Aung Education

Aung Education

Share

13/06/2026

Grade 10 Physics - Chapter 3 (Freely Falling Bodies)
​Physics မှာ အမှတ်ရလွယ်ပြီး သေချာနားလည်ထားရင် တကယ့်ကို ပျော်စရာကောင်းတဲ့ Freely Falling (လွတ်လပ်စွာကျဆင်းခြင်း) အကြောင်းကို ဒီနေ့ Video လေးမှာ ရှင်းပြပေးမယ်
​ဒီသင်ခန်းစာထဲက ကျောင်းသား/သူအများစု တွက်ရတာ အခက်တွေ့တတ်တဲ့ Example 5 နဲ့ Example 6 ပုစ္ဆာနှစ်ပုဒ်ကို Formula အသုံးပြုပုံကအစ၊ အပေါင်း/အနှုတ် လက္ခဏာ စဉ်းစားပုံအဆုံး အသေးစိတ် အဆင့်ဆင့် တွက်ပြပေးထားပါတယ်။

+or - g တန်ဖိုးကို ဘယ်အချိန်မှာ ဘယ်လိုသုံးမလဲ?
​ပုစ္ဆာကို မြင်တာနဲ့ ဘယ်ကနေစတွက်ရမလဲ?
​ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်
အလွယ်တကူ တွက်ချက်နိုင်ရပါ့မယ်

Photos from Aung Education 's post 11/06/2026

Grade 11 maths Ex 4.3

No3 ကိုအပိုင်းခွဲတွက်ပြထားပါတယ်

Photos from Aung Education 's post 10/06/2026

Grade 11 (စနစ်သစ်) သားတို့ သမီးတို့အတွက် Physics/Maths 3/4 Marks တန် မေးခွန်းကောင်းလေးတွေ စုစည်းမှ
​စာမေးပွဲမှာ အမှတ်များများရဖို့ဆိုရင် အမှတ်ကြီးတဲ့ 4 Marks တန် မေးခွန်းတွေကို အမှားမရှိ တွက်နိုင်ဖို့ အရမ်းအရေးကြီးတယ်နော်။
​ဒီနေ့ Tr. Mie က Grade 11 Maths ရဲ့ အရေးကြီးဆုံး Chapter ကြီး (၃) ခုဖြစ်တဲ့:
Chapter 1: Remainder and Factor Theorems
Chapter 2: Binomial Theorem

​တို့ထဲကနေ စာမေးပွဲမှာ မဖြစ်မနေ သိထားရမယ့် ပုံစံဆန်း 4 Marks တန် မေးခွန်းနဲ့ အဖြေတွက်နည်းတွေကို စုစည်းပေးထားပါတယ်။
​အိမ်မှာ ကိုယ်တိုင်တွက်ကြည့်ပြီး အဖြေတိုက်ကြည့်လို့ရအောင်
မိမိတို့ရဲ့ သားသမီးများကို Grade 10, Grade 11 ရဲ့ Mathematics & Physics ဘာသာရပ်တွေမှာ အခြေခံကအစ စနစ်တကျနဲ့ အမှတ်ကောင်းကောင်းရစေချင်ရင်တော့ Aung Education (Tr. Mie) ရဲ့ Online One-on-One Class တွေမှာ လက်ခံသင်ကြားပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်။
​သင်တန်းအသေးစိတ်ကို Page Messenger ကနေ လာရောက်စုံစမ်းနိုင်ပါတယ်

09/06/2026

Grade10/11 maths ရဲ့သိသင့်သိထိုက်တဲ့Anglesများ
အကြောင်းမျှဝေပေးလိုက်ပါပြီ
Geometry ကို စလေ့လာတဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ အခြေခံအကြောင်းအရာတစ်ခုကတော့ "ထောင့် (Angles)" ပါ။
ထောင့်တွေကို နေ့စဉ်ဘဝမှာ အိမ်ထောင့်၊ တံခါးဖွင့်တဲ့အနေအထား၊ နာရီလက်တံတွေ စတဲ့ နေရာများစွာမှာ တွေ့နိုင်ပါတယ်။

Grade 10 / 11 Geometry လေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အခြေခံကောင်းတစ်ခု ဖြစ်စေမှာပါ။

Photos from Aung Education 's post 08/06/2026

Grade11.Chapter - 3 ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Elementary Functions (အခြေခံဖန်ရှင်) တွေနဲ့ Transformations (ပြောင်းလဲမှုများ) အကြောင်းကို မျက်စိထဲမြင်သာအောင် ပုံလေးတွေနဲ့ စုစည်းပေးထားပါတယ်
​Graph တွေရဲ့ ပုံသဏ္ဌာန်က ဘာလို့ ဒီလိုဖြစ်သွားရတာလဲ? ဒါတွေကို နားလည်ထားရင် နောက်ပိုင်း Advanced ပုစ္ဆာတွေတွက်တဲ့အခါ Graph ဆွဲရတာ တကယ့်ကို လွယ်ကူသွားမှာပါ။

​ဒီနေ့တော့ Chapter - 3 ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Elementary Functions တွေကို တစ်နေရာတည်းမှာ အလွယ်တကူ မှတ်မိနေစေဖို့ imageထဲမှာ Graph ပုံစံလေးတွေနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။
Chapter - 3 ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ Transformations (ပြောင်းလဲမှုများ) အကြောင်းကို မျက်စိထဲကွင်းကွင်းကွက်ကွက် မြင်သွားစေမယ့် Graph လေးတွေ စုစည်းပေးလိုက်ပါတယ်။
​မူရင်းဖန်ရှင်တစ်ခုကို ပုံသေနည်းပြောင်းလိုက်တာနဲ့ Graph တွေက ဘယ်လိုရွေ့လျားသွားလဲဆိုတာ အလွယ်မှတ်လို့ရပါတယ်။
​Vertical Shift: အပေါ်အောက် ရွေ့တာ
​Horizontal Shift: ဘယ်ညာ ရွေ့တာ
​Stretching / Shrinking: ကားထွက်လာတာ ဒါမှမဟုတ် ရှုံ့ဝင်သွားတာ
​Reflection: မှန်ထဲကလို ပြောင်းပြန်လှန်လိုက်တာ y = -f(x)

04/06/2026

"Action visualizes Reaction" - သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်?
​Grade 10 Physics Chapter 3 ထဲက ကျောင်းသားတွေ အကြိုက်ဆုံးနဲ့ မျက်စိထဲအမြင်သာဆုံးဖြစ်မယ့် Newton's Third Law of Motion အကြောင်းကို လေ့လာကြရအောင်။
​ဒီနိယာမက အရမ်းရိုးရှင်းသလို အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ "အရာဝတ္ထုတစ်ခုက ဒုတိယအရာဝတ္ထုတစ်ခုပေါ်ကို အားတစ်ခု သက်ရောက်လိုက်ရင် (Action)၊ ဒုတိယအရာဝတ္ထုကလည်း ပထမအရာဝတ္ထုပေါ်ကို ပမာဏတူပြီး လားရာဆန့်ကျင်ဘက်ဖြစ်တဲ့ တန်ပြန်အား (Reaction) တစ်ခု ချက်ချင်းပြန်သက်ရောက်တယ်" ဆိုတာပါပဲ။
​ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မြင်နေရတဲ့ -
​ရေကူးတဲ့အခါ လက်နဲ့ရေကို နောက်ထဲတွန်းမှ ကိုယ်က ရှေ့ကိုရွေ့တာ
​ဒုံးပျံ (Rocket) တွေ အပေါ်ကို ပျံတက်ဖို့အတွက် လောင်စာဓာတ်ငွေ့တွေကို အောက်ဘက်ကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်ရတာ
​လမ်းလျှောက်တဲ့အခါ ကျွန်တော်တို့ခြေထောက်က မြေကြီးကို နောက်ဘက်တွန်းလိုက်လို့ မြေကြီးက ကျွန်တော်တို့ကို ရှေ့တွန်းပေးတာ
​ဒါတွေအားလုံးဟာ Newton's Third Law ရဲ့ သဘောတရားတွေပဲဖြစ်ပါတယ်။ Physics ဆိုတာ အလွတ်ကျက်စရာမလိုဘဲ Concept ကိုမိရင် ပုစ္ဆာတွက်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။

02/06/2026

Turning Effect (Moment) အတွက် မမေ့သင့်တဲ့ အဓိက Tips များ-

Perpendicular Distance (d) ကို အမြဲသတိထားပါ
​Moment ပုံသေနည်းဟာ M = F x d ဖြစ်ပါတယ်။ ဒီနေရာမှာ d ဟာ ထောက်မှတ် (Pivot) ကနေ အားသက်ရောက်တဲ့လိုင်း (Line of action of force) အပေါ်ကို ဆွဲထားတဲ့ ထောင့်မတ်အကွာအဝေး (Perpendicular Distance) ဖြစ်ရပါမယ်။ တကယ်လို့ ပေးထားတဲ့အကွာအဝေးက စောင်းနေရင် သုံးပြီsin ထောင့်မတ်အကွာအဝေး ရှာပေးရပါမယ်။
"Uniform beam" သို့မဟုတ် "Uniform meter rule" လို့ မေးခွန်းမှာ ပါလာရင် အဲဒီပစ္စည်းရဲ့ အလေးချိန် (Weight) ဟာ သူ့ရဲ့ အလယ်ဗဟို (Center of Gravity - CG) မှာ သက်ရောက်နေတယ်ဆိုတာကို မမေ့ပါနဲ့။
​ဥပမာ- 100cm ရှိတဲ့ ပေတံဆိုရင် 50cm အမှတ်မှာ Weight သက်ရောက်နေမှာ ဖြစ်ပါတယ်။

Photos from Aung Education 's post 01/06/2026

Grade11 physics chapter3 pressure ထဲကexercises နဲနဲနဲ့ မေးနိုင်တဲ့question တွေ ၊ လေ့လာရအောင်ထည့်ပေးထားပါတယ်
Formula တွက်ထုတ်ထားတာတွေရော

30/05/2026

Grade 9 မှ Grade 12 အထိ One by One အွန်လိုင်းအတန်းများ။ 💻✨
​ကျောင်းစာမှာ ထူးချွန်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ Aung Education (tr mie) မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
​စာသင်ခန်းထဲမှာ အာရုံမစိုက်မိလို့ စိုးရိမ်နေတဲ့ မိဘတွေအတွက် စိတ်ချရဆုံးနဲ့ အထိရောက်ဆုံး တဦးချင်း အနီးကပ်သင်ကြားမှု စနစ်ပါ။
Your Success, Our Goal!" ဆိုတဲ့အတိုင်း ကျောင်းသား/သူတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို လိုက်လျောညီထွေဖြစ်အောင် အနီးကပ် ပြုစုပျိုးထောင်ပေးမယ့် Aung Education - One by One Online Class ဖြစ်ပါတယ်။
​အချိန်ဇယားကိုလည်း မိမိတို့အဆင်ပြေမယ့် အချိန် ညှိနှိုင်းတက်ရောက်နိုင်သလို၊ Grade 9, 10, 11 အတွက် ဘာသာရပ် ၂ ခုတွဲ တက်ရောက်မယ့်သူတွေလည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။
Grade 9 ကနေ Grade 12 အထိ သင်္ချာ၊ အင်္ဂလိပ်စာနဲ့ ရူပဗေဒ ဘာသာရပ်တွေကို စနစ်တကျနဲ့ နားလည်လွယ်အောင် အိတ်စိုက်သင်ကြားပေးနေပါပြီ။
စုံစမ်းမေးမြန်းချင်ရင်တော့ph 09892064067
Viber+959892064067
Personal tele

Aung Education page မှာreply ကြာနေလျှင်09892064067သို့ဆက်သွယ်နိုင်ပါတယ်

Photos from Aung Education 's post 30/05/2026

📚 Grade 11 Physics - Chapter 3
​ကျောင်းသား/ကျောင်းသူများ စာမေးပွဲအတွက် လေ့လာရလွယ်ကူအောင် Chapter 3 ရဲ့ note ကို တင်ပေးလိုက်ပါတယ်။
​အခြေခံကစပြီး သေချာနားလည်အောင် တွက်ချက်ပြထားလို့ အိမ်မှာတင် ကိုယ်တိုင် လေ့ကျင့်နိုင်မှာပါ။
Class အသေးစိတ်ကို စုံစမ်းချင်ရင်တော့ Page Messenger ကနေ ဆက်သွယ်နိုင်ပါတယ်
Chapter3 grade 11 ကျောင်းသားကျောင်းသူတွေအတွက်လေ့လာမှူများပါတယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon