H.P.T Myanmar

H.P.T Myanmar

Share

19/02/2017

မျက်စိ၂လုံးထက်ဦးနှောက်က ပိုကြီးတယ်။
အဲ့တော့ မျက်စိနဲ့မြင်တာကို ဦးနှောက်နဲ့စဉ်းစားပြီးမှ ယုံပါ တဲ့။

တကယ်တမ်းတော့ မျက်စိကအမြင်အာရုံပဲအလုပ်လုပ်တာ။
မျက်စိကမြင်လိုက်တဲ့ပုံရိပ်ကို ဦးနှောက်ကိုပို့ပေးတယ်။ဦးနှောက်ကမှ အရင့်အရင်ကြုံဖူး၊သိဖူး၊မှတ်ဖူးထားတာလေးတွေကို ပေါင်းစပ်ညှိနှိုင်းပေးပြီးတော့မှ အခုမြင်ရတာကတော့ ဘာဖြစ်မယ်။ညာဖြစ်မယ် ဆိုပြီးတော့ အဖြေထုတ်ပေးတယ်။အဲ့ဒီတော့မှ ဪ အခုငါမြင်နေတာ စာအုပ်ပါလား၊ထိုင်ခုံပါလား၊ဘယ်သူပါလားဆိုပြီး သိသွားတာ။
တခါတလေကျရင်တော့ ဦးနှောက်ကအလုပ်လုပ်တာ နည်းနည်းလေးနှေးနေတဲ့အခါမျိုးမှာ ရုတ်တရက်ချက်ချင်းအတည်မပြုနိုင်ဘူး။သူ့ကိုငါ မြင်ဖူးသလိုလိုပဲဆိုပြီး ဖြစ်နေတတ်တယ်။ပြီးကျတော့မှ ဪ..ဒါ ဟိုလူပဲ...မှတ်မိပြီဆိုပြီး ဖြစ်တတ်လေ့ရှိတယ်။ကြုံဖူးတယ်ဟုတ် ??

ကျနော်ကတော့ အဲ့ဒီလိုမျိုးတွေအတတ်နိုင်ဆုံးနည်းပါးအောင် Lecithin သောက်တယ်။Lecithin ဆိုတာက ဆေးမဟုတ်ပါဘူး။သဘာဝအတိုင်း Soya beansကနေပြီး Dietary supplementအနေနဲ့ထုတ်ထားတာဖြစ်လို့ ဘာside effectမှမရှိပါဘူး။ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ကိုလက်စထရောတွေကိုလည်း ကျစေပါသေးတယ်။

28/09/2015

ဗုဒ္ဓမြတ်စွာဘုရားနှင့် ဥပါလိသူကြွယ်ဆိုတဲ့ အကြောင်းလေးကို အလျင်းသင့်လို့ပြောပြချင်ပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နာဠန္ဒာမြို့က အထည်ကုန်သည်တစ်ယောက်ရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးနေတုန်း ဘုရားနဲ့အယူဝါဒချင်း မတူတဲ့ (ဒီနေ့ခေတ်လိုပြောရရင် ဘာသာမတူတဲ့ပေါ့) နိဂဏ္ဌနာဋပုတ္တဆိုတဲ့ နာဋပုတ္တဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဒီဃတပဿီဆိုတဲ့ ဆရာကြီးက ဆွမ်းခံကြွပြီးအပြန် ဂေါတမဗုဒ္ဓမြတ်စွာဘုရားထံ ဝင်ရောက်နှုတ်ဆက်ပြီး စကားပြောဆိုတယ်။
ဗုဒ္ဓကမေးတယ်...."ဒီဃတပဿီ၊ နိဂဏ္ဌနာဋပုတ္တဆရာသည် မကောင်းမှုဖြစ်ဖို့ရာ ကံအမျိုးဘယ်လောက် ပညတ်ထားပါသလဲ............"
ဒီဃတပဿီက ဖြေတယ်....."အရှင်ဂေါတမ၊နိဂဏ္ဌနာဋပုတ္တဆရာကြီးမှာ "ကံ-ကံ"လို့ ပညတ်ရိုးထုံးစံမရှိပါ။
"ဒဏ်=ဒဏ်"လို့သာ ပညတ်ရိုးထုံးစံရှိပါတယ်။မကောင်းမှုဖြစ်ဖို့ရာ ကာယဒဏ်,ဝစီဒဏ်,မနောဒဏ်လို့ သုံးမျိုးပညတ်ထားပါတယ်" ဆိုပြီး ပြန်ဖြေတယ်။ဒါနဲ့မြတ်စွာဘုရားက ဒီသုံးမျိုးဟာ တစ်မျိုးနဲ့တစ်မျိုး မတူဘူးမဟုတ်လားဆိုတော့ မတူပါဘူးလို့ပြန်ဖြေတယ်။
ဂေါတမမြတ်စွာဘုရားက ဆက်ပြီးတော့ မေးတယ်။
" အဲ့ဒီသုံးမျိုးထဲမှာ ဘယ်ဒဏ်ကို အပြစ်အကြီးဆုံးလို့ ပညတ်ထားသလဲ။"
" ကာယဒဏ်ကို အပြစ်အကြီးဆုံးလို့ ပညတ်ထားပါတယ်။"
ဒါကို ဗုဒ္ဓက သုံးကြိမ်တိတိမေးတယ်။ဒီဃတပဿီကလည်း သုံးကြိမ်လုံး ကာယဒဏ်က အပြစ်အကြီးဆုံးပါလို့ပြန်ဖြေတယ်။

ဒါနဲ့ ဒီဃတပဿီက ဗုဒ္ဓကိုပြန်ပြီး မေးခွန်းထုတ်တယ်။
- အရှင်ဂေါတမ၊ အရှင်ကရော မကောင်းမှုဖြစ်ဖို့ရာကို ဒဏ်ဘယ်နှစ်မျိုး ပညတ်ပါသလဲတဲ့။
ဗုဒ္ဓက ပြန်ဖြေတယ်။
-"ဒဏ်=ဒဏ်"ဟု ပညတ်ရိုးမရှိဘူး။"ကံ=ကံ"ဟု ပညတ်ရိုးသာရှိပါတယ်။
ကာယကံ,ဝစီကံ,မနောကံ (ကိုယ်မှု, နှုတ်မှု, စိတ်မှု)ဟု ကံ၃မျိုး ပညတ်ပါတယ်။
အဲ့တော့ ဒီဃတပဿီက ဘယ်ကံကိုအပြစ်အကြီးဆုံးလို့ ပညတ်ပါသလဲဆိုတော့ ဂေါတမမြတ်စွာဘုရားက "မနောကံ" ကို အပြစ်အကြီးဆုံးလို့ ပညတ်ပါတယ်လို့ပြန်ဖြေတော့ သုံးခါတိတိ မေးတော့ ဗုဒ္ဓကလည်း သုံးခါတိတိပြန်ဖြေတော်မူတယ်။အဲ့ဒီလိုဖြေဆိုပြီးတော့ ဒီဃတပဿီလည်း ပြန်သွားလေတော့တယ်။

ဒီဃတပဿီပြန်ရောက်လာတော့ သူ့ဆရာနိဂဏ္ဌဆရာကြီးက အဲ့ဒီမြို့ကပညာရှိပြီးဥစ္စာပစ္စည်းအလွန်ကြွယ်ဝတယ်လို့နာမည်ကြီးတဲ့ ဥပါလိသူကြွယ်ကြီး အကြီးအမှုးရှိတဲ့ ပရိသတ်ကြီးအလယ်မှာ ထိုင်နေတဲ့အချိန်ပေါ့။အဲ့ဒါနဲ့ဆရာကြီးက ဒီဃတပဿီကိုမေးတယ်....နေ့ခင်းကြီး ဘယ်ကပြန်လာခဲ့လဲပေါ့။အရှင်ဂေါတမဆီကနေ ပြန်လာပါတယ်လို့ပြန်ဖြေပြီး အရှင်ဂေါတမနဲ့ စကားပြောဆိုရာ "တပည့်တော်က ကာယဒဏ်သည် သာ၍အပြစ်ကြီးကြောင်းပြောလျင် ရှင်ဂေါတမက မနောဒဏ်သည် သာ၍အပြစ်ကြီးကြောင်း ပြန်၍ပြောပါသည်"ဟု သူ့ဆရာကြီးကို ပြောပြတော့ သူ့ဆရာကြီးက "သာဓုသာဓု ဆရာကောင်းတပည့်ပီသစွာ ဖြေဆိုခဲ့ပါပေတယ်။အင်မတန်ထင်ရှားတဲ့ ကာယဒဏ်နဲ့နှိုင်းစာလျင် မနောဒဏ်ဟာ ဘာပြောပလောက်တော့မှာလဲ။မကောင်းမှုအကုသိုလ်ဖြစ်ဖို့အရေးမှာ ကာယဒဏ်အပြစ်ကြီးသလောက် ဝစီ,မနောဒဏ်များ အပြစ်မကြီးနိုင်ဘူးလို့ ဒီဃတပဿီရဲ့စကားကို အတည်ပြုတဲ့အနေနဲ့ ပရိသတ်ကိုပြန်ဟောပြောတယ်။ (**သူတို့က စိတ်ကကြံစည်ရုံ၊နှုတ်ကပြောဆိုရုံထက် လက်တွေ့ကိုယ်နဲ့လုပ်လိုက်တာကမှ အပြစ်ကြီးတယ်လို့ ဆိုလိုချင်တာပေါ့။ဒါကို မြတ်စွာဘုရားရှင်က ဘယ်လိုပြန်ဆုံးမလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်ပေးပါ။)

ဒါနဲ့နဂိုကတည်းက သူကိုးကွယ်တဲ့ဆရာတွေရဲ့ သင်ပြမှုတွေနဲ့ဗုဒ္ဓကို အထင်သေးအမြင်သေးဖြစ်နေတဲ့ ဥပါလိသူကြွယ်ကြီးက ဒီဃတပဿီရဲ့စကားကို သာဓုခေါ်ပြီး ဗုဒ္ဓကို အပြစ်တင်ဖို့ရန် ယခုပင်သွားမည်။ဒီဃတပဿီနဲ့အတည်ပြုခဲ့သည့်အတိုင်း မနောဒဏ်က သာ၍အပြစ်ကြီးတယ်လို့ဆိုလျင် သိုးကလေးကို အမွေးကိုင်ပြီး (ဟိုလိုဆွဲ ဒီလိုဆွဲ)ဆွဲနေသလို အရှင်ဂေါတမကို မိမိတို့ဝါဒနဲ့ ဆွဲဆွဲပြီးမွှေ့ပစ်လိုက်စမ်းမယ် ဆိုပြီးတော့ နာဋပုတ္တဆရာကြီးဆီမှာ အခွင့်တောင်းတော့ ဆရာကြီးက သွားပါလေ၊အပြစ်တင်ချေဆိုပြီး အခွင့်ပေးတယ်။ဒါကို ဒီဃတပဿီက ပြောတယ်။
"ကျုပ်တော့ ဥပါလိသွားမှာကို သဘောမတူဘူး။ရဟန်းဂေါတမဟာ သူတစ်ပါးကို လှည့်ပတ်နိုင်တဲ့ မျက်လှည့်အတတ်ကို တတ်ထားတယ်။အဲ့ဒီအတတ်နဲ့ အခြားသူတွေရဲ့တပည့်များကို လှည့်ပတ်လေ့ရှိတယ်လို့"ကန့်ကွက်တော့ နာဋပုတ္တဆရာကြီးက "ဥပါလိသူကြွယ်ဟာ ရှင်ဂေါတမတပည့်ဖြစ်ဖို့ အကြောင်းမရှိနိုင်ပါ။ဖြစ်ခြင်းဖြစ်လျင် ရှင်ဂေါတမသာ ဥပါလိတပည့်ဖြစ်စရာရှိပါတယ်။သွားသာ သွားပါ"လို့ပြောလိုက်တော့ ဥပါလိသူကြွယ်လည်း ဆရာကြီးကိုဦးချပြီး ဗုဒ္ဓရှင်တော်မြတ်သီတင်းသုံးနေတဲ့ သရက်ဥယျာဉ်ကို သွားတော့တာပေါ့။
သရက်ဥယျာဉ်ရောက်တော့ ဥပါလိက သင့်တင့်လျောက်ပတ်တဲ့အရပ်မှာ ထိုင်ပြီးတော့ ဤအရပ်ကို ဒီဃတပဿီရောက်လာခဲ့ပါသလားလို့မေးတယ်။ မြတ်စွာဘုရားက ရောက်လာခဲ့ပါတယ်လို့ ဖြေတော့ စကားစမြည်ပြောလိုက်ပါရဲ့လားလို့ မေးတော့ ပြောလိုက်ပါတယ်ပေါ့။ဒါနဲ့ဘာတွေပြောခဲ့ကြပါသလဲဆိုတော့ ဂေါတမမြတ်စွာဘုရားကလည်း ဒီဃတပဿီနဲ့ပြောဆိုခဲ့တဲ့စကားတွေကို ပြန်ပြောပြပြီး "ဒီဃတပဿီက ကာယဒဏ်ကို အပြစ်ကြီးသည်ဟုမှတ်ယူ၍ ငါဘုရားက မနောကံကို အပြစ်ကြီးသည်ဟု ယူကြောင်း" မိန့်တော်မူတယ်။
ဥပါလိက "ဒီဃတပဿီသည် ဆရာကောင်းတပည့်ပီသစွာ ဖြေဆိုနိုင်ပါပေတယ်။ကာယဒဏ်ကိုထောက်လျင် မနောဒဏ်ဟာ ဘာပြောပလောက်မှာလဲ။ကာယဒဏ်(ကိုယ်ဖြင့် ထိထိရောက်ရောက်ပြုခြင်းသာ) အပြစ်ကြီးတော့မပေါ့။" လို့ပြောတယ်။
ဗုဒ္ဓက "ဥပါလိ....မှန်တဲ့အချက်ပေါ်မှာ အတည်ဖြစ်ဖို့ရာ ဆွေးနွေးပြောဆိုမည်ဟုကြံလျင် ဤမနောနဲ့ကာယ ၂မျိုးသောအရာဝယ် "ဘယ်ဟာက အပြစ်ကြီးသည်"ဟု စိစစ်နှီးနှောပြောဆိုကြဖို့ပဲ" (ဘာပဲပြောပြော ငါတို့အယူသာအမှန်ဖြစ်စေရမည်ဟု စကားနိုင်လုလိုလျင် ပြောဆိုဆွေးနွေးဖို့မလိုတော့-ဟုဆိုလို) မိန့်တော်မူတယ်။
ဥပါလိသူကြွယ်က "အမှန်ပေါ်တွင် အတည်ဖြစ်ဖို့ဆွေးနွေးလိုပါတယ်"လို့ပြောတော့ မြတ်စွာဘုရားက ဆုံးမတော်မူတယ်။
(** နိဂဏ္ဌတို့ဝါဒမှာ ရေအေး၌အသက်ရှိသည်ဟု ယူဆ၍ ရေအေးကိုသောက်ချိုးသုံးစွဲလေ့မရှိဘူးဆိုတာကို သိထားနှင့်ပါ)
"နိဂဏ္ဌတစ်ယောက်မှာ သည်းခြေရောဂါရောက်နေပြီ ဆိုပါစို့။ရေအေးကို မသောက်မချိုးရလျင် သူ့မှာရောဂါတိုးတော့မည်။စိတ်ကလည်း ရေအေးကို အလွန်တောင့်တ၏။သို့သော် ရေအေးကိုလိုချင်သည်ဟု ပြောလျင် ဝစီဒဏ်ထိုက်၍ ရေအေးကိုသောက်ချိုးလျင် ကာယဒဏ်ထိုက်မည်စိုးသောကြောင့် အောင့်အီသည်းခံနေရှာသည်။(သူတို့အလိုအားဖြင့် တောင့်တမှု မနောဒဏ်ကတော့ ထိုက်လို့နေလေပြီ။)သူသည် ရေအေးကို မရသောကြောင့်ရောဂါတိုး၍သေရသော် မည်သည့်ဘဝရောက်သည်ဟု နိဂဏ္ဌဆရာတို့ အယူရှိပါသနည်း"ဟု မေးတော်မူတယ်။

ဥပါလိက "သူသည် ရေအေးအပေါ်၌ စိတ်စွဲလမ်း၍ သေရသောကြောင့် "မနောသတ္တ"အမည်ရသော နတ်ဖြစ်သည်ဟု ပညတ်ပါသည်။(မနော-စိတ်+သတ္တ=ငြိကပ်သူ)"
ဗုဒ္ဓက "ဥပါလိ.....သတိထားပြီးဖြေပါ။သင့်အဖြေဟာ ရှေ့နောက်အမြီးအမောက်မတည့်ဘူး " လို့ မိန့်တော်မူတယ်။ ( မနောဒဏ်ထက် ကာယဒဏ် ထက်သည်ဟု ဆိုထားခဲ့ပါလျက် စောင့်စည်းထားတဲ့ ကာယဒဏ်ရဲ့အကျိုးကို မခံစားရဘဲ ပျက်စီးသောမနောဒဏ်ကပင် နတ်ဖြစ်အောင် အကျိုးပေးသေးသည်ဟုဆိုသောကြောင့် ရှေ့နောက်မညီ"ဟု ဆိုလိုရင်းဖြစ်သည် )

ဒီလိုမိန့်တော်မူလျင် နဂိုပညာခံမနည်းသော ဥပါလိသူကြွယ်ကြီးက မိန်းမောတွေဝေနေသူတို့ ကိုယ်လက်မလှုပ် နှုတ်လည်းမမြွက်ဘဲ စိတ်ရှိနေသေးသည့်အတွက်သာ အသက်ရှင်နေပုံကို သတိရကာ မနောသည်သာ ကာယ, ဝစီတို့ထက် သာ၍သတ္တိထက်ကြောင်း သဘောပေါက်လာသည်။သို့သော် ဗုဒ္ဓ၏ ဆန်းကြယ်သောပြဿနာတို့ကြားလိုသေး၍ "အရှင်ဘုရားက ဤသို့ပြောသော်လည်း ကာယဒဏ်သာ ပို၍သတ္တိထက်ပါသည်"လို့ လျောက်ထားတယ်။

ဒါနဲ့မြတ်စွာဘုရားက မေးခွန်းထပ်ထုတ်တယ် "နိဂဏ္ဌနာဋပုတ္တဆရာသည် သွားရင်း လာရင်း နင်းမိသောကြောင့် ပိုးကောင်လေးတွေသေရလျင် နင်းသူမှာ ဘယ်လိုအပြစ်ရှိသည်ဟု ပညတ်ပါသလဲ"

ဥပါလိက "သေစေလိုသော စေတနာမပါသောကြောင့် အပြစ်ကြီးသည်ဟု မပညတ်ပါ။"
ဗုဒ္ဓက "သေစေလိုသော စေတနာပါလျင် ဘယ်လိုပညတ်သလဲ"
ဥပါလိ "စေတနာပါလာလျင် အပြစ်ကြီးသည်ဟု ပညတ်ပါတယ်"
ဗုဒ္ဓ "စေတနာကို (ကာယ, ဝစီ, မနော သုံးမျိုးထဲ) ဘယ်ထဲသွင်းသလဲ "
ဥပါလိ "မနောဒဏ်ထဲ သွင်းပါတယ် "
ဗုဒ္ဓ "ဥပါလိ ..သတိထားဖြေပါ။သင့်စကား ရှေ့နောက်မညီဘူး။ (ကာယသည် မနောထက် ပိုထက်သည်ဟု ဆိုသော်လည်း ကာယဖြင့်ကျူးလွန်ပြီးပါသောအပြစ်သည် မနောမပါသည့်အတွက် အပြစ်မရှိ၊မနောပါလာမှသာ အပြစ်ရှိသည်ဟု ဆိုသောကြောင့် ကာယဒဏ်ထက် မနောဒဏ်က ပိုသတ္တိထက်နေသဖြင့် ရှေ့စကားနောက်စကား မညီကြောင်းဟု ဆိုလိုရင်းဖြစ်ပါသည်)

ဥပါလိသူကြွယ်လည်း ပြောနေရင်းကပင် ငါတို့ဆရာကြီးသည် "စေတနာမပါသော ကာယဒဏ်ကိုအပြစ်မရှိ၊စေတနာပါသော ကာယဒဏ်ကိုအပြစ်ကြီး၏ဟု ပညတ်ပြီးလျင် စေတနာကိုမနောဒဏ်၌ ထည့်သွင်းထားသည်။မနောဒဏ်ထက် ကာယဒဏ်က သာ၍ထက်သည်ဟုလည်း ဆိုထားပြန်သည်။ဆရာကြီး၏စကားများသည် ရှေ့နောက်မညီဘဲ ဗုဒ္ဓ၏စကားများသည်သာ ရှေ့နောက်ညီနေပါတကား"ဟု သဘောပေါက်လာသည်။သို့ရာတွင် ဗုဒ္ဓ၏ဆန်းကြယ်၍ပညာဥာဏ်ပြည့်ဝသောစကားတို့ကို နာခံလိုသေး၍ ကာယဒဏ်သည်သာ သာ၍အပြစ်ကြီးကြောင်း၊သတ္တိထက်ကြောင်း လျှောက်ပြန်၏။

ထိုအခါ ဗုဒ္ဓရှင်တော်မြတ်သည် တန်ခိုးဣဒ္ဓိပါဒ်ရှိသူတို့၏ စိတ်အစွမ်းများကို မိန့်တော်မူလေရာ ဥပါလိလည်း တိုစိတ်၏အစွမ်းများကို ဝန်ခံပြီးလျင် ဗုဒ္ဓ၏အယူဝါဒကို အားရနှစ်သက်လှသဖြင့် "တပည့်တော်သည် ဘုရား,တရား,သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏။ယနေ့မှစ၍ အသက်ကိုအပ်လျက် ဆည်းကပ်ကိုးကွယ်သော ဥပါသကာဟု မှတ်တော်မူပါရန်" လျှောက်လေသည်။
ဗုဒ္ဓက "ဥပါလိ...သင်တို့လို ထင်ရှားသောလူကြီးလူကောင်းဆိုတာ စိစိစစ်စစ် နှိုင်းနှိုင်းချိန်ချိန် ပြုသင့်တယ်။ ဥပါလိဆိုတဲ့သူကြွယ်ဟာ တွေ့ရာကြုံရာ ကိုးကွယ်ဆည်းကပ်လေ့ရှိတာပဲ ဟုပြောစရာဖြစ်တတ်တယ်"ဟု မိန့်တော်မူသည်။ဥပါလိသူကြွယ်ကလည်း "ဒီလိုသတိပေးတဲ့အတွက်ကြောင့် ရှင်တော်မြတ်ဘုရားကို သာ၍အားရပါတယ်ဘုရား။အခြားဆရာကြီးတွေကား တပည့်တော်လိုဒကာတစ်ယောက်ရတယ်ဆိုလျင် နာဠန္ဒာတစ်မြို့လုံးအလံစိုက်၍ ကြွေးကြော်လေ့ရှိကြတယ်။ရှင်တော်မြတ်ဘုရားကတော့ စဉ်းစဉ်းစားစားနှင့် ပြုဖို့ရန်ပင် သတိပေးတော်မူပါသေးတယ်။တပည့်တော်ကို နှစ်ကြိမ်မြောက် ဘုရား, တရား, သံဃာကို ဆည်းကပ်သူလို့ မှတ်တော်မူပါဘုရား" လို့ပြန်ပြောပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားက " ဥပါလိ...သင်တို့အိမ်သည် နိဂဏ္ဌတို့ အမြဲဝင်ရောက်စားသောက်နိုင်သော ရေတွင်းလိုဖြစ်နေခဲ့တယ်။ထို့ကြောင့် ဗုဒ္ဓ, ဓမ္မ, သံဃာကို ဆည်းကပ်ကိုးကွယ်သော်လည်း နိဂဏ္ဌတို့လာလျင် ပေးလှူထိုက်သည်ဟု မှတ်ထားသင့်တယ်။" လို့မိန့်တော်မူတယ်။

ဥပါလိသူကြွယ်လည်း " ဒီစကားကိုကြားရတာ သာလွန်၍အားရပါတယ်။ငါ့သာ လှူထိုက်တယ်။အခြားသူကို မလှူထိုက်။ငါ၏ သာဝကတို့ကိုသာ လှူထိုက်တယ်။အခြားသာဝကတို့ကို မလှူထိုက်။ငါနှင့်ငါ၏ သာဝကကိုလှူမှ အကျိုးကြီးတယ်။အခြားသူများ လှူလို့အကျိုးမကြီးဘူးဟုသာ ကြားဖူးပါသည်။ယခုတော့အယူဝါဒမတူသူ နိဂဏ္ဌတို့အား လှူဖို့ရန်ပင် အမိန့်ရှိနေသောကြောင့် သာ၍ပင် နှစ်ထောင်းအားရဖြစ်မိပါသည်။ထို့ကြောင့် တပည့်တော်အား သုံးကြိမ်မြောက် ရတနာသုံးပါးအား ဆည်းကပ်ပူဇော်သူဟု မှတ်တော်မူပါဘုရား" လို့လျောက်တယ်။

ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားလည်း ဒါန သီလ နတ်ပြည်၏အကြောင်းတို့ဖြင့် လောကီအာရုံ ကာမဂုဏ်စည်းစိမ်ချမ်းသာတို့ကိုပြပြီးလျင် ထိုစည်းစိမ်တို့၏ အပြစ်ကိုလည်းကောင်း၊ကာမဂုဏ်မှခွာနိုင်လျင် ရနိုင်သည့် အကျိုးအာနိသင်ကိုလည်းကောင်း ပြတော်မူရာ ဥပါလိ၏စိတ်သည် ကာမဂုဏ်၌အပြစ်မြင်ကာ လွန်စွာနူးညံ့နေစဉ် သစ္စာလေးပါးတရားတော်ကို ဟောပြတော်မူလေရာ ထိုနေရာ၌ပင် သောတာပန်ဖြစ်လေတော့သည်။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအနေနဲ့ အယူဝါဒမတူတဲ့သူတွေအပေါ်မှာ ထားတဲ့စိတ်ကို လေ့လာလိုက်မိပါတယ်။ယနေ့လက်ရှိမြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ ချိန်ထိုးတွေးဆကြည့်မိလို့ လက်ရှိဖြစ်နေတာတွေဟာ ဘုရားဟောနဲ့ညီ မညီဆိုတာကို မိမိတို့ဥာဏ်နဲ့ဆင်ခြင်သုံးသပ်နိုင်ကြပါစေ။

ကျမ်းကိုး ။ ။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ဒသမမြောက်ကျမ်းစာဖြစ်သော အနာဂတ်သာသနာရေးမှ ကောက်နှုတ်တင်ပြပါသည်။

ဦးဖိုးတု (၂၇.၉.၂၀၁၅)

Photos from H.P.T Myanmar's post 17/08/2015

ဘာကားကြီးတုန်းဟ.....
ပေါက်တတ်ကရတွေ လျောက်လုပ်ထားတယ်။
တီထွင်ဖန်တီးမှုကိုတော့ လေးစားပါတယ်။

Photo : Credit ...

Photos from H.P.T Myanmar's post 17/06/2015

၂၀၁၅ ပညာသင်နှစ်အတွက် တက္ကသိုလ်တက်ရောက်ရမည့် ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်အလိုက် အနိမ့်ဆုံးရရှိရမည့် ဝင်ခွင့်အမှတ်စာရင်း ။

Photos from H.P.T Myanmar's post 12/06/2015

Different between guys and girls !

Credit ........

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
00951