Submersible Pump Cable

Submersible Pump Cable

Share

Photos from Submersible Pump Cable's post 28/12/2022

ထိုင်းနိုင်ငံထုတ်
ANT တံဆိပ် size စုံ
2 core
3 core
4 core

1.5 mm2
2.5 mm2
4. mm 2
6 mm2

မီတာ ၁၀၀ ခွေ
ကွာလိတီ ပြည့် full grad

မှာယူလိုပါက 09967124057, 09941677266

နယ်ကားဂိတ်အရောက်ပို့ပေးပါသည်။

22/08/2020

စစ်တွေ အခြေအနေ ( 22.8.2020)
----------------------------------------------

- ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။

- စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။

- ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။

- ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေက ၂၄ ရက်နေ့ကနေစပီး စတင်တာဝန်ထမ်းဆောင်ကြမှာပါ။

- Stay at Home နဲ့ မထိန်းနိုင်ရင် ဒုတိယအဆင့်အနေနဲ့ Lock Down ချဖို့ လူကြီးတွေ စဉ်းစားနေပါတယ်။

- မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံး တက်ညီလက်ညီ ပါဝင်ကူညီကြပါ။ အငြင်းအခုံတွေ မလုပ်ပဲ အားပေးကြပါ။ အခုဖြစ်နေတာက ကျနော်တို့ တိုင်းပြည်ထဲက ဒေသတခုပဲ ဖြစ်လို့ စိတ်ဝမ်းမကွဲပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးကြပါ။

- ပြည်သူအားလုံး အပြင်သွားရင် Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ဆေးပါ။ FB ပေါ်မှာပဲ ကြောက်ပြနေလို့ မရပါဘူး။ အပြင်မှာ တကယ်လိုက်နာမှ ရပါမယ်။ မလိုက်နာရင်တော့ အားလုံးဒုက္ခရောက်ကုန်ကြမှာပါ။

- ဒုတိယလှိုင်းက ပိုအရေးကြီးပါတယ်။ လက်ခုတ်တီးပေးတာထက် စည်းကမ်းအတိုင်း လိုက်နာနေထိုင်တာကို ဆရာဝန်တွေက ပိုကျေးဇူးတင်ပါတယ်။ အထူး ဂရုပြုနေထိုင်ကြပါ။
Crd Nay Thway

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon