Bhone Logic

Bhone Logic

Share

12/10/2025

လုပ်ငန်းခွင်ထဲ ရောက်လာလေလေ လူအပေါင်းအသင်း နည်းလေလေ

ကျွန်တော်တို့ နောင်းပိုင်းလူငယ်ပိုင်းလေးတွေမှာကြုံလာရတဲ့ အခက်အခဲတစ်ခုပေါ့
ငယ်ငယ်တုန်းကဆို အပေါင်းအသင်းလေးနဲ့ ပိတ်ရက်မှာဆို ဟိုသွားလိုက်ဒီသွားလိုက်ပေါ့
ဒါပေမဲ့ အသက်အရွယ်လည်းရောက်လာပြီ တာဝန်ယူမှုဆိုတဲ့အရာကြီးက ပါလာတဲ့အချိန်ကျရင် ငွေဆိုတဲ့အရာကိုလည်း ထည့်သွင်းစဉ်းစားလာတတ်ရတယ်

အဲအချိန်ကျရင် အလုပ်ဆိုတဲ့နယ်ပယ်မှာဘဲ မနက်ကျနေ ညအထိအချိန်တွေကုန်
တစ်ပတ်မှ ၆ ရက်လောက် အလုပ်ဆိုတဲ့ နယ်ပယ်မှာဘဲ

အလုပ်ထဲက မိတ်ဆွေအသိတွေတိုးလားဆိုတော့ တိုးတယ်။ ဒါပေမဲ့ သွားဖော်သွားဖက် ပျော်ဖော်ပျော်ဖက်တော့ မဟုတ်နေဘူး။ အလုပ်ကြောင်းအရ ဆက်စပ်နေလို့သာ ပေါင်းသင်းဖြစ်ကြတဲ့သူတွေလို့ ဆိုနိုင်တယ်

ငယ်ငယ်ကလို ဟိုသွားဒီသွားဖို့ စိတ်ရင်းနဲ့ခင်ကြတဲ့ သူတွေကျတော့လည်း သူတို့အလုပ်တွေနဲ့ဆိုတော့ တစ်ခါတစ်ခါတွေ့ရဖို့ကို ချိတ်ရတာကလည်း "ဘုရားပွင့်"မှ ဆုံလုလုနီးနီးပါဘဲ

ပိတ်ရက်ဆိုတာလည်း ခေါင်းလေးခဏလှုပ်၊ ကိုယ်လေးခဏ ရွေ့တာနဲ့တင်အချိန်ကုန်နေတော့
လုပ်ငန်းခွင်ရောက်လာလေလေ လူဆိုတာ အပေါင်းအသင်းနည်းလာလေလေပါဘဲ...

မောင်ဘုန်း

10/10/2025

ချစ်တာက ချစ်လို့ရတယ်ဗျ...
လူတစ်ယောက်အပေါ် မေတ္တာရှိသွားတာက အပြစ်မှ မဟုတ်တာ...

ဒါပေမဲ့ "လက်တွဲဖော်" ဖြစ်လာဖို့ကျတော့ခက်တယ်ဗျ
အဘက်ဘက်ကို ထည့်သွင်းစဉ်းစားရတယ်...
သူဆီကလည်း လိုချင်တာတွေ ရှိလာသလို
ကိုယ်ဘက်ကလည်း ဘာတွေဖြည့်ဆည်းပေးနိုင်လဲဆိုတာလည်း လိုတာပေါ့

ပြောရင် "ချစ်မိဖို့" တာဝန်က နှလုံးသားက ယူသလို၊ "ဘဝလက်တွဲဖော်"ဖြစ်ဖို့ကျ ဦးနှောက်က တာဝန်ယူရတာပေါ့

မေတ္တာက အုတ်မြစ်ဖြစ်ပေမဲ့ ဘဝအတွက်ကျ "Business" ဆန်ဆန်ကြည့်တတ်မှဘဲ အဆင်ပြေတယ်
အပေးနဲ့အယူ၊ မျှခြေ Equilibrium တွေက အခရာကျတယ်လို့ဆိုမလားး

အဲ ကျုပ်ဘဲ "စီးပွား‌ရေး" ဆန်ဆန်ကြည့်‌မိတာနေမှာပါ

#မောင်ဘုန်း

09/10/2025

Hello 👋

This is me "Bhone Pyae" par 😅

ဟိုးအရင်တုန်းက "Bhone Blog" ဆိုတဲ့ နာမည်နဲ့ စာတွေ၊ အတွေးတွေ၊ အမြင်လေးတွေ ရေးခဲ့တာ ကျောင်းကိစ္စတွေကော အလုပ်ကိစ္စတွေ​ကြောင့် စာလေးတွေ မရေးဖြစ်ခဲ့တာနဲ့ Page လေးဖျက်ခဲ့ပါတယ်...

အခု ပြန်ရေးဖို့ လမ်းစလေးစတော့မှာဖြစ်လို့ ကျွန်တော်ရဲ့ "Bhone Logic" ဆိုတဲ့ Page လေးကနေတစ်ဆင့် ကိုယ်တွေးမိ၊ ဖတ်မိ၊ မြင်မိတာလေးတွေ ရေးဖို့ စိတ်ကူးထားပါတယ်...

အားပေးကြပါအုံးဗျ

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Website

Address

No (131), San Pya 5th Street, San Pya Word
Yangon