Chess with John
တူဒေး
မုန့်လုံးရေပေါ်ဒေး
အားလုံးချမ်းမြေ့
ပျော်ရွှင်ကြပါစေ 🙏
မဟာသင်္ကြန်အကျနေ့
"Exploring the wonders of the deep blue at Shanghai Ocean Aquarium. 🐚 A day well spent with nature’s finest. 💙"
12/04/2026
♟️ 8th SCO International Team Chess Tournament 2026 ကို အောင်မြင်စွာ ဆင်နွှဲခဲ့ပြီးပါပြီ 🇨🇳
ဧပြီလ (၇)ရက် မှ (၁၁)ရက်ထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် SCO နိုင်ငံတကာ စစ်တုရင် အသင်းလိုက် ပြိုင်ပွဲကြီးကနေ သားသားတို့ မြန်မာအသင်း ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ကမ္ဘာ့အဆင့် စစ်တုရင်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒီပွဲဟာ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှုတွေ အများကြီးရရှိခဲ့ပါတယ်
ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်နဲ့ မှတ်တမ်းအကျဉ်းလေးကို မျှဝေပေးချင်ပါတယ် ခင်ဗျာ 🙏
📍 ကျင်းပသည့်နေရာနှင့် ကာလ
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ (Qingpu District) မှာ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်
🌍 ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများနှင့် ကစားသမားများ:
နိုင်ငံပေါင်း ၁၂ နိုင်ငံ (တရုတ်အသင်း ၂ သင်း အပါအဝင် စုစုပေါင်း ၁၃ သင်း) မှ ထိပ်သီးစစ်တုရင် ကစားသမား ၃၉ ဦး (အရန်အပါအဝင်) ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်
🏆 ကမ္ဘာ့အဆင့် စစ်တုရင် ကစားသမားများ (Title Holders)
ဒီပွဲမှာ ကမ္ဘာ့အဆင့် စစ်တုရင်ကစားသမား အများအပြား ပါဝင်ခဲ့ပြီး Title အလိုက် ဖော်ပြရရင်
🏅 World Champion: ၁ ဦး (2023 ကမ္ဘာ့စစ်တုရင်ချန်ပီယံ Ding Liren ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်)
🏅 Grandmaster (GM): ၁၄ ဦး (Super GM ၄ ဦးအပါ)
🏅 International Master (IM): ၉ ဦး
🏅 Woman Grandmaster (WGM): ၃ ဦး
🏅 FIDE Master (FM): ၃ ဦး
🏅 Candidate Master (CM): ၁ ဦး
🏅 Woman FIDE Master (WFM): ၂ ဦး
🏅 Woman International Master (WIM): ၁ ဦး
🇲🇲 မြန်မာနိုင်ငံရဲ့ ရလဒ်
မြန်မာအသင်းက ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံတွေကြားကနေ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး အဆင့် (၁၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရလဒ်ထက် ရရှိလိုက်တဲ့ အတွေ့အကြုံနဲ့ နိုင်ငံတကာ ချစ်ကြည်ရေးဟာ ကျွန်တော်တို့အတွက် ပိုမိုတန်ဖိုးရှိခဲ့ပါတယ်ခင်ဗျာ
🥇 ချန်ပီယံဆုရရှိသည့်နိုင်ငံ
အိမ်ရှင် တရုတ်နိုင်ငံ (China Team I) က ရုရှားအသင်းကို ဗိုလ်လုပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်ခင်ဗျာ
🙏 ကျေးဇူးတင်စကား
မြန်မာအသင်းအတွက် အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဆရာဦးမောင်မောင်လွင် (ဥက္ကဌ - မြန်မာနိုင်ငံစစ်တုရင်အသင်းချုပ်)၊ ဆရာ ဝင်းဇော်ထွန်း(IM) နဲ့ Master Brain Chess Academy အဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ခရီးစဉ်တစ်လျှောက် အားပေးခဲ့ကြသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
Stone, Scissors Paper at Nanjing Road, Shanghai 🪨✂️📃
Shanghai Ocean Aquarium
၁၉၅၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရဲ့ အကြီးဆုံး ရုပ်သံလွှင့်ဌာန STV - Shanghai Television News Comprehensive Channel က သားသားကို အင်တာဗျူးမေးမြန်းခဲ့ပါတယ် 🇲🇲🇨🇳
ဒီနေ့မနက်ခင်းမှာ ကမ္ဘာ့စစ်တုရင်ထိပ်သီး GM, IM, FM တွေနဲ့ အတူ နှစ်ပေါင်း ၁၇၀၀ ကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အမွေအနှစ် 🇨🇳 ရှန်ဟိုင်းမြို့တော်ဟောင်း Shanghai Zhujiajiao Ancient Town (上海朱家角古镇旅游区) ကို သွားရောက်လည်ပတ်ခဲ့ပါတယ်၊ International Tourist Group Leader ကနေတစ်ဆင့် ခွင့်တောင်းပြီး၊ သားသားဖေဖေဆီကလည်း ခွင့်ပြုချက်ယူပြီး STV က English ဘာသာနဲ့ သားသားကို အင်တာဗျူးမေးမြန်းခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ 🥰
#上海朱家角古镇旅游区
နိုင်ငံ ၁၂ နိုင်ငံက
ကစားသမား ၃၆ ယောက်ထဲမှာ
အသက်အငယ်ဆုံးဖြစ်လို့
China Media က လာပြီး
အင်တာဗျူး 🎙🇲🇲🇨🇳
09/04/2026
ကမ္ဘာ့အဆင့် ၅ (Rapid 2739, 2026)
ARTEMIEV VLADISLAV 🇷🇺
Russia Chess GM and former prodigy
2019 European Chess Champion
at the 8th SCO International Team Chess Tournament 2026 ♟️ 🇲🇲🇷🇺
Shanghai, China
09/04/2026
ရုရှားဂရင်းမာစတာ
Artemiev, Vladislav 🇷🇺
နဲ့ ထိုးခွင့်ရပါတယ်
အကောင်းဆုံး ကြိုးစားပြိုင်သွားပါမယ် ခင်ဗျာ 🙏🇲🇲
ပွဲချိန်
မြန်မာစံတော်ချိန် နေ့ခင်း ၁၂:၃၀နာရီ
08/04/2026
ဒီနေ့ SCO International Chess Tournament 2026 ရဲ့ ပထမဆုံးနေ့မှာ သားသား နဲ့ ဆုံခဲ့တဲ့ ကစားသမား (၃)ယောက်က
1. (IM) Omonov, Asrorjon (Uzbekistan) R:2305
2. (IM) Meng, Yihan (China) R:2476
3. (FM) Jaiswal, Rupesh (Nepal) R:2162
တရုတ် နဲ့ ဥဘတ်ကစ်စတန် က IM နှစ်ယောက်ကိုတော့ ထိုးဖို့ မလွယ်ခဲ့ပေမယ့် နီပေါ FM ကိုတော့ သူတင်ကိုယ်တင် အကြိတ်အနယ်ထိုးပြီး အချိန်ကျခါနီး အမှားနဲ့ ကပ်ရှုံးခဲ့ပါတယ်၊ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ခုထိတော့ အမှတ်မရသေးပါဘူးခင်ဗျာ၊ နက်ဖြန်မှာ ထပ်ပြီး ကြိုးစားပါဦးမယ် 🙏
Click here to claim your Sponsored Listing.