Lwin Laundry Services

Lwin Laundry Services

Share

10/02/2026

ခန်းဆီးလိုက်ကာများလာရောက်အပ်နှံသော
ဗိုလ်ဆွန်ပက်လမ်းမှ customer အားမင်မင်တို့
Lwin Laundry မှကျေးဇူးတင်ရှိပါတယ်ရှင့်❤️

အဝတ်လျှော်မီးပူတိုက်အပ်လိုပါက 📞09758893889 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်❤️

06/02/2026

သန့်ရှင်းမွှေးကြိုင်ပြီး အိမ်မက်လှလှ လေးများကို ဖန်တီးဖို့ အိပ်ယာလေးက အရေးကြီးတဲ့ အပိုင်းက ပါဝင်ပါတယ်နော်…

အိပ်ယာခင်း/ စောင်တွေ ဖြူဖွေးသန့်ရှင်းပြီး

အနံ့အသက်လေးတွေ ကောင်းမွန်ဖို့ Lwin Laundryက ကူညီပါရစေရှင့်။

ကျွန်တော်တို့ဆီမှာ အထည် ၆၀ ကစပြီး Delivery Free ပို့ဆောင်ပေးနေလို့ အိမ်မှာနေရင်း ဖုန်းလေးတစ်ချက်ပဲ ဆက်လိုက်ရုံပါပဲ။ ✨

​✅ သန့်ရှင်းမှုမှာ စံချိန်မီ
✅ ဈေးနှုန်းမှာ ချိုသာပြီး
✅ ဝန်ဆောင်မှုမှာ စိတ်ကျေနပ်စေရပါမယ်။
​စိတ်အေးချမ်းသာစွာနဲ့ အဝတ်လျှော်ဖို့ဆိုရင် အခုပဲ ဖုန်းဆက်လိုက်ပါနော်။ 😉

📞 09758893889
📩Messenger က​နေလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ။
#အစွန်းအထင်းဖယ်ရှားခြင်း #အဝတ်​လျှော် #မီးပူတိုက် #ဒိုဘီ #ပင်မင်း

05/02/2026

မျက်နှာသုတ်ပုဝါတွေက လျှော်ရင်းနဲ့ ကြမ်းတမ်းပြီး "ထိုးထိုးထောင်ထောင်" ဖြစ်နေလို့ စိတ်ညစ်နေပါသလား? 🧖‍♀️❌

​ပုဝါလေးတွေကို ဟိုတယ်က ပုဝါတွေလို အမြဲနူးညံ့အိစက်နေစေဖို့ ဒီလျှို့ဝှက်ချက်ကို သုံးကြည့်ပါ -👉 "ရှာလကာရည် (White Vinegar)" ပါပဲ။

🤷‍♀️​ဘယ်လိုလုပ်ရမလဲ: အဝတ်လျှော်တဲ့အခါ အဝတ်ပျော့ဆေး (Fabric Softener) အစား ရှာလကာရည် ခွက်တစ်ဝက်စာကို ထည့်လျှော်ပေးပါ။

​ဘာကြောင့်လဲ: အဝတ်ပျော့ဆေးတွေက ပုဝါရဲ့ အမျှင်တွေပေါ်မှာ အလွှာတစ်ခုအနေနဲ့ တင်ကျန်ခဲ့ပြီး ရေစုပ်ယူမှုကို လျှော့ချစေကာ အချိန်ကြာလာရင် ကြမ်းတမ်းသွားစေပါတယ်။ ရှာလကာရည်ကတော့ ဆပ်ပြာအကြွင်းအကျန်တွေကို ဖယ်ရှားပေးပြီး အမျှင်လေးတွေကို ပြန်လည်နူးညံ့စေပါတယ်။

​ဒီနည်းလမ်းလေးကို အိမ်မှာ စမ်းကြည့်ပြီး ရလဒ်ကို မင်မင်ကို ပြန်ပြောပြပေးပါဦးနော်! ✨

​💡 ပိုပြီး အိစက်မွှေးပျံ့တဲ့ ပုဝါတွေကို အားစိုက်စရာမလိုဘဲ ရယူချင်ရင်တော့...
မင်တို့ Lwin Laundry ရဲ့ အဝတ်လျှော်ဝန်ဆောင်မှုကို အပ်နှံလိုက်ပါ။ ပုဝါတင်မကဘဲ စောင်တွေ၊ အိပ်ရာခင်းတွေကိုပါ အကောင်းဆုံး ဂရုစိုက်ပေးနေပါတယ်ရှင်။
​📞 ဆက်သွယ်ရန်: 09758893889
📩 Messenger က​နေလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
​ #ပုဝါထိန်းသိမ်းနည်း

26/01/2026

အဝတ်လျှော်တဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ ဘယ်အဆင့်က သင့်အတွက် "အပျင်းဆုံးနဲ့ အပင်ပန်းဆုံး" လဲ? 😫🧺

​(A) လျှော်ဖွပ်ခြင်း (စက်ထဲထည့်၊ ဆပ်ပြာထည့်၊ စောင့်ရတာ)
(B) အဝတ်လှန်းခြင်း (တစ်ထည်ချင်း လှန်းရတာ ခါးညောင်းတယ်)
(C) အဝတ်ခေါက်ခြင်း/မီးပူတိုက်ခြင်း (အပုံလိုက်ကြီးကို ကြည့်ပြီး စိတ်ညစ်ရတာ)

​Comment မှာ (A, B သို့မဟုတ် C) ရွေးပေးခဲ့ပါဦးနော်! 👇

​မင်မင်ကတော့ (C) ကို အပျင်းဆုံးပါပဲ။😁 ဒါကြောင့်လည်း ဖောက်သည်တွေ ဒီလိုပင်ပန်းတာမျိုး မဖြစ်ရအောင် Lwin Laundry ကနေ လျှော်၊ အခြောက်ခံ၊ မီးပူတိုက် အကုန်လုံးကို အပြီးအစီး လုပ်ဆောင်ပေးနေတာပါရှင်။

​သင် (A, B, C) ထဲက ဘယ်ဟာရွေးရွေး၊ အပင်ပန်းသက်သာဖို့မင်တို့ကို သတိရလိုက်ပါ! 😉

​📞 ဝန်ဆောင်မှုရယူရန်: 09758893889
📩Messenger က​နေလည်းဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင်။
​ #အဝတ်လျှော်စိန်ခေါ်မှု

17/01/2026

"အဝတ်လျှော်ဆိုင်က ပြန်လာတဲ့ အဝတ်တွေဆိုရင် ဘာလို့ ဒီလောက်တောင် မွှေးကြိုင်လန်းဆန်းနေရတာလဲ?" ဆိုပြီး သိချင်နေကြပြီလား? 🤔✨

​အိမ်မှာလျှော်ရင်လည်း ဆိုင်မှာလျှော်သလို မွှေးပျံ့နေစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
​အဝတ်ကို စက်ထဲမှာ ကြာကြာမထားပါနဲ့: အဝတ်လျှော်ပြီးတာနဲ့ ချက်ချင်းထုတ်လှန်းပါ။ စက်ထဲမှာ စိုစိုနဲ့ နာရီဝက်ထက်ပိုထားရင် အနံ့ဆိုးတွေ စတင်ထွက်ပေါ်လာနိုင်လို့ပါ။

​ရေမွှေးစိမ်ထားတဲ့ အဝတ်စ (Scented Cloth): အဝတ်လှန်းတဲ့အခါ သင်နှစ်သက်တဲ့ အနံ့ရှိတဲ့ Essential oil အစက်အနည်းငယ်ချထားတဲ့ အဝတ်စလေးကို ဘေးမှာထားပေးပါ။

​ဗီရိုထဲက အနံ့အသက်: အဝတ်တွေ ဗီရိုထဲထည့်တဲ့အခါ အဝတ်ပျော့ဆေးရည် (Fabric Softener) အနည်းငယ်ဆွတ်ထားတဲ့ ဂွမ်းစလေးတွေကို ဗီရိုထောင့်မှာ ထည့်ထားပေးရင် အဝတ်တွေက အမြဲမွှေးနေမှာပါ။

​အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ပါ: စက်ကိုယ်တိုင်က သန့်ရှင်းနေမှ လျှော်လိုက်တဲ့ အဝတ်တွေကလည်း တကယ်မွှေးကြိုင်မှာပါ။

​💡 ဒါပေမယ့် အိမ်မှာလုပ်ရတာ လက်ဝင်တယ်ဆိုရင်တော့...မင်တို့Lwin Laundry ကိုသာ အပ်နှံလိုက်ပါ။ ဆိုင်က ပြန်လာတဲ့ အဝတ်တွေရဲ့ ရနံ့ကြောင့် စိတ်ကြည်လင်လန်းဆန်းသွားစေရမယ်လို့ အာမခံပါတယ်ရှင်။ 😊

​ဆက်သွယ်ရန် ဖုန်းနံပါတ်: 📞 09758893889
📩Messenger မှလည်းဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင်။
​ #အဝတ်လျှော်နည်းလမ်းကောင်းများ #အစွန်းအထင်းဖယ်ရှားခြင်း #မီးပူတိုက် #အဝတ် #ပင်မင်း #ဒိုဘီ

16/01/2026

တန်ဖိုးရှိတဲ့အချိန်လေးတွေကို ချစ်တဲ့သူအတွက်သုံးလိုက်ပါနော်… အဝတ်လျှော်/မီးပူတိုက်အတွက်ကို Lwin Laundry Serviceကကူညီပါရစေနော်…

ကျွန်တော်တို့ဆီမှာ အထည် ၆၀ ကစပြီး Delivery Free ပို့ဆောင်ပေးနေလို့ အိမ်မှာနေရင်း ဖုန်းလေးတစ်ချက်ပဲ ဆက်လိုက်ရုံပါပဲ။ ✨

​✅ သန့်ရှင်းမှုမှာ စံချိန်မီ
✅ ဈေးနှုန်းမှာ ချိုသာပြီး
✅ ဝန်ဆောင်မှုမှာ စိတ်ကျေနပ်စေရပါမယ်။
​စိတ်အေးချမ်းသာစွာနဲ့ အဝတ်လျှော်ဖို့ဆိုရင် အခုပဲ ဖုန်းဆက်လိုက်ပါနော်။ 😉

📞 09 758 893 889
📩Messenger က​နေလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ။
#အစွန်းအထင်းဖယ်ရှားခြင်း #အဝတ်​လျှော် #မီးပူတိုက် #ဒိုဘီ #ပင်မင်း

15/01/2026

ဟိုတယ်စောင်ဖြူဖြူလေးတွေနဲ့ ဆေးရုံသုံးစောင် သန့်သန့်လေးတွေ... အားလုံးကို အချိန်တိုအတွင်း အကောင်းဆုံးဖြစ်စေဖို့ လွင်အဝတ်​လျှော်၊မီးပူတိုက်လုပ်ငန်းက တာဝန်ယူပါတယ်! ✨🧺🏥

​Order တွေ ဘယ်လောက်ပဲများများ၊ အချိန် ဘယ်လောက်ပဲ တိုတို... မင်တို့ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက တစ်ထည်ချင်းစီကို အသေးစိတ်ဂရုစိုက်ပြီး စနစ်တကျ လျှော်ဖွပ်၊ ပိုးသတ်ပေးနေပါတယ်။ 📈🏨

​သင့်လုပ်ငန်းရဲ့ Laundry လိုအပ်ချက်မှန်သမျှအတွက် စိတ်ချယုံကြည်စွာ အပ်နှံလိုက်ပါ။ စိတ်ကျေနပ်မှု အပြည့်အဝရရှိစေဖို့ မင်တို့က အမြဲအသင့်ရှိနေမှာပါ။ 😊

​📞 အသေးစိတ်မေးမြန်းရန်: [09758 893 889]
📩Messenger မှလဲဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင်။
​ #အစွန်းအထင်းဖယ်ရှားခြင်း #မီးပူတိုက် #အဝတ် #ပင်မင်း #ဒိုဘီ

07/01/2026

မြင်ရသူတိုင်း စိတ်ချမ်းသာစေမယ့် ရလဒ်! 😍✨
​တောင်ဥက္ကလာပက ချစ်ရတဲ့ Customer ဆီက အစွန်းအထင်းတွေပါတဲ့ အထည်လေးတွေကို Lwin Laundry မှသန့်ရှင်းစင်ကြယ်အောင် သေသေချာချာ လျှော်ဖွပ်ပေးလိုက်ပါပြီ။

Before နဲ့ After ဘယ်လောက်တောင် ကွာခြားသွားလဲဆိုတာ ဗီဒီယိုလေးထဲမှာ ကြည့်ရှုနိုင်ပါတယ်ရှင်။

​အဝတ်အစားတွေက အစွန်းအထင်းတွေကြောင့် စိတ်ညစ်မနေဘဲ မင်မင်တို့ဆီသာ အမြန်ဆုံး အပ်နှံလိုက်ပါ။
​✅ ယုံကြည်စွာ အပ်နှံပေးတဲ့ တောင်ဥက္ကလာက Customer ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏

​📞 အသေးစိတ်မေးမြန်းရန်: 09758893889
📩Page Messenger က​နေလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
​ #အစွန်းအထင်းဖယ်ရှားခြင်း

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Bo Gyoke Road
Yangon