UNHCR
27/03/2026
(English Below) ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီး တစ်နှစ်အကြာမှာတော့... မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးခရီးလမ်းကို အကျိုးခံစားရမယ့် ရပ်ရွာလူထုကိုယ်တိုင်ကပဲ ဦးဆောင်ပြီး လမ်းခင်းပုံဖော်နေကြပြီ ဖြစ်ပါတယ်။ မိမိတို့ကျေးရွာ ပြန်လည်တည်ဆောက်ရေးမှာ ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်နေတဲ့ မမွန်မွန်ဦး နဲ့ သူမဆိုင်ကို ဖောက်သည်တွေ ပြန်လာလို့ ပြန်လည်အသက်ဝင်လာတဲ့ ဆိုင်ပိုင်ရှင် ဒေါ်ခင်စန်းလွင် တို့လို ဒေသခံသူရဲကောင်းတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ပြတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ 🏪🏘️
ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ ရပ်ရွာလူထုရဲ့ စုပေါင်းအင်အားနဲ့ ဖော်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီပေးနေကြတာပါ။
UNDP က ထောင်နဲ့ချီတဲ့ ရပ်ရွာလူထုတွေနဲ့လက်တွဲပြီး အိမ်တွေပြန်ပြင်တာ၊ ရွာအတွက် လိုအပ်တဲ့စီမံကိန်းတွေကို ဦးဆောင်လုပ်ကိုင်ပေးနေသလို၊ UNHCR ကလည်း အသစ်ပြန်ပြင်ထားတဲ့ လမ်းတွေမှာ ညဘက်ဆိုရင် ဘေးကင်းကင်းနဲ့ သွားလာလို့ရအောင် ဆိုလာလမ်းမီးတိုင်တွေ တပ်ဆင်ပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ ILO က လူငယ်လုပ်သားတွေကို ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိလာအောင် ပျိုးထောင်ပေးနေတဲ့အတွက် ရွာကိုပြန်လည်တည်ဆောက်ရင်းကနေ သူတို့ရဲ့အနာဂတ်အတွက် အလုပ်အကိုင်တစ်ခုအဖြစ်ကိုပါ ရရှိသွားစေမှာပါ။
အခုလို အရေးပါလှတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပြန်ကောင်းအောင် လုပ်ပေးတာဟာ အဆောက်အအုံတွေကို ပြုပြင်ပေးရုံတင် မဟုတ်ပါဘူး။ ဒေသတွင်း စီးပွားရေးကို ပြန်ပြီး အသက်ဝင်လာစေသလို ရပ်ရွာလူထုကို စုစည်းစေတဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ပြန်ပြီး ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
အောက်ခြေကစပြီး ကျွန်တော်တို့တွေ ဘယ်လိုမျိုး ပြန်လည်တည်ဆောက်နေကြသလဲဆိုတာကို 👉https://shorturl.at/X28kb မှာ ဖတ်ရှုနိုင်ပါပြီ။
One year after the earthquake, the road to recovery in Myanmar is being paved by the very people it serves. This is a story of resilience led by local heroes like Mon Mon Oo, who supervises construction in her village, and Daw Khin San Lwin, whose shop is finally "alive again" now that customers can reach her door. 🏪🏘️
This recovery is a collective effort driven by the community and supported by the UN in Myanmar and its partners. While UNDP works alongside thousands of community members to lead housing repairs and local planning, UNHCR is brightening these newly restored roads with solar-powered streetlights to ensure safety after dark. At the same time, the ILO is partnering with young workers to build professional construction skills, turning the act of rebuilding a village into a career for the future.
By restoring these vital links, we aren't just fixing infrastructure—we are reviving local economies and reconnecting the daily routines that hold a community together.
Read how we are rebuilding from the ground up 👉 https://myanmar.un.org/en/312356-rebuilding-ground-myanmar
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |