Stationery Studio

Stationery Studio

Share

23/06/2026

Stationery Studio ရဲ့ နိုင်သလောက်သယ်ဘူဖေး အစီအစဉ်ကြီး ပြီးဆုံးဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်နော်။

Stationery Studio မှာ ကျပ် တစ်သောင်းဖိုး ဝယ်ယူပြီးတိုင်း ဘူဖေးအဝကြိတ်လို့ရမဲ့ အစီအစဉ်မှာ ပါဝင်ပြီးကြပြီလား?

တစ်ချို့တွေကတော့ ပေါက်တဲ့ဆုမဲတွေပွေ့ပိုက်ပြီး ပြန်ရုံတင်အားမရလို့ နောက်နေ့တွေထပ်လာဖို့ တာဆူနေကြလေရဲ့။ Stationery Studio မှာ လိုအပ်တာတွေဝယ်ယူရင်း ပစ္စည်းလက်ဆောင်တွေလည်း တဝကြီးပြန်သယ်ရဦးမဲ့ အခွင့်အရေးက ဇွန်လ လကုန်အထိပဲ သတ်မှတ်ထားလို့ ဒီတစ်ခါတော့ လက်မလွတ်စေနဲ့တော့နော်။

ပျော်လည်းပျော်ရမယ်၊ နိုင်သလောက်သယ်နိုင်မဲ့ အခွင့်အရေးလည်း ရဦးမယ်ဆိုမှတော့ ဘူဖေးထဲမှာ ဒီဘူဖေးကိုတော့ ကျော်မသွားကြပါနဲ့ဦးလို့ လက်တို့အသိပေးလိုက်ရပါတယ်ရှင် 👉 👈

21/06/2026

အခုလို မိုးသည်းသည်းရွာနေတဲ့ နေ့တွေမှာ အပြင်သွားရင်း လမ်းမှာ ဖုန်းလာရင် ဒုက္ခများပြီပဲ။

လက်တစ်ဖက်က ထီးကိုကိုင်၊ ဖုန်းကိုလည်း ရေစိုမှာစိုးတာနဲ့ အလုပ်ကိုရှုပ်နေရော။ မိုးသံတွေကြောင့်လည်း တစ်ဖက်လူပြောတာ သေချာမကြားရသလို၊ ကိုယ့်အသံကိုလည်း တစ်ဖက်လူက ရှင်းရှင်းလင်းလင်း မကြားရဘဲ ဖုန်းချလိုက်ရတာမျိုး ခဏခဏ ကြုံဖူးကြမှာပါ။ အဲဒီလိုနဲ့ အရေးကြီးဖုန်းတွေကို မကိုင်ဖြစ်ဘူးဆိုရင်လည်း ကိုယ်ပဲ နစ်နာဦးမယ်။

ဒီလိုမိုးရာသီပြဿနာတွေထဲက လွတ်မြောက်ဖို့အတွက်ဆိုရင် 𝐏𝐨𝐩 𝐂𝐡𝐚𝐧𝐠𝐞 𝐓𝐫𝐮𝐞 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐄𝐚𝐫𝐛𝐮𝐝𝐬 ရှိတယ်နော်! 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝟓.𝟒 နည်းပညာကို သုံးထားတဲ့အတွက် ဖုန်းပြောနေရင်း အသံတုန်ခါတာမျိုး၊ လိုင်းပြတ်တောက်တာမျိုးတွေအတွက် စိတ်မပူရပါဘူး၊ ပြီးတော့ ဖုန်းပြောရတာများတဲ့သူတွေအတွက်ဆိုရင်လည်း နားကြပ်တစ်ဖက်တည်းနဲ့ သုံးပြီးပြောပါက ခန့်မှန်းချိန် ၄ နာရီကနေ ၅ နာရီဝန်းကျင် အထိ ဆက်တိုက်ပြောလို့ရမှာပဲဖြစ်ပါတယ်။ ပြီးရင်လည်း 𝐂𝐚𝐬𝐞 အားသွင်းဘူးထဲ ခဏပြန်ထည့်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း အားပြန်ပြည့်သွားမှာဖြစ်လို့ ဖုန်းပြောရင်း အားကုန်သွားမှာကိုလည်း စိတ်ပူစရာမလိုဘူးနော်။

ဒါဆို မိုးရာသီမှာ ရေစိုဒဏ်ကို အကြမ်းခံနိုင်တဲ့ 𝐈𝐏𝐗𝟒 𝐑𝐚𝐭𝐢𝐧𝐠 မြင့်မားတဲ့အပြင်၊ အသံထွက် ကြည်လင်ပြတ်သားပြီး ရေစိုလည်းခံတဲ့ နားကြပ်မျိုးစုံကို 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 မှာစိတ်တိုင်းကျ လာရောက် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

မိုးရွာနေလို့ဆိုပြီး အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုတွေ လက်လွတ်မခံဘဲနဲ့ မိုးရေထဲမှာတောင်မှ ကြည်ကြည်လင်လင်ကြားရဖို့အတွက် Stationery Studio မှာသာ လာရွေးလိုက်တော့ 😉

21/06/2026

Technical error တချို့အား ဖြေရှင်းနေပါသဖြင့် Stationery studio ဆိုင်အား 21.6.2025 (တနင်္လာနေ့) တစ်ရက်ပိတ်ထားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်ခင်ဗျာ။

20/06/2026

ရုံးအတွက်လိုအပ်တဲ့ စာရေးကိရိယာတွေကို လိုက်ရှာဝယ်မယ်ဆို အချိန်လည်းကုန်မယ်၊ ဘတ်ဂျက်လည်းပိုသုံးနေရမယ်နော်။ ကိုယ့်လုပ်ငန်းခွင်ကို ပိုမိုမြန်ဆန်သွက်လက်စေပြီး စမတ်ကျကျ လည်ပတ်နိုင်ဖို့အတွက် Stationery Studio ရဲ့ B2B Plan က အသင့်ရှိနေပါတယ်။

𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 မှာ 𝐁𝟐𝐁 𝐏𝐥𝐚𝐧 အတွက်
✅တစ်ခါတည်းနဲ့ များများမှာယူမဲ့သူတွေအတွက် ပိုတန်တဲ့ သီးသန့် 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭
✅ ဆိုင်ကနေ ရုံးအထိအရောက်ပို့ဆောင်ပေးမဲ့ 𝐅𝐫𝐞𝐞 𝐃𝐞𝐥𝐢 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅ အသုံးစရိတ်တွေကို ပြန်တင်ပြနိုင်ဖို့အတွက် တိကျသေချာတဲ့ ဘောက်ချာ (𝐈𝐧𝐯𝐨𝐢𝐜𝐞) အပြင်
✅ ရေရှည်လက်တွဲမဲ့ စီးပွားရေးမိတ်ဖက်တွေအတွက် သီးသန့် 𝐏𝐚𝐫𝐭𝐧𝐞𝐫 ခံစားခွင့်တွေလည်း ရှိဦးမှာဆိုတော့ ရုံးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအနေနဲ့ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ ရုံးသုံးပစ္စည်းအစုံကို တစ်နေရာတည်းမှာ စိတ်အချရဆုံးနဲ့ ဈေးအသက်သာဆုံး ရရှိဖို့အတွက် Stationery Studio ရဲ့ B2B Plan ကို အခမဲ့ ဆွေးနွေးတိုင်ပင်ပေးနေပြီမို့လို့ သင့်လုပ်ငန်းအတွက် အခုပဲ လှမ်းခဲ့တော့နော်။

17/06/2026

စာရေးကိရိယာနဲ့ ပတ်သက်ရင် တစ်ယောက်တစ်မျိုး စရိုက်ဆန်းတတ်ကြတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းခဲ့ဖူးရင် Mention သာ ခေါ်ချလိုက်တော့

✅ မင်စိုဘောပင်တစ်မျိုးပဲ သုံးတတ်တဲ့သူငယ်ချင်း
✅ ခဲတံဗူးထဲမှာ ဘောပင်အပြည့်ရှိနေမှ နေတတ်တဲ့သူငယ်ချင်း
✅ စာရေးကိရိယာအသစ်အဆန်းလှလှလေးတွေကို စုထားတတ်တဲ့သူငယ်ချင်း
✅ ဘောပင်ဆိုတာ သူငယ်ချင်းတွေအိတ်ထဲကလာတာပါ ဆိုတဲ့သူငယ်ချင်း
ကဲ … သူများမဟုတ်ဘဲ ကိုယ်တိုင်ကရော ဘယ် သူငယ်ချင်းအမျိုးအစားထဲ ပါတာဖြစ်မလဲ 🤔

14/06/2026

ကျွန်တော်ကတော့ 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 ပါ။ ကျွန်တော်က ရိုးရိုးအရောင်းဆိုင်တစ်ဆိုင်တင် မဟုတ်ပါဘူး။ မင်းရဲ့ နေ့စဉ်ဖြတ်သန်းမှုတိုင်းမှာ အမြဲအဖော်ပြုပေးနေမဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အတန်းထဲမှာ၊ ရုံးခန်းထဲမှာ အလုပ်တွင်ကျယ်စေမဲ့ ကျွန်တော့်ရဲ့ စုံလင်လှတဲ့ကျောင်းသုံး၊ ရုံးသုံးပစ္စည်းတွေနဲ့ အဖော်ပြုပေးမယ်။ ကျောင်းစာတွေကြောင့်၊ ရုံးအလုပ်တွေကြောင့် စိတ်ရှုပ်လာရင်လည်း စိတ်အပန်းပြေသွားအောင် သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်ဖို့ ကျွန်တော့်မှာ အသံထွက်ကြည်လင်တဲ့ နားကြပ်ကောင်းကောင်းလေးတွေရှိတယ်။ နေ့တိုင်းမပါဖြစ်တဲ့ ကိုယ့်ရဲ့ ဖုန်းလေးကိုလည်း အားအပြည့်သွင်းနိုင်ဖို့ အားသွင်းကြိုးကောင်းကောင်းတွေ၊ 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤 တွေကို ကျွန်တော့်ဆီမှာ ရွေးချယ်နိုင်ပါတယ်။

ကျောင်းသားဘဝ၊ လုပ်ငန်းခွင်ဘဝ နေရာတိုင်းမှာ စွမ်းဆောင်ရည်တွေ တက်လာစေဖို့နဲ့ စိတ်အပန်းပြေစေဖို့ ကျွန်တော်က နောက်ကွယ်ကနေ အမြဲခွန်အားဖြည့်ပေးနေမှာမို့လို့ ပစ္စည်းအသစ်တွေ လိုအပ်လာရင် 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 ဆိုတဲ့ ကျွန်တော့်ကိုပဲ သတိရလိုက်ပါ။

“နေ့စဉ်ဖြတ်သန်းမှုတိုင်းကို ပြည့်စုံပျော်ရွှင်စေလို … အမြဲ အတူတူရှိနေပေးမဲ့𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨"

#𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲𝐒𝐭𝐮𝐝𝐢𝐨 #𝐁𝐫𝐚𝐧𝐝𝐢𝐧𝐠 #𝐏𝐎𝐕 #𝐘𝐨𝐮𝐫𝐁𝐞𝐬𝐭𝐅𝐫𝐢𝐞𝐧𝐝 #𝐃𝐚𝐢𝐥𝐲𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬 #𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 #𝐒𝐦𝐚𝐫𝐭𝐆𝐚𝐝𝐠𝐞𝐭𝐬

13/06/2026

လာပြီဗျို့ လာပြီ … ဘူဖေးအစီအစဉ်ကြီးလာပါပြီ !!

စာရေးကိရိယာ ချစ်သူတွေအားလုံး စိတ်ဝင်စားနေကြတဲ့ Stationery Studio ဘူဖေးဆိုတာ ဘာလဲသိရဖို့ အချိန်ကျရောက်လာပါပြီ?

Stationery Studio ဘူဖေးဆိုတာ သတ်မှတ်ထားတဲ့ အချိန် ၄၅ စက္ကန့်အတွင်းမှာ ပုံးလေးထဲက ဘောလုံးလေးတွေကို တူနဲ့ညှပ်ပြီး ရသလောက်ကောက်ရမဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဘောလုံးလေးအတွင်းမှာ ဆုမဲတွေကို ရေးထားမှာဖြစ်ပြီးတော့ သတ်မှတ်ကာလအတွင်းမှာ ကောက်နိုင်သမျှ ဆုမဲတွေက ကိုယ့်အပိုင်ပဲနော်။

Stationery Studio ဘူဖေးမှာ ဘယ်လိုပါဝင်ရမလဲ?
Stationery Studio မှာ စာရေးကိရိယာတွေ ကျပ် “တစ်သောင်း” ဖိုးဝယ်ယူသူတိုင်း ဒီအခွင့်အရေးမှာ ပါဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ “နှစ်သောင်း" ကျပ်ဖိုးဝယ်ယူမယ်ဆိုရင်တော့ နှစ်ကြိမ်ပေါ့။ သတ်မှတ်ထားတဲ့ အချိန် (၄၅) စက္ကန့်အတွင်းမှာ ကောက်နိုင်သမျှကောက်လို့ရတယ်ဆိုပေမဲ့ ဘောလုံးတွေကို ရလာပြီဆိုရင် ဘေးမှာရှိတဲ့ ခြင်းတောင်းထဲကိုတန်းထည့်လို့မရသေးပဲ သတ်မှတ်ထားတဲ့ နေရာကနေမှဆင့် သယ်ယူလာပြီးထည့်လို့ရမှာဖြစ်လို့ သေချာဂရုတစိုက်နဲ့ ထည့်ရဖို့တော့လိုမယ်နော်၊ Box ထဲမှတူနဲ့ကိုင်လို့ရတာတဲ့ ဘောလုံးတွေကို သတ်မှတ်နေရာကနေ ဖြတ်ကျော်လာပြီး ခြင်း လေးထဲကို ထည့်လို့ရကာမှ အကျုံးဝင်မှာဆိုတော့ တကယ်ကို စိတ်လှုပ်ရှားစရာပဲနော် 🤩

ဆုတွေအနေနဲ့ ဘောပင်၊ ခဲဖျက်၊ ခဲတံ စတဲ့စာရေးကိရိယာတွေအပြင် Special Prize တွေလည်း ပါဝင်မှာဖြစ်လို့ ဒီအခွင့်အရေးကို လုံးဝလက်လွှတ်လိုက်လို့မဖြစ်ဘူးနော်။

ကဲ… ဒီအတွက်သတ်မှတ်ကာလက ဇွန်လကုန်အထိပဲဖြစ်လို့ လက်စွမ်းပြချင်တယ်ဆိုရင် မြန်မြန်လေး လာခဲ့ဖို့ ဖိတ်ခေါ်ရင်း ကံထူးရှင်တွေကို စောင့်မျှော်နေပါတယ်။

12/06/2026

"Bunny ရဲ့ Day 2 Show ကို Stationery studio နဲ့အတူတူသွားရအောင်! 🎤🌙

Stationery Studio မှာ BOSS စာရေးကိရိယာ ၁ သိန်းဖိုးဝယ်ရုံနဲ့ Ticket တစ်စောင် လက်ဆောင်ရမှာပါ။ လက်မှတ်အစောင်ရေ အကန့်အသတ်ရှိလို့ အမြန်ဆုံးဝယ်ယူဖို့ အကြံပေးပါရစေ။

နောက်ထပ် Surprise တွေ သိချင်ရင်တော့ Stationery Page ကို Like & See First လုပ်ထားဖို့ မမေ့နဲ့နော်! 💙"

“ကျောင်းအတွက် လိုအပ်သမျှဝယ်ရင်း 𝐁𝐮𝐧𝐧𝐲 ရဲ့ 𝐒𝐨𝐥𝐨 𝐒𝐡𝐨𝐰 ကိုတူတူသွားကြမလား”

𝐁𝐎𝐒𝐒 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 ကိုအမြဲအားပေးနေတဲ့ 𝐁𝐎𝐒𝐒 𝐁𝐮𝐧𝐧𝐲 တို့အတွက် စောင့်မျှော်‌နေတဲ့ သတင်းကောင်းလေးတစ်ခု‌ရောက်လာပြီနော်။

ကိုယ်ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ အိမ်ကကလေးလေးတွေအတွက်ပဲဖြစ်ဖြစ် 𝐁𝐎𝐒𝐒 စာရေးကိရိယာ ( ၁ သိန်း ) ဖိုးဝယ်ယူတာနဲ့ 𝐁𝐮𝐧𝐧𝐲 𝐎𝐧 𝐓𝐡𝐞 𝐌𝐨𝐨𝐧: 𝐃𝐚𝐲 𝟐 𝐭𝐢𝐜𝐤𝐞𝐭𝐬 လေးတွေ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဆိုတော့ ဘယ်မှာဝယ်ရမလဲ? ဘယ်လိုဝယ်ရမလဲ? သိချင်နေကြပြီမလား… 🫣
12.6.2026 ရက်နေ့မှ စတင်ပီး

(၁) 𝐁𝐎𝐒𝐒 ရဲ့ 𝐑𝐞𝐭𝐚𝐢𝐥𝐞𝐫 ဆိုင်တစ်ဆိုင်ဖြစ်တဲ့ 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 ကိုသွား၊
(၂) ဆိုင်ကိုရောက်ပြီဆိုရင် 𝐁𝐎𝐒𝐒 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 ကထုတ်တဲ့ စာရေးကိရိယာ ( ၁ သိန်း ) ဖိုးဝယ်၊
ဝယ်ပြီးတာနဲ့ ဘောင်ချာလေးနဲ့အတူတူ 𝐁𝐮𝐧𝐧𝐲 𝐎𝐧 𝐓𝐡𝐞 𝐌𝐨𝐨𝐧: 𝐃𝐚𝐲 𝟐 𝐭𝐢𝐜𝐤𝐞𝐭 လေးပါရယူနိုင်ပါပြီ။

📌 အရေအတွက်က အစောင်(၃၀)ပဲ အကန့်အသတ်ရှိတာဖြစ်လို့ ဆိုင်ကိုအပြေးသွားပြီး မြန်မြန်လေးဝယ်ထားမှ စိတ်ချရမယ်နော်။ *တစ်ဦးလျှင် Ticket တစ်စောင်သာ*

𝐁𝐮𝐧𝐧𝐲 𝐎𝐧 𝐓𝐡𝐞 𝐌𝐨𝐨𝐧: 𝐭𝐢𝐜𝐤𝐞𝐭𝐬 နဲ့ပတ်သက်တဲ့ Surprise အစီအစဥ်တွေ ထပ်ရှိသေးတာကြောင့် 𝐁𝐎𝐒𝐒 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 page ကို See First လုပ်ပြီး စောင့်ကြည့်ထားဖို့လည်းမမေ့နဲ့ဦးနော်…

“တွေးသမျှ ‌ရေးသမျှ 𝐁𝐎𝐒𝐒 နဲ့မှ”

𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨
လိပ်စာ: အမှတ်(၃၉၄)၊ ကမ်းနားလမ်း၊ သရက်တော (၅)လမ်းနှင့် နိဗ္ဗာန်လမ်းကြား၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
Ph no. :01 7532998 , 09424663081

10/06/2026

Stationery နဲ့ တူနဲ့ ဘာများဆိုင်လို့လဲဆိုရင်တော့ ကျွန်တော်နဲ့ သူမလိုပဲ ဘာမှ မသက်ဆိုင်ဘူးပေါ့ဗျာ 🥹

ဒါပေမဲ့ လုံးဝမဆိုင်တာတော့ မဟုတ်ပါဘူး ဆိုင်သလိုလို၊ မဆိုင်သလိုလိုတော့ ရှိပါတယ်။

ကဲပါ … ကိုယ်က တူကိုင်တာကျွမ်းတဲ့သူဆိုရင်တော့ Stationery Studio က “𝐒𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐢𝐬 𝐜𝐨𝐦𝐢𝐧𝐠 ” ဆိုတာကြီးက ဘော်ဒါတို့ အတွက်ပဲလို့သာ မှတ်လိုက်ပေတော့ 😎

09/06/2026

ကျောင်းတက်တုန်းကဆို အတန်းထဲမှာ မှင် ၆ ရောင်လောက်ပါပြီး တစ်လှည့်စီ နှိပ်သုံးရတဲ့ ဘောပင်အကြီးကြီးတွေကို တတောက်တောက် နှိပ်ပြီးသုံးပြနေတဲ့ သူငယ်ချင်းရှိရင် အားကျရတာ အမောပဲ။

ကိုယ့်တွေခေတ်တုန်းက ဒီလို 𝐌𝐮𝐥𝐭𝐢 𝐏𝐞𝐧 တွေက တော်တော်လည်း ရှားသလို ဈေးကလည်း ကြီးတာကိုး။ အဲဒီတုန်းကတော့𝐌𝐮𝐥𝐭𝐢 𝐏𝐞𝐧 တွေကို ဆရာမတွေနဲ့ ကျောင်းသားတချို့ပဲ ကိုင်နိုင်တာမျိုးလေ။ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်ယောက် ပါလာပြီဆိုရင် ဘေးကနေ ဝိုင်းကြည့်ပြီး ငှားလည်းနှိပ်ကြည့်ရသေးတာ 🤣

အခုခေတ်မှာတော့ 𝐌𝐮𝐥𝐭𝐢 𝐏𝐞𝐧 ဆိုတာ ရှားပါးပစ္စည်းမဟုတ်တော့ပါဘူး။ 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 မှာဆိုရင် အရောင်အသွေးနဲ့ ဒီဇိုင်းတွေ စုံလင်လှပရုံတင်မကဘဲ ရေးရတာလည်းကောင်း၊ ဈေးနှုန်းကလည်း တန်တဲ့ 𝐌𝐮𝐥𝐭𝐢-𝐜𝐨𝐥𝐨𝐫 𝐏𝐞𝐧 ဆန်းဆန်းလေးတွေကို စိတ်ကြိုက်လာရွေးလို့ ရတယ်နော်။
ရုံးမှာသုံးဖို့ စတိုင်လ်ကျတာရွေးမလား၊ သူငယ်ချင်းတွေကြားမှာ ဒီဇိုင်းဆန်းဆန်းနဲ့ အထာကျချင်လား 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 မှာသာ လာရွေးလိုက်တော့ 😉

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်: 𝟎𝟏 𝟕𝟓𝟑 𝟐𝟗𝟗𝟔, 𝟎𝟏 𝟕𝟓𝟑 𝟐𝟗𝟗𝟕, 𝟎𝟏 𝟕𝟓𝟑 𝟐𝟗𝟗𝟖
🏠 လိပ်စာ: အမှတ်(၃၉၄)၊ ကမ်းနားလမ်း၊ သရက်တော (၅) လမ်းနှင့် နိဗ္ဗာန်လမ်းကြား၊
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

🕗 ဆိုင်ဖွင့်ချိန်: မနက် ၈:၀၀ မှ ည ၇:၀၀ ထိဖြစ်ပြီး တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါတယ်နော်။

"ခေတ်မီ၊ ဒီဇိုင်းဆန်း အထာကျတာ .... 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 𝐒𝐭𝐮𝐝𝐢𝐨 မှာရှာ"

#𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲𝐒𝐭𝐮𝐝𝐢𝐨 #𝐌𝐮𝐥𝐭𝐢𝐂𝐨𝐥𝐨𝐫𝐏𝐞𝐧 #𝐍𝐨𝐬𝐭𝐚𝐥𝐠𝐢𝐚 #𝐁𝐚𝐜𝐤𝐓𝐨𝐒𝐜𝐡𝐨𝐨𝐥𝟐𝟎𝟐𝟔 #𝐒𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲𝐀𝐝𝐝𝐢𝐜𝐭

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon