CM Home Service

CM Home Service

Share

02/07/2025

ရာသီအလိုက်အဆောက်အဦးတွေကိုဘယ်လို ထိန်းသိမ်းကြမလဲ ??

ကျွန်တော်တို့မြန်မာနိုင်ငံမှာ နွေ၊မိုး၊ဆောင်းဆိုပြီး ရာသီဥတုသုံးပါးရှိတဲ့အခါမှာ ရာသီဥတုအလိုက်မိတ်ဆွေတို့ပိုင်ဆိုင်ရာအဆောက်အဦးတွေကိုထိန်းသိမ်းတတ်ဖို့ရာ အရေးကြီးပါတယ်။ ရေရှည်ခိုင်ခံ့ဖို့နဲ့ ဥတုအလိုက်လိုအပ်သည်လေးတွေပြောင်းလဲဂရုစိုက်ပေးမှသာ ရေရှည်အတွက် ကောင်းမှာဖြစ်ပါတယ်။

နွေရာသီ ☀️

-အိမ်အပြင်ဘက်တွေမှာ အစွန်းအထင်းတွေပေနေသလား ရှိနေသလားဆိုတာစစ်ဆေးတတ်ဖို့လိုပါတယ်။ နေရောင်အောက်မှာ သိသာတဲ့ အထူးသဖြင့်အဖြူရောင်လိုဆေးပေါ်မှာသိသာတဲ့ အစွန်းအထင်းတွေပေါ်နေတာက သင်တို့နေထိုင်ရာအဆောက်အဦးလေးအတွက် အရမ်းသိသာစေနိုင်တာကြောင့်ပါ။

- နွေရာသီပြီးရင်မိုးရာသီကူးတော့မှာမို့ ခြင်တွေပေါက်ဖွားနိုင်မယ့်နေရာတွေကို ဂရုတစိုက်ရှင်းလင်းပစ်ရပါမယ်။

- ညောင်မြစ်တွေတွယ်နေရင် နွေရာသီမှာတည်းက ခုတ်ထွင်ရှင်းလင်းထားသင့်ပါတယ်။

- ပူပြင်းလှတဲ့နွေရာသီမှာ Air flow system နဲ့ air conditioning system ကို စစ်ဆေးဖို့ကလည်း မပါမဖြစ်အရေးကြီးတာပေါ့ !

မိုးရာသီ 🌧

- စိုထိုင်းဆများတဲ့နေရာတွေမှာ မှိုတွေမစွဲဖို့ရာ သတိပြုရပါမယ်။

- ပြတင်းပေါက်၊ တံခါးတွေမှာ ဟနေတဲ့နေရာတွေ အက်ကွဲနေရာတွေရှိမရှိ သေချာစစ်ဆေးပါ။ ရေယိုစိမ့်တဲ့အခါ မလိုလားအပ်တဲ့ပြသနာတွေ ရှိလာနိုင်ပါတယ်။

- အိမ်ခေါင်မိုးတွေ၊မျက်နှာကျက်တွေကို စစ်ဆေးပြုပြင်ပြီး ရေတွေယိုစိမ့်တာတွေမဖြစ်အောင် ပြင်ဆင်ရပါမယ်။

- ရေနဲ့ထိတွေ့တဲ့အခါ ဆေးသားနံရံတွေအတွက်ပိုပြီးထိခိုက်နိုင်တာမို့ ဆေးသားနံရံတွေပြုပြင်ချင်တယ်၊ဆေးသုတ်ချင်တယ်ဆိုရင် မိုးရာသီမရောက်ခင်မှာ ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

ဆောင်းရာသီ ❄️

- ရာသီဥတုအေးလာပြီဆိုရင် တံခါးတွေ၊ပြတင်းပေါက်တွေ ပိတ်ပြီး နေတတ်ကြတာများတာကြောင့် အိမ်ထဲမှာ indoor air quality အတွက် စဥ်းစားသင့်ပါတယ်။

- အထူးသဖြင့် သိပ်ကိုအေးလှတဲ့ဒေသတွေမှာ စေပိုက်တွေပိတ်မနေအောင်၊ ခဲမနေအောင် အထူးဂရုပြုသင့်ပါတယ်။

- ရာသီဥတုပူနေရာကနေ ရုတ်တရက်အေးတဲ့ဘက်ဆီကူးသွားတဲ့အခါ အပူအအေးကြောင့် Cracks တွေဖြစ်တတ်တာကို ဂရုပြုရပါမယ်။

- စိုထိုင်းဆများလို့ မှိုတက်တာတွေအတွက် ဂရုစိုက်ရပါမယ်။

CM Home Service ရဲ့ Service တွေနဲ့အတူ မိတ်ဆွေတို့ပိုင်ဆိုင်ရာအဆောက်အဦးတွေအတွက် ထိန်းသိမ်းစရာလေးတွေရှိတာတွေ ထိန်းသိမ်းပြုပြင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျာ ။ 🏡🤍
ဘယ်လိုပဲရာသီဥတုတွေပြောင်းသွားလည်း မပြောင်းလဲတဲ့ အကောင်းဆုံး Service ကိုရှာနေတယိဆိုရင်တော့ CM မှနွေးထွေးစွာကြိုဆိုပါရစေ။

CM Home Service
" We Care For Your Home "

Gmail:[email protected]
Phone:09 795 185 301,09 795 185 302

Photos from CM Home Service's post 29/06/2025

အခုလို ကုန်စျေးနှုန်းတွေလည်းတက်၊ မိသားစုဝင်တိုင်းလည်းနေ့စဥ်နဲ့အမျှ အချိန်ပြည့်သွားလာလှုပ်ရှားနေရတဲ့ခေတ်ကြီးမှာ အချိန်ကုန်သက်သာ Time Saving လည်းဖြစ်၊ သင့်တင့်တဲ့စျေးနှုန်းတွေကိုလည်းထည့်သွင်းစဥ်းစားပေးပြီး အပိုအလိုမရှိပဲ မိတ်ဆွေတို့ပိုင်ဆိုင်ရာ အဆောက်အဦးရိပ်မြုံလေးတွေကို လိုအပ်တာတွေပြုပြင်ပြင်ဆင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ CM ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🤍🏡

ရုံးခန်းဖြစ်ဖြစ်၊ ဆိုင်ခန်းဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ်၊ အတွင်းအပြင်အလှဆင်တာပဲဖြစ်ဖြစ်၊ ပရိဘောဂတွေနဲ့ပတ်သတ်ပြီးပဲဖြစ်ဖြစ် အစအဆုံးလိုအပ်တာကို တာဝန်ယူပေးမယ့်အပြင် သေချာစစ်ဆေးပေးပြီး အသေးစိတ်ကအစတာဝန်ယူပေးတာမို့ အရည်အသွေးကွာလတီနဲ့ပတ်သတ်ရင် ကျွန်တော်တို့ CM Home Service ဘက်မှ လစ်ဟာမှုမရှိအောင် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိနေပါတယ်ခင်ဗျာ။

ကျွန်တော်တို့ပြုပြင်မွမ်းမံပေးခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

အိမ်နဲ့ပတ်သတ်ရင်ဘာပဲလိုလို CM Home Service မှ ကြိုဆိုလျက်ရှိနေပါတယ်။ 🏡

"CM Home Service"
"We Care For Your Home"

Phone: 09 795 185 301,09 795 185 302
Gmail: [email protected]

18/06/2025

အိမ်နံရံဆေးသားဆိုတာလည်း အိမ်တစ်လုံးမှာ အရေးပါတဲ့နေရာမှာပါဝင်ပါတယ်။ အိမ်တစ်လုံးရဲ့ သပ်ရပ်လှပမှုကိုဖော်ပြတဲ့ ပြယုဂ်တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။
အိမ်နံရံဆေးသားတွေ မပျက်စီးအောင်၊ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ကျွန်တော်တို့က ဖော်ပြပေးသွားပါမယ်။

-Quality ကောင်းတဲ့ဆေးကိုအသုံးပြုခြင်းဆိုတာ အရမ်းအရေးကြီးပါတယ်။ အပြင်ပိုင်းအတွက်ဆိုရင် ရေစိုခံမယ့် Waterproof ဆေးတွေသုံးသင့်ပါတယ်။ အတွင်းဘက်နံရံတွေကိုတော့ ဆေးသားလည်းကြာရှည်ခံသလို ထိန်းသိမ်းရလွယ်ကူစေမယ့် stain resistant တွေသုံးပေးပါ။

- ဖုန်အညစ်အကြေးတွေနဲ့ အစွန်းအထင်းတွေရှင်းလင်းခြင်း ဆိုတာလည်းအရေးပါပါတယ်။ နူးညံ့တဲ့ ဂွမ်းစ၊ အဝတ်စ လေးတွေနဲ့ ပွတ်တိုက်သန့်ရှင်းပေးပါ။

- ရာသီဥတုဒဏ်အခံရဆုံး၊ အထူးသဖြင့် အပူဒဏ်ကိုအခံနိုင်ရဆုံး ကျွန်တော်တို့ရဲ့ နိုင်ငံမှာဆိုရင် အပူဒဏ်ကြောင့်၊ ရာသီဥတုဒဏ်ခံကြောင့် ဆေးသားကွာကျတာ ပျက်စီးတာတွေ သက်သာကင်းဝေးစေဖို့ shield paint တွေသုံးနိုင်ပါတယ်။

- အချိန်ကြာလာလို့ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ဆေးသားတွေ အရောင်မှိန်ကျလာတဲ့အခါ Touch Up Paint တွေ လုပ်ပေးရပါမယ်။

- ဆေးသုတ်မယ်ဆိုရင်လည်း ညစ်ပတ်တဲ့မျက်နှာပြင်တွေပေါ်မှာ ဆေးသားတွေမခံတာ၊ အလွယ်တကူ ကွာကျပျက်စီးတာတွေဖြစ်နိုင်တာမို့ ဆေးမသုတ်ခင် သန့်ရှင်းနေအောင် ရှင်းလင်းပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဆေးသုတ်တဲ့အခါ ဆေးသားတွယ်ကပ်မှုအားပိုကောင်းအောင် ကော်ပတ်ကိုခေါက်ချိုးကိုင်ပြီး အုတ်နံရံနေရာများကိုတိုက်ပေးခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

ဆေးနံရံတွေကစလို့ ကြမ်းပြင်အထိ၊ အိမ်အတွင်းအပြင်အတွက် ခေါင်းမစားချင်တော့ဘူး၊ တစ်နေရာတည်းမှာအစအဆုံး ရနိုင်မယ့် Service မျိုးအတွက်ကိုတော့ CM Home Service ကိုဖိတ်ခေါ်ပါရစေခင်ဗျာ။ 🏠💁‍♂️

Gmail: [email protected]
Phone : 09 795 185 301, 09 795 185 302

15/06/2025

ရာသီဥတုဒဏ်တွေကြောင့်ဖြစ်ဖြစ်၊ အိမ်မှာ အိမ်မွေးတိလေးတွေရှိလို့ဖြစ်ဖြစ်၊ အချိန်တွေကြာလာလို့ပဲဖြစ်ဖြစ် အဆောက်အဦးတွေ အိမ်တွေမှာ ကြမ်းခင်းပိုင်းဟာ အနည်းနဲ့အများ ပျက်စီးလေ့ရှိတာပါပဲ။ ကြမ်းခင်းတွေကို ပတ်တီးလိုက်တာတွေ၊ ကော်ပတ်တိုက်တာတွေ၊ ပေါလစ်ပြန်တိုက်တာတွေ၊ သန့်ရှင်းတာတွေ အစရှိသဖြင့် လိုအပ်တာတွေကို စစ်ဆေးပြီးပြန်လည်ထိန်းသိမ်းရပါတယ်။

Vinyl Floor တွေကတော့ တန်ဖိုးသင့်တင့်ပြီး ပစ္စည်းကောင်းသုံးချင်တယ်ဆိုတဲ့ မိတ်ဆွေတွေအတွက်ဖြစ်ပါတယ်။ Aircon ပါတဲ့အခန်းတွေမှာ အသုံးသင့်ဆုံးကြမ်းခင်းအမျိုးအစားဖြစ်ပါတယ်။ ရေစိုခံပြီး ၁၅ နှစ်ပတ်ချာလည်အထိ သုံးနိုင်တာမို့ စျေးလည်းသင့်ပြီး ကြာရှည်ခံ ရေစိုခံတဲ့အတွက် စဥ်းစားသင့်တဲ့အထဲ ပါပါတယ်။

ကြွေပြားတွေကတော့ Luxury ဆန်ပြီးလှပတဲ့ Look ကိုပေးပေမယ့် အရောင်နုတာတွေကို သုံးမယ်ဆိုရင်တော့ သန့်ရှင်းရေးသေချာလုပ်မှရပါမယ်။ အများအားဖြင့်တော့ မီးဖိုချောင်၊ ထမင်းစားခန်းနဲ့ ရေချိုးခန်း၊ အိမ်သာတို့မှာ အသုံးများကြပါတယ်။ ကြွေပြားကြမ်းခင်းတွေဆိုတာလည်းရေစိုခံပေမယ့် ပြောင်လက်နေမှ လှမှာမို့ အမြဲတမ်းသန့်ရှင်းရေးလုပ် တိုက်ချွတ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

ကျွန်းကတော့ စျေးလည်းမြောက်သလို ထွက်လာတဲ့ Look ကလည်းတကယ့်ကို Luxury ဆန်ဆန် Premium ဆန်တဲ့ Finish ကို ပေးမှာပါ။ ကိုယ်ကတကယ့်အကောင်းမှလိုချင်တယ်၊ သဘာဝကျကျ ခမ်းနားတာကိုမှ လိုချင်မယ်ဆိုရင်တော့ အဆင်ပြေမယ့် အမျိုးအစားပါပဲ။

ကျွန်တော်တို့ဟာ အိမ်နံရံကိုဆေးဘာအရောင်သုတ်သလဲဆိုတာအပေါ်မူတည်ပြီး အိမ်ရဲ့ Vibe ကကွဲသွားသလိုမျိုး ကြမ်းခင်းဆိုတာလည်း အိမ်ရဲ့ Look တစ်ခုလုံး ပြောင်းလဲသွားဖို့အတွက် အရေးပါပါတယ်။ CM မှာဆိုရင် ခေါင်မိုးမှအစ ကြမ်းပြင်အဆုံးတာဝန်ယူဆောင်ရွက်ပြုပြင်ပေးလျက်ရှိနေပြီး အစအဆုံးစစ်ဆေးပေးတာမို့ စိတ်ချယုံကြည်စွာ အပ်နှံခဲ့ပေးကြတဲ့ မိတ်ဆွေလူကြီးမင်းတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေခင်ဗျာ။ 🏠💁‍♂️
အဆောက်အဦးတွေနဲ့ပတ်သတ်ရင် ဘာပဲလိုလို CM Home Service ကို လှမ်းလာကြပါစို့။ 🏠

CM Home Service
" We Care For Your Home "

Gmail: [email protected]
Phone: 09 795 185 301,09 795 185 302

12/06/2025

အဆောက်အဦးတစ်ခုရယ်လို့ဖြစ်လာရင် အရေးကြီးတဲ့အချက်တွေထဲမှာ ကျွန်တော်တို့က ရေလိုင်းမီးလိုင်းတွေကိုလည်း မေ့ထားလို့မရပါဘူး။ အိမ်တစ်အိမ်၊ အဆောက်အဦးတစ်ခုမှာ ရေကောင်းမွန်စွာ စီးဆင်းမှ၊ ရရှိမှ အဆင်ပြေသလို မီးလိုင်းလည်း အမှားအယွင်းမရှိ ချောမွေ့နေမှ နေထိုင်ရအဆင်ပြေမှာဖြစ်ပါတယ်။ အခုလိုနွေအကူးမိုးအပြောင်းမှာ မိုးတွေဒီထက်ပိုပြီး သည်းထန်စွာ မရွာသေးခင်မှာ မိမိတို့ အဆောက်အဦးတွေကို ပိုပြီးတောင် ရေလိုင်းမီးလိုင်းတွေ အဆင်ပြေမှု၊ စိတ်ချရမှုရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဒါမှသာလည်း ဥတုသုံးပါးမရွေး ရာသီဥတုဘယ်လိုပဲပြောင်းပြောင်း စိတ်ချစွာ စိတ်အေးလက်အေးနေထိုင်နိုင်ပြီပေါ့။ 🏠

ကျွန်တော်တို့ရဲ့ CM Home Service မှာဆိုရင် လူကြီးမင်းတို့ရဲ့ ပိုင်ဆိုင်ရာအဆောက်အဦး၊ ရိပ်မြုံလေးတွေကို ခေါင်မိုးမှသည်ကြမ်းပြင်အထိ၊ အိမ်အတွင်းအပြင်ပိုင်းသာမက လျှပ်စစ်မီးလိုင်း၊ ရေလိုင်း၊ ပရိဘောဂပိုင်းတွေအထိ အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေလျက်ရှိကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ။ စိတ်ချယုံကြည်စွာ အပ်နှံပေးကြတဲ့ မိတ်ဆွေလူကြီးမင်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အိမ်၊ ရုံးခန်းတွေနဲ့ပတ်သတ်ရင် စိတ်ကျေနပ်မှုရသည်အထိ ဝန်ဆောင်မှုပေးရတဲ့အတွက် ပီတိဖြစ်ရကြောင်း ထပ်လောင်းပြောပါရစေ။ 🏠❤️
အဆောက်အဦးတွေနဲ့ပတ်သတ်ရင် ဘာပဲလိုလို CM Home Service ရှိနေပြီနော်။💁‍♀️

CM Home Service
" We Care For Your Home "

Gmail: [email protected]
Phone : 09 795 185 301,09 795 185 302

Photos from CM Home Service's post 08/06/2025

"အဆောက်အဦးတွေနဲ့ပတ်သတ်ရင် ဘာပဲလိုလို CM ကို ဟဲလို " 📞

ကျွန်တော်တို့ရဲ့ CM Home Service နေအိမ် လျှပ်စစ်မီးလိုင်း၊ ရေလိုင်းများနဲ့ နဲ့ပတ်သတ်ရင် စိတ်မပူပင်ရစေဖို့အတွက် လျှပ်စစ်မီးလိုင်းများ စစ်ဆေးပြုပြင်ပေးခြင်း၊ ရေပိုက်များ ရေလိုင်းများ ပြင်ဆင်ခြင်း အစရှိသည်များ ပြုလုပ်ပေးခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေပဲဖြစ်ပါတယ် ခင်ဗျာ။
မိတ်ဆွေတို့ရဲ့ အိမ်လေးတွေဖြစ်စေ၊ရုံးခန်းတွေပဲဖြစ်စေ၊ အဆောက်အဦးတွေပဲဖြစ်စေ လိုအပ်ပါက လိုအပ်သည်များကိုအစအဆုံးစစ်ဆေးပြီး ပြုပြင်ပေးဖို့ ကျွန်တော်တို့ရဲ့ CM Home Service မှ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေခင်ဗျာ။ 💁🏡

CM Home Service
"We Care For Your Home "

Phone: 09 795 185 301, 09 795 185 302
Gmail: [email protected]

06/06/2025

အိမ်နံရံများ အက်ကွဲလာရသည့် အကြောင်းရင်းများနှင့် သတိပြုရန်အချက်များ

အိမ်အတွက် နံရံေတွဟာ အရေးကြီးဆုံးသော အစိတ်အပိုင်းများထဲမှ တစ်ခုဆိုလည်းမမှားပါဘူး။ ဒါပေမယ့်လည်း အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် နံရံတွေ အက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်ပြီး အချို့မှာ အနည်းငယ်သာဆိုပေမယ့် အချို့ကတော့ အိမ်တစ်လုံးရဲ့ ဖွဲ့စည်းမှုအထိ ထိခိုက်စေနိုင်သော ပြဿနာအထိ ဦးတည်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း အက်ကွဲမှုတွေရဲ့ အကြောင်းအရင်းကို နားလည်နိုင်ဖို့နဲ့အတူ အိမ်တစ်လုံးရဲ့သက်တမ်းကိုကြာရှည်ခံသည်ထက်ခံအောင်ဘယ်လိုထိန်းသိမ်းသင့်ပုံတွေကို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

🌡( အပူချိန်ပြောင်းလဲမှုများ )
အပူချိန် မတည်ငြိမ်ပဲ ပြောင်းလဲမှုများကြောင့် အိမ်ဆောက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းတွေဟာ ကျုံ့ခြင်း၊ မာဆတ်ဆတ်ဖြစ်လာခြင်း ၊ ပွလာခြင်းတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာအားဖြင့်ပြောရရင် မျဉ်းကြောင်းတွေကြားမှာ၊ မုခ်ဝထောင့်တွေ၊ ထောင့်ချိုးလိုနေရာတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

🧱 ( ပါဝင်ပစ္စည်းအမျိုးမျိုး၏ တုံ့ပြန်မှု မတူညီမှု )

အမျိုးမျိုးသောဆောက်လုပ်ရေးပစ္စည်းတွေဟာ အပူချိန်ပြောင်းလဲမှုအပေါ် တုံ့ပြန်မှုမတူကြပါဘူး။ တချို့က ပိုကျုံ့ပြီး တချို့က များစွာဆန့်ထွက်လာနိုင်ပါတယ်။ ဒီလိုမျိုး မတူညီတဲ့ တုံ့ပြန်မှုတွေဟာ အထူးသဖြင့် အိမ်အဟောင်းများတွင် အက်ကွဲမှုများဖြစ်ပေါ်စေနိုင်ပါတယ်။

💧(စိုထိုင်းဆနှင့် ရေစီးဝင်မှု)

အိမ်ရဲ့ ခေါင်မိုးအပေါက်တွေ၊ ရေပိုက်ပျက်ခြင်းများ သို့မဟုတ် မကောင်းသည့်ရေအောက်စနစ် တွေကြောင့် ရေတွေဟာ နံရံထဲကို စီးဝင်နိုင်ပြီး နံရံများ ကွဲထွက်ခြင်း၊ ကွဲအက်ခြင်း၊ ထိခိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

💦( စိုထိုင်းဆကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ )

အလွန်များပြားတဲ့ စိုထိုင်းဆပမာဏဟာ မှိုေတွကိုများကို ဖြစ်စေနိုင်ပြီး နံရံများကိုများ ပိုမိုပျက်စီးစေနိုင်ပါတယ်။

🏞 မြေအောက်အုတ်မြစ်ကျခြင်း (Settlement)

အုတ်မြစ်များ မညီမျှစွာ ကျမိခြင်းကြောင့် နံရံတွေေ အထူးသဖြင့် ထောင့်တွေမှာ အက်ကွဲမှုတွေဖြစ်လာနိုင်ပြီး အိမ်တစ်လုံးရဲ့ဖွဲ့စည်းပုံကိုထိခိုက်ကာ အလွန်သိသာတဲ့ အက်ကွဲမှုများ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

မြေအမျိုးအစား (Reactive Soils)
တချို့သော မြေဆီမျိုးေတွဟာ စိုထိုင်းဆပြောင်းလဲမှုကြောင့် ကျုံ့သွားခြင်း၊ ပွလာခြင်းများဖြစ်လာနိုင်ပါတယ်။ အဲ့တာကလည်း အုတ်မြစ်နဲ့ နံရံများအပေါ် ဖိအားတွေအဖြစ် ပြောင်းလဲသွားစေပါတယ်။

🏗 (ဆောက်လုပ်ရေးအမှားများ
မသင့်ေလျာ်ေသာ တပ်ဆင်မှုများ)

Drywall များကို မသင့်တော်သောနည်းဖြင့် တပ်ဆင်ခြင်း၊ ဘိလပ် မြေနံရံတွေမှာ ခိုင်ခံ့မှုမရှိသောသံကြိုးများသုံးခြင်းအပြင်
အရည်အသွေးမကောင်းသောပစ္စည်းများကို အသုံးပြုခြင်း သို့မဟုတ် မှားယွင်းသောနည်းဖြင့် အသုံးချခြင်းသည်လည်း နံရံတွေ အက်ကွဲရတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။

🏚 (ပြင်ပထိခိုက်မှုများ)
ဆောက်လုပ်ရေးလုပ်ငန်းများ သို့မဟုတ် အနားအနီးရှိ လှုပ်ရှားမှုေတွကြောင့် အထူးသဖြင့် အိမ်အဟောင်းများမှာ နံရံအက်ကွဲမှုေတွ ဖြစ်နိုင်ပါတယ်။

🌐( ငလျင် )
ငလျင်ဖြစ်ပွားမှုကြောင့်ပဲ နံရံနှင့် အိမ်ဖွဲ့စည်းပုံအပါအဝင် ကြီးမားတဲ့ပမာဏအထိ ထိခိုက်မှုများ ဖြစ်နိုင်စေပါတယ်။

မိုးရာသီလည်းရောက်တော့မှာဆိုတော့ ရေဒဏ်လေဒဏ်ကြောင့် ပိုပြီးပျက်စီးမှုတွေမဖြစ်ရလေအောင် အက်ကွဲကြောင်းတွေရှိနေခဲ့ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ CM Home Service က တာဝန်ယူပြီးလိုအပ်သည်များကိုစစ်ဆေးပြုပြင်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိနေပါပြီခင်ဗျာ။ ရာသီဥတုသုံးပါးမရွေး စိတ်အေးချမ်းသာစွာ လုံခြုံမှုအပြည့်ပေးနိုင်တဲ့အိမ်လေးတွေအတွက်CM က အသင့်ပါပဲနော်။ 💁‍♂️

Gmail: [email protected]

Phone: 09 795 185 301,09 795 185 302

Photos from CM Home Service's post 31/05/2025

ကျွန်တော်တို့ရဲ့ CM မှ ငလျင်ဘေးသင့်အဆောက်အဦးများအား ရေမြောင်းများ နှင့် နံရံအက်ကွဲကြောင်းများ ပြုပြင်ခြင်း၊ ကွဲအက်သောနံရံများအား Injection & Stitching Method များအသုံးပြုပြင်ဆင်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိနေတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

CM Home Service မှ လိုအပ်သည်များကိုပြုပြင်မွမ်းမံပေးနေတဲ့ပုံရိပ်တွေကို မိတ်ဆွေတို့အနေနဲ့ သေချာကြည့်ရှုစေနိုင်ရန် မှတ်တမ်းပုံရိပ်လေးတွေအနေနဲ့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ပိုင်ဆိုင်ရာ ရိပ်မြုံလေးတွေအတွက် မျက်နှာကျက်မှသည် ကြမ်းပြင်အထိ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိနေတာမို့ ပူစရာမရှိတော့ပဲ CM Home Service ကိုသာစိတ်ချယုံကြည်စွာ အပ်ထားလိုက်တော့နော်။ 🏠

CM Home Service
" We Care For Your Home "

Gmail:[email protected]

Phone: 09 795 185 301, 09 795 185 302

29/05/2025

ဘာလိုလိုနဲ့ပဲ မကြာမီမှာ မိုးရာသီက ရောက်လာတော့မှာဆိုတော့ အဖြစ်အများဆုံးတွေထဲကတစ်ခုကိုပြောပါဆိုရင် ရေစိမ့်မှုပြသနာပါပဲ။ ရေစိမ့်တာက သတိမပြုမိရင် ပျက်စီးမှုများနိုင်တာမို့ ကိုယ်နေထိုင်ရာအိမ်လေးတွေ အပျက်အစီးမရှိပဲ ကြံ့ခိုင်ဖို့အတွက် ဘယ်အပိုင်းတွေစစ်ဆေးရမလဲ၊ ဘာတွေဖြစ်ရင် ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

- ခေါင်မိုး

နွေဖြစ်ဖြစ် မိုးဖြစ်ဖြစ် ဆောင်းဖြစ်ဖြစ် ဥတုသုံးပါးဒဏ်ကိုအခံရဆုံးဟာ ခေါင်မိုးတွေပါပဲ။ မိုးတွင်းရောက်လာတော့မယ်ဆို ခေါင်မိုးပေါက်နေတဲ့အခါရေယိုစိမ့်ခြင်းပြသနာဖြစ်နိုင်ပါတယ်။ အရင်ဆုံးခေါင်မိုးတွေကိုပြုပြင်စစ်ဆေးတာတွေ လုပ်သင့်ပါတယ်။

- နံရံ

ရေစိုခံနိုင်တဲ့ Vinyl Wallpaper တွေ၊ Sealing Tape ကိုသုံးမယ်ဆိုရင် နံရံ မှိုကပ်တာတွေ၊ ဆေးသားကွာကျတာတွေ ကင်းဝေးစေပါလိမ့်မယ်။

- တံခါး/ပြတင်းပေါက်

တံခါးတွေ ၊ ပြတင်းပေါက်တွေကတစ်ဆင့်ရေယိုမလာအောင် မိုးရေတွေမဝင်နိုင်အောင် သေချာစစ်ဆေးပြုပြင်ထားသင့်ပါပြီ။ သစ်သားတံခါးတွေမှာ ရေတွေစိမ့်ဝင်တဲ့အခါ သစ်သားတွေပွတက်လာပြီး ပျက်စီးစေနိုင်တာမို့ ပေါလစ်တိုက်ခြင်း၊ ဖယောင်းဆီတိုက်ခြင်းတွေ လုပ်ပေးရပါမယ်။ တံခါး၊ ပြတင်းပေါက်ဘောင်တွေအကြား နေရာလွတ်ရှိနေရင်လည်း ရေတွေစိမ့်လာနိုင်တာမို့ ကပ်ဆေးတွေသုံးပြီးဖာထေးနိုင်ပါတယ်။

မိုးတွင်းမှာ မိုးရေစိမ့်မဝင်နိုင်အောင် အသေးစားမှသည် အကြီးစားပြုပြင်စစ်ဆေးမှုတွေအထိ ကျွန်တော်တို့ရဲ့ CM Home Service မှ တာဝန်ယူစစ်ဆေးပြုပြင်ပေးလျက်ရှိနေပါတယ်။ လိုအပ်တာတွေစစ်ဆေးပေးပြီး ပြန်လည်ပြုပြင်ပေးတဲ့အထိ တာဝန်ယူပေးမယ့် Service ကိုရှာနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ CM Home Service ကိုဖိတ်ခေါ်လိုက်ပါရစေ။ 🏠

CM Home Service
" We Care For Your Home "

Gmail:[email protected]



Phone:09 795 185 301,09 795 185 302

Photos from CM Home Service's post 24/05/2025

ကျွန်တော်တို့ရဲ့ CM Home Service မှ မျက်နှာကျက်အဟောင်းများ စစ်ဆေးခြင်း၊ မျက်နှာကျက်အသစ်တပ်ဆင်ခြင်း အစရှိသည့် လုပ်ငန်းမှတ်တမ်းပုံရိပ်တွေပဲဖြစ်ပါတယ်ခင်ဗျာ။ အဆောက်အဦးတစ်ခုအတွက် မျက်နှာကျက်မှစလို့ ကြမ်းပြင်အထိ အတွင်းအပြင်အကုန် လိုအပ်သည်များကို ဒီလိုမျိုး အစစအရာရာတာဝန်ယူပေးလျက်ရှိနေပါပြီ ခင်ဗျာ။

မိတ်ဆွေတို့ပိုင်ဆိုင်ရာ အဆောက်အဦးရိပ်မြုံလေးတွေအတွက် ဘာပဲလိုလို CM ကိုသတိရလိုက်ပါ။ 🏠☎️

CM Home Service
" We Care For Your Home "

Gmail: [email protected]

Phone: 09 795 185 301, 09 795 185 302

21/05/2025

အိမ်တစ်လုံး ( သို့ ) အဆောက်အဦးတစ်ခုမှာ နံရံ၊ မျက်နှာကြက် ဆေးရောင်တွေ၊ ကြမ်းခင်းဒီဇိုင်းတွေဟာ အရေးပါတယ်ဆိုတာမှန်ပေမယ့် အရေးပါတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲ့တာက Colour Temperature ပါပဲ။

အဆောက်အဦးတစ်ခုရဲ့ Final Look ကိုလုံးဝပြောင်းလဲသွားစေနိုင်တာဟာ Colour Temperature လို့ပြောရင် မမှားပါဘူး။ အလင်းရောင်ပေါင်းစပ်မှုဟာ အဓိကသော့ချက်လည်းဖြစ်ပါတယ်။ Colour Temperature ကို Kelvin ( K ) နဲ့တိုင်းတာပါတယ်။

များသောအားဖြင့် အဝါဘက်သန်းတဲ့အဖြူရောင် 2000K- 3000K ဝန်းကျင် ( Warm White ) ကို ဘားတွေ၊ စားသောက်ဆိုင်တွေမှာ အသုံးပြုကြပါတယ်။ 4000 K ( Cool White ) ကတော့ အဝါနဲ့ အပြာရောင်ကြားထဲက အရောင်ဖြစ်ပြီး ခပ်မှိန်မှိန်လေးဆိုပေမယ့် ရေရှည်မှာ လူတွေအတွက် နေထိုင်ဖို့ရွေးချယ်ဖို့ရာ အသင့်လျော်ဆုံးအရောင်လို့ပြောရင် မမှားပါဘူး။ Relaxation အတွက်ဖြစ်ပြီး ဟိုတယ်တွေ၊ ကုန်တိုက်တွေ၊ Shopping Center တွေနဲ့ Public place တွေ အတော်များများမှာ သုံးလေ့ရှိကြပါတယ်။ 6000K နဲ့အထက် ( Day Light ) ေတွကတော့ ဆေးရုံ ၊ စက်ရုံတွေ ၊ ရုံးခန်းတွေ ၊ စာသင်ခန်း၊ စာသင်ကျောင်းတွေနဲ့ အိမ်တွေအတွက် အသင့်တော်ဆုံးအရောင်တွေပဲဖြစ်ပါတယ်။ 6500Kနဲ့အထက်တွေကတော့ အပြာရောင်ဘက်လုံးလုံးကို ပိုမိုရောက်တဲ့အရောင်တွေဖြစ်တာကြောင့် သိပ်သုံးလေ့မရှိကြပါဘူး။ အသုံးနည်းကြပါတယ်။ မီးအလင်းအားများလွန်းပြီး အရမ်းဖြူသွားပြန်ရင်လည်း အိမ်တစ်အိမ်ရဲ့ နွေးထွေးမှု၊ လုံခြုံမှု ခံစားချက်တွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။

Ambient Light တွေသိပ်များလွန်းနေရင်လည်း ပူလောင်တဲ့ခံစားချက်ကို ဖြစ်စေနိုင်သလို သိပ်မှောင်လွန်းရင်လည်း မွန်းကြပ်ပြီးလှောင်တဲ့ ခံစားချက်ကို ဖြစ်စေပြန်ပါတယ်။ဒါကြောင့်မို့လို့လည်း အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခုရဲ့ အလင်းရောင်ပေါင်းစပ်မှုတွေဟာ ရသတစ်ခုလိုပါပဲ။

Colour Temperature ဟာ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခုရဲ့ Vibe တစ်ခုလုံးကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ အိမ်အလှဆင်တယိဆိုတာကလည်း ပန်းချီကားတစ်ချပ်ရေးဆွဲသလိုပါပဲ။ ဆေးရောင်တွေ၊ အလင်းအမှောင်တွေဆိုတာ သိပ်ကို အချက်အချာကျပါတယ်။

ကျွန်တော်တို့ရဲ့CM ဟာ မိတ်ဆွေတို့ပိုင်ဆိုင်ရာအဆောက်အဦးရိပ်မြုံလေးတွေကို မျက်နှာကျက် အစ ကြမ်းပြင်အဆုံး၊ မီးလုံးလေးတစ်လုံးမှသည် အိမ်အတွင်းအပြင် အကုန်လုံးတာဝန်ယူဆောင်ရွက်ပေးနေလျက်ရှိပါတယ်။ အတွင်းအပြင်လိုအပ်သည်များရော ၊နံရံဆေးနဲ့ ကြမ်းခင်းတွေရော မီးအလင်းအမှောင် အရောင်တွေပါ တစ်နေရာတည်း စုံစုံလင်လင် အစအဆုံးရနိုင်မယ့် Service ဆိုရင် CM ကိုအခုပဲ ဆက်သွယ်လိုက်တော့နော်။



" CM Home Service "
We Care For Your Home

Photos from CM Home Service's post 17/05/2025

ကျွန်တော်တို့ရဲ့ CM home service မှ ရန်ကုန်မြို့၊ မြန်မာ့ဂုဏ်ရည်အိမ်ရာမှ အခန်းအတွက် ကြမ်းခင်းတွေပြန်လည်ပြုပြင်ပေးခြင်း၊ ဆေးသုတ်ပေးခြင်း၊ Furniture များကို လိုအပ်သည်များ မွန်းမံပေးခြင်း အစရှိသဖြင့် ရုံးခန်းတစ်ခန်းလုံးကို တာဝန်ယူပြန်လည်ပြုပြင်ပေးခဲ့ခြင်း မှတ်တမ်းပုံရိပ်တွေပဲဖြစ်ပါတယ်။ အသေးစားပြုပြင်မှုတွေသာမကပဲ ဒီလိုမျိုး တစ်ခန်းလုံး တစ်ရုံးလုံးကိုပါ အစအဆုံးအသေးစိတ်ပြုပြင်ပေးလျက်ရှိပါတယ်ခင်ဗျာ။
ဒီလိုမျိုး အစအလယ်အဆုံးတာဝန်ယူပေးမယ့် service ကိုလိုချင်ပါတယ်ဆိုရင်တော့ CM Home Service ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ 🤝

CM Home Service
" We Care For Your Home "

Gmail:[email protected]

Phone: 09 795 185 301, 09 795 185 302

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

402, Myanma Gone Yi Housing, Mingalar Taung Nyunt Twp
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00