BPC's Gens

BPC's Gens

Share

28/10/2025
27/10/2025
23/10/2025
23/10/2025

အလုပ်သစ္စာ

ပြီးခဲ့တဲ့ရက်က ကျွန်တော်တို့ Advisory လုပ်နေတဲ့ လုပ်ငန်းတစ်ခုမှာ အမြဲကူညီပေးနေတဲ့ ဆရာကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်၊ သိပ်ကောင်းတဲ့ စကားလေးတွေမို့ ဆရာကြီး ပြောခဲ့တဲ့ စကားလုံးအတိုင်း ပြန်လည် မျှဝေပါတယ် ။

"ကျွန်တော်က ဒီနေ့ ဒီအရွယ်အထိ ဘာပဲ လုပ်လုပ် စိတ်အားထက်သန်စွာ လုပ်တယ်၊ အကောင်းဆုံး လုပ်တယ်၊ အစွမ်းကုန်လုပ်ပေးတယ်၊ ဒါက ကျွန်တော် အလုပ်ပေါ်ထားတဲ့ အလုပ်သစ္စာပဲ၊ အလုပ်ကို မလေးမစား မလုပ်ဘူး၊ အချောင်မခိုဘူး၊ အပေါ်ယံလေး အဖြစ်လောက်လေး မလုပ်ဘူး၊ ကိုယ်ရှိနေတဲ့ အခိုက် ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို စိတ်စေတနာ အပြည့်နဲ့ အားသွန်ခွန်စိုက် လုပ်ပေးတယ်၊ ဒါကြောင့် လုပ်ပေးသလောက် မဖြစ်လာခဲ့ရင်လည်း စိတ်မပူပန်ဘူး၊ မပူလောင်ဘူးတဲ့၊ ဘာကြောင့်လဲဆို ကိုယ်နိုင်သလောက် အစွမ်းကုန် လုပ်ပေးခဲ့ပြီမို့တဲ့"

ဆရာကြီး ပြောခဲ့တဲ့ အပေါ်က စကားလေးက ကျွန်တော့်အတွက်တော့ ဆုံးမစကားကဲ့သို့ ကိုယ့်ကိုကိုယ် ပြန်သတိပေး သတိဝင် စေတာမို့ မိတ်ဆွေတွေကိုလည်း ဒီစကားကောင်းလေး ပြန်မျှေ၀ ပေးလိုက်တာပါ။

အလုပ်လုပ်နေတဲ့သူတိုင်း အလုပ်သစ္စာတွေကြောင့် ပိုမို ကောင်းမွန်တဲ့ ဘဝများကို ပိုင်ဆိုင်ကြပါစေ ။ မိမိတို့ ကြိုးစားသလောက်၊ ကြိုးစားတာထက်ပိုတဲ့ အောင်မြင် ဖြစ်ထွန်းတဲ့ ဘဝတွေကိုလည်း ရေရှည် ပိုင်ဆိုင်နိုင်ပါစေ 🙏

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 8B, Aungthapyay West 2St, 7 Ward, TharKayTa Township
Yangon
12