AKT

AKT

Share

Photos from AKT's post 11/05/2026

🎯International Construction Projects တွေမှာ ပြုလုပ်ရမယ့် Submission ကိစ္စတွေ 🎯

ဒီခေါင်းစဉ်တင်ထားတဲ့ အကြောင်းအရာက အရင်တုန်းက ရေးဖူးပါတယ်။ အဲ့ဒီတုန်းက Singapore HDB Project တစ်ခုမှာ အလုပ်ရတဲ့ တပည့်တစ်ယောက်ကလာမေးလို့ပါ။ အခုလဲ Singapore မှာ အလုပ်ရတဲ့ အခြားတပည့်တစ်ယောက်က လာမေးတာပါ။ သူကတော့ Data Center ဆောက်တဲ့ စီမံကိန်းအတွက် မေးတာပါ။ ဘယ်လိုမျိုး စီမံကိန်းပဲ ဖြစ်ဖြစ် International Construction Project ဆိုရင် လုပ်ရမယ့် Submission ကိစ္စတွေက အကြောင်းအရာတွေ တူကြပါတယ်။ အဲ့ဒါကြောင့် တခြားသူတွေလဲ သိရအောင် (အထူးသဖြင့် မသိသေးသူများအတွက်) ဆိုပြီး ကျနော်ပို့စ်ကို နောက်တစ်ခေါက် ပြန်တင်လိုက်ပါတယ်။

+++++++++++

ကျနော်တို့ International Construction Projects တွေကို ကန်ထရိုက်တာ အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ Submission ကိစ္စက အင်မတန်မှ အရေးပါပါတယ်။ စီမံကိန်းအတွက် လိုအပ်မယ့် Documents တွေ၊ Drawings တွေကို Timely Submission ပြုလုပ်နိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး မလုပ်နိုင်လို့ အလုပ်နောက်ကျခဲ့ရင် အဲ့ဒါဟာ Contractor's fault ဖြစ်သွားပြီး စီမံကိန်းမှာ နစ်နာမှုတွေ ကြုံရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Submission တွေ ဆိုတာကလဲ စီမံကိန်းစပြီ ဆိုကတည်းက လုပ်ရတာ ဖြစ်ပါတယ်။ International Construction Projects တွေမှာ Contract Award ဖြစ်ပြီ၊ LOA ရပြီဆိုကတည်းက ကန်ထရိုက်တာဟာ Submission အတွက် လိုအပ်တာတွေ ပြင်ရပါတယ်။ တစ်ချို့ဆိုရင် ဒီ Submission ပေါ်မူတည်ပြီး Consultant ဘက်ကနေ NTP (Notice to Proceed) ဆိုတာကို ထုတ်ပေးပါတယ်။ အကယ်၍ ဒီ NTP ကို အချိန်မှီ မရလို့ Physical Construction Works ကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မရခဲ့ရင် စာချုပ်က ပျက်ပြယ်တဲ့ အဆင့်ထိ ကူးသွားနိုင်ပါတယ်။ အဲ့ဒီအတွက် Submission က ပေါ့ဆလို့ ရတဲ့အရာ မဟုတ်ပါဘူး။

အောက်မှာတော့ မည်သည့် International Construction Projects မဆို ပြုလုပ်ရမယ့် Submission ကိစ္စတွေကို ကျနော် အကြမ်းဖျဉ်းပြောပြထားပါမယ်။ ဒါတွေက အရေးပါတာတွေကို ရွေးထုတ်ပြီး ပြောထားတာ ဖြစ်ပြီး၊ တစ်ချို့စီမံကိန်းတွေမှာ ဒီထက်ပိုလိုကောင်း လိုပါလိမ့်မယ်။

🔹(၁) Master Schedule/ Baseline Programme Submission🔹
International Construction Contract Guidelines အရ ကန်ထရိုက်တာ ဖြစ်သူဟာ မိမိတို့ အလုပ်လုပ်မယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့အစီအစဉ်နဲ့ အသေးစိတ် ဆောင်ရွက်မယ့် ပုံစံကို Master Schedule ဆွဲပြီး တင်ပေးရပါတယ်။ FIDIC Red Book အရဆိုရင် ဒါကို Project Commencement ဖြစ်ပြီး တစ်လအတွင်းမှာ တင်ပေးရပါတယ်။ တစ်ချို့လဲ တစ်လတောင် မစောင့်ဘဲ နှစ်ပတ်အတွင်း တင်ခိုင်းတာတို့ ဘာတို့ ရှိပါတယ်။

ဒီလိုမျိုး Programme တင်တဲ့အခါမှာလည်း Programme ချည်းပဲကို Bar Chart Format လေးနဲ့ ပေးလိုက်လို့ မရပါဘူး။ Programme Narrative လိုဟာမျိုး ပါဖို့ လိုသလို၊ Resources Plan ကိုလည်း အသေးစိတ် ပေးဖို့ လိုအပ်ပါတယ်။ ဒီဟာလေးတွေကို နောက်ဆက်တွဲ အနေနဲ့ ပေးရလေ့ ရှိကြောင်း သိဖို့ လိုပါတယ်။

🔹(၂) Project Quality Plan (PQP) Submission🔹
ဆောက်လုပ်ရေး လုပ်ငန်းတွေကို လက်တွေ့မှာ လုပ်ကိုင်တဲ့အခါ ကန်ထရိုက်တာနဲ့ ပိုင်ရှင်ကြား၊ ကန်ထရိုက်တာနဲ့ Consultant ကြားမှာ အငြင်းအပွားရဆုံးက Quality ကိစ္စဖြစ်ပါတယ်။ ဒီ Quality ပေါ်မှာ သဘောတူညီမှု မဖြစ်ရင် လုပ်ငန်းတွေ ရှေ့ဆက်လို့ မရသလို၊ လုပ်ငန်းပြီးသည့်တိုင် အပ်နှံလို့လဲ ရမှာ မဟုတ်ပါဘူး။

အဲ့ဒါကြောင့် International Construction Projects တွေမှာတော့ စီမံကိန်းစကတည်းက Quality နဲ့ ပတ်သက်ရင် ဘာတွေတော့ လုပ်ကြမယ်ဆိုတာမျိုးကို သဘောတူထားဖို့ PQP ကို ပြင်ဆင်ပြီး Submission လုပ်ကြပါတယ်။ PQP ထဲမှာ ITP (Inspection and Test Plan) ကိစ္စတွေ၊ Checklists တွေ၊ NCR issues တွ၊ Workmanship Standards တွေ အစရှိတာတွေကို တစ်ခါထဲ ဖော်ပြပြီး သဘောတူထားကြလေ့ ရှိပါတယ်။

🔹(၃) SMS (Safety Management System) Development Submission 🔹
International Construction Projects တွေမှာ Safety ကို ဦးစားပေးပါတယ်။ Safety First ဆိုတာကို ပါးစပ်ကပဲ အော်ကောင်းရုံရွတ်ရတာ မဟုတ်ဘဲ၊ တကယ့်လက်တွေ့မှာလဲ အားလုံးက လိုက်ပါ လုပ်ဆောင်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် ကိုယ်ဆောင်ရွက်မယ့် စီမံကိန်းမှာ ဘယ်လိုမျိုး Safety Plan and Arrangements တာ့ လုပ်ကြမယ်ဆိုတာကို ကန်ထရိုက်တာ ဖြစ်သူက Submission တင်ပေးရပါတယ်။

Contract Practices သဘောအရ စီမံကိန်းအစမှာ ROA (Right of Access) ကို ကန်ထရိုက်တာကို ပေးလိုက်ရတာမို့ ကန်ထရိုက်တာဟာ စီမံကိန်းတစ်ခုလုံးရဲ့ Safety, Environmental and Security ကိစ္စကို တာဝန်ယူရပါတယ်။ Even Consultants, Owner တွေတောင်မှ ကန်ထရိုက်တာရဲ့ Safety Rules and Regulations ကို လိုက်နာရပါတယ်။

🔹(၄) Survey Setting Out Plan Submission🔹
ဒီဟာက ကျနော်တို့ဆီမှာ ရှိတဲ့ စီမံကိန်းတွေမှာလဲ လုပ်ကြပါတယ်။ ဒါပေမယ့် ကျနော် ပြောသလို ခေါင်းစဉ် အတိအကျကြီးနဲ့ Submission လုပ်တာမျိုးတော့ ဟုတ်ချင်မှ ဟုတ်ကြပါတယ်။ Singapore မှာတော့ Control Survey Plan ဆိုပြီး တင်ပေးရပါတယ်။ အဓိကကတော့ Project ရဲ့ Setting Out ကို Confirmation ပြုလုပ်တာ ဖြစ်ပါတယ်။

စီမံကိန်းရဲ့ Design Stage မှာ Topographic Survey ရှိလိမ့်မယ်၊ အဲ့ဒီအပေါ်မှာ မူတည်ပြီး Architect က ပြန်ဆွဲပေးထားတဲ့ Site Layout Plan ရှိလိမ့်မယ် (ဒါမှမဟုတ်) Authority Approval ရထားတဲ့ Setting Out Plan ရှိလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကန်ထရိုက်တာ ဖြစ်သူဟာ ဒါတွေ မှန်တယ်၊ မမှန်ဘူးဆိုတာ မြေပြင်မှာ ပြန်စစ်ပြီးမှ လုပ်ငန်းစရမှာ ဖြစ်ပါတယ်။ သေချာ မစစ်ဘဲ လုပ်ငန်းစရင် ကန်ထရိုက်တာရဲ့အမှား ဖြစ်သွားပါလိမ့်မယ်။

🔹(၅) Method Statements Submission 🔹
MOS (သို့) MS လို့ ပြောကြတဲ့ Method Statement ကတော့ Every Major Works တိုင်းအတွက် Submission တင်ပေးဖို့ လိုပါတယ်။ တစ်ချို့စီမံကိန်းတွေမှာဆိုရင် စီမံကိန်း အစကတည်းက Technical Proposal ဆိုပြီး စီမံကိန်းတစ်ခုလုံးစာ Method Statement ကို တင်ခိုင်းတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး တင်ထားတယ်ဆိုရင်တောင်မှ Major Works တစ်ခု လုပ်ပြီဆိုရင် Method Statement ကို သီးသန့်ပြန်တင်ပေးရပါတယ်။

ပုံမှန် International Contract Practices မှာ Consultant က Method Statement ကို Review and Comment ပေးဖို့က အချိန် ၂၁ရက်ပေးရပါတယ်။ ဒါ Standard ပါ .. အဲ့ဒီအတွက် Comment ရှိရင် ပြန်တင်ပေးရတာ ဆိုတော့ First Submission နဲ့ မပြီးပြတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ အချိန်ယူပြီး Method Statement ကို ပြင်ဆင်ထားဖို့ လိုပါတယ်။ MS Approved မရရင် ပုံမှန်ကတော့ အလုပ်စလို့ မရပါဘူး။ ဒီဟာလေးကို သတိချပ်ဖို့ လိုပါတယ်။

🔹(၆) Shop Drawings Submission 🔹
Shop Drawings Submission ကတော့ ယေဘူယျအားဖြင့် ကန်ထရိုက်တာဘက်က လုပ်ပေးရတဲ့ Design Submission ပါ။ တကယ်တမ်းတေ့ Design Submission တွေက အများကြီး ဖြစ်နိုင်ပါတယ်။ Project Types နဲ့ Project Delivery Methods ပေါ်မူတည်ပြီး ကန်ထရိုက်တာဘက်က Submission လုပ်ရမှာတွေက ပြောင်းသွားနိုင်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် Shop Drawings ကတော့ Submission တင်ပေးရပါလိမ့်မယ်။ ပုံမှန်က Shop Drawings တင်ရင် RFA (Request for Approval) ဟာမျိုးနဲ့ တင်ကြလေ့ ရှိပါတယ်။ အဲ့ဒီမှာ RFI and RFA ဆိုပြီး ရှိတာမို့ သူတို့တွေရဲ့အသုံးကို Engineers တွေ နားလည်ထားဖို့ လိုပါလိမ့်မယ်။

🔹(၇) Materials Sample Submission🔹
စီမံကိန်းတစ်ခုအတွက် Materials Procurement လုပ်တဲ့အခါ .. အကောင်းဆုံး အကြံပေးချင်တာက ဘာပဲလုပ်လုပ် Approval အရင်ဆုံးယူပါ။ တတ်နိုင်ရင် Samples Submission လုပ်ပါ။ International Construction Contract Guidelines တွေမှာလဲ ကန်ထရိုက်တာ ဖြစ်သူဟာ Samples တွေ ပေးရမယ်၊ Sample Costs က တခါထဲ ထည့်တွက်ထားပြီးသား ဖြစ်ရမယ်။

Sample လို့ ပြောတဲ့အခါမှာလဲ တကယ်သုံးမယ့်ဟာကိုပဲ ပေးရမယ်။ Sample Approval ရပြီဆိုရင်လဲ ဆိုက်ထဲမှာ အဲ့ဒီ Sample ကို ထားပေးရမယ်။ Material Delivery လာရင် Sample နဲ့ တိုက်စစ်ရမယ်လို့ အတိအလင်း ပြောထားတာတွေ ရှိပါတယ်။ Materials တွေကို Approved မရသေးဘဲနဲ့ မဝယ်ကြပါနဲ့လို့ အလေးအနက်ထားပြီး ပြောချင်ပါတယ်။

လောလောဆယ်တော့ ဒီ ခုနှစ်မျိုးပဲ အရင်ပြောထားလိုက်ပါမယ်။ ကျန်တာတွေပါ ဆက်ပြောရင် "“ဟင် .. ဒီလောက်တောင် လုပ်ရတာလား"”ဆိုပြီး ဖြစ်နေမှာ စိုးလို့ပါ။ ဒီလောက်လေးတော့ အရင်ဆုံး သိအောင် လုပ်ထားကြပါတယ်။ နောက်ပြီး ဒါတွေဟာ လုပ်ဖြစ်အောင် လုပ်ရမယ့် ကိစ္စတွေ ဖြစ်လို့ Submission တစ်ခုချင်းစီကို ဘယ်လို လုပ်ရတယ်ဆိုတာ သိထားရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အရေးကြုံမှ လေ့လာတယ်ထက် ကြိုတင်လေ့လာထားတာကတော့ ပိုကောင်းတဲ့ကိစ္စဖြစ်တယ်လို့ အားလုံး သိကြမှာပါ။

တကယ်တမ်းတော့ ဒီ Submission ကိစ္စတွေဟာ International ပဲဖြစ်ဖြစ် Local Project ပဲ ဖြစ်ဖြစ် ကန်ထရိုက်တာက တတ်နိုင်သမျှ လုပ်ပေးတာ အကောင်းဆုံးပဲ။ Submission ကို သေချာ လုပ်ထားတယ်ဆိုရင် Contractor အတွက်လဲ Safe ဖြစ်တာ ဖြစ်တဲ့အတွက် တကယ်တမ်းတော့ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတဲ့ ကိစ္စသာဖြစ်ပါတယ်။
ဒီလိုမျိုး Construction Project Management ဆိုင်ရာ Procedures နဲ့ Practices တွေကိုတော့ IPPC အတန်းမှာ ကျနော် ရှင်းပြဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူများ ဒီ IPPC အတန်းသစ်ကိုတော့ အခုလာမယ့် 17-May-2026 မှာ တက်ရောက်နိုင်ကြောင်းလဲ သတင်းကောင်းပါးအပ်ပါတယ်။
https://www.facebook.com/share/p/17ef6JSsj6/

ခင်မင်လေးစားစွာဖြင့်
AKT

09/05/2026

တစ်နေ့ကတုန်းက ကျနော် Project Management Consultant လုပ်ပေးနေတဲ့ Company တစ်ခုက HR တာဝန်ရှိသူနဲ့ စကားပြောဖြစ်တယ်။ အဓိကကတော့ ဝန်ထမ်းတွေရဲ့အရည်အသွေးကို မြှင့်တင်ဖို့ပါ။ ဒါကလဲ လက်ရှိမှာ အင်မတန်မှကို ခေါင်းကိုက်ရတဲ့ ပြသနာ ဖြစ်တဲ့ Resources ရှားပါးမှုကို ဖြေရှင်းဖို့ပါ။ ဒီ Resources ရှားပါးတာကလဲ Construction Industry ရယ်မို့ ဖြစ်နေတာ မဟုတ်ဘဲ .. တခြားနယ်ပယ်တွေမှာလဲ ဖြစ်နေတာပါပဲ။ ကျနော်တို့မှာက ရှိတဲ့လူနဲ့ ရအောင် လုပ်ရသလိုမျိုး အနေအထားပါ။

အဲ့ဒါကြောင့် ကိုယ့်ဆီမှာ ရှိနေတဲ့သူတွေကို တတ်နိုင်သလောက် အရည်အချင်း မြှင့်တင်ပေးတဲ့ Skills Upgrading Programme တွေ လုပ်ကြရပါတယ်။ ဒီဟာကလဲ ကျနော်တို့ဆီမှာမှ မဟုတ်ဘူး .. Singapore ဆိုရင် သူ့နိုင်ငံသားတွေအတွက် အစဉ်တစိုက်ကို လုပ်ပြီး အစိုးရကတောင် Subsidies ပေးတာတွေ ရှိပါတယ်။ ကျနော်တို့ဆီမှာတော့ အမြှော်အမြင်ရှိတဲ့ Company တွေမှာဆိုရင် Management Level က လူတွေက Initiate လုပ်ပြီး ကိုယ့်ဝန်ထမ်းတွေအတွက် Corporate Training တွေ လုပ်ပေးလာကြပါတယ်။

ဒီလိုမျိုး Skills Upgrading အပြင် နောက်ထပ် လုပ်သင့်တာကတော့ ကိုယ့်ဝန်ထမ်းတွေကို Position အလိုက် Targets (KPIs) လေးတွေ ချမှတ်ပေးတာ အကောင်းဆုံးပါပဲ။ ဒါမှလဲ ကျနော်တို့ဟာ သူတို့ရဲ့ Capacity နဲ့ Productivity ကို Monitor လုပ်လို့ရမှာ ဖြစ်ပါတယ်။ တစ်ချို့ဝန်ထမ်းတွေက ဒီဟာကို ကြိုက်ချင်မှ ကြိုက်မယ် .. ဒါပေမယ့် နားလည်အောင် ရှင်းပြပြီး KPIs နဲ့ တွဲပြီး နောက်ဆက်တွဲ Performance Recognition/ Appraisal ပါ ရှိမယ်လို့ ပြောကြားထားသင့်ပါတယ်။

ဒီနေရာမှာ KPI (Key Performance Indicators) တွေ သတ်မှတ်တဲ့အခါ Generic KPIs တွေ မလုပ်ရပါဘူး။ တကယ်ကို တိုင်းတာလို့ရပြီး လက်တွေ့ကျလှတဲ့ Specific KPIs တွေသာ ဖန်တီးသင့်ပါတယ်။ ကောင်းတာကတော့ Objective Setting မှာ အသုံးပြုကြတဲ့ SMART rule ကို သုံးသင့်ပါတယ်။ ဒီဟာလေး ကျနော် အရင်တုန်းက ပြောထားဖူးတာ ရှိသလို၊ ကျနော့်ရဲ့ Fundamentals of Project Management စာအုပ်လေးထဲမှာလဲ အသေးစိတ် ရေးထားတာ ရှိပါတယ်။

လက်တွေ့ဆန်လှပြီး .. အရေးပါလှတဲ့ KPIs တွေ ဖန်တီးပီးရင်တော့ ဒီဟာကို ခြောက်လတစ်ခါလောက် ဖြစ်ဖြစ် Review ပြန်လုပ်ဖို့ လိုပါတယ်။ လုပ်လို့ရရင်လဲ လုပ်လို့ရတယ် .. လုပ်လို့ မရဘူးဆိုရင်လဲ ဘယ်လို အခက်အခဲတွေ ရှိတယ်ဆိုတာကို ပြန်သုံးသပ်ရပါမယ်။ လုပ်လို့ မရဘူးဆိုတဲ့ နေရာမှာလဲ KPI ကို Follow လုပ်ရမယ့် ဝန်ထမ်းရဲ့ အားနည်းမှုလား၊ ပျက်ကွက်မှုလား .. ဒါကို သုံးသပ်ရမှာ ဖြစ်သလို၊ သူ့လုပ်ဆောင်မှုကို အနှောင့်အယှက် ပေးတဲ့ တခြား Factors တွေ ကြောင့်လားဆိုတာကိုပဲ တရားနည်းလမ်းကျကျ စဉ်းစားဖို့ လိုပါတယ်။

ကျနော် အောက်မှာတော့ လက်တွေ့စဉ်းစားလို့ ရလောက်မယ့် KPIs နမူနာလေးတွေကို Position အလိုက် အရန်သင့် စဉ်းစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ Project Manager ကနေပဲ စပြောထားပါတယ်။

👨‍🦰 Project Manager (စီမံကိန်းမန်နေဂျာ) 👨‍🦰 – PM အနေနဲ့ ဆိုရင်တော့ Project တစ်ခုလုံးရဲ့ အောင်မြင်မှုအတွက် တာဝန်ရှိသူဖြစ်လို့ "ရလဒ်" ကို အဓိကထားရပါမယ်။ အဲ့ဒီအတွက် KPIs ထားမယ်ဆိုရင်
🔳Schedule Variance (SV): သတ်မှတ်ထားတဲ့ Timeline ထက် ဘယ်လောက် နောက်ကျ/စောနေသလဲ (ဥပမာ - Monthly Plan ၏ ၉၅% ထက်မနည်း ပြီးစီးဖို့ိလိုမယ်)
🔳Budget Control: ခွင့်ပြုထားတဲ့ ဘတ်ဂျက်ထက် ကျော်လွန်သုံးစွဲမှု ရှိ/မရှိ (ဥပမာ - ဘတ်ဂျက်ထက် ၅% ထက် ပိုမကျော်ရ)
🔳Client Satisfaction: အပ်နှံသူ (Owner) ဆီက ရရှိတဲ့ တုံ့ပြန်မှု အနေအထား (ဥပမာ - စုစုပေါင်း Feedback Score တွင် ၄ နှင့်အထက် ရှိရန်) .. အစရှိသဖြင့် သတ်မှတ်လို့ရပါတယ်။

ဒီနေရာမှာ တစ်ခု သိထားဖို့က KPIs တွေ သတ်မှတ်တဲ့အခါ တစ်ခုထဲထားလို့ အဆင်မပြေသလို၊ အရမ်း အများကြီး ထားလို့လဲ အဆင်မပြေဘူး။ တကယ်တမ်း မြေပြင်မှာ လုပ်လို့ရမယ့်၊ ပြီးတော့ စီမံကိန်းအတွက်လဲ အရေးကြီးတဲ့၊ လုပ်ဆောင်ရမယ့်သူရဲ့ Duties and Responsibilities ထဲမှာလဲ ပါတဲ့ အကြောင်းအရာတွေပဲ ဖြစ်သင့်ပါတယ်။

Project Manager နဲ့ အလားသဏ္ဍာန်တူ Site Engineer အတွက်လဲ အေက်မှာ နမူနာ ထပ်ပြောပေးပါမယ်။

👨‍🦰Site Engineer 👨‍🦰– SE တွေဟာ လုပ်ငန်းခွင်အတွင်းမှာ တိုက်ရိုက်ကြီးကြပ်သူဖြစ်လို့ "လုပ်ငန်းစဉ်" နဲ့ "အရည်အသွေး" ကို အဓိကထားရပါမယ်။
🔳Rework Percentage: အမှားအယွင်းကြောင့် ပြန်ပြင်ရတဲ့ အလုပ်ပမာဏကို သတ်မှတ်ထားလို့ရပါတယ် (ဥပမာ - လုပ်ငန်းစုစုပေါင်း၏ ၂% ထက် မကျော်ရ)
🔳Material Wastage Control: သတ်မှတ်ထားတဲ့ ပစ္စည်းလေလွင့်မှုနှုန်း ထက် ပိုမကုန်စေရန် ထိန်းသိမ်းနိုင်မှု (ဥပမာ - သံချီသံကွေး လုပ်ငန်းမှာ ၅% ထက် မပိုစေရ)
🔳Daily Progress Reporting: နေ့စဉ် လုပ်ငန်းမှတ်တမ်းနဲ့ Report တွေကို အချိန်မီ တင်ပြနိုင်မှု (ဥပမာ - ညနေ ၅ နာရီထိုးတာနဲ့ တစ်နေ့တာ လုပ်ငန်းလုပ်ဆောင်မှုကို ပေးပို့နိုင်မှု)

ဒီလိုမျိုး Project Manager နဲ့ Site Engineer တို့ရဲ့ KPIs တွေ ဖန်တီးတဲ့နေရာမှာ အရေးကြီးတာ တစ်ချက်က KPIs တွေ Overlap မဖြစ်စေဖို့ လိုပါတယ်။ ဆိုပါစို့ .. PM အတွက် KPIs မှာ Work Progress ရရှိဖို့ဆိုပြီး ပြောထားလိုက်ရင် .. Site Engineer မှာပဲ ဖြစ်ဖြစ် .. အကယ်၍ CM (Construction Manager) ရှိရင်ပဲ ဖြစ်ဖြစ် .. သူတို့ဆီမှာ ပြန်မထည့်သင့်ပါဘူး။ မဟုတ်ရင် ဒီ KPIs ကို Achieve ဖြစ်တာ ဘယ်သူ့ကြောင့်လဲဆိုတာ ဆုံးဖြတ်ရခက်နေပါလိမ့်မယ်။

အဲ့ဒါကြောင့် KPIs တွေ လုပ်တဲ့အခါမှာ သက်ဆိုင်ရာ ဝန်ထမ်းရဲ့ အဓိက ကျလှတဲ့ Duties and Responsibilities ပေါ်မှာပဲ အခြေခံရပါမယ်။ QS တွေဆိုရင် Estimation Accuracy လိုဟာမျိုး၊ Safety သမားဆိုရင် Accident Frequency Rate (ASR) လိုဟာမျိုး .. ဒီလိုမျိုးပဲ စဉ်းစားရပါမယ်။

နောက်ဆုံးတစ်ခုက ဒီ KPIs တွေကို အမှတ်အနေနဲ့ ပြန်တွက်ဖို့အတွက်တော့ တစ်ခုချင်းစီကို Weightage ခွဲထားဖို့ လိုပြီး၊ အဲ့ဒီအပေါ်မှာ အခြေခံပြီး Overall Score ကို ပြန်တွက်ရင် ရပါတယ်။ ဆိုပါစို့ .. PM တစ်ယောက်ရဲ့KPIs က သုံးချက်ရှိတယ် ဆိုရင် တစ်ခုချင်းစီကို (30%, 30%, 40%) ဆိုပြီး Weightage ပေးလို့ရပါတယ် … အားလုံးပေါင်းရင်တော့ 100% ဖြစ်ပါလိမ့်မယ်။ ဒီကနေမှ အမှတ်ပြန်တွက်ပြီး ၉၀ ရရင် ဘာလုပ်ပေးမယ် .. ၇၀ နဲ့ ၉၀ ကြားဆိုရင်တော့ ဘယ်လိုမျိုး စဉ်းစားမယ်ဆိုပြီး Management က ပြောကြားထားလို့ရပါတယ်။

အချုပ်အားဖြင့် ပြန်ပြောရရင် KPIs ဆိုတာ Management လုပ်ငန်းစဉ်အရ ပြောရင် Controlling ရဲ့ သဘောပါ။ အားလုံးလဲ သိကြမှာပါ .. Management ရဲ့ သဘောမှာ Planning and Controlling ရှိဖို့လိုပါတယ်။ Duties and Responsibilities သတ်မှတ်တာက Planning ဆိုရင် .. အဲ့ဒီဟာကို ဖြစ်အောင်လုပ်ကြဖို့ KPIs သတ်မှတ်တာက Controlling ရဲ့သဘောပဲ ဖြစ်ပါတယ်လို့ Knowledge Sharing ပြုလုပ်လိုက်ရပါတယ်။

လက်တွေ့ကျလှတဲ့ Construction Project Management ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ အခုလာမယ့် မေလ ၁၇ ရက်နေ့မှာ IPPC အတန်းလေး ပြန်ဖွင့်ဖို့ ရှိပါတယ်။ အသေးစိတ်ကို အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှူလေ့လာနိုင်ပါတယ် ခင်ဗျား။
https://www.facebook.com/share/p/1BF73PS4x5/

ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


5(B), 210/1, Myinthar 11th Street, Block 14, South Okkalapa
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00