Nehemiah Foundation Myanmar
29/10/2025
NFM အနေဖြင့် စေတနာ အလှူရှင်များ၏ ပါဝင်ပေးခြင်းကြောင့်ကလေး (၄) ဦးမိခင မုဆိုးမအား စျေးရောင်းရာ တွင် အထူးလိုအပ်လျက်ရှိသော တွန်းလှည်းအား ကူညီပေး နိုင်ခဲ့ပါတယ်။ စျေးရောင်းခြင်းဖြင့် မိသားစုအား ကျွေးမွေးရာတွင် ပိုမိုလွယ်ကူတော့မည်ဖြစ်သည်။
ပါဝင်လှူဒါန်းပေးသူများကို ဘုရားအထူးကောင်းကြီးပေးပါစေ။
“ပြိုပျက်ရာများကို အတူတကွလက်တွဲတည်ဆောက်ကြပါစို့”
10/06/2025
ဘုရားသခင်အခွင့်ပေးလျှင် ဆက်ပြီး ငလျင်သင့်ပြည်သူများအား ကူညီခြင်းကို မကြာခင်ပြန်လည်လုပ်ဆောင်မည်ဖြစ်သောကြောင့် ဝန်တာရှိရှိ ပါလိုဝင်လိုပါက NFM သို့ ဆက်သွယ်ပေးနိုင်ပါကြောင်းဖိတ်ခေါ်ပါသည်။
အင်းသူ၊ အင်းသားများကို ခွန်အားပေးတိုက်တွန်းခြင်း
30/05/2025
ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် ဝန်တာရှိသော အလှူရှင် များ၏ ရက်ရောစွာပါဝင်ပေးခြင်းကြောင့် အင်းလေးဒေသ မှာငလျင်ကြောင့် ဒုက္ခရောက်ကြတဲ့ ပြည်သူ အိမ်ခြေ (၁၅၀) ခန့်ခံ သွပ်များ အနည်းငယ်စီကူညီပေးခွင့် ရခဲ့ပါတယ်။ အင်းသူ၊ အင်းသားများရဲ့ ရိုးသားမှု၊ ဝမ်းမြောက်ခြင်းများကိုမြင်ရတာ အထူးအားရမိပါတယ်။
အထူးသဖြင့် မကျန်းမာသောသူများစွာအတွက် ဆုတောင်းပေးခြင်း၊ နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးခြင်းများ လုပ်ဆောင်နိုင်လို့ ပို၍ ဝမ်းသာရပါတယ်။ ဘုရားရဲ့ မေတ္တာအထူးခံစားကြပါစေ။
အင်းလေးရောက်တိုင်း အကောင်းဆုံးကြိုဆိုပြီး စီမံပေးတဲ့ ဆရာတော်ဖိလိ၊ NFM အဖွဲ့သားများ၊ ဆုတောင်းပေးခြင်း၊ ပေးကမ်းခြင်းဖြင့် ပါဝင်ကြသူများ အားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း မှတ်တမိးတင်ပါတယ်။
ပြိုပျက်ရာများ ပြန်လည်တည်ဆောက်ရန် များစွာလိုအပ်ပါ သေးတယ်။ ထို့ကြောင့် ထပ်မံပါဝင်လိုပါက NFM ကို အမြဲဆက်သွယ်ကာ ပါဝင်နိုင်ပါတယ်။
အကြောင်းအရာ၊ အကြောင်းတရားများစွာနဲ့ ပြိုလဲနေသူများ ပြန်လည် ထနိုင်ရန်၊ ရှင်သန်နိုင်ကြရန်၊ မျော်လင့်ခြင်းတွေ ပြန်ရှိလာကြရန် “ ပြိုပျက်ရာများ ပြန်လည်တည်ဆောက်ခြင်း၌အတူတကွ” ပါဝင်ကြပါရန် ဖိတ်ခေါါပါတယ်။
Together We Can Rebuild the Broken! More hands will build more lives.
30.5.2025
Innlay
Voice from Innlay
29/05/2025
NFM အဖွဲ့ အင်းလေးဒေသရှိငလျင်သင့်ပြည်သူများအား ကူညီပေးရန် ကျန်းမာစွာ အင်းလေးရောက်ပါပြီ။ မနက်ဖြန် အကူအညီပေးခြင်းများ လုပ်ဆောင်ပါမည်။
ပါဝင်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
25/05/2025
အင်းလေးဒေသငလျင်သင့်ပြည်သူများထံ ဒုတိယအကြိမ် အကူအညီပေးရန် လာမည့် အပတ် ကြာသပဒေးနေ့တွင် ရန်ကုန်မှသွားမည်ဖြစ်သည်။
ပိုမိုထိရောက်စွာသာ၍များသော မိသားစုများကို ကူညီပေးနိုင်ရန် ပါဝင်လိုပါက ဆက်သွယ်နိုင်ပါသည်။
အတူတကွပြိုပျက်ရာများကိုပြန်လည်တည်ဆောက်ကြပါစို့။
Let’s join our hands together to Rebuild the Broken Together.
Please reach us if you want to help the earthquake victims in Innlay.
NFM is Ready for the Second Time Relief Trip!
19/05/2025
အင်းလေးခေါ်သံ
NFM အနေဖြင့် အင်းလေးဒေသငလျင်သင့်ပြည်သူများထံ ဒုတိယအကြိမ် သွားရောက်လှူဒါန်းခြင်းအတွက် လာမည့် အပတ်တွင် ခရီးပြုမည်ဖြစ်သည်။
အင်းလေးဒေသရှိငလျင်သင့်ပြည်သူများအား NFM မှတဆင့် ပါဝင်ပေးကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ဆက်ပြီးပါဝင်လိုလျှင် ဆက်သွယ်ပေးနိုင်ကြပါကြောင်း ဖိတ်ခေါ်ပါသည်။
NFM will make her second trip to help the earthquake victims in Innlay next week. We are grateful to each donor and giver for the generous giving. We continue to invite for more donation.
Together we can make a Difference! Let’s join our hands together to Rebuild the Broken!
Thank you.
NFM Team
11/05/2025
Calling from Innlay! အင်းလေးခေါ်သံ
အင်းလေးဒေသငလျင်သင့်ပြည်သူများထံ ဒုတိယအကြိမ်သွားရောက်ကူညီခြင်းအား မိုးတွင်းမတိုင်ခင်သွားရန် စီစဥ်လျက်ရှိပါသည်။ မေလမကုန်ခင်သွားနိုင်ရန် ကြိုးစားနေပါသည်။
ထို့ကြောင့် အင်းလေးဒေသရှိငလျင်သင့်ပြည်သူများအား ကူညီလိုသော ပြည်တွင်း၊ပြည်ပ မိတ်ဆွေများအနေဖြင့် NFM မှတဆင့်အကူအညီများ ပေးနိုင်ပါကြောင်း ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။
ယခုဒုတိယအကြိမ်တွင် အထူးသဖြင့် မိုးတွင်းမတိုင်ခင် နေအိမ်များပြုပြင်နိုင်ရန်၊ တည်ဆောက်နိုင်ရန် လိုအပ်သည်များကို တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်သည်။
အလှူငွေပေးပို့လိုသူများအနေဖြင့် အောက်ပါအတိုင်းပေးပို့နိုင်ပါသည်။ အားလုံးကိုအထူးကျေးဇူးတင်ပါသည်။
Kpay Accounts
1. Tin Hre Lian - 09421110900
2. Kap Lan Thang - 09783907175
3. Solomon - 09405162945
As NFM, we are preparing for our next earthquake relief to Innlay where there are so much needs, especially shelters and houses before raining season. We welcome all our friends who have hearts for this area and these people.
Let's Rebuild the Broken Together. We can Do it Together.
02/05/2025
မှတ်တမ်းနှင့်ကျေးဇူးတင်ရှိခြင်း
ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် ရက်ရောစွာပါဝင်ကြသော အလှူရှင်များ၏ ပေးကမ်းခြင်းကြောင့် အင်းလေးဒေသရှိ ငလျင်ဒဏ်ခံပြည်သူများကို ကူညီခွင့်ရရှိခဲ့ပါတယ်။ NFM အားဖြင့် ခက်ခဲသောပြည်သူများအတွက် ပါဝင်သူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ပါတယ်။
ထိရောက်စွာလုပ်ဆောင်နိုင်ရန် ကူညီပေးသော အင်းလေးဒေသခံ ဆရာတော်ဖိလစ်အားအထူးကျေးဇူးတင်ပါတယ်။
အထူးလိုအပ်လျက်ရှိကြသော ပြည်သူများထံ သွားရောက် ကာ အစေခံပေးကြသော NFM အဖွဲ့သူ၊ အဖွဲ့သားများ၊ ဆရာ၊ ဆရာမများကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်သွားရောက်ခြင်းဖြင့် လိုအပ်ချက် အသေးစိတ် များကိုလည်း မြင်တွေ့ခွင့်ရပါတယ်။ ထို့ကြောင့် ပါဝင်လိုလျှင် NFM ထံ ဆက်သွယ်ပေးကြပါရန် ဖိတ်ခေါ်ပါတယ်။
အတူတကွလုပ်ဆောင်ခြင်းဖြင့် ကြေကွဲသောနှလုံးသားများ ကို ကုသကြပါစို့။ အကူအညီပေးချိန် တစ်ဦးချငိးအား ဆုတောင်းပေးခွင့်ရခြင်းပြင်လျှင် ကြီးမားသော အခွင့်ထူးဖြစ်သည်။
“အတူတကွပြိုပျက်ရာများကို တည်ဆောက်ကြစို့”
We continue to invite you to join with us in the process of “Rebuilding the Broken Together.”
God bless you all.
1.5.2025
Click here to claim your Sponsored Listing.