May Myint Mo San - Financial Advisor
ငွေကြေးစီမံကိန်းဆိုတာ
ကြိုတင်စီမံထားမှသာ အဓိပ္ပါယ်ရှိပါတယ်။
ဘဝမှာ မမျှော်လင့်ထားတဲ့အခြေအနေတွေ ကြုံလာတဲ့အခါ
Plan A မအောင်မြင်ရင် Plan B ရှိနေဖို့ အရေးကြီးပါတယ်။
အခုခေတ်မှာ အသေးစားကုသမှုတွေက မိသားစုအတွက် အခက်အခဲမကြီးမားသေးပေမယ့်
အကြီးစားပြင်းထန်ရောဂါများ ကို ရုတ်တရက် တွေ့ရှိလာခဲ့ရင်
ကြိုတင်စီမံထားခြင်း မရှိဘူးဆိုရင်
ကုသရေးစရိတ်တွေက မိသားစုအပေါ် အလွန်ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်
👉 ကျန်းမာရေးအတွက်
👉 မိသားစုအနာဂတ်အတွက်
👉 ငွေကြေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ဖို့
အာမခံအစီအစဉ်တွေကို စနစ်တကျ စီမံထားဖို့ လိုအပ်ပါတယ်။
အာမခံနဲ့ပတ်သက်ပြီး
အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက
အာမခံအကြံပေး – May Myint Mo San
📞 09 782 295 354 (Viber Available)
🏢 Manulife Myanmar
✔ အသက်အာမခံ
✔ ပြင်းထန်ရောဂါ (၉) မျိုး ကာကွယ်အာမခံ
✔ ပြင်းထန်ရောဂါ (၂၉) မျိုး ကာကွယ်အာမခံ
✔ ပညာရေးအာမခံ
Manulife Myanmar (ရုံးချုပ်)
ကန်သာယာ Office Tower
ကန်ရိပ်သာလမ်း × ဦးအောင်မြတ်လမ်းထောင့်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်
Term life insurance ( နှစ်အကန့်အသက်ရှိသောအသက်အာမခံ) ၏ အားသာချက်များ
(၁) အာမခံပြီးဆုံးမယ့်ကာလကိုကြိုသိနိုင်ခြင်း
ဆယ်နှစ်သက်တမ်းဝယ်ယူထားတယ်ဆိုရင်
အသက် ၃၅ မှာဝယ်ရင် ၄၅ မှာပြီးဆုံးပါမယ်။
၄၅ မှာစထားရင် ၅၅ မှာပြီးဆုံးပါမယ် ။
အဲဒီအချိန်ထိ ကျန်းမာနေသေးတယ်ဆိုရင်
ဆယ်နှစ်တာသွင်းထားတဲ့ပရီမီယမ်ကြေးအားလုံးကို
ပြန်ထုတ်ယူနိုင်ပါတယ်။
(၂) အာမခံပြီးဆုံးခဲ့ရင် နောက်ထပ်အာမခံအသစ်ကိုပြောင်းထားနိုင်ခြင်း
အာမခံနှစ်ပြည့်တဲ့အချိန်မှာ အသက်အရမ်းမကြီးသေးဘူးဆိုရင် အဲဒီအချိန်မှာ နောက်ထပ်အသစ်ပေါ်ထွက်နေတဲ့အာမခံပုံစံအသစ်တွေကိုထပ်ထားလို့ရပါတယ် ။ အဲဒီအချိန်မှာ ၅၀ ကျော်နေရင်တော့
တချို့အာမခံတွေကဆေးစစ်ချက်တောင်းတာမျိုးတွေတော့ရှိလာနိုင်ပါတယ် ။
(၃) တခြားသောအသက်အာမခံပုံစံတွေထက်
အကာအကွယ်ပိုမိုမြင့်မားခြင်း
အသက်အာမခံယူထားတဲ့သက်တမ်းတလျှောက်
ဘယ်နှစ်နှစ်မြောက်မှာပဲဖြစ်ဖြစ် အသက်သေဆုံးခြင်း၊ ထာဝရမသန်စွမ်းဖြစ်ခြင်း ( totally disable) တွေအတွက် သွင်းထားတဲ့ပရီမီယမ်ကြေးထပ် ပိုမိုများပြားတဲ့ အာမခံလျော်ကြေးကိုရရှိနိုင်ပါတယ်။
(၄) ဝင်ငွေမတည်ငြိမ်သူတွေအတွက် စိတ်ပူစရာမလိုခြင်း
လက်ရှိအခြေအနေတွေအရ အလုပ်အကိုင်နဲ့ဝင်ငွေတွေဟာ အခုလိုပဲအမြဲအဆင်ပြေနေမှာမဟုတ်တဲ့အတွက် နှစ်အကန့်အသက်တိတိကျကျရှိတဲ့အာမခံပုံစံတွေဟာ မိမိတတ်နိုင်တဲ့ဘတ်ဂျက်နဲ့ချိန်ဆပြီး နှစ်စဉ်ထည့်ဝင်ထားခြင်းအားဖြင့် အကာအကွယ်ရနေမှာဖြစ်သလို စုငွေအဖြစ်လည်းရှိနေမှာမို့ saving and protection နှစ်ခုစလုံးရနေမယ့်ပုံစံဖြစ်ပါတယ် ။
(၅) တခြားသောရောဂါအာမခံများနဲ့တွဲဖက်ထားရှိနိုင်ခြင်း
အသက်အာမခံဆိုတာ သေဆုံးမှ/ ရာသက်ပန်မသန်စွမ်းဖြစ်မှလျော်ကြေးရတယ်ဆိုပေမယ့်
ရောဂါအာမခံတွေကတော့ သတ်မှတ်ရောဂါနဲ့ သတ်မှတ်အခြေအနေတွေဖြစ်လာရင် ဆေးကုသဖို့လျော်ကြေးအပိုထပ်ဆောင်းရတာမို့ တွဲဖက်ထားရှိရင်လည်း အကျိုးကျေးဇူးပိုမိုရရှိနိုင်ပါတယ် ။
(၆) ရိုးရှင်းသော ဒီဇိုင်းပုံစံရှိခြင်း
Term life insurance တွေဟာ
အများအားဖြင့် ရိုးရှင်းတဲ့ပုံစံတွေရှိကြပါတယ်
ငွေဆက်မသွင်းတော့ဘဲရပ်မယ်ဆိုရင် ဘယ်နှစ်မှာရပ်ရင် အကာအကွယ်ဘယ်လောက်ရမယ် ။ ဘယ်နှစ်မှာငွေပြန်ထုတ်ရင် ဘယ်လောက်ပြန်ရမယ်။ ဘယ်နှစ်မှာ သေဆုံး/ ရောဂါဖြစ်ရင် လျော်ကြေးဘယ်လောက်ရမယ်ဆိုတာ
အာမခံစာချုပ်ထဲမှာ ဇယားနဲ့တခါတည်းတိတိကျကျပါထားပြီးသားမို့ သာမန်လူတယောက်အနေနဲ့ကို ကြည့်ရှုရလွယ်ကူပါတယ် ။
************
များပြားလှတဲ့အသက်အာမခံပုံစံတွေထဲမှာ
တိကျရိုးရှင်းပြီးအကာအကွယ်မြင့်မားတဲ့
Term life insurance အကြောင်းဖော်ပြပေးလိုက်ပါတယ်။
#အသက်_၅၅နှစ်အောက်မိတ်ဆွေများအနေနဲ့
#စိတ်ပါဝင်စားပါကဆက်သွယ်နိုင်ပါတယ်
09-782-295-354
May Myint Mo San
Life insurance
Financial Advisor
Manulife Myanmar
Crd
Min Yel Kyaw Swar
🏡 သံလျှင်မြို့ – ဥယျာဉ်ခြံမြေအရောင်း
📍 တည်နေရာ:
• သံလျှင်မြို့ – သဲဖြူကျောင်းကျေးရွာ
• ဝေဌုကျော် ဖူဆယ်ကွင်းအရှေ့
• ၁၈ ကုန်း
📐 မြေအရွယ်အစား:
• အရှေ့မျက်နှာစာ 65 ft
• အနောက်အရှည် 85 ft
🌱 ဥယျာဉ်ခြံမြေ – သန့်ရှင်းအေးချမ်းတဲ့နေရာ
💰 ဈေးနှုန်း: ၂,၇၀၀ သိန်း (ညှိနှိုင်း၍ရ)
🧲 အလျော့အတင်းရှိ
📞 Viber / Telegram: 09782295354
#အကျိုးဆောင်
#မေမြင့်မိုးစံ_RealEstateServiceMyanmar
22/09/2025
အသက်အာမခံဟာ မိသားစုအတွက် ချစ်ခြင်းမေတ္တာပါပဲ။
အသက်အာမခံထားတာဟာ ကိုယ့်မိသားစုကို ချစ်ကြောင်းနဲ့ တာဝန်ယူစိတ်ရှိကြောင်း ပြသတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ မိသားစုရဲ့ အနာဂတ်အတွက် ကြိုတင်စီမံထားတဲ့ အစီအစဉ်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။
မိသားစုဝင်တစ်ယောက် မကျန်းမာတဲ့အခါမှာ ဘယ်သူမှ ပျော်နိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ချစ်ရတဲ့သူ ခံစားနေရတဲ့ ဝေဒနာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတဲ့အပြင်၊ ဘယ်တော့ ပျောက်မယ်မှန်းမသိတဲ့ ရောဂါအတွက် နေ့တိုင်း ငွေကုန်နေရလို့ပါပဲ။
အသက်အာမခံထားခြင်းဟာ ဒီလိုအခက်အခဲတွေကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်ပါတယ်။ သင်ရွေးချယ်ထားတဲ့ အာမခံပေါ်မူတည်ပြီး ရောဂါဝေဒနာ ခံစားရတာ၊ ဒါမှမဟုတ် ကွယ်လွန်သွားတာမျိုး ဖြစ်လာခဲ့ရင် သတ်မှတ်ထားတဲ့ လျော်ကြေးငွေ ပြန်ရတာမို့ မိသားစုအတွက် ငွေကြေးအထောက်အပံ့ကောင်းတစ်ခု ဖြစ်စေပါတယ်။
ဒါကြောင့် ငွေကုန်ပြီးမှ လူပါဆုံးရှုံးသွားတာမျိုး၊ ကျန်ရစ်တဲ့ မိသားစုဝင်တွေ အကြွေးတွေနဲ့ နာလံမထူနိုင်တာမျိုးတွေ မဖြစ်ရအောင် အသက်အာမခံထားရှိဖို့ အလေးပေးစဉ်းစားသင့်ပါတယ်။
အသေးစိတ်သိရှိလိုပါက 09782295354 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတွေကို စီစဉ်ပေးတဲ့ Manulife ကို ကျေးဇူးတင်ပါတယ်။
ဒီပွဲမှာ ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ကြိုးစားမှု၊ အားထုတ်မှုတွေက တကယ့်ကို အထူးကောင်းမွန်ပါတယ်။
ဒီပွဲလေးမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမားတွေ၊
ပံ့ပိုးကူညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့
လာရောက်အားပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း အထူးတင်ပါတယ်ရှင့်
Click here to claim your Sponsored Listing.