတ်ဆေးဗူးလိုမျိုး အရေးပေါ်သုံးနိုင်အောင် ထားထားပေးပါတယ်)
42. မျက်စဉ်း

ရှေးဦးသူနာပြု သေတ္တာ First Aid Box လေးတွေ အတွဲလိုက်ရောင်းတာလည်း ရှိပါတယ်၊ စျေးကြီးတာရယ်၊ ကိုယ်လိုချင်တာနဲ့ မကိုက်တာတွေရယ်ကြောင့် ကိုယ့်ဖာသာ စိတ်ကြိုက်ဖန်တီးလည်း ရပါတယ်။

ဆေးအိတ်ထဲမှာပါတဲ့ ပစ္စည်းစာရင်းအပြင် ဆေးတွေရဲ့ ကုန်ဆုံးရက် နဲ့ အရေအတွက် ဇယားကွက်ကို ဆေးအိတ်မှာ ကပ်ထားရင် ပိုကောင်းပါတယ်

ဖတ်ရတာအဆင်ပြေမပြေ ကို Page Review မှာ Rating ပေးရင်း ဝင်ရေးသွားလို့ရပါတယ်၊ 🥰

Want your business to be the top-listed Shop in Ye?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mon Stree
Ye
089900