Thein Aung - Daily Thoughts

Thein Aung - Daily Thoughts

Share

19/05/2026

ဘ၀ရဲ့ အစိတ်အပိုင်းတချို့မှာ
သိပ်ပြီးတော့လည်း သဘောမကောင်းနဲ့
သိပ်ပြီးတော့လည်း မကြင်နာနဲ့
သိပ်ပြီးတော့လည်း အစွမ်းမပြနဲ့

အချိန်တစ်ခု ကြာလာတဲ့အခါ
သင်ကူညီလုပ်ပေးခဲ့တာတွေ အားလုံးကို
လူတွေက သင့်ရဲ့တာ၀န်တစ်ခုလို မြင်လာပါလိမ့်မယ်။

သင် မောပန်းလာတဲ့အခါ
သင် ပင်ပန်းလာတဲ့အခါ
သင် ငို‌‌ကြွေးရတဲ့အခါ
သင် ဆက်ပြီး မတောင့်ခံနိုင်တော့တဲ့
တနေ့နေ့တချိန်ချိန်မှာ
သင့်ကို ကိုယ်ချင်းစာနာပေးမယ့်သူ
ရှိမှာမဟုတ်ပါဘူး

အကြောင်းရင်းက ဒါတွေအားလုံးကို
သင်လိုလိုလားလား လုပ်ပေးခဲ့လို့ဖြစ်တယ်။

အချိန်ရှိတုန်း လုံလောက်စွာ
ကိုယ့်ကိုယ်ကို ချစ်ပါ
ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ
ဘ၀က တိုတိုလေးပါ မိတ်ဆွေ။

မေ ၁၉၊ ၂၀၂၆

16/05/2026

ဘ၀ဆိုတာ မွေးဖွားခြင်းနှင့်
သေဆုံးခြင်းကြားက
ဖြတ်သန်းကြုံဆုံရတဲ့ ဖြစ်စဥ်လို့
နားလည်လက်ခံပါတယ်။

ရခဲလှတဲ့ ဒီဘ၀ကို ကျနော်တို့အနေနဲ့
တကြိမ် တခါပဲ လာခွင့်ရတာပါ။
နောက်နှစ်တရာကျော်ရင် ကျနော်တို့
တစ်ယောက်မှ ရှိတော့မှာ မဟုတ်ပါဘူး။

ကျနော်တို့ နှစ်ရှည်လများ တသက်လုံး
ကြိုးစားတည်ဆောက်ခဲ့တာတွေကို
အုတ်တချပ်သဲတပွင့်တောင် ယူသွားလို့ မရပါဘူး
သေသွားရင် အကုန်လုံးထားခဲ့ရပါမယ်။

တစ်သက်လုံးစွဲလမ်းလာတဲ့
အချစ်၊ အမုန်း၊ အာဃာတတွေကိုလည်း
သယ်သွားလို့မရပါဘူး။

ဘ၀က တိုတိုလေးပါ
စားချင်တဲ့ အရာတွေကို စားပါ
တွေ့ချင်တဲ့သူတွေကို တွေ့ပါ။
ချစ်ခွင့်ရနေတုန်း အ၀ကြီးချစ်ပါ။
သဘာ၀တရားကို ထိတွေ့ခံစားပါ။
ဝါသနာပါရာ အလုပ်ကိုလုပ်ပါ။

လူ့ဘ၀ဆိုတာ အစကတည်းကနေ
ပျက်စီးခြင်း သဘောရှိတဲ့အရာမို့
ရှာနိုင် သုံးနိုင်တဲ့အချိန်မှာ
ကောင်းကောင်းအသုံးပြုဖြတ်သန်းပါ။

လက်ထဲမှာ ငွေမရှိတဲ့အခါ
စိတ်ခံစားချက်ကို ကောင်းအောင်ထားပါ
အချိန်တွေကုန်ဆုံးသွားတဲ့အခါ
အရာအားလုံးကို ကျနော်တို့ လက်လွှတ်နိုင်ဖို့
ပြင်ဆင်ထားပါ။

ဘယ်အ‌ခြေအနေပဲရောက်ရောက်
ဘ၀ကို အေးအေးချမ်းချမ်းနေပါ
ကျန်းမာအောင်နေပါ
ပျော်ရွှင်စွာ ရယ်မောပါ

ဘ၀က သင်တော်ရုံလောက်
အလုပ်များနေရင်ကို လုံလောက်ပါပြီ

ဖြစ်တည်လာတဲ့ဘ၀မှာ
ဖြတ်သန်း ကြုံဆုံခဲ့ရတဲ့သူတွေကို အပြစ်မတင်ပါနဲ့
လူတွေကို တတ်နိုင်သမျှ ကောင်းကောင်းဆက်ဆံပါ။
ဂရုစိုက်ပေးပါ။

အဆင်မပြေရင် အကွာအဝေးတစ်ခုမှာ နေပါ။
ဖြစ်နိုင်ရင် ခပ်ခွာခွာနေလိုက်ပါ။

မွေးဖွားခြင်း နှင့် သေဆုံးခြင်းကြားက
ဖြတ်သန်းရင်ဆိုင်နေရတဲ့ ဘ၀မှာ
လူမျိုးစုံ၊ အခြေအနေမျိုးစုံကို ကြုံဆုံကြရမှာပါ။

လူကောင်းတွေက ကျနော်တို့ကို ပျော်ရွှင်မှုပေးတယ်။
လူဆိုးတွေက သင်ခန်းစာပေးတယ်။
တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး
ဒါဘ၀‌ပေး ကံကြမ္မာပါ။

ကိုယ့်ဘ၀ထဲ ၀င်လာတဲ့သူတွေကို တန်ဖိုးထားပါ
ထွက်သွားတဲ့သူတွေကိုလည်းလွှတ်ပေးလိုက်ပါ။

ဘ၀မှာ ဆုံးရှုံးသွားတဲ့ အရာတွေက
အစကတည်းကနေ ကျနော်တို့အပိုင်မဟုတ်လို့
ဘ၀မှာ ဆုံးရှုံးရမှာကို မကြောက်ပါနဲ့

နာကျင်ရမှာကိုလည်း မကြောက်ပါနဲ့
နာကျင်ရတဲ့အရာတွေက
ဘ၀ရဲ့အစိအပိုင်းတစ်ခုဖြစ်နေလို့ပါပဲ။

ရှိတဲ့အရာတွေကို အကောင်းဆုံးတန်ဖိုးထားရင်း
နေထိုင်တတ်ပါစေ....။

မေ ၁၆၊ ၂၀၂၆

14/05/2026

အနိမ့်အမြင့် အတက်အကျတွေရှိတဲ့
လောကကြီးရဲ့ အဆင်မပြေမှုများစွာကို
အစုံသုပ် ဘူဖေးလို စားသုံးဖို့အတွက်
လက်ကမ်းကြိုဆိုနေတဲ့လောကကြီးမှာ
ဒဏ်ရာနဲ့ နာကျင်နေလဲ
ကြိုးစားပြီးရှေ့တော့ဆက်ကြရပါမယ်။

ဒဏ်ရာ ပရပွရှိခဲ့တဲ့ ခက်ခဲခဲ့တဲ့ အတိတ်ကြောင့်
ပစ္စပ္ပုန်မှာ အကောင်းဆုံးရှင်သန်ပြီး
အနာဂါတ်အတွက် တွဲကူဖို့က
စိတ်ဓါတ်တွေ ခိုင်မာဖို့ရယ်၊ ခံနိုင်ရည်ရှိဖို့ရယ်
လဲကျတိုင်းပြန်ထဖို့လိုပါတယ်လေ

ပြုံးနေသူတိုင်းပျော်နေတာမဟုတ်သလို
အောင်မြင်သူတိုင်းလည်း
မကျရှုံးခဲ့ဖူးတာမဟုတ်ပါဘူး
နာကျင်နေတဲ့ဒဏ်ရာတွေကြားမှာ
ဖြစ်သင့်တာနဲ့ ဖြစ်ထိုက်တာကို ရွေးချယ်ပြီး
ဒဏ်ရာတွေနဲ့ရှေ့ဆက်တိုးနေတာပါ

ကိုယ့်ရဲ့လက်ကို တွဲကူတဲ့လက်ဖြစ်ပါစေဆိုတဲ့
စိတ်စေတနာတစ်ခုထဲပါ ကိုယ်နာကျင်နေပေမယ့်
တဘက်သားကို ပျော်နေစေချင်ပါတယ်
ကိုယ်ပြိုလဲခဲ့ပေမယ့် တဘက်သားကို
တွဲကူပေးချင်ပါတယ်

ကိုယ်ငိုနေပေမယ့် တဘက်သားကို
ပြုံးပျော်စေချင်ပါတယ်လေ
​ပြုံးနေတိုင်းလည်း ပျော်နေတာမဟုတ်သလို
အောင်မြင်နေသူတိုင်းလည်း
မကျရှုံးခဲ့ဖူးတာမဟုတ်ပါဘူးလေနော်

ရွေးချယ်ခွင့်မရှိတဲ့မနက်ဖြန်တွေတိုင်းမှာ
ရွေးချယ်ခွင့် ရှိတဲ့ ကျွန်တော်ရဲ့ လက်တစ်စုံကတော့
တွန်းချတဲ့လက်မဖြစ်စေရဘူး
ဖေးမတွဲကူတဲ့လက်ပဲဖြစ်စေရပါမယ်။

ဘုရားပေးတဲ့လက်တစ်စုံကို
တွန်းချတဲ့လက်တစ်စုံမဖြစ်ပါစေနဲ့
ဖေးမတဲ့လက်တစ်စုံသာဖြစ်ပါစေလို့
ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေး
ဆင်ခြင်နေပါတယ်။

မေ ၁၄၊ ၂၀၂၆

30/04/2026

တိုတောင်းတဲ့ ဘဝမှာ
ကောင်းမွန်စွာ နေထိုင်ပါ။

အများကြီးတွေးနေတာကို ရပ်ပြီး
အချိန်တွေက တရက်ထက် တရက်
တိုတောင်းလာတာကို သတိပြုပါ။

အသက်အရွယ်တွေ
တနေ့ထက် တနေ့ ကြီးပြင်းလာတာ
အိုမင်းလာတာကို သတိပြုပါ။

ဘဝခရီးလမ်းမှာ
မိမိကိုယ်ကို ဂရုစိုက်ဖို့
ကောင်းမွန်စွာ ဆက်ဆံဖို့ မမေ့ပါနဲ့။

ပင်ပန်းတဲ့အခါ အနားယူပါ
စိတ်ပျက်တဲ့အခါ အရာရာကို
လွှတ်ချလိုက်ပါ။

မိမိကိုယ်ကိုယ်ကို
အားနည်းချက်ရှိတာကို လက်ခံပါ။
ဆန်းစစ်ပါ။ သင်ယူပါ။

ဘဝက တိုတောင်းတာမို့
မိမိကိုယ်ကို ပြန်လည်
တောက်ပခွင့်ပြုပါ။

☘️☘️💦
ဧပြီ ၃၀၊ ၂၀၂၆

28/04/2026

🛵

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon