Chit Thinzar

Chit Thinzar

Share

29/01/2026

ကျေးဇူးတင်စကားပြောရမယ် ဆိုရင်ဖြင့် အများကြီးပဲ…
၂၀၂၁ ကျောင်းစတက်တဲ့အချိန်က စပြောရမယ်… မှတ်မိသေးတယ် 1st lecture time က Jan 28… နိုင်ငံရေးပြသနာတွေ ဖြစ်တာ Feb 2…
သိတဲ့အတိုင်းပေါ့… အားမနာပ တအားတွေ တိုက်ခိုက်ကြတာ… ဘာအလုပ်မှလဲ လုပ်လို့မရ… လုပ်ဖို့နေသာသာ ကိုယ်နဲ့ သိကျွမ်းရတာကိုတောင် ရှက်ရပါတယ်ဆိုတဲ့အချိန်မျိူး… မှတ်မိသေးတယ်… ခရီးအတူတူသွားချင်လှပါချင်ရဲ့ ဆိုလို့ ခရီးအတူသွားမိတဲ့ မင်းသမီးတစ်ယောက်က ခရီးမှာ သူတင်ထားတဲ့ဓါတ်ပုံ နဲ့ ကိုယ်တင်လိုက်တဲ့ဓါတ်ပုံက နေရာတူနေလို့ဆိုပြီး Post ကို ချက်ချင်း delete ခိုင်းတာမျိူး… နောက် လူသိများတဲ့ ရတနာဆိုင်လုပ်ငန်းရှင် တစ်ယောက်( ကိုယ်ကူညီပေးခဲ့ဖူးတဲ့ ကျေးဇူးတရားတွေ သူ့အပေါ် အများကြီး ရှိပါတယ်…)က ကိုယ့်ဆိုင်ဖွင့်ပွဲကို သူလာတဲ့ပုံကို Page မှာတင်မိလို့ ဖြုတ်ချခိုင်းတာမျိူး… ကျေးဇူးရှိမှ ကျေးစွပ်တတ်တာမျိူးလေ… အချစ်ဆုံးသူငယ်ချင်း ရဲ့ မင်္ဂလာဆောင်ကို ကိုယ်တက်ရင် အခြားသူငယ်ချင်းတွေက မတက်ဘူးလို့ ခြိမ်းခြောက်တာမျိူး…( သူငယ်ချင်းက ကိုယ်စိတ်မကောင်းမှာစိုးလို့ အားလုံးအေးချမ်းသွားမှ ပြောပြတာပါ…)
အခြားအခြား ချစ်ခင်ရသူတွေ ၊ လေးစားရသူတွေ မမြင်ကွယ်ရာမှာ စောင်းမြောင်းပြောဆို ရေးသားတာတွေလဲ အများကြီး… မမြင်ဘူးမထင်ပါနဲ့ အကုန်မြင်ပါတယ်… တချိန်တုန်းကတော့ အဲ့လူတွေက ကိုယ့်ကို ချစ်လှပါချည်ရဲ့ ၊ လေးစားလှပါချည်ရဲ့ ဆိုတဲ့သူတွေချည်းပဲ…
လူလေနော်… ဘာသားနဲ့ထုထားလို့တုန်း…
ချစ်ခဲ့တုန်းကလဲသူတို့ ၊ ရုတ်တရက် ခါးသီးသွားတာလဲသူတို့… နားမလည်ခြင်းရဲ့နောက်ကွယ်မှာ ကြောက်ရွံ့ခြင်းတွေနဲ့အတူ ဘာကိုမှမယုံကြည်တော့ဘူး… မယုံကြည်မိတဲ့အထဲ ကိုယ့်ကိုယ်ကို မယုံကြည်တော့တာက အဆိုးဆုံးပဲ…
ငါဒီလောက်ကြိုးစားခဲ့လဲ ဘာမှမထူးတော့ပါလား…
ဖျက်ဆီးမဲ့သူမရှိခင်ကတောင် အခုနေရာ​ရောက်ဖို့ အရမ်းကြိုးစားခဲ့ရတာ… အခု ဖျက်ဆီးမဲ့သူက နိုင်ငံတစ်ဝက်လောက်… အသက် ၃၀အရွယ် ဒီမိန်းကလေးက ဒီလူအုပ်ကြီးကို ဘယ်လိုတွန်းလှန်ရမှာတုန်း…
ငိုတယ်… ညတိုင်းငိုတယ်… သတိရတိုင်းငိုတယ်…
ဆိုင်ကို လူမလာအောင် ဗုံ-း ၃ခါလာခွဲတယ်… ဗုံ-းခွဲခံရတိုင်း black media တွေကလဲ တာဝန်ကျေပါတယ်… ညီညီညာညာဖွပေးကြတယ်… လုပ်တဲ့အဖွဲ့ကလဲ ဘောမတွေကိုတော့ဖြင့် ဘာလုပ်လိုက်ပါပြီ လက်သီးလက်မောင်းတန်းလို့… အလှူခံလို့ကောင်းတော့ သူများစီးပွါးပျက်လဲ ဘာအရေးလဲနော်… ဂျူးချစ်သဉ္ဇာကို တိုက်ခိုက်မှ engagement ရတဲ့ခေတ် ၊ ဂျူးချစ်သဉ္ဇာကို စီးပွါးဖျက် ၊ အမြစ်ကဆွဲနှုတ်မှ ငွေရွှင်တဲ့ခေတ်ကိုး… ကိုယ်တောင်မသိတဲ့ ကိုယ့်အကြောင်း မဟုတ်မဟတ် ကောလဟာလတွေဆိုတာ ၂ပတ်တခါ ကလင်ဒါကျပဲ… တသက်လုံး ဖြူဖြူလွှလွှတည်ဆောက်ထားတဲ့ ဂုဏ်သိက္ခာဆိုတာ အဲ့အချိန်မှာ မူးလို့တောင်ရှူစရာမရှိ တပြားသားမှ မကျန်အောင် လူယုတ်မာဇာတ်သွင်းခဲ့တာ…
တခါကဆို မီးရှို့ခံရတာ တဆိုင်လုံးပြာကျ… ပြာပုံတွေကို ကျုံးရင်း ငိုလိုက်ရတာဆိုတာ… သူတို့အတွက် ဟားတိုက်သံတွေက ကိုယ့်အတွက် မျက်ရည်တွေ…
ဒီဘက်ခြမ်းက ပစ္စည်းတွေ တခုမှ မရောင်းရချိန် ဟိုဘက်မှ စက်ရုံကိုရှင်းဖို့ အကြွေးတောင်းစာတွေက တဒိုင်းဒိုင်း… ငွေမရှင်းရင် သိန်းထောင်ပေါင်းများစွာ Deposit အဆုံး… အားကိုးနေတဲ့ ဝန်ထမ်းတွေကို ဘာအကြောင်းနဲ့မှ အလုပ်မဖြုတ်ဘူး တွေးနေပေမဲ့ လစာက တလတလ လည်ပင်းနစ်လာတယ်… ရူးမသွားအောင် စိတ်ငြိမ်ဆေးတွေဆိုတာ ပဲကြီးလှော်စားသလိုပဲ…
စာကျက်ဖို့နေသာသာ အာရုံစူးစိုက်လို့တောင်မရခဲ့ဘူး… တချိန်လုံးရင်တွေ လှပ်လှပ်တုန်ပြီး ဆေးအရှိန်တွေနဲ့ မူးဝေနေခဲ့တာ…
အမေကတော့ ကိုယ်ငိုရင် လိုက်ငိုပေးတယ်… “ငါ့သမီး ဘာအလုပ်မှ မလုပ်လဲ အမေ တသက်လုံးတင်ကျွေးထားမယ်…” တဲ့…
ဒီစကားလေးအတွက် ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာ အဲ့လိုလူမျိူးမဟုတ်ဘူး… ကိုယ်ကပဲ အရိပ်ပေးချင်တာ…
အဖေ့ကိုလဲ မေးမိတယ်… “သမီးအရင်လို ပြန်အောင်မြင်နိုင်ပါ့မလားဟင်…”
အဖေက “ဘာလို့မအောင်မြင်ရမှာလဲ… ငါ့သမီးက သူတို့ပြောသလို ဟုတ်မှ မဟုတ်တာ… ငါ့သမီးက တကယ်ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူပဲ… သေချာပေါက်အောင်မြင်မှာ…”
အဖေ့စကားတွေက အားဖြစ်စေခဲ့တယ်… အဖေက ကိုယ့်ဘဝရဲ့ Hero လေ…
တဖက်ကို ရှင်းရမဲ့ငွေတွေချေဖို့ ကိုယ်တွေလင်မယားစီးဖို့ ဝယ်ထားတဲ့ကားအကောင်းစားတွေကို ရတဲ့စျေးနဲ့ လက်ညှိုးထိုးရောင်းတဲ့အချိန် ဝမ်းအနည်းဆုံးပဲ… ကားအစုတ်လေး ပြန်စီးတော့ ယောင်္ကျားကတော့ ပြောရှာပါတယ်… “တချိန် အဲ့ထက်ကောင်းတဲ့ကား ပြန်ဝယ်ပေးမယ်နော်…” ဂျူး တဲ့…
ကျေးဇူးတင်ရမဲ့အထဲ သား နဲ့ သမီးလဲ ပါတယ်…
သမီးလေး အမြဲပြောတဲ့စကား…
“မီးမီးက ကြီးလာရင် မေမေ့လို ဖြစ်ချင်တာ… မေမေက လှလဲလှတယ်… တော်လဲတော်တယ်… Strong လဲ ဖြစ်တယ်…”
သူက သူ့အမေပြိုလဲနေတာ သိမှ မသိတာကိုး…
အချို့ Comment တွေမှာ “ သူ့သားသမီးတွေကိုပါ boycott လုပ်ပြီး လူတောမတိုးအောင် နှိမ်ပြစ်ရမယ်…” ဆိုတာမျိူး မြင်ရတဲ့အခါ အမေတယောက်အနေနဲ့ ရင်အနာဆုံးပဲ…
ကလေးတွေမှာ ဘာအပြစ်မှ မရှိသလို ကိုယ်လဲ ဘာအပြစ်မှ လုပ်မထားခဲ့ဘူး…
ညညဆို သတိလွတ်ပြီး ကိုယ့်ကိုယ်ကို တခုခုလုပ်မိမှာစိုးလို့ ကလေး၂ယောက်ကို ဘေးတဘက်တချက်စီမှာထား… သူတို့လက်ကလေးတွေကိုင်ပြီး အိပ်ခဲ့ရတယ်… ရှင်ရတဲ့လမ်းထက် သေလိုက်တဲ့လမ်းက ပိုလွယ်နေတဲ့အချိန်ကိုး… ကောလဟာလက အမှန်တရားထက် အားကြီးနေချိန်မှာ ရှင်းလို့လဲမရသလို ရှင်းလဲမရှင်းတတ်တော့ဘူး…
ကိုယ့်ကိုယ်ကို ကတိပေးထားတာက သား နဲ့ သမီးရဲ့ အမေဟာ တချိန်မှာ သူတို့အမြဲဂုဏ်ယူရတဲ့အမေ ဖြစ်နေစေရမယ်… လူတွေကိုကြောက်ပြီး အရှူံးပေးထွက်ခွါသွားသူအဖြစ် ဘယ်တော့မှ မမြင်စေရဘူး… ကလေးတွေဟာ သူတို့အမေကို ကြည့်ပြီး အမြဲ inspire ဖြစ်နေရမယ်…
ကိုသစ်ကတော့ တဖွဖွ ပြောရှာတယ်… “စာကောင်းကောင်းလုပ်ဖို့ နားရတယ်လို့ပဲ မှတ်ပေါ့မိန်းမရယ်… အချိန်တခုတော့စောင့်ရမယ်… ဒါပြီးရင်တော့ ငါ့မိန်းမကတော်တာပဲ… မင်းလုပ်နိုင်ပါတယ်…” တဲ့
လူတွေကို ကြောက်ပြီး တနှစ်လောက် အိမ်ထဲကအိမ်ပြင်မထွက်တဲ့အချိန် ၊ ရုံးတောင်မသွားနိုင်တဲ့အချိန် လုပ်ငန်းကို ထိန်းပေးထားတာ ပိုးပိုးပဲ…
“မမကြီး အခုချိန် အခွင့်အရေးပဲ… စာကောင်းကောင်းလုပ်… ကလေးတွေကို ဂရုစိုက်… အလုပ်တွေကို သမီးနဲ့ စိတ်ချထား… “
Chit Haymann တကယ်ကို လိမ်မာတဲ့ ညီမလေးပါ…
အသက်ကြီးမှ စာတွေ ပြန်ကျက်ရတာ အရမ်းပင်ပန်းတာပဲ… နားမလည်တဲ့စာတိုင်းကို Supervisor တစ်ယောက်လို ၊ အမကြီး တစ်ယောက်လို မညီးမညူ ရှင်းပြပေးတဲ့ မမေဒါလီ Sky Light
ကိုလဲ ကျေးဇူးတင်ပါတယ်… တော်ရုံလူဆို ကိုယ့်ဒဏ်မခံနိုင်လောက်ဘူး…
ဒီ ၅နှစ်ဟာ ကိုယ့်ဘဝမှာ အခက်ခဲဆုံးပဲ… ကိုယ့် မန်နေဂျာတွေလဲ တော်ရှာတယ်… အမ defense တွေ ဖြေချိန် ပျောက်သွားရင် အမမရှိဘဲ လုပ်ငန်းကို အလေအလွင့်မရှိဘဲ ထိန်းထားနိုင်တယ်…
ဒီဘွဲ့က လွယ်လားဆိုတော့ မလွယ်ဘူး… ကိုယ်တစ်ယောက်ထဲတော်လို့လားဆိုတော့ မဟုတ်ဘူး… ဘေးက ဝန်းရံသူတို့ရဲ့ စိတ်ဓါတ်ခွန်အားတွေကြောင့်ပဲ…
အခုတော့ ပြီးသွားတော့လဲ ရင်ထဲဟာတာတာ…
၅နှစ်လုံး ထမ်းပိုးမောင်းနှင်လာတဲ့ အလေးဆုံးအရာကြီးကို လွှတ်ချလိုက်တဲ့ခံစားချက်က ပျော်သလိုလို ၊ ငိုချင်သလိုလို…
ဘဝတကွေ့ရဲ့ ၅နှစ်တာ ခရီးကြမ်းတစ်ခုကိုတော့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ… ၅နှစ်တိတိ သေမလိုကြိုးစားပြီးတဲ့နောက် စီးပွါးရေး ၊ လူမှုရေး အားလုံးကို စနစ်တကျ ပြန်လည်တည်ဆောက်ပြီးတဲ့အပြင် ပညာရေးကတော့ နောက်တဆင့်မြင့်သွားခဲ့ပြီ…
ဒါဟာ ဘဝဆိုရင်တောင် ဘဝတကွေ့မို့ ထပ်ပြီး ကြိုးစားရပါဦးမည်… နောက်ထပ်လောကဓံတွေ လာနိုင်သေးတယ်ဆိုပေမဲ့ ဒီလောက်ခက်တဲ့ပုစ္ဆာကတော့ ရှားသွားလောက်ပါပြီ…
လူတွေ လဲကျစေချင်လေ ၊ ပိုတွန်းကန်တတ်လေမို့ ပြသနာတွေကို Challenge တွေလို့မြင်တတ်တာ အကျင့်ဖြစ်နေပါပြီ…
လူတွေဟာ ကိုယ်ချပြသလောက်ပဲ မြင်ရတာမို့ ဂျူးချစ်သဉ္ဇာ ဆိုတဲ့ဒီမိန်းမဟာ လူတွေ ထင်ထားတာထက် အများကြီး ပိုသန်မာနေတာကိုတော့ ကိုယ့်ကိုယ်ကို တွေးတွေးကျေးဇူးတင်မိတယ်…
ကိုယ်ဟာ ဘယ်လိုသ-တ်သ-တ် မ​ေ-သသောမြက်ပင်ပါ…
With love
Dr.Jue

Photos from Chit Thinzar's post 23/10/2025

Giveaway အပိုင်း (၂) လာပါပြီရှင်…
Jue Chit Thinzar
Chit Thinzar
Curvy
ဒီ ၃ခုကို See first လုပ်ထားတဲ့ Fan အမာခံများ SS လေးနှင့်တကွ မန့်ခဲ့ပေးထားတဲ့
တယောက်ကို ၂သောင်းစီ နှင့် အယောက် ၁၅ ကိုထပ်မံဖောက်ပေးပါမည်…
ဒါပြီးရင်လဲ နောက်ထပ် အခန်းဆက် Giveaway တွေရှိသေးတာမို့ Page လေးကို စောင့်ကြည့်ပေးပါ… တလလုံးနီးပါး ဖောက်ပေးမှာပါ…
Giveaway ပေါက်ရန်ကျန်သူများကို နောက် ၂ရက်နေရင် ကြေညာပေးပါ့မယ်…
+959673815878 Viber မှာ လာရောက်ထုတ်ယူပေးပါရှင်..’’
Note - Acc တုများရှိလို့ Profile lock မချထားပါနဲ့ရှင့်…
- K Pay ဖုန်းနံပါတ်များ comment တွင်လဲမန့်ပေးပါရှင့်….

12/10/2025

ကြွားတာတော့မဟုတ်ပေမဲ့ ကြွားတာပါပဲပေါ့…
ဒိုးကိုကို ကို ဒိုးက ချစ်တာလဲ မပြောနဲ့… ရသမျှပိုက်ဆံအကုန်အပ်… သူ့ personal သုံးဖို့ကို သူ့ဝင်ငွေရဲ့ 1.5% ပဲ သုံးတယ်…
ကျန်တာ မိန်းမသိမ်းထား ၊ မိန်းမကြိုက်တာလုပ်…
ကိုကို့ပိုက်ဆံက မိန်းမပိုက်ဆံ ၊ မိန်းမပိုက်ဆံကလဲ မိန်းမပိုက်ဆံပဲ… မိန်းမ ဝယ်ချင်တာဝယ် ၊ သုံးချင်သလောက်သုံး… တခါလေးတောင် စာရင်းမစစ်ခဲ့ဘူး…
တိုင်ပင်ပြီး လုပ်တာတွေလဲရှိသလို မတိုင်ပင်မိဘဲ လုပ်မိလို့မှားခဲ့ရင်လဲ တစ်ခါမှ အပြစ်မပြော… မှတ်မှတ်ရရ ၂၀၂၂ တုန်းက မတိုင်ပင်ပဲ အပိုင်ဆိုပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုက သိန်း ၃၀၀ ရှူံးဖူးတယ်…
ကိုယ်ကသာ ထမင်း ၃ ရက်လောက် မစားနိုင်တာ…
သူက အပြစ်တခွန်းမဆို တဲ့အပြင် အားတောင်ပေးသေး…
“အတွေ့အကြုံကို ငွေပေးဝယ်တယ်သဘောထားလိုက်ပါ မိန်းမရယ်” ဆိုပြီး ဘာမှစားမဝင်တော့တဲ့ ကိုယ့်ကို မြို့တပတ် မုန့်လိုက်ကျွေးသေးတာ…
ပိုက်ဆံဆိုသည်မှာ အပ်ပဲအပ်တာ… ဘယ်လောက်ရှိလဲ ဘယ်တော့မှမမေး… သူ့အလုပ်သစ်ချဲ့ချင်တဲ့အခါမှလွဲရွေ့ အပ်ပြီးရင် ဘယ်တော့မှမတောင်း…
အပ်တယ်ဆိုတာကလဲ Finance system ကြီးတစ်ခုလုံးက ကိုယ်နဲ့ချိတ်ထားတော့ သူ့မယ် ဘယ်လောက်အမြတ်ဟေ့ လို့ ကြားသာကြားရတယ်… ငွေကို ကိုင်ကိုကိုင်ခွင့်မရလိုက်… ကိုင်ဖို့နေသာသာ မြင်တောင် မမြင်လိုက်ရ… သူကိုင်ခွင့်ရတာသည် သူ့ရဲ့ တလစာ personal allowance… အဲ့ allowance ထဲကတောင် စိတ်ကောင်းဝင်ရင် ဝင်သလို မိန်းမနဲ့ကလေးတွေကို မုန့်တွေ ဝယ်ကျွေးသေးတာ… ဘယ်ရမလဲ သူကျွေးတော့လဲ ဒေါ်ရွှေဂျူးက ကုန်းဆင်းတာပေါ့… 😁😁😁
အလုပ်သစ်အတွက် ချဲ့တယ်ဆိုလဲ ကုန်ကျငွေကို finance system နဲ့ချိတ်ထားတာမို့ သူလက်နဲ့ ငွေကိုင်ရှင်းဖူးတာမရှိ… အသေးသုံးဆို ရုံးက finance team ကလွှဲ… အကြီးဆိုရင် မဂျူး ကိုယ်တိုင်လွှဲ…
City mart ရောက်လို့ အိမ်အတွက် ဆပ်ပြာဆီ ၊ တံမျက်စည်း ဝယ်တာကအစ ငွေပြန် claim ချင်ရင် အိမ်က treasury ကိုင်တဲ့ မဂျူးအဒေါ်ဆီ Vouncher နဲ့ claim ရတယ်… ကိုယ်မပါဘဲ ခရီးသွားရင်လဲ အဲ့အတိုင်းပဲ… Vouncher နဲ့ ပြန် claim ပေတော့… စျေးကြီးတဲ့ အင်္ကျီတို့ ၊ အိတ်တို့ ၊ နာရီတို့ ၊ Jewelry တို့လိုချင်ရင်တော့ မိန်းမကို ပူဆာရှာတယ်… ကိုယ်ကလဲ ဒါမျိူးဆိုရင်တော့ သူလဲအရမ်းလိုချင် ၊ သူနဲ့လဲ တကယ်လိုက်ဖက်တာမျိူးဆို ဝယ်ပေးလိုက်ပါတယ်… ဒါကတော့ personal allowance ထဲကမဟုတ်ဘဲ ကိုယ့် saving ထဲကပေါ့… ဆရာသစ်ကလဲ လူလည်… သူပူဆာချင်တာရှိပြီဆို တပတ်လောက် အိမ်ထဲအောင်းပြီး အလုပ်လဲမသွား ၊ အကြီးအကျယ်တွေ ကလေးထိန်း ၊ မိန်းမကိုလဲ ရှယ်ပြုစုတာ… သူ့ကို မနောလေးတွေကြည်ပြီး ဝယ်ပေးချင်စိတ်ပေါက်အောင်လေ… 😁😁😁
ကိုယ့် bank password တွေသာ သူမမေးတာ… သူ့ bank password တွေကျ ကိုယ့်ကို အကုန်ပေးထားပြီးသား
အလုပ်တွေ အများကြီးလုပ်ပေမဲ့ ကလေးထိန်းချိန်ကို မိန်းမနဲ့ ညီတူညီမျှနီးပါး ထိန်းပေးတယ်… ကလေးတွေနဲ့ ဆော့တယ်… သားဆို သူ့အဖေ မှ သူ့အဖေ…
အဖေ နဲ့ အမေကိုဆိုလဲ ကိုယ့်ထက်တောင် ရိုသေယဉ်ကျေးလွန်းလို့ လင်မယားရန်ဖြစ်ရင်တောင် မိဘတွေကိုယ်တိုင်က “ဂျူးဂျူး အနိုင်ကျင့်တာပဲနေမှာ…” ဆိုပြီး အမြဲ တရားသေ သတ်မှတ်ထားတာ…
မောင်နှမတွေအပေါ်လဲ အကိုကြီး အဖရာလို စောင့်ရှောက်ပေးလို့ ကိုယ့်မောင်နှမကအစ ရန်ဖြစ်ရင်တောင် သူတို့ခဲအိုဘက်က… ကိုယ်ကမှ စည်းကမ်းကြီးလို့ သူတို့ကရှိန်နေသေး… ကိုသစ်နဲ့ကျ ဘော်ဒါလို ၊ အကိုကြီးသူငယ်ချင်းလို…
သူ့မိန်းမ ကိုယ့်ကို ဆိုရင်လဲ သူ့မျက်စိထဲ အလှဆုံး… ကိုယ့်ကိုယ်ကို ဝလာပြီထင်ရင် သူ့သွားမမေးနဲ့… သူက ဘယ်အချိန်မေးမေး “ငါ့မိန်းမက ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမ” ဆိုတာချည်း…
အလုပ်ကပြန်လာရင်လဲ မိန်းမရဲ့ မီးပိတ်ပေး ၊ ဆေးတိုက် ၊ Air con remote ယူပေး ၊ စောင်ခြုံပေး ၊ လိုက်ကာစေ့ပေး ၊ ရေသောက်ချင်တယ် ၊ ဖုန်းအားသွင်းပေး စတဲ့ စက်သေနတ်လို ခိုင်းတတ်တဲ့ တောက်တိုမယ်ရလေးတွေလဲ လုပ်ပေးသေးတာ… PhD တက်တုန်းကဆို မိန်းမစာလုပ်ပြီဆိုတာနဲ့ လက်ဖက်သုပ် နဲ့ ကော်ဖီက ရောက်ပြီးသား… မသိရင် အဖေကြီးလိုပဲ တောက်တောက်တောက်တောက်နဲ့ အကုန်လုပ်ပေးသေးတာ… အဲ့လိုချစ်ဖို့ကောင်းတာ… တခါတလေ စိတ်ကောင်းဝင်တဲ့နေ့ဆို မိန်းမညောင်းနေလားဆိုပြီး စိတ်လိုလက်ရ ဇက်ကြောတွေပါ ဆွဲပေးတာ… လက်ကလဲ ရှယ်ပေါက်နော်… တော်ရုံ massage နဲ့ ကျွန်မယောင်္ကျားလက်ကို မယှဉ်နိုင်ဘူး… တကယ့်ကိုမှ သူ့ကလေး ၂ကောင် အိပ်သွားပြီဆိုတာနဲ့ ကိုယ်က ကလေး ၊ သူက အဖေကြီးလို ဖြစ်သွားတာ… ကိုယ်က အတင်းမခိုင်းပါဘူး… ဥပမာ - ရေဘူးယူစေချင်ရင် “ရေသောက်ချင်လိုက်တာ ကိုရယ်…” လို့သာ ငြီးပြလိုက်… ဖင်ပေါ့သလားမမေးနဲ့… သူ့မိန်းမ ဘာလိုလဲ သူအသိဆုံးမို့ သူ့ဘာသာ အလိုက်တသိ လုပ်ပေးရှာတာ… ကဲ… ဘယ်လောက်ချစ်ဖို့ကောင်းလဲ…
အဖေ နဲ့ အမေအကြောင်းပဲ ရေးဖြစ်နေလို့… တကယ်က နိုင်ငံရေးကာလ တအားတွေ တိုက်ခိုက်ကြတုန်းက စိတ်ဓါတ်တွေ အဆုံးထိကျနေတဲ့ ကိုယ့်ကို ပိုးမွေးသလို မွေးပြီး ပြန်ထူထောင်ပေးတဲ့ အဓိကလူထဲမှာ ကိုယ့်ယောင်္ကျားလဲပါတယ်… သူ့ခမျာ ကိုယ့်ယောင်္ကျားဖြစ်တာနဲ့ပဲ မဆီမဆိုင်း ဆေး (၁) ရဲ့ social punishment list ထဲပါလာသေးတယ်… သူ့အလုပ်တွေကို ဘာမှဆက်လုပ်လို့ မရအောင် တိုက်ခိုက်ကြလို့ နေရာအရမ်းကောင်းတဲ့ outlet တစ်ခုကို ရရာအောက်စျေးနဲ့ ရောင်းပြီးထွက်ခဲ့ရသေးတယ်… သူလဲ စိတ်ဓါတ်ကျရှာမှာပေါ့နော်… လူသားပဲလေ… ဒါပေမဲ့ မိန်းမရှေ့မှာ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ကိုယ့်ကိုတောင် တဖန် အားတွေပေးတာ… တခါတလေ ကိုယ့်ဘာသာ အတွေးတွေများစိတ်ဓါတ်ကျလာရင် မေးမိတယ်…
“ဂျူးရဲ့ Curvy လေးတော့ ပြန်အသက်သွင်းလို့ရမှာပါနော်… ကို… “
“ရတာပေါ့… ဘာလို့မရရမှာလဲ… ငါ့မိန်းမက ဒီလောက်တော်တာ… ငါသာ ဆုချီးမြှင့်ခွင့်ရှိရင် ငါ့မိန်းမကို Best Asia Entrepreneur Award ပေးမှာ… “
“ဟုတ်လို့လား ကိုရယ်…”
“ဟုတ်တာပေါ့… ငါ့မိန်းမလုပ်သွားတဲ့ Marketing တွေက တော်ရုံလူမစဉ်းစားဖြစ်တဲ့ strategy တွေ… ကိုကိုတောင် မင်းလောက်မတော်ဘူး… အခုတော့ ခေါင်းပူတယ်… ဘာမှမစဉ်းစားနဲ့… အခြေအနေ တည်ငြိမ်သွားမှ ခေါင်းအေးအေးနဲ့စဉ်းစား… ငါ့မိန်းမက ကမ္ဘာအတော်ဆုံးမိန်းမ ပဲဟာ… မင်းမှ မလုပ်နိုင်ရင် ဒီကမ္ဘာပေါ်မှာလုပ်နိုင်တဲ့သူမရှိတော့ဘူး…”
အမှန်က ကိုသစ်က ကိုယ့်ထက် Marketing ပိုတော်တယ်… သို့ပေသည့် စိတ်ဓါတ်ကျနေတဲ့မိန်းမကို အဲ့လို ပလီပလာ ပေါက်ကရတွေ မြှောက်ပြောပြီး moti ပေးသေးတာ… တရက်ထဲမဟုတ်ဘူး နေ့တိုင်း… ကိုယ်လဲ သူပြောတော့ ဟုတ်သလိုလို… ကိုသစ်အပါအဝင် ကိုယ့်​ဘေးမှာရှိတဲ့သူအားလုံးက ကိုယ့်ကို လုပ်နိုင်မှာ ဆိုတာချည်းပဲ ပြောနေတော့… ငါဘဲ အဆိုးမြင်ဝါဒီဖြစ်နေလားပေါ့… ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ဒီတိုင်းထိုင်နေမဲ့အတူတူ စကြည့်မယ်လေ ဆိုရာက ဒီနေ့ဒီအချိန်လို Curvy ပြန်ဖြစ်လာတာပဲ စာဖတ်သူတို့ရေ… တကယ်က ကျွန်မက motivation speaker လုပ်ရမှာ မဟုတ်ဘူး… ကျွန်မယောင်္ကျားက လုပ်ရမှာ… စိတ်ဓါတ်ကျနေချိန် သူနဲ့များ တစ်ခါစကားပြောလိုက်ရင် ကိုယ့်ကိုယ်ကို Superman လို ခံစားသွားရတာပါဆို… အဟုတ်….
အလုပ်အားတဲ့ရက်နော်… အိမ်သာဆေးတယ်… အိမ်သန့်ရှင်းရေးလုပ်တယ်… အချက်အပြုတ်ကလွဲရင် သူ့မိန်းမက ဘာအိမ်မှုကိစ္စကိုမှ ဝါသနာမပါမှန်း သိလေတော့ ဘာမှ ပစီပစာ လုပ်မနေဘူး… သူ့ဘာသာ ကျူံးတာပဲ…
ပိုင်ဆိုင်မှုအားလုံး ကိုယ့်အမည်ပေါက်… ယုတ်စွအဆုံး သူစီးတဲ့ကားကအစ… ကိုယ်က အတင်းမလုပ်ခိုင်းဘူးနော်… “property တွေက ကိုကို့ထက် မိန်းမ manage လုပ်တာ ပိုကောင်းပါတယ်…” ဆိုပြီး သူဘာသာ စိတ်လိုလက်ရ ကိုယ့်အမည်ပေါက်ထားပေးထားတာ…
တခါတလေ သူ့ကို မိတ်ဆွေတွေက ကိုသစ်က မိန်းမကိစ္စကင်းရှင်းတယ် ဘာညာ ချီးကျူးကြရင် သူက တဖန်ပြန်နောက်သေးတာ… “ကျွန်တော့မှာ တလတလ မိန်းမပေးတဲ့ Allowance က ကိုယ့်ဟာကိုယ်တောင် မနည်းလောက်အောင်သုံးနေတာ… ငွေမရှိဘဲ ဘယ်မိန်းမကို သွားရှုပ်လို့ရမှာလဲ…” ဆိုပြီး ရီကျဲကျဲနဲ့ အရွှန်းဖောက်သေးတာ… တကယ်က ဒါတွေအားလုံးက သူကျေနပ်လို့ လုပ်ပေးတာ… လုပ်ငန်းပေါင်းများစွာကို ဦးဆောင်အောင်မြင်နေတဲ့ အရွယ်ကောင်း အမျိူးသားတစ်ယောက်ကို အမိန့်တွေ ၊ အာဏာတွေနဲ့ သွားလုပ်တော့ရော သူလက်မခံချင်ရင် လက်ခံမှာမဟုတ်ဘူးလေ… အဓိကက ကိုယ့်ကို ချစ်တာရယ် ၊ ယုံပြီးပုံအပ်တာရယ်ကြောင့် ကိုယ်ပြောရင် အသာတကြည်လက်ခံသွားတာချည်း… သူကိုယ်တိုင်ကလဲ စည်းသနစ်လေးနဲ့ နေရတာကြိုက်တဲ့သူမို့လဲ ပါမှာပေါ့… ကြောက်တာမဟုတ်ဘူးနော်… ချစ်တာ…
မိန်းမကို ဘာပဲ ဝတ်ရမယ်… ဘယ်အချိန် ပြန်လာရမယ်… ဘယ်သူနဲ့ မပေါင်းရဘူးဆိုတာ မရှိ… ငါ့မိန်းမလေး လှသလိုဝတ်… ကြိုက်သလိုနေ… ငါ့မိန်းမရဲ့ သိက္ခာနဲ့ ဆင်ခြင်တုံတရားကို အပြည့်အဝ ယုံတယ်တဲ့… တခါတလေ စကပ်အတိုဝတ်မိတဲ့နေ့ Safehouse မှာ တချို့တွေက အပျိူနဲ့မှား ဖွန်လာကြောင်တာကြုံဖူးတယ်…
ဒါမျိူးကြုံတော့လဲ ကိုယ်ကလဲမေးမိတာပေါ့…
“ကိုကို… ဂျူး ဒီနေ့၀တ်တဲ့စကပ် တိုသွားလို့လား… “
“မင်းလဲ လူငယ်ပဲလေ… လှတုန်းလေး ဝတ်ချင်မှာပေါ့… “
“ကိုကို ဂျူးကိုစိတ်ဆိုးလား…
“ဘာလို့စိတ်ဆိုးရမှာလဲဟ… ငါ့မိန်းမကလှလို့ မင်းဘာသာမင်းနေနေတာကို အပျိူထင်ပြီး ဖွန်လာကြောင်တာလေ… ကိုကိုကတောင် မိန်းမလှလှလေး ပိုင်ဆိုင်ထားလို့ ဂုဏ်တောင်ယူရဦးမှာ…”
ကိုင်း… အဲ့လို အဲ့လို…
အပြစ်ပြောစရာဆိုလို့ တခုပဲ ဟင်းဂျီးများတာ… ဒါလဲ ထွေရာလေးပါးတော့ မပြောပါဘူး… သူမကြိုက်ရင် သူ့ Personal allowance နဲ့ အပြင်ထွက်စားလိုက်တာပဲ… ကိုယ်ကသာ အိမ်မှာဟင်းချက်ရဲ့သားနဲ့ ပိုက်ဆံအပိုကုန်အောင်လုပ်လို့ ဆိုပြီး ပွစိပွစိပြောတာ…
ပွစိပွစိဆိုလို့ ပြောရဦးမယ်… သူ့အလုပ်မှာတော့ သူကဘုရင် ၊ အိမ်မှာတော့ ကိုယ်ကချည်း သူ့ကိုဆူတာ… ဆူရင်လဲ ဘာရန်စကားတခွန်းမှ မပြော… မျက်မှောင်ကြီး ကျူံ့ပြီး အရုပ်ကြီးလို ထိုင်နားထောင်နေတာ… ကိုယ့်မယ် ရန်ဖြစ်ချင်တာတောင် ၁၀ခါမှာ ၉ခါက ဖြစ်ခွင့်မရ… သူက ဘာမှ ပြန်မပြောတော့ အရူးမကြီးလို တစ်ယောက်ထဲ ရန်တွေဖြစ်ရတာ… အင်မတိ အင်မတန်မှ နားအေးသော ကျွန်မလင်…
ဒီလောက်လိမ်မာနေလို့ သူက မဂျူးလုပ်စာစားနေတယ် မထင်နဲ့နော်… သူ့စီးပွါးရေးက မဂျူးထက် ဝင်ငွေကောင်းတယ်… အလုပ်ကြိုးစားတယ် ၊ လုပ်သမျှ outlet တိုင်း အောင်မြင်တယ်ဆိုပြီး အသိုင်းအဝိုင်းထဲမှာလဲ ဒေါက်တာသစ်မင်းဆွေ အမျိူးသမီးဆို မျက်နှာက ရပြီးသား…
ဒီလို လင်ယောင်္ကျားရဲ့ မျက်နှာသာပေး ၊ အလိုလိုက်မှုတွေက အလကားတော့ ရလာတာတော့ မဟုတ်ဘူးပေါ့… သူ ဘာဆို ဘာကောင်မှ မဖြစ်သေးခင် သူ့အသက် ၂၃ ၊ ကိုယ့်အသက် ၂၀ ထဲက ချစ်သူတွေ ဖြစ်ခဲ့တာလေ..
သူဒီလိုဖြစ်လာဖို့ ၂ယောက်သား အိမ်ထောင်ဦး အစောပိုင်းမှာ မတရားရုန်းကန်ခဲ့ရတာ… တကယ်ဆို သူက ဆရာဝန်ကို Master ရပြီးသား ၊ ကိုယ်ကလဲ ACCA , MBA… ယူပြီးစ ၂၀၁၆ မှာ နိုင်ငံခြားသွား ဝန်ထမ်းဝင်လုပ်ရင်တောင် အဲ့အချိန်က နှစ်ယောက်ပေါင်း အသာလေး $10000 လောက်ရနိုင်တာကို ကိုယ်တော်ချောက ဒီ night life entertainment ကိုပဲ ခေါင်းမာမာနဲ့လုပ်ချင်တာဆိုတော့… ကိုယ်လဲ ပြောမနိုင်တော့လုပ်ပေါ့… လုပ်တော့လဲ သူက Creativity ပိုင်းလောက်ပဲ ကျွမ်းတာ… HR နဲ့ Finance ကျတော့ မနိုင်… အဲ့တော့လင်မယား၂ယောက် တူတူဝင်ရုန်းပေါ့… မှတ်မှတ်ရရ အဲ့တုန်းက တလ သိန်း ၃၀လောက် ဝင်တယ်… အဲ့တုန်းက ဒေါ်လာ rate က ၁၃၅၀ ဝန်းကျင်ဆိုတော့ နိုင်ငံခြားသွားရင် (သို့) company တခုမှာ ဝန်ထမ်းဝန်လုပ်ရင် ၂ယောက်ပေါင်း သိန်း ၁၀၀ ဝန်းကျင် ရမယ်ဆိုတာ သိပေမဲ့လဲ မတတ်နိုင်ဘူးလေ… ကိုယ့်လင်ကမှ မလုပ်ချင်တာ… သူတစ်ယောက်ထဲလဲ စိတ်မချတော့ ကိုယ်မှာလဲ ဗိုက်ကြီး တဗြဲဗြဲနဲ့ တော်တော်အပင်ပန်းခံ လုပ်ခဲ့ကြတာ… တစ်လရတဲ့ငွေ ၊ တစ်လသုံးနဲ့ အကုန်ကုန်တာပါပဲ… ကိုယ်တောင် အနိုင်နိုင်ဆိုတော့ မိဘဆွေမျိူးလဲ ဘာမှ မထောက်ပံ့နိုင်… ကိုယ်ဆို အပိုကုန်မဲ့ပစ္စည်း ဘာမှ မဝယ်တာတောင် ဘာမှလဲမစုနိုင်… အလုပ်တချို့ အရှူံးပေါ်ပြီး ပိတ်လိုက်ရတယ်… မိန်းမလုပ်တဲ့ကိုယ်ကလဲ အပြစ်တခွန်းမဆိုဘူး… “နောက်တစ်ဆိုင်ဆို အောင်မြင်မှာပေါ့ ငါ့ယောင်္ကျားရယ်” ဆိုပြီး အားပေးခဲ့တာချည်းပဲ… တခါတလေ တချို့အလုပ်တွေ ၊ အခွင့်အရေးတွေ ပေါ်လာတော့ သူက သူ့ကိုယ်သူ မလုပ်နိုင်လောက်ဘူး ဆိုပြီး ငြင်းမယ် ကြံတိုင်း… “ငါ့ယောင်္ကျား မင်းကိုယ့်ကိုကိုယ် လျော့မတွက်ပါနဲ့… ငါယုံတယ်… မင်းလုပ်နိုင်တယ်… ရှေ့ခြေတလှမ်းလောက်တိုးကြည့်လိုက်စမ်းပါ…” ဆိုပြီး တလှမ်းချင်းစီ သူ့ကို Motivation ပေးခဲ့ရတဲ့အချိန်တွေလဲရှိပ… သူကိုသာ moti ပေးရတာ သူတခုခုများလွဲရင် ငါတို့ရဲ့ ရှိစုမဲ့စုလေးများ ပြောင်သွားမလားဆိုပြီး နောက်ကွယ်က သည်းထိပ်ရင်ဖိုပါပဲ…
သူက အောင်မြင်တဲ့ club ပိုင်ရှင် တအားဖြစ်ချင်တာလေ… ကိုယ့်ရဲ့ Curvy ကိုတောင် သူ့ Safehouse အောင်မြင်တာသေချာမှ စခဲ့တာ… Safehouse လဲ အောင်မြင်ပြီ သူကိုလဲ team တွေသေချာဖွဲ့ ၊ လူယုံတွေနဲ့ ဝန်းရံ ၊ အနေအထားတခုအထိ စိတ်ချရပြီလို့ ယူဆချိန်ကျမှ “ဪ… ငါ သူနဲ့ မယူခင် ၂နှစ်အလို ၂၀၁၃ ကနေ ၂၀၁၉ အထိ သစ်မင်းဆွေ ဆိုတဲ့ brand အတွက် အလုပ်လုပ်လာခဲ့တာ… အခု သူလဲ အနေအထားတစ်ခုရောက်ပြီဆိုတော့ ငါလဲ ငါ့ confidence အတွက် ငါ့ကိုယ်ပိုင် business လေးတော့ရှိသင့်တယ်… နို့မို့ ငါသင်ထားတဲ့ပညာတွေ သိပ်နှမြောစရာကောင်းတယ်…” ဆိုပြီး ၂၀၁၉ နှစ်ကုန်ခါနီးမှာ Curvy ဖြစ်လာတာပါ… သူအလုပ်တွေမှာ ကိုယ့် workload ကို ၂၀% လောက်ပဲ ချန်ပြီး ကျန်တာ weight လျော့… Curvy ကို အားစိုက်ပေးလိုက်တော့ ကံအားလျော်စွာ Curvy လဲ အောင်မြင်လာတာပါပဲ… တကယ်တော့ Curvy လို ပစ္စည်းမျိူးကို ကျွန်မထုတ်ချင်ခဲ့တာ ၂၀၁၆ လောက်ထဲက… ဒါပေမဲ့ အဲ့ဒိအချိန်မှာ Curvy ကို အရင်လုပ်ချလိုက်ရင် မဂျူးရဲ့ branding ကြီးကတော့ အရမ်းကောင်းသွားမယ်… ကိုသစ်ရဲ့ branding ကတော့ ဒီလောက် အမြန်နှုန်းနဲ့ growth ဖြစ်ချင်မှ ဖြစ်မယ်… ကျွန်မကလဲ ကျွန်မအလုပ်တွေအောင်မြင်လာရင် သူ့အလုပ်ကို တမင်တကာ မဟုတ်သော်ငြား အာရုံစိုက်ပေးချင်မှစိုက်ပေးနိုင်မယ်.. ကျွန်မက သူဌေးမဖြစ်ပြီး ကျွန်မယောင်္ကျားက ကျွန်မထက် အရောင်မှိန်နေတာကို ကျွန်မမကြိုက်ပါဘူး… နောက်တစ်ခုက ကလေးတွေရဲ့ အမေက ဘာဆိုတာထက် ကလေးတွေရဲ့ အဖေက ဘာဆိုတာက ကလေးတွေအတွက်လဲ ပိုအရေးကြီးတယ် ထင်လို့ပါ…
နောက်တစ်ခုက သားငယ်လေး… သားဆိုတာ အဖေကိုကြည့်ပြီး ကြီးပြင်းတာလေနော်… သားမျက်စိထဲမှာ အဖေဟာ အမေထက် မသာရင်တောင် တန်းတူပြေးနေမှရမယ်… နို့မို့ ကလေးစိတ်ထဲ မိန်းမလုပ်စာထိုင်စားတာ သက်သာလိုက်တာ… လို့ အတွေးဝင်သွားမှာ ကျွန်မအကြောက်ဆုံးပဲ… အခုများတော့ သားက သူ့အဖေကို အထင်ကြီးသလား မမေးနဲ့… “သားသားပါးပါးက ကမ္ဘာပေါ်မှာအတော်ဆုံး… Master brain… မေမေ့ထက်တောင်တော်တယ်…” ဆိုပဲ… အေးပါကွာ… အမေကလဲ အဲ့လိုပဲ ဖြစ်စေချင်ခဲ့တာပါ… သူ့သားက သူ့အဖေကို အထင်ကြီးတော့ မြီးကောင်ပေါက်အရွယ် သူ့သားသူထိန်းပေါ့… သမီးကတော့ အမေချစ်လေး ၊ မေမေက သူ့idol ဆိုတော့ ကိုယ်ထိန်းမှာပေါ့…
သူပြောနေကျစကားတခွန်းရှိတယ်…
“ကိုကို့လက်ကို ယုံယုံကြည်ကြည်တွဲခဲ့တဲ့အတွက် ကျေးဇူးတင်တယ်… ဘာကောင်မှမဟုတ်သေးတဲ့ဘဝတုန်းကလဲ ဘေးနားမှာ ဂျူးတစ်ယောက်ပဲ ရှိခဲ့သလို ကိုကို ဘုရင် ဖြစ်ခဲ့ရင်တောင် မိဖုရားက ဂျူးတစ်ယောက်ထဲပဲ ဖြစ်စေရမယ်… “ တဲ့…
ဘာရယ်မဟုတ်ပါဘူး… ဒီနေ့ရုံးပိတ်ရက် နည်းနည်းအားနေတော့ ဒီလိုအားအားယားယား လင်ဂုဏ်မောက်တဲ့ ပိုစ့်တွေ တင်နိုင်တာပေါ့… အနည်းဆုံးတော့ ရည်းစားမရသေးတဲ့သူတွေ အလစ်တဲလောက်ဖြစ်ဖြစ် ထရော်မာ ရသွား နည်းလား… နော်… 😝😝😝
စတာပါ… စတာပါ… ဒီဆောင်းပါးလေးက ပေါ့ပေါ့ပါးပါးလေး ရေးထားပေမဲ့ အောင်မြင်တဲ့လုပ်ငန်းတွေကိုယ်စီ ဦးစီးနေကြတဲ့ ကိုယ်တွေစုံတွဲ အိမ်ထောင်ရေးမှာ ဘယ်လို balance ချထားလဲဆိုတာ ပါးပါးလေးနဲ့ ဟာသလေးနှောရေးပေးထားတာပါ… ပုံမှန်ဆို လင်မယား ၂ ယောက်မှာ ၂ယောက်လုံးအောင်မြင်လာရင် မာနတွေ ၊ အတ္တတွေ ပြိုင်ပြီး အဆင်မပြေတာများကြတယ်… ငွေမရှိတော့လဲ မရှိတဲ့ဒုက္ခ ၊ ငွေရှိလာပြန်တော့လဲ ငွေရှိလာတဲ့ဒုက္ခ ဆိုမလားပဲ… လင်သားကလဲ ဖောက်ပြန် ၊ လင်မယားကြား နှောင်ကြိုးတွေ လျော့ရဲလာတာမျိူးတွေ တွေ့ဖူးမြင်ဖူးလို့ပါ… ကျွန်မတို့ အိမ်ထောင်ရေးမှာတော့ မေတ္တာတွေ ၊ အနစ်နာခံမှုတွေ ၊ နားလည်မှုတွေနဲ့ ချည်နှောင်ထားလို့ အခုထိတော့ ဘာအဖုအထစ်မှမရှိ အရမ်းတွေ အဆင်ပြေနေဆဲပါ… အိမ်ထောင်ရှင် အမျိူးသား / သမီးတိုင်းလဲ ဒီဆောင်းပါးလေးဖတ်ပြီး မိမိအိမ်ထောင်ရေး balance ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ

ချစ်တဲ့
ဒေါက်တာဂျူးချစ်သဉ္ဇာ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon