KAM Printer and Copier Service

KAM Printer and Copier Service

Share

02/05/2026

🔥 “ဖုန်တွေ၊ ရွှံတွေ တလုံးလုံးနဲ့… ပြင်မရနိုင်တော့ဘူးလို့ ထင်ရတဲ့ Printer တလုံး” 🔥
😶‍🌫️။ Real photo (အပြင်ပုံတွေ) နောက်နေ့တင်မယ်နော်

💐အပြင်ကကြည့်လိုက်တာနဲ့…

မလှပတော့ဘူး

🥴မသန့်ရှင်းတော့ဘူး

🪴သုံးမရနိုင်တော့ဘူးလို့ ထင်ရတဲ့အခြေအနေ

ဒါပေမယ့်…

🔧 Step by Step ပြန်စစ်ဆေးပြီး

🧼 အတွင်းပိုင်း Cleaning ပြုလုပ်ပြီး

⚙️ လိုအပ်တဲ့နေရာတွေ ပြန်ညှိပြီး

➡️ နောက်ဆုံးမှာတော့…

🖨️ Printer ကို “အကောင်းအတိုင်း ပြန်အသုံးပြုနိုင်တဲ့အဆင့်” ထိ ပြန်ယူလာနိုင်ခဲ့ပါတယ် 💯

💡 တချို့စက်တွေက

ကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရပါဘူး

👉 မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်မယ်ဆိုရင် .......

အသုံးပြုနိုင်တဲ့အခွင့်အရေး အများကြီးရှိပါ‌သေးတယ်

✨ “အခြေအနေဘယ်လိုပဲဖြစ်နေပါစေ

အကောင်းဆုံးအထိ ပြန်လုပ်ပေးနိုင်ဖို့ ကြိုးစားပေးပါတယ်”

📩 Chat Box မှာ မေးမြန်းနိုင်ပါတယ်

🔥 မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ အနီးတဝိုက် Printer / Copier / Computer ပြင်ချင်လား?

📍 သမိုင်း မုဒိတာ အိမ်ရာနားတွင် KAM Printer Service ရှိပါတယ်!

💥 KAM Printer Service

🖨️ Specialization in Epson Printer ပြဿနာများ

✔️ အရောင်မမှန် / ဆေးမလိုက်

✔️ Head လဲရမယ်ဆိုတာတွေကို Repair နဲ့ပြန်ကောင်းအောင်လုပ်ပေးနိုင်

💻 Computer / Copier

✔️ Error တိတိကျကျရှာပြီး ပြင်ပေး

✔️ အချိန်မဖြုန်း၊ အလုပ်မပျက်

🏪 Shop Service (Main) 📍 သမိုင်း မုဒိတာ အိမ်ရာအနီး

👉 လာအပ် → မြန်မြန်စစ် → မြန်မြန်ပြန်ရ

🚗 Home Service (Optional) 🏠 အိမ်အရောက်

🏢 ရုံး / Company

🏫 ကျောင်း

👉 ဆိုင်မလာနိုင်ရင် အိမ်အရောက်၊ ရုံးအရောက် လာပြင်ပေးပါတယ်

📦 Extra Services ✔️ Toner / Ink Refill (Quality အာမခံ)

✔️ Printer Setup (School / Training Center)

✔️ Service & Spareparts Quotation

📞 Call Now – 09 961174591

❤️ Customer တိုင်းကို ကျေးဇူးတင်ပါတယ်

01/05/2026

Epson 4-color printer head အဟောင်းများ ဈေးကောင်းပေးဝယ်ပါတယ် 🖨️

🔥 မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ အနီးတဝိုက် Printer / Copier / Computer ပြင်ချင်လား?

📍 သမိုင်း မုဒိတာ အိမ်ရာနားတွင် KAM Printer Service ရှိပါတယ်!

💥 KAM Printer Service

🖨️ Specialization in Epson Printer ပြဿနာများ

✔️ အရောင်မမှန် / ဆေးမလိုက်
✔️ Head လဲရမယ်ဆိုတာတွေကို Repair နဲ့ပြန်ကောင်းအောင်လုပ်ပေးနိုင်

💻 Computer / Copier
✔️ Error တိတိကျကျရှာပြီး ပြင်ပေး
✔️ အချိန်မဖြုန်း၊ အလုပ်မပျက်

🏪 Shop Service (Main) 📍 သမိုင်း မုဒိတာ အိမ်ရာအနီး
👉 လာအပ် → မြန်မြန်စစ် → မြန်မြန်ပြန်ရ

🚗 Home Service (Optional) 🏠 အိမ်အရောက်
🏢 ရုံး / Company
🏫 ကျောင်း
👉 ဆိုင်မလာနိုင်ရင် အိမ်အရောက်၊ ရုံးအရောက် လာပြင်ပေးပါတယ်

📦 Extra Services ✔️ Toner / Ink Refill (Quality အာမခံ)
✔️ Printer Setup (School / Training Center)
✔️ Service & Spareparts Quotation

📞 Call Now – 09 961174591
❤️ Customer တိုင်းကို ကျေးဇူးတင်ပါတယ်

30/04/2026

Printer user အကုန်လုံးကို စေတနာနဲ့ သတိပေးမယ်နော်
Original ဆေး အတုတကယ်ရှိနေပါတယ်

ဘယ်လိုခွဲခွဲ ခွဲမရပါ quality ကျမှသာ အဖြေပေါ်တယ်

မိခဲ့သူမနည်းပါဘူး ဆိုင်ကတော့ တဆိုင်တည်းပါ

003 တခုတည်းမဟုတ်ပါ 057 လည်း အလားတူပါ

အစစ်လိုချင်ရင် authorized center ဒါမှမဟုတ် official showroom မှာသာဝယ်ပါ

Photos from KAM Printer and Copier Service 's post 29/04/2026

မြတ်စွာဘုရားရှင်က ဘာလို့ လူတိုင်းကို အကျွတ်တရားအ‌ကြောင်း မဟောခဲ့တာလဲ ❓

🪷မြတ်စွာဘုရားရှင်က လူတိုင်းကို အကျွတ်တရား (နိဗ္ဗာန်ရောက်ကြောင်းတရား) မဟောခဲ့တာဟာ မျက်နှာလိုက်လို့ သို့မဟုတ် ခွဲခြားဆက်ဆံလို့ မဟုတ်ပါဘူး။
🔭ခေတ်သစ်သိပ္ပံနဲ့ စိတ်ပညာရှုထောင့်ကနေ ကြည့်ရင် ဒါဟာ အလွန် လက်တွေ့ကျပြီး ယုတ္တိတန်တဲ့ "စနစ်တကျ စီမံခန့်ခွဲမှု သဘောတရား (Resource Optimization)" ဖြစ်ပါတယ်။

၁။ ဦးနှောက်၏ လက်ခံနိုင်စွမ်းနှင့် ဆော့ဖ်ဝဲလ် သဘောတရား (Cognitive Readiness & Software Compatibility)

သိပ္ပံသဘောတရား: ကွန်ပျူတာတစ်လုံးမှာ နောက်ဆုံးပေါ် System သို့မဟုတ် Software အကြီးစားတစ်ခု သွင်းချင်ရင် အဲဒီကွန်ပျူတာရဲ့ RAM နဲ့ Processor က လုံလောက်တဲ့ အဆင့်ရှိဖို့ လိုပါတယ်။ စက်အဟောင်းကြီး (သို့) စွမ်းဆောင်ရည်မပြည့်တဲ့ စက်ထဲကို အတင်းထည့်သွင်းရင် လက်မခံနိုင်ဘဲ စက်လည်သွား (Crash ဖြစ်သွား) တာပဲ အဖတ်တင်ပါမယ်။

အကျွတ်တရားနှင့် ချိတ်ဆက်ခြင်း: အကျွတ်တရားဆိုတာ သိပ်ကိုနက်နဲတဲ့ အသိပညာ (Advanced Knowledge/Data) ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဉာဏ်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု (Hardware) မပြည့်စုံသေးခင်မှာ အဲဒီတရားတွေကို အတင်းအဓမ္မ သွင်းပေးလိုက်ရင် နားမလည်နိုင်တဲ့အပြင် တလွဲကောက်ယူတာ၊ စိတ်ရှုပ်ထွေးပြီး ဆန့်ကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ခံနိုင်စွမ်းရှိသူ (Compatible ဖြစ်သူ) ကိုသာ ရွေးချယ်ဟောကြားခဲ့တာ ဖြစ်ပါတယ်။

၂။ လှိုင်းကြိမ်နှုန်းနှင့် အာရုံခံစနစ် (Resonance, Frequency & Receiver)

သိပ္ပံသဘောတရား: ရေဒီယို သို့မဟုတ် Wi-Fi လွှင့်စက်တစ်ခုဟာ လှိုင်းတွေကို နေရာအနှံ့ လွှင့်ထုတ်ပေးနေပါတယ်။ ဒါပေမယ့် သင့်ဖုန်းက အဲဒီ Wi-Fi ရဲ့ လှိုင်းကြိမ်နှုန်း (Frequency) ကို ချိတ်ဆက်ဖို့ ဖွင့်မထားရင် ဘာအချက်အလက်မှ လက်ခံရရှိမှာ မဟုတ်ပါဘူး။

အကျွတ်တရားနှင့် ချိတ်ဆက်ခြင်း: ဘုရားရှင်ရဲ့ မေတ္တာနဲ့ တရားတော်တွေဟာ လှိုင်းတွေလို အမြဲလွှင့်ထုတ်နေပေမယ့်၊ တချို့လူတွေရဲ့ စိတ်ဟာ အတ္တ၊ လောဘ၊ ဒေါသဆိုတဲ့ "Jammer (လှိုင်းဖြတ်စက်)" တွေနဲ့ ပိတ်ဆို့နေပါတယ်။ သူတို့ရဲ့ စိတ်လှိုင်းကြိမ်နှုန်းက အမှန်တရားနဲ့ ချိန်ညှိ (Tune in) မထားတဲ့အတွက် ဘယ်လိုပဲ ဟောပြောနေပါစေ အချည်းနှီးသာ ဖြစ်မှာမို့ အချိန်မဖြုန်းခဲ့တာ ဖြစ်ပါတယ်။

၃။ သတင်းအချက်အလက် စစ်ထုတ်မှုနှင့် အယ်လ်ဂိုရီသမ် (Confirmation Bias & Psychological Firewall)

သိပ္ပံသဘောတရား: လူတွေရဲ့ ဦးနှောက်မှာ ကိုယ်လက်ခံထားတဲ့ အယူအဆနဲ့ ဆန့်ကျင်တဲ့ အချက်အလက် (Data) လာရင် အလိုအလျောက် ပယ်ချတတ်တဲ့ စိတ်ပညာသဘောတရား (Confirmation Bias) ရှိပါတယ်။ စနစ်တစ်ခုမှာ ဝင်လာတဲ့ အချက်အလက်တွေကို Firewall က စစ်ထုတ်ပစ်သလိုမျိုးပါ။

အကျွတ်တရားနှင့် ချိတ်ဆက်ခြင်း: အစွန်းရောက် အယူဝါဒတွေ၊ မှားယွင်းတဲ့ ယုံကြည်မှုတွေ အခိုင်အမာ စွဲလမ်းနေတဲ့ သူတွေရဲ့ ဦးနှောက်ထဲမှာ တရားတော် (Information အသစ်) ဝင်ဖို့ နေရာမရှိပါဘူး။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Firewall က အလိုအလျောက် Block လုပ်ပစ်မှာ ဖြစ်တဲ့အတွက် အဲဒီ Firewall ကို ဖြတ်ကျော်ဖို့ အချိန်မတန်သေးသူတွေကို ခေတ္တချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

၄။ စွမ်းအင် အသုံးချမှု အချိုးအစား (Energy Efficiency & Time Management)

သိပ္ပံသဘောတရား: ရူပဗေဒနဲ့ စီမံခန့်ခွဲမှု ပညာရပ်တွေမှာ စွမ်းအင် (Energy) နဲ့ အချိန် (Time) ဟာ အကန့်အသတ်ရှိတဲ့ အရာတွေပါ။ ဒါကြောင့် အကျိုးအမြတ် အများဆုံး ရနိုင်မယ့်၊ အထိရောက်ဆုံး ဖြစ်မယ့် နေရာ (High ROI - Return on Investment) မှာပဲ စွမ်းအင်ကို အဓိက သုံးစွဲရပါတယ်။

အကျွတ်တရားနှင့် ချိတ်ဆက်ခြင်း: မြတ်စွာဘုရားရှင်မှာ သက်တမ်း ၈၀ ဆိုတဲ့ အချိန်အကန့်အသတ် ရှိပါတယ်။ ဒီအချိန်အတွင်းမှာ အကျွတ်တရားရဖို့ အဆင်သင့်ဖြစ်နေတဲ့သူ (ရေပေါ်ရောက်နေတဲ့ ကြာပန်းတွေ) ကို ဦးစားပေး ကယ်တင်ခြင်းဟာ အထိရောက်ဆုံး အချိန်စီမံခန့်ခွဲမှုပါပဲ။ လုံးဝ နားမလည်နိုင်သေးတဲ့ ရွှံ့ညွန်ထဲက ကြာတွေကို သွားပြီး ရှင်းပြနေရင် အချိန်ကုန် လူပန်းဖြစ်ပြီး၊ တကယ် အဆင်သင့်ဖြစ်နေတဲ့ ကြာပန်းတွေပါ အချိန်နှောင်းပြီး ညှိုးနွမ်းသွားနိုင်ပါတယ်။

🌞အနှစ်ချုပ်
မြတ်စွာဘုရားရှင်က လူတိုင်းကို တရားမဟောခဲ့တာဟာ "Data အချက်အလက်များကို လက်ခံနိုင်စွမ်းရှိသော ကွန်ရက် (Network) များကိုသာ ဦးစားပေး ချိတ်ဆက်ပြီး၊ System Crash မဖြစ်အောင် တားဆီးကာ၊ ရရှိနိုင်တဲ့ အချိန်နဲ့ စွမ်းအင်ကို အထိရောက်ဆုံး (Optimize) အသုံးချသွားတဲ့" အဆင့်မြင့် ယုတ္တိဗေဒနည်းလမ်း ဖြစ်တယ်လို့ ခေတ်သစ်လူငယ်တွေအနေနဲ့ နားလည်နိုင်ပါတယ်။

#မြတ်စွာဘုရား

29/04/2026

⚠️ Epson Original Ink လို့ထင်ပြီး Fake Original Ink သုံးနေမိနိုင်ပါတယ်

Epson Ink အတုတွေရှိတယ်ဆိုတာ ကြားဖူးကြပေမယ့်
ယနေ့ထွက်နေတဲ့ 100% Copy Fake Original Ink တွေက
အပြင်ကြည့်ရုံနဲ့ ခွဲဖို့ မလွယ်တော့ပါဘူး။

တချို့အတုတွေက—

📌 အပြင်ဘူးပုံစံ တူ
📌 အတွင်းဆေးဘူး တူ
📌 Label / Seal တူ
📌 QR / Code ပါတူနိုင်ပါတယ်

အပြင်ပိုင်းကြည့်ပြီး
အစစ် / အတု ခွဲဖို့ ခက်လာပါတယ်။

ဒါပေမယ့်
တကယ်သိသာတာ Ink Quality မှာပါ။

❌ Yellow color က အစိမ်းသန်းလာတာ
❌ Black color က အစိမ်းသန်းလာတာ
❌ Print color မမှန်တော့တာ
❌ Head clog ပိုဖြစ်လာတာ
❌ Nozzle performance ကျလာတာ

ဒီလိုပြဿနာတွေက
Service လုပ်တဲ့အချိန်မှာ တန်းသိသာပါတယ်။

တချို့ cases တွေမှာ brand new စက်ကို
Official မဟုတ်တဲ့ packing တွေထဲမှာပါ
Fake Original Ink ထည့်ထားတာမျိုးတွေ ရှိနိုင်ပါတယ်။

ဒါကြောင့်
Epson Original Ink အစစ် (သို့မဟုတ်) စက်အသစ်လိုချင်ရင်

✔️ Authorized Dealer
✔️ Epson Showroom

ကနေသာ ဝယ်ယူသင့်ပါတယ်။

မသေချာရင်တော့
👉 Refill Ink အတွက်
Darlink / Asta လို
ယုံကြည်ရတဲ့ brand တွေကို ရွေးသုံးတာ ပိုစိတ်ချရပါတယ်။

သင့် Printer Head ကို ကာကွယ်ချင်ရင်
Ink quality ကို လျစ်လျူမရှုပါနဲ့။

📩 Printer ink quality စစ်ချင်ရင်
KAM Printer Service ကို ဆက်သွယ်နိုင်ပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🔥 မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ အနီးတဝိုက် Printer / Copier / Computer ပြင်ချင်လား?

📍 သမိုင်း မုဒိတာ အိမ်ရာနားတွင် KAM Printer Service ရှိပါတယ်!

💥 KAM Printer Service

🖨️ Specialization in Epson Printer ပြဿနာများ

✔️ အရောင်မမှန် / ဆေးမလိုက်
✔️ Head လဲရမယ်ဆိုတာတွေကို Repair နဲ့ပြန်ကောင်းအောင်လုပ်ပေးနိုင်

💻 Computer / Copier
✔️ Error တိတိကျကျရှာပြီး ပြင်ပေး
✔️ အချိန်မဖြုန်း၊ အလုပ်မပျက်

🏪 Shop Service (Main) 📍 သမိုင်း မုဒိတာ အိမ်ရာအနီး
👉 လာအပ် → မြန်မြန်စစ် → မြန်မြန်ပြန်ရ

🚗 Home Service (Optional) 🏠 အိမ်အရောက်
🏢 ရုံး / Company
🏫 ကျောင်း
👉 ဆိုင်မလာနိုင်ရင် အိမ်အရောက်၊ ရုံးအရောက် လာပြင်ပေးပါတယ်

📦 Extra Services ✔️ Toner / Ink Refill (Quality အာမခံ)
✔️ Printer Setup (School / Training Center)
✔️ Service & Spareparts Quotation

📞 Call Now – 09 961174591
❤️ Customer တိုင်းကို ကျေးဇူးတင်ပါတယ်

27/04/2026

🎇🔸 #ဆရာကြီး ဒေါက်တာမင်းတင်မွန် ရေးသော
၂၄ ပစ္စည်း ပဋ္ဌာန်းအဓိပ္ပာယ်🔸🎇
= * * = = * * = = * * =

ပို့စ်မိတ်ဆက်
၂၄ ပစ္စည်း ပဋ္ဌာန်းကို အဓိပ္ပါယ် မသိဘဲနဲ့ ကျွန်မ ရွတ်လာတာ အနှစ်သုံးဆယ်နီးပါး ရှိခဲ့ပါတယ်။ ကျွန်မဘ၀မှာ အဓိပ္ပါယ်မသိဘဲနဲ့ ဒီလောက်အကြာကြီး ရွတ်လာတဲ့ ဘုရားစာဆိုလို့လည်း ပဋ္ဌာန်းတခုပဲ ရှိပါတယ်။
အဓိပ္ပာယ်ကို နားလည်ချင်လို့ ဘုရားစာအုပ်တွေ ပဋ္ဌာန်းအကြောင်း ရေးထားတဲ့စာအုပ်တွေ တွေ့တိုင်းလည်း အဓိပ္ပါယ်ကို ဆယ်ကျော်သက်အရွယ်ကတည်းက ရှာခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မတွေ့ရတဲ့ ဟောပြောချက်ရော ရေးသားချက်တွေ အားလုံးမှာ ၂၄ ပစ္စည်းရဲ့ ကျေးဇူးပြုပုံတွေနဲ့ သဘောသဘာဝတွေကိုပဲ အကျယ်အနေနဲ့ ရေးသား/ဟောပြောထားတာကိုသာ တွေ့ရပြီး ကျွန်မတို့ ရွတ်ဆိုနေတဲ့ ပါဠိအတိုင်း တစ်ပိုဒ်စီရဲ့ အဓိပ္ပါယ်ကိုတော့ ဟောထား ရေးထားတာ ဘယ်နေရာမှာမှ ရှာမတွေ့မိခဲ့ဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ ခု ဧပြီလမှာတော့ ဆရာကြီးရဲ့ ၂၀၀၇ ခုနှစ်က စည်ပင်ဓမ္မာရုံမှာ ဟောထားတဲ့ အဘိဓမ္မာတရားကို အတွဲလိုက် အွန်လိုင်းမှာ နားထောင်ရပြီး အဘိဓမ္မာနဲ့အတူ ပဋ္ဌာန်းအဓိပ္ပါယ်ကိုပါ လေ့လာခွင့်ရလိုက်တဲ့အခါမှာတော့ ဆရာကြီးရေးတဲ့ ဟောတဲ့ တရားတိုင်းလိုလိုမှာ ဖတ်ရကြားရတတ်တဲ့ "ဤလောကမှာ လူ့ဥစ္စာ သဒ္ဓါအမြတ်ဆုံးပါ" ဆိုတဲ့ သဒ္ဓါတရားရဲ့ အဓိပ္ပါယ်ကိုလည်း လက်တွေ့ပိုပြီး ခံစားနားလည်သွားပါတယ်။ နဂိုကတည်းကလည်း ဆရာကြီးစာတွေ ဖတ်မိလို့ ဗုဒ္ဓဘာသာ အမွေအနစ်ကို ရခဲ့သူ ဖြစ်တော့ ကျေးဇူးရှိပြီးသား ဆရာကြီးကို ထပ်ဆင့်ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စရာ ဖြစ်ရပြန်တယ်။ ကျေးဇူးကြီးမားလှတဲ့ ကျွန်မရဲ့ ဓမ္မ ကျေးဇူးရှင် ဆရာကြီး ဒေါက်တာမင်းတင်မွန် သက်တော်ရာကျော်တိုင်အောင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာသာ သက်သက်သာသာ ရှိစွာနဲ့ သာသနာပြုနိုင်ပါစေလို့ နေ့စဉ်ဆုတောင်းလျှက်.. ဆရာကြီးရေးတဲ့ ပဋ္ဌာန်း အဓိပ္ပါယ်တွေကို ဘယ်သူမဆို လွယ်ကူစွာ လေ့လာနိုင်ရန် အားလုံးအတွက် မျှဝေလိုက်ပါတယ်။

တရားစိတ်၀င်စားသော သူတော်စဉ်အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ..
(Nge Naing-03/02/17)
- - - - - - - - - - - - - -- - - - - - - - - -
၁။ ဟေတုပစ္စည်း၏ ကျေးဇူးပြုပုံ

ဟိတ် (၆) ပါးသည် ၎င်းတို့နှင့် တပေါင်းတည်း ယှဉ်ဖြစ်ကြသော စိတ်စေတသိက်များ ဟူသည့်တရားတို့ကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း ဖြစ်ပေါ်စေ၍ မြဲမြံခိုင်ခံ့၊ သန်စွမ်းစွာ တည်နေအောင် ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၂။ အာရမ္မဏပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) ရူပါရုံသည် မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၂) သဒ္ဒါရုံသည် ကြားသိစိတ်နှင့် ။ပ။
(၃) ဂန္ဓာရုံသည် နံသိစိတ်နှင့် ။ပ။
(၄) ရသာရုံသည် စားသိစိတ်နှင့် ။ပ။
(၅) ဖောဋ္ဌဗ္ဗာရုံသည် ထိသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၆) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် မနောဓာတ်အမည်ရသည့် ပဉ္စွဒွါရ၀ဇ္ဇန်းစိတ်၊ သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၇) အလုံးစုံသော တရားတို့သည် တနည်း အာရုံ ၆-ပါးတို့သည် မနောဝိဉာဏဓာတ်အမည်ရသော စိတ် ၇၆-ပါးနှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၈) အကြင်အကြင် အာရုံတရားတို့ကို အာရုံပြု၍ စိတ်စေတသိက်မားဟူသည့် တရားတို့ ဖြစ်ပေါ်လာကြ၏။ ထိုထိုအာရုံတို့သည် ထိုထို စိတ်စေတသိက်တို့အား ၎င်းတို့ကို ဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။

၃။ အဓိပတိပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) အဓိပတိထိုက်သောဆန္ဒသည် ဆန္ဒနှင့် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း၊ ဆန္ဒကဖြစ်စေလိုသော အလုပ်ပြီးမြောက်အောင် ရှေ့ဆောင်ပြီး အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြု၏။
(၂) အဓိပတိထိုက်သော ဝီရိယသည် ဝီရိယနှင့် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း လက်ရှိ အလုပ်ပြီးမြောက်အောင် ရှေ့ဆောင်ပြီး အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြု၏။
(၃) အဓိပတိထိုက်သောစိတ်သည် မိမိနှင့် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း လက်ရှိ အလုပ်ပြီးမြောက်အောင် ရှေ့ဆောင်ပြီး အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြု၏။
(၄) အဓိပတိထိုက်သော ဝီမံသသည် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း၊ လက်ရှိအလုပ်ပြီးမြောက်အောင် ရှေ့ဆောင်ပြီး အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြု၏။
(၅) အကြင်အကြင် နှစ်သက်ဖွယ်ကောင်းလှသည့် အာရုံတရားတို့ကို အလေးအမြတ်ပြု၍ စိတ်စေတသိက်များဟူသည့် တရားတို့ ဖြစ်ပေါ်လာကြ၏။ ထိုထိုအာရုံတို့သည် ထိုထိုစိတ်စေတသိက်တို့အား အဓိပတိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၄။ အနန္တရပစ္စည်း၏ အကျိုးပြုပုံ

(၁) မြင်သိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့သည် မနောဓာတ်အမည်ရသော သမ္ပဋိစ္ဆိုန်းစိတ်ဖြင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၂) သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေသိက်များတို့သည် မနောဝိညာဏဓာတ်၌ ပါ၀င်သော သန္တီရဏစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့ကို မိမိတို့ချူပ်ဆုံးပြီးနောက် အကြားမရှိ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုသည်။
(၃) ကြားသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့သည် မနောဓာတ်အမည်ရသော သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့ကို မိမိတို့ချူပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြုကြ၏။
(၄) သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေသိက်များတို့သည် မနောဝိညာဏဓာတ်၌ ပါ၀င်သော သန္တီရဏစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့ကို မိမိတို့ချူပ်ဆုံးပြီးနောက် အကြားမရှိ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုသည်။
(၅) (၆) နံသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့သည် ။ ပ။…..အထက်ပါအတိုင်း။
(၇) (၈) စားသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့သည် ……….အထက်ပါအတိုင်း။
(၈) (၁၀) ထိသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့သည်……….အထက်ပါအတိုင်း။
(၁၁) ရှေ့ရှေ့ဖြစ်ကြသော ကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့ကို မိမိတို့ချူပ်ဆုံးပြီးနောက် အကြားမရှိ ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၂) ရှေ့ရှေ့ဖြစ်ကြသော ကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့သည် နောက်နောက် ဖြစ်ကြာသော အဗျာကတစိတ် (တဒါရုံစိတ်/ဘ၀င်စိတ်)နှင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၃) ရှေ့ရှေ့ဖြစ်ကြသော အကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့သည် နောက်နောက် ဖြစ်ကြာသော အကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၄) ရှေ့ရှေ့ဖြစ်ကြသော အကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များတို့သည် နောက်နောက် ဖြစ်ကြာသော အဗျာကတစိတ် (တဒါရုံစိတ်/ဘ၀င်စိတ်)နှင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၅) ရှေ့ရှေ့ဖြစ်ကြသော အဗျာကတစိတ် (ကြိယာစိတ်/ဝိပါက်စိတ်/ဖိုလ်စိတ်) နှင့် ယှဉ်ဖက်စေတသိက်များသည် နောက်နောက် ဖြစ်ကြာသော အဗျာကတစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၆) ရှေ့ရှေ့ဖြစ်ကြသော အဗျာကတစိတ် (မနောဒွါရဝဇ္ဇန်းစိတ်) နှင့် ယှဉ်ဖက်စေတသိက်များသည် နောက်နောက် ဖြစ်ကြာသော ကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၇) ရှေ့ရှေ့ဖြစ်ကြသော အဗျာကတစိတ် (မနောဒွါရဝဇ္ဇန်းစိတ်) နှင့် ယှဉ်ဖက်စေတသိက်များသည် နောက်နောက် ဖြစ်ကြာသော အကုသိုလ်ဇောစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို မိမိတို့ ချုပ်ဆုံးပြီးနောက် အကြားမရှိဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။
(၁၈) အကြင်အကြင်တရားတို့ (စိတ်နှင့်ယှဉ်ဖက်စေတသိက်များ) ချုပ်ဆုံးပြီးသည်နှင့် တပြိုင်နက် ဤတရားများ (စိတ်နှင့်ယှဉ်ဖက်စေတသိက်များ) ဖြစ်ပေါ်၏။ ထိုရှေ့ဖြစ်သော တရားတို့သည် နောက်ဖြစ်သော တရားတို့ကို မိမိတို့ချူပ်ဆုံးပြီးနောက် အကြားမရှိ ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။

၅။ သမနန္တရပစ္စည်း၏ကျေးဇူးပြုပုံ

အနန္တရပစ္စည်း အဓိပ္ပာယ်အတိုင်း ဆို၍ အကြားမရှိကို ကောင်းစွာအကြားမရှိဘဲ ဟု ပြောင်းပါ။

၆။ သဟဇာတပစ္စည်း ကျေးဇူးပြုပုံ

(၁) နာမ်ခန္ဓာလေးပါးသည် (စိတ်နှင့်စေတသိက်တို့သည်) အပြန်အလှန် တခုကိုတခု အတူတကွဖြစ်ပေါ်လာအောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၂) မဟာဘုတ်လေးပါးသည် (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့သည်) အပြန်အလှန် တခုကိုတခု အတူတကွဖြစ်ပေါ်လာအောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၃) ပဋိသန္ဓေစိတ်ဥပပါဒ်သည့်အခါ၌ နာမ်နှင့်ရုပ်တို့သည် (ပဋိသန္ဓေစိတ်၊ စေတသိက်များနှင့် ကမ္မဇရုပ်တို့သည်) အပြန်အလှန် တခုကိုတခု အတူတကွဖြစ်ပေါ်လာအောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၄) စိတ်စေတသိက်တို့သည် မိမိတို့ ဖြစ်လာသည်နှင့် တပြိုင်နက် စိတ္တဇရုပ်ကိုပါ အတူတကွဖြစ်ပေါ်လာအောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၅) မဟာဘုတ်လေးပါးတို့သည် မိမိတို့ဖြစ်သည်နှင့် တပြိုင်နက် အမှီရုပ်များကိုပါ အတူတကွဖြစ်ပေါ်အောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၆) ရုပ်တရားတို့သည် နာမ်တရားတို့အား တချို့သောအခါ၌ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ တချို့သောအခါ၌ သဟဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးမပြုပါ။

၇။ အညမညပစ္စည်း ကျေးဇူးပြုပုံ

(၁) နာမ်ခန္ဓာလေးပါးသည် တပါးကိုတပါးက အပြန်အလှန် ကျေးဇူးပြုကြ၏။
(၂) မဟာဘုတ်လေးပါးသည် တပါးကိုတပါးက အပြန်အလှန် ကျေးဇူးပြုကြ၏။
(၃) ပဋိသန္ဓေစိတ် ဥပါဒ်သည့်အခါ၌ နာမ်နှင့်ရုပ်တို့သည် အပြန်အလှန်ကျေးဇူးပြုကြ၏။

၈။ နိဿ ယ ပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) နာမ်ခန္ဓာလေးပါးသည် တပါးကိုတပါး အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၂) မဟာဘုတ်လေးပါးတို့သည် တပါးကိုတပါး အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုကြ၏။ တပါးကိုတပါး အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၃) ပဋိသန္ဓေစိတ် ဥပါဒ်သည့်အခါ၌ နာမ်နှင့်ရုပ်တို့သည် အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၄) စိတ်စေတသိက်တို့သည် စိတ်ကဖြစ်စေသော စိတ္တဇရုပ်တို့ကို မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၅) မဟာဘုတ်လေးပါးတို့သည် ဥပါဒါရုပ်တို့ကို မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၆) စက္ခုပသာဒ (စက္ခု၀တ္တု) သည် မြင်သိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မှီရာအဖြစ် ကျေးဇူးပြု၏။
(၇) သောတပသာဒ (သောတ၀တ္ထု) သည် ကြားသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မှီရာအဖြစ် ကျေးဇူးပြု၏။
(၈) ဃာနပသာဒ (ဃာန၀တ္ထု) သည်နံသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မှီရာအဖြစ် ကျေးဇူးပြု၏။
(၉) ဇိဝှာပသာဒ (ဇိဝှာ၀တ္ထု) သည် စားသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မှီရာအဖြစ် ကျေးဇူးပြု၏။
(၁၀) ကာယပသာဒ (ကာယ၀တ္တု) သည် ထိသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မှီရာအဖြစ် ကျေးဇူးပြု၏။
(၁၁) အကြင်ဟဒယ၀တ္ထုရုပ်များကို အမှီပြု၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်ကြ၏။ ထိုဟဒယ၀တ္ထုရုပ်တို့သည် မနောဓာတ်၊ မနောဝိညာဏဓာတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မှီရာအဖြစ် ကျေးဇူးပြု၏။

၉။ ဥပနိဿ ယ ပစ္စည်း ကျေးဇူးပြုပုံ

(၁) ရှေ့ရှေ့ဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၂) ရှေ့ရှေ့ဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို တချို့သောအခါမှ အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၃) ရှေ့ရှေ့ဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အဗျာကတတရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၄) ရှေ့ရှေ့ဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၅) ရှေ့ရှေ့ဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို တချို့သောအခါ၌ အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၆) ရှေ့ရှေ့ဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အဗျာကတတရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၇) ရှေ့ရှေ့ဖြစ်ကြသော အဗျာကတတရားတို့သည် နောက်နောက်ဖြစ်ကြသော အဗျညပတတရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၈) ရှေ့ရှေ့ဖြစ်ကြသော အဗျာကတတရားတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၉) ရှေ့ရှေ့ဖြစ်ကြသော အဗျာကတတရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၁၀) ရာသီဥတုနှင့် အစားအစာဘောဇဉ်တို့သည် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြု၏။
(၁၁) မိဘ၊ ဆရာ စသည့် ပုဂ္ဂိုလ်တို့သည
် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုကြ၏။
(၁၂) အိမ်၊ ကျောင်းစသည့် နေရာထိုင်ခင်းတို့သည် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြု၏။

(ပုရေဇာတမှ အဝိဂတပစ္စည်း အဓိပ္ပာယ်ကို ဆက်လက်ဖေါ်ပြပါမည်။

(((သာသနာကွယ်ရင် အဘိဓမ္မာကစပြီး အရင်ကွယ်မယ်၊ အဘိဓမ္မာကွယ်ရင်လည်း ပဋ္ဌာန်းကအရင်ကွယ်မယ်လို့ ကျေးဇူးရှင် ဆရာတော်ဘုရားတွေက မိန့်မှာဟောကြား ဆုံးမ ပြသကြတာကို အကြိမ်ကြိမ် နာကြားခဲ့ရပါတယ်။ အဘိဓမ္မာအကြောင်းကို လေ့လာရင် အဘိဓမ္မာရဲ့ တန်ဖိုးကိုသိမယ်။ အဘိဓမ္မာထဲမှာမှ သက်ရှိသက်မဲ့ သဘာဝလောကကြီးတခုလုံးနဲ့ဆိုင်တဲ့ အကြောင်းကျိုးဆက်စပ်ပြီး ကျေးဇူးပြုပုံကို ဟောကြားထားတဲ့ ပဋ္ဌာန်းက အကျယ်ပြန့်ဆုံး ခက်ခဲနက်ဆုံးဆုံးမို့ အဘိဓမ္မာ ခုနှစ်ကျမ်းမှာ ပဋ္ဌာန်းကျမ်းကို ဘုရားက နောက်ဆုံးမှ ဟောတယ်လို့သိရပါတယ်။
ဒီလို ခက်ခဲနက်နဲတဲ့ ပဋ္ဌာန်းကို အဓိပ္ပာယ်သိပြီး ရွတ်တာနဲ့ အဓိပ္ပာယ်မသိခင်က ရွတ်တာ တန်ဖိုးကွာခြားပုံ၊ သဒ္ဒါတရား ကွာခြားပုံကို ကိုယ်တိုင်ခံစားရသလို အားလုံးကို ခံစားစေချင်ပါတယ်။
ဒါကြောင့်မို့ ဆရာကြီးဒေါက်တာ မင်းတင်မွန် ရေးထားတဲ့အတိုင်း ပြန်ကူးပြီး ဖေါ်ပြလိုက်ပါတယ်။ ))

၁၀။ ပုရေဇာတပစ္စည်း ကျေးဇူးပြုပုံ

(၁) စက္ခုပသာဒ (စက္ခ၀တ္ထု) သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၂) သောတပသာဒ (သောတ၀တ္ထု) သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော ကြားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၃) ဃာနပသာဒ (ဃာန၀တ္ထု) သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော နံသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၄) ဇိဝှာပသာဒ (ဇိဝှာ၀တ္ထု) သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော စားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၅) ကာယပသာဒ (ကာယ၀တ္ထု) သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၆) ရူပါရုံ- အဆင်းသည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၇) သဒ္ဒါရုံ-အသံသည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော ကြားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၈) ဂန္ဓာရုံ-အနံ့သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော နံသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၉) ရသာရုံ-အရသာသည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော စားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၀) ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့) သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော ထိသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၁) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော မနောဓာတ်ခေါ် ပဉ္စွဒွါရ၀ဇ္ဇန်းစိတ်၊ သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၂) အကြင်ဟဒယ၀တ္တုရုပ်များကို အမှီပြု၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်ကြ၏။ ထိုဟဒယ၀တ္တုတို့သည် ရှေ့၌ဖြစ်နှင့်ပြီး နောက်၌ဖြစ်သော မနောဓာတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပြီးလျှင် မနောဝိညာဏဓာတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို တချို့သောအခါ၌ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၍ တချို့သောအခါ၌ ပုရေဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးမပြုပါ။

၁၁။ ပစ္ဆာဇာတပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) နောက်၌ဖြစ်ကြသော စိတ်စေတသိက်တို့သည် ရှေ့၌ဖြစ်နှင့်သော ဤ၀တ္ထု (ဟဒယ၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ) တို့ကို ပစ္ဆာဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

၁၂။ အာသေ၀နပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) ရှေ့ရှေ့ဖြစ်ကြသော ကုသိုလ်တရားတို့သည် (ကုသိုလ်ဇောစိတ်နှင့် စေတသိက်တို့သည်) နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို (ကုသိုလ်ဇောစိတ်နှင့် စေတသိက်တို့ကို) အာသေ၀နပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၂) ရှေ့ရှေ့ဖြစ်ကြသော အကုသိုလ်တရားတို့သည် (အကုသိုလ်ဇောစိတ်နှင့် စေတသိက်တို့သည်) နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို (အကုသိုလ်ဇောစိတ်နှင့် စေတသိက်တို့ကို) အာသေ၀နပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၃) ရှေ့ရှေ့ဖြစ်ကြသော ကြိယာဗျာကတာတရားတို့သည် နောက်နောက်ဖြစ်ကြသော ကြိယာဗျာကတာတရားတို့ကို အာသေ၀နပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။

၁၃။ ကမ္မပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ဝိပါက်နာမ်ခန္ဓာလေးပါးနှင့် ကဋတ္တာရုပ်ဟူသော ရူပက္ခန္ဓာတို့ကို ကမ္မပစ္စယသတ္တိဖြင့် ဖြစ်ပေါ်စေ၏။
(၂) စေတနာသည် မိမိနှင့်တပေါင်းတည်းယှဉ်ဖြစ်သော စိတ်စေတသိက်များနှင့် ထိုစိတ်စေတသိက်တို့ဖြစ်စေသော စိတ္တဇရုပ်တို့ကို ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၁၄။ ဝိပါကပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) ကံ၏အကျိုးဖြစ်သော နာမ်ခန္ဓာလေးပါး (ဝိပါက်စိတ်နှင့် ယှဉ်ဖက်စေတသိက်များ) တို့သည် အပြန်အလှန် တခုကိုတခု အေးအေးလူလူ ဖြစ်စေသည့် ဝိပါကပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

၁၅။ အာဟာရပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) အလုပ်အလွေးပြု၍ စားမျိုအပ်သော အစာအာဟာရသည် ဤခန္ဓာကိုယ်အား ကျန်းမာသန်စွမ်းအောင် စောင့်ရှောက်ထောက်ပံ့ ထမ်းဆောင်ခြင်းဟူသည့် အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၂) ရုပ်မဟုတ်သော နာမ်အာဟာရ (ဖ ဿ၊ စေတနာ၊ ဝိညာဏ်) တို့သည် ၎င်းတို့နှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စိတ်စေတသိက်များနှင့် ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်တို့ကို အာဟာရပစ္စယ
သတ္တိဖြင့်ကျေးဇူးပြု၏။

၁၆ ။ဣနြ္ဒိယပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) စက္ခုနြေ္ဒအမည်ရသည့် စက္ခုပသာဒသည် မြင်သိစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အစိုးရခြင်းဖြင့် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
(၂) ) သောတိနြေ္ဒအမည်ရသည့် သေတပသာဒသည် ကြားသိစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အစိုးရခြင်းဖြင့် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
(၃) ) ဃနိနြေ္ဒအမည်ရသည့် ဃနပသာဒသည် နံသိစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အစိုးရခြင်းဖြင့် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
(၄) ) ဇိဝှိနြေ္ဒအမည်ရသည့် ဇိဝှာပသာဒသည် စားသိစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အစိုးရခြင်းဖြင့် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
(၅) ) ကာယိနြေ္ဒအမည်ရသည့် ကာယပသာဒသည် ထိသိစိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အစိုးရခြင်းဖြင့် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
(၆) ဇိဝိတရုပ်သည် ကမ္မဇရုပ်များအသက်ရှင်ရန် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
(၇) ရုပ်မဟုတ်သော နာမ်ဣနြေ္ဒတို့သည် မိမိနှင့် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များနှင့် ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်တို့ကို အစိုးရခြင်းဖြင့် ဣနြ္ဒိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

၁၇။ ဈာနပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) ဈာနင်တရားတို့သည် ၎င်းနှင့် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များနှင့် ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်တို့ကို အာရုံသို့ ရှေးရှုစူးစိုက်ပြီး ရှုစေခြင်းဖြင့် ဈာနပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

၁၈။ မဂ္ဂပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) မဂ္ဂင်တရားတို့သည် ၎င်းနှင့် တပေါင်းတည်းယှဉ်ဖြစ်ကြသော စိတ်စေတသိက်များနှင့် ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်တို့ကို မဂ္ဂပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

၁၉။ သမ္ပယုတ္တပစ္စည်း၏ ကျေးဇူးပြုပုံ
(၁) ရုပ်မဟုတ်သော နာမ်ခန္ဓာလေးပါး (စိတ်နှင့်စေတသိက်) တို့သည် အပြန်အလှန် တခုကိုတခု သမ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၂၀။ ဝိပ္ပယုတ္တပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) ရုပ်တရားသည် နာမ်တရားအား ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ နာမ်တရားသည် ရုပ်တရားအား ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၂၁။ အတ္ထိပစ္စည်း၏ ကျေးဇူးပြုပုံ

(၁) နာမ်ခန္ဓာလေးပါးသည် (စိတ်နှင့်စေတသိက်တို့သည်) အပြန်အလှန် တခုကိုတခု အတ္ထိပစ္စယသတ္တိဖြင့် (မိမိအထင်အရှားရှိခြင်းဖြင့်) ကျေးဇူးပြုကြ၏။
(၂) မဟာဘုတ်လေးပါးသည် (ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောတို့သည်) အပြန်အလှန် တခုကိုတခု အတ္ထိပစ္စယ သတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၃) ပဋိသန္ဓေစိတ် ဥပါဒ်သည့်အခါ၌ နာမ်နှင့်ရုပ်တို့သည် အပြန်အလှန် တခုကိုတခု အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၄) စိတ်နှင့်စေတသိက်တို့သည် ထိုစိတ်ကဖြစ်စေသော စိတ္တဇရုပ်ကို အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၅) မဟာဘုတ်လေးပါးသည် ဥပါဒါ အမှီရုပ်တို့ကို အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၆) စက္ခုပသာဒ (စက္ခု၀တ္ထု) သည် မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၇) သောတပသာဒ (သောတ၀တ္ထု) သည် ကြားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၈) ဃာနပသာဒ (ဃာန၀တ္ထု) သည် နံသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၉) ဇိဝှါပသာဒ (ဇိဝှါ၀တ္ထု) သည် စားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၀) ကာယပသာဒ (ကာယ၀တ္ထု) သည် ထိသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၁) ရူပါရုံ (အဆင်း) သည် မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၂) သဒ္ဒါရုံ (အနံံ့) သည် ကြားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၃) ဂန္ဒာရုံ (ရနံ့) သည် နံသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၄) ရသာရုံ (အရသာ) သည် စားသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၅) ဇောဋ္ဌဗ္ဗာရုံ (အထိအတွေ့) သည် ထိသိစိတ်နှင့် ယှဉ်ဘက်စေတသိက်များကို မိမိအထင်အရှားရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(၁၆) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် မနောဓာတ်အမည်ရသော ပဉ္စွဒွါရ၀ဇ္ဇန်းစိတ်၊ သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို မိမိတို့ ထင်ရှားစွာ ရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(၁၇) ) အကြင်ဟဒယ၀တ္ထုရုပ်များကို အမှီပြု၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်ကြ၏။ ထိုဟဒယ၀တ္ထုရုပ်တို့သည် မနောဓာတ်၊ မနောဝိညာဏဓာတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို ဖြစ်ပေါ်လာအောင် မိမိတို့ အထင်အရှား ရှိခြင်းဖြင့် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၂၂။ နတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုပုံ

(၁) ကောင်းစွာ ကြားမရှိဘဲ ချူပ်ငြိမ်းသွားကြသော စိတ်စေတသိက်များသည် အကြောင်းကိုစွဲ၍ ဖြစ်လာကြသော စိတ်စေတသိက်များကို နတ္ထိပစ္စယသတ္တိ (မရှိခြင်း) ဖြင့် ကျေးဇူးပြု၏။

၂၃။ ဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုပုံ

(၁) ) ကောင်းစွာ ကြားမရှိဘဲ ကင်းချူပ်သွားကြသော စိတ်စေတသိက်များသည် အကြောင်းကိုစွဲ၍ ဖြစ်လာကြသော စိတ်စေတသိက်များကို ဝိဂတပစ္စယသတ္တိ (ကင်းချူပ်ခြင်း) ဖြင့် ကျေးဇူးပြု၏။

၂၄။ အဝိဂတပစ္စယ သတ္တိဖြင့်ကျေးဇူးပြုခြင်း

အတ္ထိက ရှိခြင်း၊ အဝိဂတက မကင်းချူပ်ခြင်း ဖြစ်၍ အဓိပ္ပာယ်အားလုံး တူပါသည်။ တို့ကြောင့် အတ္ထိနေရာတွင် အဝိဂတကို အစားထိုးပြီး မိမိအထင်အရှားရှိခြင်းဖြင့် နေရာတွင် မကင်းချူပ်ခြင်းဖြင့်ဟု အစားထိုးကာ အတ္ထိပစ္စည်းပါအတိုင်းဆက်ဆိုပြီး ဆုံးသည့်အခါတွင် ပစ္စယနိဒ္ဒေသောနိဋ္ဌိတော ဟုဆိုရန်ဖြစ်သည်။

Nge Naing

ဒေါက်တာမင်းတင်မွန် (၂၀၁၃). ဗုဒ္ဓအဘိဓမ္မာ အနှစ်ချူပ် (6th Ed.). ပစ္စည်းပိုင်း. (Pp 206-215). မြမွန်ရတနာစာပေ. ကူးယူဖေါ်ပြထားပါတယ်။

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
====================

27/04/2026

🇵‌🇷‌🇮‌🇳‌🇹‌🇪‌🇷‌ များ အရောင်မမှန် အစင်းများဖြစ်နေပြီလား 🙋🖨️📞🚀
Printer ပျက်လို့ ဆိုင် သွားအပ်ဖို့ အချိန်မရှိဘူးလား?

သယ်သွားရခက်နေလား? 🚗 — KAM က အိမ်ထိလာပြင်ပေးမယ်!

ဆိုင်လာအပ်ချင်သော customer များလာအပ်လို့ရပြီနော်

👉 လိပ်စာ - သမိုင်း - မုဒိတာ / အိမ်ရာ

📍 လာလို့အဆင်မပြေဘူးလား 👉သင့်နေရာကို တိုက်ရိုက်လာပြီး service ပေးပါတယ်

🛠️ Printer ပြဿနာအကုန်ဖြေရှင်းပေးနိုင် —

✔️ Nozzle Clog (ကြောင့်ပိတ်)

✔️ Print line error / အစင်းများ

✔️ Ink error / Power error

✔️ Epson head ပြန်ကောင်းအောင်လုပ်ပေးသော service

✔️ အခြားသော general error များ

💻 အခြားဝန်ဆောင်မှုများ —

• Copier Repair & Parts

• Computer / Laptop Upgrade (RAM / SSD)

• Network & CCTV Setup

• Software Installation

⭐ ဘာကြောင့် KAM ကိုရွေးသင့်လဲ?

✔️ အိမ်ထိလာဝန်ဆောင်မှု

✔️ အမြန်ပြီးစီး

✔️ ဈေးနှုန်းတိကျ

✔️ 100% စမ်းသပ်ပြီးမှ သာ ပြန်အပ်

📞 Call Now — 09961174591

📩 Messenger / Viber မှာလည်း ဆက်သွယ်နိုင်ပါတယ်

🔥 Printer ပျက်လို့ အလုပ်မနားပါနဲ့

👉 KAM ကိုခေါ်လိုက်ပါ — အိမ်မှာတင် ပြီးသွားမယ်!

26/04/2026

✨ Epson Printer Head များအကြောင်း ✨

🛠 Epson Printer တိုင်း Print Head မတူဘူး — Model တူပေမယ့် Technology မတူနိုင်တဲ့ အချက်

Printer ပြင်တဲ့အလုပ်မှာ လူအများမသိသေးတဲ့ အချက်တစ်ခုက
Epson printer အကုန်လုံး head တစ်မျိုးတည်းမဟုတ်ပါဘူး။

အသုံးပြုထားတဲ့ Print Head Technology ပေါ်မူတည်ပြီး
✔ ပုံနှိပ်အရည်အသွေး
✔ အမြန်နှုန်း
✔ သက်တမ်း
✔ ပြုပြင်ရခက်ခဲမှု
တွေတောင် ကွာခြားနိုင်ပါတယ်။

━━━━━━━━━━━━━━

🔹 1. Micro Piezo Print Head
Epson ရဲ့ original core technology ဖြစ်ပါတယ်။

အားသာချက်
✔ Heat မသုံးဘဲ piezo crystal နဲ့ ink ထုတ်
✔ Head life ကောင်း
✔ Stable output
✔ Daily office use အတွက်သင့်တော်

အသုံးပြုထားတဲ့ Model Sample
• Epson L110
• Epson L220
• Epson L360
• Epson L565
• Epson L3 # # #
• Epson L4 # # #
• Epson L5 # # #

━━━━━━━━━━━━━━

🔹 2. Photo Printer Head
Photo quality အတွက် optimize လုပ်ထားတဲ့ head type ဖြစ်ပါတယ်။

အားသာချက်
✔ Color blending ပိုကောင်း
✔ Skin tone detail ပိုတိကျ
✔ Glossy photo output ပိုလှ

အသုံးပြုထားတဲ့ Model Sample
• Epson L800
• Epson L805
• Epson L1800
• Epson L850
• Epson P-series photo printers
• Epson L8050,
• Epson L18050

━━━━━━━━━━━━━━

🔹 3. PrecisionCore Head
Epson newer generation professional technology ဖြစ်ပါတယ်။

အားသာချက်
✔ Print speed ပိုမြန်
✔ Text sharpness ပိုကောင်း
✔ Heavy duty ပိုခံ
✔ Business use အတွက်သင့်တော်

အသုံးပြုထားတဲ့ Model Sample
• Epson L6160
• Epson L6170
• Epson L6190
• Epson L14150
• Epson L15150
• Epson WF series
• Epson i3200 (vinyl or dtf print head)
• PrecisionCore linehead (Like Epson WF C21000)

━━━━━━━━━━━━━━

📌 Technician point of view

Micro Piezo = ရိုးရှင်းပြီး တည်ငြိမ်
Photo Head = Color quality အထူးကောင်း
PrecisionCore = Speed + Long life

Model နံပါတ်တူတယ်ဆိုပြီး
Head technology တူမယ်လို့ မထင်သင့်ပါဘူး။

Head type သိမှ repair method မှန်နိုင်ပါတယ်။

🛠 KAM Printer Service
Professional Epson Printer Diagnosis & Repair

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Upper Baho Road, 2nd Ward, Mayangone Township
Yangon