Gizmo Hub

Gizmo Hub

Share

05/03/2026

တစ်ကမ္ဘာလုံးရဲ့ 30-50 ဘီလီယံ ကြား ကScreen ပါတဲ့Electronic Device တွေကို အသုံးပြုနေကြပါတယ်။
ဒီနေ့မှာတော့ Screen (Display) နည်းပညာတွေအကြောင်းကို နားလည်လွယ်အောင် အပိုင်းလိုက် ခွဲခြားပြီး အသေးစိတ် ရှင်းပြပေးပါမယ်။ လက်ရှိကျွန်တော်တို့ အခု Tech လောကမှာ အဓိကအားဖြင့် LCD,LED,OLED (AMOLED)နဲ့Mini LED ဆိုပြီး နည်းပညာ တိုကို့ အသုံးအများများလာကြပါတယိ။
ပထမဦးဆုံးအနေနဲ
LCD အကြောင်းကို အရင်ဆံုးရှင်းပြပေးပါမယ်။
LCD ကို (Liquid Crystal Display) ကိုခေါ်ပြီး 1968ခုနှစ်မှာ
RCA Laboratories မှ George H. Heilmeier က စတင်မိတ်ဆက်ခဲ့ပါတယ်။
LCD ရဲ့ အခြေခံ တည်ဆောက်ပုံကို အပိုင်းလေးတွေနဲ့ရှင်းပြပေးပါမယ်
LCD screen တစ်ခုဟာ အလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာပါ။ အဓိက အစိတ်အပိုင်းတွေကတော့-

Backlight အပိုင်း(နောက်ခံအလင်း): LCD ကိုယ်တိုင်က အလင်းမလွှတ်နိုင်တဲ့အတွက် နောက်ကနေ အလင်းပေးရပါတယ်။ (ယနေ့ခေတ်မှာ LED မီးလုံးလေးတွေကို သုံးကြပါတယ်)။
Backlight ကထွက်လာတဲ့အလင်းတွေကို
Polarizing Filters (အလင်းစစ်လွှာ):ခေါ်တဲ့အပိုင်းက အလင်းတန်းတွေကို လိုသလို ထိန်းချုပ်ဖို့အတွက် အလျားလိုက်နဲ့ အနံလိုက် စစ်ထုတ်ပေးတဲ့ အလွှာနှစ်ခုပါ။
နောက်တစ်ပိုင်းကတော့
Liquid Crystals ပါ(အရည်ကြည်): ဒါကတော့ LCD ရဲ့ နှလုံးသားပါ။ အရည်ကြည်လွှာကနေ အလင်းဘယ်လောက် ဖြတ်သန်းခွင့်ပေးမလဲဆိုတာကို တံခါးတစ်ခုလို ထိန်းချုပ်ပေးပါတယ်။

ဒါကတော့အရေကြီးဆုံးနောက်ဆုံးResult ဖြစ်တဲ့
Color Filterအပိုင်းပါ: အနီ (Red)၊ အစိမ်း (Green)၊ အပြာ (Blue) ဆိုတဲ့ Sub-Pixels လေးတွေ ဖြစ်အောင် အရောင်ခြယ်ပေးတဲ့ အလွှာပါ။
ကျွန်တော်တို့ မျက်စိက ဒီ Sub-pixels လေးတွေဟာ အရမ်းသေးငယ်လွန်းတော့ တစ်ခုချင်းစီကို မမြင်ရဘဲ အရောင်တွေ ရောသွားတာကိုပဲ မြင်ရတာပါ။
အဝါရောင် (Yellow): အနီရောင်နဲ့ အစိမ်းရောင် Sub-pixels နှစ်ခုလုံးကို အလင်းလွှတ်ပေးပြီး အပြာကို ပိတ်ထားလိုက်ရင် မျက်စိထဲမှာ အဝါရောင်လို့ မြင်ရပါတယ်။
အဖြူရောင် (White): RGB သုံးခုလုံးကို အလင်းအပြည့်အဝ ဖြတ်ခွင့်ပေးလိုက်ရင် အဖြူရောင် ဖြစ်သွားပါတယ်။
အနက်ရောင် (Black): RGB သုံးခုလုံးကို အရည်ကြည်လွှာ (Liquid Crystal) ကနေ အလင်းမဖြတ်အောင် ပိတ်လိုက်ရင် အနက်ရောင် ဖြစ်သွားပါတယ်။
ဒါကတော့ LCD Display ရဲ့ အလုပ်လုပ်တွေဖြစ်ပါတယ် နောက်နေ့တွေမှာလဲ
LED,OLED,Mini LED စတဲ့ Displayနည်းပညာအကြောင်းကို အခုလို ကျွန်တော်သိသလောကိလေးရှင်းပြပေးသွားပါမယ်။ စာတွေအရှည်ကြီး ဖြစ်သွားလို့ ဖတ်ရှုသူတစ်ဦးတစ်‌ယောက်ခြင်းကိုလဲ ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။

03/03/2026

အခုနောက်ပိုင်းမှာ လူပြောများနေတဲ့ Algorithm ဆိုတာ ဘာလဲ ?

Algorithm (အယ်လ်ဂိုရီသမ်) ဆိုတာ Program တစ်ခုပါ ။ရိုးရိုးရှင်းရှင်းပြောရရင် ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ဒါမှမဟုတ် အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် တဆင့်ချင်းစီ သတ်မှတ်ထားတဲ့ "ညွှန်ကြားချက် အစဉ်လိုက်" ဖြစ်ပါတယ်။
နားလည်လွယ်အောင် ဥပမာအနေနဲ့ ရှင်းပြပေးပါမယ်။

၁။ နေ့စဉ်ကျွန်‌ေတာ်တို့ဘဝ‌ေတွထဲမှာလဲAlgorithm ‌ေတွနေနဲ့ပဲဖြတ်သန်းနေကြပါတယ်
ဥပမာ အနေနဲ့
မုန့်ဟင်းခါးချက် ချက်မယ်ဆို
အိုးကိုမီးပေါ်တင်ပါ
ရေထည့်ပါ
မုန့်ဟင်းခါးအရည်ထည့်ပါ
မုန့်ဖတ်ထည့်ပါ
၅ မိနစ်စောင့်ပါ
အိုးထဲကယူပြီးစားပါ
ဒီလို အဆင့်လိုက် လုပ်ဆောင်မှုတွေ က Algorithm ဖြစ်ပါတယ်။

အိမ်ကနေ ကျောင်းကိုသွားဖို့ မယ်ဆိုရင်လဲ "ရှေ့တည့်တည့်ကိုသွား၊ ရှေ့ကမီးပွိုင့်မှာ ဘယ်ဘက်ကွေ့၊ မီတာ ၁၀၀ လမ်းလျှောက်" စတဲ့ လမ်းညွှန်ချက်ဟာလည်း Algorithm တစ်မျိုးပါပဲ။

ကွန်ပျူတာလောကမှာ Algorithm ရဲ့ အခန်းကဏ္ဍ
ကွန်ပျူတာတွေ၊ ဖုန်းတွေဟာ လူတွေလို ကိုယ်တိုင် မစဉ်းစားနိုင်ပါဘူး။ ဒါကြောင့် သူတို့ကို အလုပ်တစ်ခုလုပ်ခိုင်းဖို့ တိကျတဲ့ အဆင့်ဆင့် ညွှန်ကြားချက်တွေ ပေးရပါတယ်။

ဥပမာ- ကိန်းဂဏန်း နှစ်ခုပေါင်းတဲ့ Algorithm:
ပထမကိန်းဂဏန်း x ကို လက်ခံပါ။
ဒုတိယကိန်းဂဏန်း y ကို လက်ခံပါ။
x + y ကို ပေါင်းပါ။
ရလာတဲ့ အဖြေကို ပြသပါ။

အခုခေတ်မှာ လူပြောအများဆုံး Algorithm တွေကတော့-
Google Search Algorithm: သင်ရှာလိုက်တဲ့ စကားလုံးနဲ့ အကိုက်ညီဆုံး Website တွေကို စက္ကန့်ပိုင်းအတွင်း ရွေးချယ်ပေးတာပါ။
Facebook/TikTok Algorithm: သင် ဘယ်လိုဗီဒီယိုမျိုး ကြည့်ရတာ ဝါသနာပါသလဲဆိုတာကို လေ့လာပြီး သင့်စိတ်ကြိုက်ဖြစ်မယ့် အကြောင်းအရာတွေကိုပဲ ရွေးထုတ်ပြသပေးတာ ဖြစ်ပါတယ်။
Algorithm တစ်ခုမှာ ရှိရမယ့် ဂုဏ်သတ္တိများ
အယ်လ်ဂိုရီသမ်ကောင်းတစ်ခုဖြစ်ဖို့ အောက်ပါအချက်တွေ လိုအပ်ပါတယ်-
တိကျမှု (Precision): ညွှန်ကြားချက်တွေက ရှုပ်ထွေးမှုမရှိဘဲ ရှင်းလင်းနေရမယ်။
အစီအစဉ်တကျဖြစ်မှု (Order): ဘယ်အဆင့်ပြီးရင် ဘာလုပ်ရမယ်ဆိုတာ မှန်ကန်ရမယ်။
အဆုံးသတ်ရှိမှု (Finiteness): အလုပ်တစ်ခုပြီးရင် ရပ်တန့်သွားရမယ် (အဆုံးမရှိ ပတ်ချာလည်မနေရဘူး)။
ထိရောက်မှု (Efficiency): အချိန်တိုအတွင်းမှာ အဖြေမှန်ရအောင် လုပ်ဆောင်နိုင်ရမယ်။
အနှစ်ချုပ်ရရင်
Algorithm ဆိုတာ "ပြဿနာတစ်ခုကို အဖြေထုတ်ဖို့ ရေးဆွဲထားတဲ့ လမ်းပြမြေပုံ" လို့ မှတ်ယူနိုင်ပါတယ်။ နည်းပညာလောကရဲ့ နှလုံးသားလို့တောင် တင်စားကြပါတယ်။
Algorithm တွေကို ကွန်ပျူတာက နားလည်အောင် ရေးသားတဲ့ Programming Languages. တစ်ခုဖြစ်ပါတယ် ။

02/03/2026

Audio Codec?

Audio Codec ဆိုတာ အလွယ်ပြောရရင် အသံဖိုင်တွေကို သိမ်းဆည်းတဲ့အခါ ပမာဏသေးငယ်သွားအောင် ချုံ့ပေးခြင်း (Compress) နဲ့ ပြန်နားထောင်တဲ့အခါ မူလအတိုင်းပြန်ဖြစ်အောင် ဖြည်ပေးခြင်း (Decompress) လုပ်ဆောင်ချက်ကို ဆိုလိုတာပါ။
"Codec" ဆိုတဲ့ စကားလုံးဟာ Coder နဲ့ Decoder ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲဆိုတော့-
အသံလှိုင်းတွေဟာ တကယ်တော့ Analog အချက်အလက်တွေပါ။ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲမှာ သိမ်းဖို့အတွက် Digital (0 နဲ့ 1) အဖြစ် ပြောင်းရပါတယ်။ အဲဒီအခါမှာ:

Encoding: မလိုအပ်တဲ့ အသံလှိုင်းတွေကို ဖယ်ထုတ်ပြီး ဖိုင်ဆိုဒ်ကို ချုံ့လိုက်ပါတယ်။
Decoding: အဲဒီချုံ့ထားတဲ့ ဖိုင်ကို ကျွန်တော်တို့ နားထောင်လို့ရတဲ့ အသံအဖြစ် ပြန်ပြောင်းပေးပါတယ်။

Audio Codec အမျိုးအစားများ
Codec တွေကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်-

Lossy Codec
ဖိုင်ဆိုဒ် အလွန်သေးအောင် အသံအရည်အသွေး အနည်းငယ် လျှော့ချပစ်တာပါ။ လူ့နားနဲ့ မကြားနိုင်တဲ့ အပိုင်းတွေကို ဖြတ်ထုတ်တတ်ပါတယ်။ ဥပမာ- MP3, AAC, Ogg ,Vorbis

Lossless Codec
Codec အသံအရည်အသွေးကို လုံးဝမထိခိုက်ဘဲ ချုံ့ပေးတာပါ။ ဖိုင်ဆိုဒ်ကတော့ Lossy ထက် ပိုကြီးပါတယ်။ ဥပမာ-FLAC, ALAC (Apple)

Codec တွေကိုဘယ်နေရာတွေမှာသုံးလဲ?

Music Streaming: Spotify ၊ YouTube စတဲ့ online Streaming တွေကို နားထောင်တဲ့အခါ အင်တာနက် bandwidth သက်သာအောင် Codec တွေက ကူညီပေးပါတယ်။

Phone Calls: ဖုန်းပြောတဲ့အခါ အသံကြည်လင်ဖို့နဲ့ လိုင်းမထစ်ဖို့အတွက် Speech Codecs (ဥပမာ- AMR, Opus) ကို သုံးပါတယ်။

Bluetooth: နားကြပ်၊speaker စတာ‌ေတွမှာ အသုံးပြုတဲ့အခါမှာ အသံကိုကြိုမဲ့ထုတ်လွှတ်တဲ့အခါမှာ SBC, aptX ဒါမှမဟုတ် LDAC စတဲ့ Codec တွေကို အသုံးပြုရပါတယ် ။

နောက်ပိုင်းမှာပဲ လဲ Bluetooth Audio codec Format အကြောင်းကို ကျွန်တော်သိသလောက် Sharing လေး တင်ပေးသွားပါဖြစ်လို့ Like and Share လေး နဲ့ ကူညီပေးကြပါ ခင်ဗျာ။

01/03/2026

Noise Cancelling ?

ANC မှာ အဓိက အစိတ်အပိုင်း (၃) ခု ပါဝင်ပါတယ်။
၁။ မိုက်ခရိုဖုန်းများ (Microphones)
နားကြပ် (သို့မဟုတ်) နားအတွင်းခံ (earbuds) မှာ တပ်ဆင်ထားတဲ့ မိုက်ခရိုဖုန်းငယ်များ က ပတ်ဝန်းကျင်က ဆူညံသံတွေကို အချိန်နဲ့တပြေးညီ အရင်ဆုံး ဖမ်းယူပါတယ်။ 🔊
၂။ ANC Chipset / Circuitry
ဖမ်းယူရရှိတဲ့ ဆူညံသံအချက်အလက်တွေကို ANC Chipset က ချက်ချင်းလက်ငင်း ခွဲခြမ်းစိတ်ဖြာပါတယ်။ 🧠
သူ့ရဲ့ အဓိကလုပ်ငန်းကတော့ ဝင်လာတဲ့ ဆူညံသံလှိုင်းနဲ့ အတိအကျဆန့်ကျင်ဘက် (opposite phase) ဖြစ်တဲ့ အသံလှိုင်းအသစ်တစ်ခုကို ဖန်တီးပေးဖို့ပါပဲ။
ဥပမာအနေနဲ့ ပြောရရင်၊ အသံလှိုင်းတစ်ခုက "+1" လို့ ယူဆရင်၊ ANC စနစ်က "-1" တန်ဖိုးရှိတဲ့ ဆန့်ကျင်ဘက်လှိုင်းကို ထုတ်ပေးပါတယ်။
၃။ စပီကာများ (Speakers)
Chipset ကနေ ဖန်တီးလိုက်တဲ့ ဆန့်ကျင်ဘက် အသံလှိုင်း (Anti-Noise) ကို နားကြပ်ထဲက စပီကာတွေကနေတစ်ဆင့် ထုတ်လွှင့်ပေးပါတယ်။ 🗣️
ပယ်ဖျက်ခြင်း ဖြစ်စဉ် (Cancellation Process)
ပတ်ဝန်းကျင်က မူရင်း ဆူညံသံလှိုင်း နဲ့ ANC က ထုတ်ပေးလိုက်တဲ့ ဆန့်ကျင်ဘက် အသံလှိုင်း တို့ဟာ နားထဲကို မရောက်ခင် လမ်းမှာ တွေ့ဆုံပေါင်းစပ်သွားပါတယ်။
မူရင်းလှိုင်း (+1) နဲ့ ဆန့်ကျင်ဘက်လှိုင်း (-1) ပေါင်းလိုက်တဲ့အခါ၊ သင်္ချာနည်းအရ "0" ဖြစ်သွားသလိုမျိုး၊ အသံလှိုင်းနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဖျက်ဆီးပစ် လိုက်ကြပါတယ်။ 💥
ဒီလို ပယ်ဖျက်လိုက်ခြင်းကို Destructive Interference (ဖျက်ဆီးသော ဝင်ရောက်စွက်ဖက်မှု) လို့ ခေါ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် မလိုလားအပ်တဲ့ ဆူညံသံတွေဟာ သိသိသာသာ လျော့ကျသွားပြီး၊ သင့်နားထဲမှာ သီချင်းသံ (သို့မဟုတ်) တိတ်ဆိတ်ခြင်းကို ပိုပြီး ကြားနိုင်၊ ခံစားနိုင်စေပါတယ်။

28/02/2026

Spotify Tap?

future Proof ဖြစ်တဲ့Headphone တွေမှာပါတဲ့ Spotify Tap ဆိုတာက ဖုန်းကို အိတ်ကပ်ထဲက ထုတ်စရာမလိုဘဲ နားကြပ်ပေါ်မှာတင် ခလုတ်နှိပ်ပြီး Spotify သီချင်းတွေကို တိုက်ရိုက်ဖွင့်လို့ရတဲ့ Shortcut တစ်ခုပါ။
​ရိုးရိုး Play/Pause လုပ်တာနဲ့မတူဘဲ သူက ပိုပြီး "Smart" ကျပါတယ်။ သူ့ရဲ့ အဓိက အချက်တွေကို အောက်မှာ ကြည့်လို့ရပါတယ် -
​Spotify Tap ရဲ့ အဓိက လုပ်ဆောင်ချက်များ
​Quick Start: နားကြပ်က ခလုတ် (များသောအားဖြင့် Custom button သို့မဟုတ် နားကြပ်ဘေးက Touch sensor) ကို နှစ်ချက် (သို့) သုံးချက် ဆင့်နှိပ်လိုက်တာနဲ့ Spotify က သင်နောက်ဆုံးနားထောင်လက်စ သီချင်းကို အလိုအလျောက် ဆက်ဖွင့်ပေးမှာပါ။
​Instant Recommendations: အကယ်၍ သင်က သီချင်းတစ်ပုဒ် နားထောင်ပြီးသွားလို့ နောက်ထပ် ဘာနားထောင်ရမှန်း မသိဖြစ်နေရင် Spotify Tap ကို ထပ်နှိပ်လိုက်ရုံပါပဲ။ သူက သင့်အကြိုက်ကို ခန့်မှန်းပြီး Playlist အသစ်တစ်ခုကို ရှာဖွေပေးပါလိမ့်မယ်။
​No Phone Needed: ဖုန်း Screen ကို Lock ဖွင့်၊ App ထဲဝင်စရာ မလိုတဲ့အတွက် လမ်းလျှောက်နေရင်း ဒါမှမဟုတ် အလုပ်ရှုပ်နေရင်း သီချင်းပြောင်းချင်ရင် အရမ်းအဆင်ပြေပါတယ်။
​ဘယ်လိုမျိုး အသုံးပြုရမလဲ?
​ဒီ feature ကို သုံးဖို့အတွက် အောက်ပါအချက်တွေ လိုအပ်ပါတယ် -
သင့်ဖုန်းထဲမှာ ကိုယ်အသုံးပြတဲ့Headphone Brand ရဲ့ App ကို သွင်းထားရပါမယ်။
​Setting ချိန်ခြင်း: App ထဲက Services သို့မဟုတ် Custom Button setting ထဲမှာ "Spotify Tap" ကို Assign လုပ်ပေးထားရပါမယ်။
​Spotify App: ဖုန်းထဲမှာ Spotify App ရှိနေဖို့နဲ့ Login ဝင်ထားဖို့ လိုပါတယ်။ (Free version ရော Premium ပါ သုံးလို့ရတတ်ပါတယ်)။

27/02/2026

မဂ်လာပါ မိတ်ဆွေ ဒီ page လေးမှာတော့ ကျွန်တော်သိတဲ့ Tech နဲ့ ပတ်သတ်တဲ့ Knowledge တွေကို Sharing လုပ်ပေးမှာပါ ။ အမှားတာတွေပါရင်လဲ ကြိုတင်တောင်းပန်အပ်ပါတယ်ခင်‌ဗျာ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon