NETK - Passport QR Services

NETK - Passport QR  Services

Share

16/07/2026

📅 Passport QR Appointment ဘယ် Passport ရုံးမှာ
ရယူလို့ရမလဲ ❓

Passport လုပ်ဖို့ ပြင်ဆင်နေသူများ CB မှာ မေးမြန်းမှု အများဆုံး မေးခွန်းတစ်ခုကတော့...

Passport QR Appointment ကို ဘယ်ရုံးမှာ ယူလို့ရလဲ ❓
ဆိုတာပါ။
အောက်မှာ အလွယ်တကူ နားလည်အောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။

✅ (၁) တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုဝင်များ
Passport လျှောက်ထားသူများအနေဖြင့်...

📍 ရန်ကုန် Passport ရုံး တွင် QR Appointment ရယူ၍ Passport လျှောက်ထားနိုင်ပါတယ်။

ထို့အပြင်...
📍 မိမိတို့၏ အိမ်ထောင်စုစာရင်း တည်ရှိရာ ဒေသရှိ Passport ရုံးများ တွင်လည်း QR Appointment ရယူနိုင်ပါတယ်။

✅ (၂) နေပြည်တော် အိမ်ထောင်စုဝင်များ
နေပြည်တော် အိမ်ထောင်စုစာရင်းရှိသူများ

📍 ရန်ကုန် Passport ရုံး သို့မဟုတ်
📍 နေပြည်တော် Passport ရုံး
တို့တွင် QR Appointment ရယူပြီး Passport လျှောက်ထားနိုင်ပါတယ်။

✅ (၃) ရှမ်းမြောက် (၁၃/...) အိမ်ထောင်စုဝင်များ
ရှမ်းမြောက် အိမ်ထောင်စုဝင်များက

📍 ရန်ကုန် Passport ရုံး
📍 လားရှိုး Passport ရုံး
တို့တွင် QR Appointment ရယူနိုင်ပါတယ်။

လက်ရှိ နယ်မြေအခြေအနေများအရ...
လားရှိုး QR Appointment ရရှိထားသူများက

✔️ ရန်ကုန် Passport ရုံး
✔️ မန္တလေး Passport ရုံး
✔️ တောင်ကြီး Passport ရုံး
တို့တွင်လည်း ရုံးဝင်ပြီး Passport လျှောက်ထားနိုင်ပါတယ်။

✅ (၄) ကယား (၂/...) အိမ်ထောင်စုဝင်များ
ကယားပြည်နယ် အိမ်ထောင်စုဝင်များအနေဖြင့်...

📍 ရန်ကုန် Passport ရုံး
📍 လွိုင်ကော် Passport ရုံး
📍 တောင်ကြီး Passport ရုံး
တို့တွင် QR Appointment ရယူနိုင်ပါတယ်။

⚠️ သို့သော်...
တောင်ကြီး Passport ရုံးတွင် Passport ပြုလုပ်လိုပါက...
သက်ဆိုင်ရာ ကယားပြည်နယ်အစိုးရ၏ ထောက်ခံချက် လိုအပ်နိုင်ပါတယ်။

📩 Passport နဲ့ပတ်သက်ပြီး
မေးချင်တာရှိရင် Page Inbox မှာ
မေးမြန်းနိုင်ပါတယ်နော် 💬

သိလိုရာ မေးမြန်းချင်ပါက -
0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙



#နိုင်ငံကူးလက်မှတ်

14/07/2026

ယုံကြည်စွာ အပ်နှံပေးတဲ့

ရန်ကုန်ရုံး / သက်တမ်းတိုး - QR - ၁ စောင်

Passport QR နဲ့ပတ်သက်ပြီး
သိချင်တဲ့ အကြောင်း ရှိရင် Cb မှာ.မေးထားလို့ရပါတယ်

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် QR တင်ဖို့ အခက်အခဲရှိတယ်ဆိုရင်

နန့်အိ ဆီ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ရှင့်

🙏🙏🙏

သိလိုရာ မေးမြန်းချင်ပါက -

0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙


#နိုင်ငံကူးလက်မှတ်

13/07/2026

🚢 Seaman (PS) Passport
လုပ်မယ်ဆို
ဘာတွေ
ကြိုတင်ပြင်ဆင်ထားရမလဲ ❓

📘Seaman အဖြစ် သင်္ဘောပေါ်တွင် အလုပ်လုပ်ရန် စီစဉ်ထားသူများအတွက် PS (Seaman) Passport

- လိုအပ်သော Passport အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Passport ရုံးသို့ မသွားမီ အောက်ပါ စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါက
လုပ်ငန်းစဉ်များ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။

✅ လဝကဆိုင်ရာ အခြေခံစာရွက်စာတမ်းများ

📌 မှတ်ပုံတင် (မူရင်း)
📌 Smart Card (UID Card) မူရင်း
📌 အိမ်ထောင်စုစာရင်း (မူရင်း)📌 လဝက EID Data နှင့်
ကိုယ်ရေးအချက်အလက်များ ကိုက်ညီမှုရှိရန်
📌 အထက်ပါ စာရွက်စာတမ်းများ၏ မိတ္တူ (၂) စုံ

✅ Seaman ဆိုင်ရာ လိုအပ်သော စာရွက်စာတမ်းများ

⚓ CDC (Continuous

Discharge Certificate) သို့မဟုတ် သက်ဆိုင်ရာ Seaman လက်မှတ်များ

⚓ Basic Safety Training (BST) နှင့်
အခြား သင်္ဘောသားဆိုင်ရာ Certificate များ (လိုအပ်ပါက
)⚓ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပေးထားသော Seaman အထောက်အထားများ

⚠️ Passport ရုံးမဝင်ခင် သတိထားသင့်သော အချက်များ

✔️ မှတ်ပုံတင်၊ Smart Card နှင့် အိမ်ထောင်စုစာရင်းပါ အမည်၊ မွေးသက္ကရာဇ်၊ မိဘအမည်၊ နေရပ်လိပ်စာ စသည့် အချက်အလက်များ အားလုံး တူညီနေစေရန် စစ်ဆေးပါ။

✔️ လိုအပ်သော Certificate များ၏ မူရင်းနှင့် မိတ္တူများကို ကြိုတင်ပြင်ဆင်ထားပါ။

✔️ အချက်အလက်များ မကိုက်ညီပါက Passport လုပ်ငန်းစဉ် နှောင့်နှေးနိုင်သဖြင့် ကြိုတင်စစ်ဆေးခြင်းသည် အရေးကြီးပါသည်။

📌 စာရွက်စာတမ်းများ ပြည့်စုံစွာ ပြင်ဆင်ထားမယ်ဆိုရင် Passport ရုံးတွင်း လုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်ပြီး အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါတယ်။

📩 PS (Seaman) Passport နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းလိုပါက Messenger (သို့) Viber မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

📞 NETK Passport QR Services
☎️ 09 775031450 (Viber)

မှတ်ချက်: Seaman Certificate အမျိုးအစားများနှင့် လိုအပ်သည့် စာရွက်စာတမ်းများသည် သက်ဆိုင်ရာ Passport ရုံး၏ လက်ရှိသတ်မှတ်ချက်အရ ကွာခြားနိုင်သဖြင့်၊
ရုံးမဝင်မီ နောက်ဆုံးလိုအပ်ချက်များကို အတည်ပြုစစ်ဆေးထားပါက ပိုမိုအဆင်ပြေပါမည်။

10/07/2026

🚨 Passport QR ရက်ချိန်းကျော်သွားရင် ရုံးဝင်လို့ရသေးလား❓🤔
ဒီမေးခွန်းကို မေးတဲ့သူတွေ အများကြီးရှိပါတယ်။

အဖြေကတော့ "ရပါတယ်" ✅
ဒါပေမယ့်
ရက်ဘယ်လောက်ကျော်သွားတာလဲ ဆိုတာကို အရင်ကြည့်ဖို့လိုပါတယ်။

📌 Passport Online Appointment Letter (Passport QR) ရဲ့ သက်တမ်းက (၂) ပတ် (၁၄ ရက်) ဖြစ်ပါတယ်။

📅 QR မှာ ဖော်ပြထားတဲ့ Appointment Date ကနေ စတင်ပြီး (၁၄) ရက်အတွင်း (ရုံးဖွင့်ရက်၊ ပိတ်ရက် အပါအဝင်) Passport ရုံးကို သွားရောက်နိုင်ပါတယ်။

✅ ဒါကြောင့် Appointment Date ကို ကျော်သွားခဲ့ရင်တောင် (၂) ပတ်အတွင်း ဖြစ်နေသေးရင် Passport ရုံးမှာ ဆက်လက်ဝင်ရောက်ဆောင်ရွက်နိုင်ပါတယ်။

⚠️ အကယ်၍...
✔ခရီးလွန်နေခြင်း
✔မှတ်ပုံတင်အသစ်လဲလှယ်နေရခြင်း
✔EID Data ပြန်လည်ပြင်ဆင်နေရခြင်း
✔အခြားမဖြစ်မနေ အကြောင်းပြချက်များ
ရှိခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာအခြေအနေပေါ်မူတည်ပြီး
Appointment Date မှ (၁) လခန့်အထိ စောင့်ဆိုင်းပေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနိုင်ပါတယ်။

💬 Passport QR နဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေ၊ လုပ်ငန်းစဉ်အသေးစိတ်တွေ သိချင်ရင်တော့

နန့်အိရဲ့ Page Messenger မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။

📲 NETK Passport QR Services
☎ 09 775031450 (Viber)

08/07/2026

📘 Passport အသစ်လုပ်မယ်၊ သက်တမ်းတိုးမယ်ဆိုရင် ပထမဆုံး QR ယူဖို့ လိုပါတယ်

📕 Passport စာအုပ် ရရှိဖို့အတွက် အဆင့်ဆင့် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။

Passport အသစ်လျှောက်တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ် Passport ရုံးဝင်ဖို့ ပထမဆုံး လိုအပ်တာက Appointment Letter (Passport QR) ဖြစ်ပါတယ်။

Passport QR ရရှိပြီးမှသာ သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း Passport ရုံးသို့ ဝင်ရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Passport လုပ်ဖို့ စီစဉ်နေသူများအနေနဲ့ Passport QR ကို မှန်မှန်ကန်ကန် ရယူထားဖို့ အရေးကြီးပါတယ်။

✅ Passport အသစ်လျှောက်ခြင်း
✅ Passport သက်တမ်းတိုးခြင်း ✅ Passport QR ရယူခြင်း
တို့အတွက် လိုအပ်တဲ့ အချက်အလက်များကို နန့်အိ မှ ကူညီဆောင်ရွက်ပေးနေပါတယ်။

📩 Passport နဲ့ပတ်သက်ပြီး
မေးချင်တာရှိရင် Page Inbox မှာ
မေးမြန်းနိုင်ပါတယ်နော် 💬

သိလိုရာ မေးမြန်းချင်ပါက -
0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙



#နိုင်ငံကူးလက်မှတ်

06/07/2026

🚩 Page ကနေ ယုံကြည်စွာ အပ်နှံပေးတဲ့

ရန်ကုန်ရုံး /

အသစ်လျှောက် + သက်တမ်းတိုး - QR - ၂ စောင်

Passport QR နဲ့ ပတ်သက်ပြီး

သိချင်တဲ့ အကြောင်း ရှိရင် Cb မှာ.မေးထားလို့ရပါတယ်

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် QR တင်ဖို့ အခက်အခဲရှိတယ်ဆိုရင်

နန့်အိ ဆီ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ရှင့်

🙏🙏🙏

သိလိုရာ မေးမြန်းချင်ပါက -

0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙



#နိုင်ငံကူးလက်မှတ်

04/07/2026

⏰ Passport စာအုပ် မြန်မြန်ရဖို့ QR Appointment ကို အရင်စီစဉ်ထားပါ။

Passport လုပ်မယ်လို့ ဆုံးဖြတ်ထားပေမယ့် QR Appointment မရှိသေးရင် Passport ရုံးဝင်ဖို့ မဖြစ်သေးပါဘူး။

📌 Passport အသစ်လုပ်မယ်
📌 Passport သက်တမ်းတိုးမယ် 📌 PV / PJ ပြောင်းမယ်
ဘယ်ကိစ္စပဲဖြစ်ဖြစ် Passport ရုံးဝင်ဖို့အတွက် Appointment Letter (Passport QR) က ပထမဆုံး လိုအပ်တဲ့ အဆင့်ဖြစ်ပါတယ်။

QR ရရှိထားပြီးသားဆိုရင် သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း ရုံးဝင်ပြီး Passport လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။

✅ Passport QR ရယူခြင်း
✅ Appointment ရက်ချိန်း စီစဉ်ပေးခြင်း
✅ လိုအပ်သော အချက်အလက်များ လမ်းညွှန်ပေးခြင်း
တို့ကို နန့်အိ မှ ကူညီဆောင်ရွက်ပေးနေပါတယ်။

📩 Passport နဲ့ပတ်သက်ပြီး
မေးချင်တာရှိရင် Page Inbox မှာ
မေးမြန်းနိုင်ပါတယ်နော် 💬

သိလိုရာ မေးမြန်းချင်ပါက -
0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙



#နိုင်ငံကူးလက်မှတ်

01/07/2026

Passport သက်တမ်းကုန်ရင် ဒဏ်ကြေးဆောင်ရလား ❓

"Passport သက်တမ်းကုန်တာ ၁ နှစ်ကျော်ပြီ..."
"အခုမှ သက်တမ်းတိုးရင် ဒဏ်ကြေးဆောင်ရမလား..."

"သက်တမ်းကုန်တာ ကြာလေလေ ပိုကုန်မလား..."

ဆိုပြီး မေးမြန်းနေကြသူများအတွက် သိထားသင့်တဲ့ အချက်လေးတစ်ခုပါ။

✅ Passport သက်တမ်း ဘယ်လောက်ပဲ ကုန်နေပါစေ
✅ ဘယ်လောက်ပဲ ကြာနေပါစေ
သက်တမ်းပြန်တိုးတဲ့အခါ ပုံမှန် Passport Renewal လုပ်သလိုပဲ ဆောင်ရွက်ရမှာဖြစ်ပြီး

🚫 ဒဏ်ကြေး လုံးဝ (လုံးဝ) မဆောင်ရပါဘူး။

📕 သို့သော် Passport သက်တမ်းတိုးရာတွင် Passport စာအုပ်အဟောင်း မူရင်းရှိထားဖို့တော့ လိုအပ်ပါတယ်။

Passport သက်တမ်းကုန်နေလို့ စိတ်ပူမနေပါနဲ့

လိုအပ်တဲ့ အချက်အလက်များကို ကြိုတင်စုံစမ်းပြီး
သက်တမ်းတိုးနိုင်ပါတယ်။
📩 Passport နဲ့ပတ်သက်ပြီး
မေးချင်တာရှိရင် Page Inbox မှာ
မေးမြန်းနိုင်ပါတယ်နော် 💬

သိလိုရာ မေးမြန်းချင်ပါက -
0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙



#နိုင်ငံကူးလက်မှတ်

30/06/2026

⏱️ ဒီနေ့ QR တင်... မနက်ဖြန် ရုံးဝင်...

📘 Passport စာအုပ်ကို 2 ပတ်အတွင်း ရရှိနိုင်ပြီဆိုတာ
သိပြီးပြီလား ❓

🙅‍♂️ Passport သက်တမ်းတိုးတာပဲဖြစ်ဖြစ်၊ အသစ်လျှောက်တာပဲဖြစ်ဖြစ်

အရင်လို 4 လ၊ 5 လ၊ 6 လ စောင့်ရတဲ့အချိန်တွေ မဟုတ်တော့ပါဘူး။

💁 Passport QR ရက်ချိန်းတွေက အရင်ထက် ပိုမြန်လာတာကြောင့်
ရုံးဝင်ပြီးနောက် 2 ပတ်ခန့်အတွင်း Passport စာအုပ် ထုတ်ယူနိုင်နေပါပြီ။

💸 ကုန်ကျစရိတ်လည်း အများကြီး မလိုပါဘူး။

📌 ဘဏ်သွင်းငွေ - 45,000 ကျပ်
📌 ဝန်ဆောင်ခ - 15,000 ကျပ်

✨ စုစုပေါင်း 60,000 ကျပ်ဖြင့် Passport QR လျှောက်ထားနိုင်ပါတယ်။

😎 QR မကျမှာ၊ အချက်အလက်မှားမှာ၊ ရက်ချိန်းမသိမှာတွေ
စိတ်ပူစရာမလိုဘဲ အဆင်ပြေစွာ ဝန်ဆောင်မှုပေးနေပါတယ်။

📲 Passport QR လိုအပ်ပါက Messenger (သို့) Viber မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📩 Passport နဲ့ပတ်သက်ပြီး

မေးချင်တာရှိရင် Page Inbox မှာ

မေးမြန်းနိုင်ပါတယ်နော် 💬

သိလိုရာ မေးမြန်းချင်ပါက -

0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙



#နိုင်ငံကူးလက်မှတ်

28/06/2026

🚩 ဒီနေ့တင်ပေးဖြစ်တဲ့
ရန်ကုန်ရုံး /
အသစ်လျှောက် - QR - ၅ စောင်

Passport QR နဲ့ ပတ်သက်ပြီး
သိချင်တဲ့ အကြောင်း ရှိရင် Cb မှာ.မေးထားလို့ရပါတယ်

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် QR တင်ဖို့ အခက်အခဲရှိတယ်ဆိုရင်
နန့်အိ ဆီ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ရှင့်
🙏🙏🙏

သိလိုရာ မေးမြန်းချင်ပါက -
0️⃣9️⃣ - 7️⃣7️⃣5️⃣0️⃣3️⃣1️⃣4️⃣5️⃣0️⃣(Viber) 💙


#နိုင်ငံကူးလက်မှတ်

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon