THROW A FIT

THROW A FIT

Share

19/09/2025

R.I.P Lil Cado Aka Avocado (223 member)

We will never forget your music.

18/09/2025

My mom: This nig*a must be crazy 🥴

Photos from THROW A FIT's post 17/09/2025

Chrome Hearts
T-Shirt တစ်ထည် သိန်း ၂၀?
ဘာလို့ ဒီလောက် Hype ဖြစ်နေတာလဲ? ⛓️🔥

ကျနော်တို့ရဲ့ Idol တွေ၊ အသည်းစွဲ Rapper တွေ ရဲ့
IG post တွေ၊ Airport fashion တွေမှာ
ငွေရောင် Cross (လက်ဝါးကပ်တိုင်) ဒီဇိုင်းနဲ့ အထည်တွေ၊ လက်ဝတ်ရတနာတွေကို
သတိထားမိမှာပါ။ BLACKPINK's Lisa, BTS's Jimin ကနေ Drake, Bella Hadid အထိ... Cele လောကမှာ ဒီ Brand မပါတဲ့သူ မရှိသလောက်ပဲ။

ဒါပေမဲ့ ခက်တာက သူ့ရဲ့ ဈေးတွေပဲ။ ရိုးရိုး T-shirt တစ်ထည်က သိန်း ၂၀ ဝန်းကျင်၊ Hoodie တစ်
ထည်က သိန်း ၄၀-၅၀၊ လက်စွပ်တစ်ကွင်းက
သိန်း ၂၀ ကနေ စတယ်။ What?! 😱
ဒီလောက် ဈေးကြီးနေတာတောင် ဘာလို့ လူတွေက သဲသဲလှုပ်ဖြစ်နေကြတာလဲ?
Just a Hype or Something More?

Story က OG ဆန်တယ်၊ Garage ကနေစခဲ့တာ 🤘

Chrome Hearts ရဲ့အစက ဖန်ချီသလောက်မလှဘူး။ 1988 မှာ Richard Stark ဆိုတဲ့ Biker ကြီး
တစ်ယောက်က သူ့သူငယ်ချင်းတွေနဲ့အတူ
LA က Garage တစ်ခုမှာ စခဲ့တာ။
အကြောင်းကတော့ ရှင်းရှင်းလေး…ဈေးကွက်ထဲက ပေါတောတော Biker Gear တွေကို အားမရလို့၊ ကိုယ့် Vibe နဲ့ ကိုက်ညီတဲ့ အရည်အသွေးအကောင်းဆုံး Leather တွေကို ကိုယ်တိုင် ဖန်တီးခဲ့ကြတာ။
ဘယ်လိုဖြစ်ပြီး Cele တွေလက်ထဲရောက်သွားလဲ? Guns N' Roses, S*x Pistols လို Rock Band အမိုက်စားတွေက သူတို့ရဲ့ "တဇွတ်ထိုးဆန်တဲ့" Vibe ကို သဘောကျပြီး စဝတ်ခဲ့ကြတယ်။ အဲ့ဒီကနေ ဒီနေ့ ကျနော်တို့မြင်နေရတဲ့ Global Luxury Brand ကြီးဖြစ်လာတာပဲ။

ဘာလို့ ဒီလောက်ဈေးကြီးပြီး Demand များနေရတာလဲ? Here's the Tea ☕

1. "Rock & Roll Vibe က သေစေပဲ"

Chrome Hearts က ချစ်စရာကောင်းအောင်၊ လူတိုင်းကြိုက်အောင် လုပ်ထားတဲ့ Brand မဟုတ်ဘူး။ သူပုန်ဆန်တယ်၊ နည်းနည်း Gothic ဆန်တယ်၊ လျှို့ဝှက်ဆန်းကြယ်တယ်။ သူ့ရဲ့ Cross တွေ၊ Dagger (ဓားမြှောင်) ဒီဇိုင်းတွေက "ငါ့ Style က သီးသန့်" ဆိုတာကို ပြောနေတာ။
It's not just fashion, it's an attitude.

2. Made in USA, Not in a Factory 🇺🇸

ဒါက အရေးကြီးဆုံးပဲ…Chrome Hearts ပစ္စည်းတွေကို တရုတ်က စက်ရုံတွေမှာ Mass-produce
မလုပ်ဘူး။ ပစ္စည်းတစ်ခုချင်းစီကို LA က
Workshop မှာ လက်မှုပညာရှင်တွေက
လက်နဲ့ အသေးစိတ်လုပ်တာ။
ဒါကြောင့် အရည်အသွေးက Next Level ဖြစ်နေပြီး တစ်ခုနဲ့တစ်ခုတောင် နည်းနည်းကွဲပြားနိုင်တယ်။
You're buying art, not just a product.

3. "IYKYK" - If You Know, You Know 🏴‍☠️

Chrome Hearts က TV မှာ မကြော်ငြာဘူး။
Billboard ကြီးတွေထောင်ပြီး Marketing မဆင်းဘူး။ သူ့ရဲ့ Marketing က သူ့ကို ဝတ်ဆင်တဲ့သူတွေ ကိုယ်တိုင်ပဲ။ သူ့တန်ဖိုးကို သိတဲ့သူ၊ သူ့ Vibe ကို ခံစားနိုင်တဲ့သူတွေအတွက်ပဲ သီးသန့်ထုတ်လုပ်ထားတဲ့ Exclusive ဖြစ်မှုက လူတွေကို ဆွဲဆောင်နေတာ။ လူတိုင်းနဲ့ မတူချင်တဲ့ သူတွေအတွက်တော့ ဒါက အဓိကပဲလေ။

4. ဒါက Brand မဟုတ်ဘူး၊ Family Legacy 👑

အခုထိတိုင် Founder Richard Stark နဲ့ သူ့မိသားစုကပဲ Brand တစ်ခုလုံးကို အစအဆုံး Run နေတုန်း။ တခြား Corporate လုပ်ငန်းကြီးတွေရဲ့ လက်အောက်ကို မရောက်သွားဘဲ ကိုယ့်မူ၊ ကိုယ့်လမ်းစဉ်အတိုင်းပဲ ဆက်သွားနေတာက သူ့ရဲ့ Authenticity ကို ထိန်းထားနိုင်တဲ့ အချက်ပဲ။

So, T-Shirt တစ်ထည် သိန်း ၂၀ တန်လား?

တကယ်တော့ မင်းက ချည်သား T-Shirt တစ်ထည်ကို ပိုက်ဆံပေးနေတာမဟုတ်ဘူး။

⚜️Garage ကနေစခဲ့တဲ့ သမိုင်းတစ်ပိုင်း ကို ဝယ်နေတာ။

✨လက်မှုပညာရှင်တစ်ယောက်ရဲ့ အနုပညာ ကို တန်ဖိုးထားနေတာ။

🏴‍☠️ဘယ်တော့မှ ရိုးမသွားမယ့် Rock & Roll
စိတ်ဓာတ်ကို ဝတ်ဆင်နေတာ။

🤝လူတိုင်းမရနိုင်ဘူး" ဆိုတဲ့ Exclusive ဖြစ်မှု ကို ပိုင်ဆိုင်လိုက်တာ။

Flex ဖို့သက်သက်လား၊ တကယ့် Art ကို တန်ဖိုးထားတာလား။ အဲ့ဒီနှစ်ခုကြားက ခြားနားချက်ကို နားလည်ရင်တော့ Chrome Hearts ရဲ့ တန်ဖိုးကို မြင်သွားမှာပါ…

Photos from THROW A FIT's post 16/09/2025

သင်သိပါသလား..?
မင်းသားကြီးနေတိုး နဲ့ Rap God စိုင်းစိုင်းတို့ဟာ
တစ်ချိန်က Giveaway ပေးတဲ့ ဦးထုပ်တွေကို ဆောင်းခဲ့ရတယ်ဆိုတာ…

စတာပါ Giveaway လို့ပြောရတာက ဘာကြောင့်လဲ ဆိုတော့ ဒီဦးထုပ်တွေရဲ့ စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကြောင့်ပဲ… တကယ်တော့ Trucker Hat တွေဟာ ၁၉၆၀ ခုနှစ်တွေက အမေရိကန်မှာ ကြော်ငြာပစ္စည်းတစ်ခုအနေနဲ့ စတင်ခဲ့တာပါ။ လယ်ယာသုံးပစ္စည်းကုမ္ပဏီကြီးတွေက သူတို့ရဲ့တံဆိပ်ကို လူသိများအောင် အခမဲ့လက်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ သူ့ကို 'Gimme Cap' (အခမဲ့ပေးတဲ့ ဦးထုပ်) လို့တောင် ခေါ်ခဲ့ကြပါသေးတယ်။

ဒီဦးထုပ်တွေကို အဓိကရခဲ့တဲ့သူတွေကတော့ လယ်သမားတွေနဲ့ ကုန်တင်ကားမောင်းသမား (Truckers) တွေပါပဲ။ သူတို့ဟာ နေရာအနှံ့ သွားလာနေတဲ့အတွက် ကုမ္ပဏီတွေအတွက်တော့ လမ်းလျှောက်သွားနေတဲ့ ကြော်ငြာဘုတ်တွေလိုပါပဲ။ သူ့ရဲ့ဒီဇိုင်းကလည်း အလုပ်ကြမ်းလုပ်သူတွေအတွက် အထူးထုတ်ထားသလိုပါပဲ။
ရှေ့ဘက်က ဖော့သားအပြားက Company ရဲ့ Logo ကို ထင်ထင်ရှားရှားမြင်စေပြီး၊ နောက်ဘက်က ပိုက်ကွက်ဒီဇိုင်းက ပူအိုက်တဲ့ရာသီဥတုမှာ လေဝင်လေထွက်ကောင်းစေပါတယ်။ နောက်က ပလတ်စတစ်ကြယ်သီးနဲ့ အရွယ်အစားချိန်လို့ရတာက လူတိုင်းအတွက် အဆင်ပြေစေခဲ့တယ်။

နှစ်တွေကြာလာတဲ့အခါ၊ အလုပ်သမားတွေရဲ့ ဦးထုပ်အဖြစ်ကနေ ဖက်ရှင်လောကထဲကို ဝင်ရောက်လာပါတယ်။ အထူးသဖြင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ နာမည်ကြီးအနုပညာရှင်တွေ ဝတ်ဆင်လာတာကြောင့် ကမ္ဘာတစ်ဝန်းက လူငယ်တွေကြားမှာ ပေါက်သွားခဲ့တယ်။ Von Dutch, Ed Hardy တို့လို Brand တွေက ဒီ Trend ကို ပိုပြီးအားကောင်းစေခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ကျေးလက်ဒေသက အလုပ်သမားတွေရဲ့ လက်ထဲကနေ ကမ္ဘာကျော် ဖက်ရှင်စင်မြင့်တွေပေါ်အထိ Trucker Hat တွေက ခရီးဆက်ခဲ့ပါတယ်… စိတ်ဝင်စားစရာ လည်း ကောင်းသလို သင်ခန်းစာ လဲ ရပါတယ်…
“တန်ဖိုးဆိုတာ ထားတတ်တဲ့ လူ လက်ထဲရောက်
ရင် နဂိုထက် ပိုပြီး တက်သွားတာပါပဲ”

Photos from THROW A FIT's post 09/09/2025

⚔ What if your jeans carried the spirit of a warrior’s blade? ⚔

​Scimitar Jeans ​🗡️👖
(သမိုင်းနဲ့ခေတ်ရေစီးကြောင်းအား ပေါင်းစပ်ခြင်း)

​ဂျင်းဘောင်းဘီအမျိုးအစားအများစုဟာ သူ့ရဲ့ချုပ်ရိုးနဲ့ ပုံစံအပေါ်မူတည်ပြီး နာမည်ပေးလေ့ရှိပေမဲ့ Scimitar Jeans ကတော့ သမိုင်းဝင်အရာတစ်ခုကိုအစွဲပြုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီဘောင်းဘီတွေဟာ ရိုးရိုးဂျင်းဘောင်းဘီတွေလို ဖြောင့်တန်းတဲ့ပုံစံမဟုတ်ဘဲ ခြေထောက်ရဲ့ပုံစံအတိုင်း Anatomical Curve (ခန္ဓာကိုယ်ပုံစံအလိုက် ကွေးညွတ်မှု) ကိုလိုက်ပြီး ကောက်ကွေးနေအောင် ဖန်တီးထားတာကြောင့် Scimitar ဓား ရဲ့ အသွား လို ကွေးကောက်တဲ့ ပုံစံမျိုးဖြစ်လာတာပါ။

​Scimitar ဓားရဲ့ နောက်ကွယ်က သမိုင်း ​⚔️🐎📜

​Scimitar ဓားဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ အော်တိုမန်အင်ပါယာလို အာရှနိုင်ငံတွေက မြင်းစီးစစ်သည်တွေ အဓိကအသုံးပြုခဲ့တဲ့ သင်္ကေတတစ်ခုပါ။ ဒီဓားဟာ မြင်းပေါ်မှာတိုက်ခိုက်ရတာပိုပြီး အဆင်ပြေစေဖို့ ကွေးကောက်တဲ့ပုံစံမျိုးဖန်တီးထားတာပါ။ မြင်းရဲ့ဘေးကပ်ပြီး လှုပ်ရှားရတဲ့အတွက် တိုက်ခိုက်ရေးမှာ ပိုပြီး ထိရောက်စေပါတယ်။ ဒီဓားဟာ ခွန်အား၊ ဇွဲနဲ့ လွတ်လပ်တဲ့စိတ်ဓာတ်ကို ကိုယ်စားပြုတဲ့အတွက် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အလံမှာတောင် တွေ့မြင်နိုင်ပါတယ်။
​ဒီလိုမျိုး သမိုင်းဝင်အရာတစ်ခုကနေ စိတ်ကူးရယူပြီး ဖက်ရှင်ဒီဇိုင်နာတွေဟာ Scimitar Jeans ကို ဖန်တီးခဲ့ကြပါတယ်။ ဒါကြောင့် ဒီဘောင်းဘီတွေကို ဝတ်ဆင်တဲ့အခါမှာ သင့်ကို ခိုင်မာပြီး ထူးခြားတဲ့ ခံစားချက်မျိုး ပေးစွမ်းမှာပါ။

​ခေတ်ဟောင်း မှ ခေတ်သစ်ဆီသို့ 🔙➡️🏙️

​ဒီဂျင်းဘောင်းဘီဒီဇိုင်းဟာ အခုမှပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေက Motorcycle Culture နဲ့ အလုပ်သမားတွေရဲ့ Uniform တွေကနေ လှုံ့ဆော်မှုယူပြီး စတင်ဖန်တီးခဲ့တာပါ။ လူ့ခန္ဓာကိုယ်နဲ့ ပိုပြီးလိုက်ဖက်ညီအောင် ဖန်တီးထားတဲ့အတွက် လှုပ်ရှားမှုကို ပိုမိုလွတ်လပ်စေပါတယ်။ အခုခေတ်မှာ လူငယ်တွေဟာ ကိုယ်ပိုင်စတိုင်လ်ကို ပုံစံကျကျဖော်ပြချင်ကြတဲ့အတွက် ဒီလိုထူးခြားတဲ့ Streetwear နဲ့ Alternative Style တွေကို ပြန်ပြီး ရွေးချယ်လာကြပါတယ်။ ဒါကြောင့်လည်း BAPE နဲ့ Junya Watanabe တို့လို နာမည်ကြီး Brand တွေက ဒီ Scimitar ပုံစံတွေကို သူတို့ရဲ့ Collection တွေမှာ ပြန်လည်အသုံးပြုလာကြတာဖြစ်ပါတယ်။

ဒီပုံတွေထဲမှာ မြန်မာနိုင်ငံက Couple တစ်ခု ရဲ့ ဖက်ရှင်က အရမ်း cool ဖြစ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ သူတို့ဝတ်ထားတဲ့ Striped Baggy Pants ဟာ Scimitar Pants တွေရဲ့ ပုံစံမျိုးနဲ့ အတော်လေး ဆင်တူပါတယ်။ တွဲဖက်ဝတ်ဆင်ထားတဲ့ Jacket နဲ့ကလဲ လိုက်ဖက်နေတာ ကို
တွေ့ရပါလိမ့်မယ်...
​သူတို့ရဲ့ outfit idea က ညီကို တို့ အတွက်လည်း inspiration ဖြစ်စေနိုင်မယ်လို့ထင်တယ်...

ဒီလို pants တွေကို စိတ်ဝင်စားတယ်ဆိုရင်
https://www.facebook.com/profile.php?id=61572134406822&mibextid=ZbWKwL
ဒီ Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
​
​ဒီလိုမျိုး သမိုင်းဝင် ဓား တစ်လက်ရဲ့ နာမည်ကို အစွဲပြုပြီး ခေတ်နဲ့အညီ ဖန်တီးထားတဲ့ Scimitar Jeans ဟာ သင့်ကို ပုံစံတူဂျင်းတွေနဲ့မတူဘဲ ထင်ရှားစေ​နေမှာ ဖြစ်ပြီး သင့်ရဲ့ နေ့စဉ်ဖက်ရှင်ကို ပိုပြီး အထှာကျစေရုံသာမက စိတ်ဓာတ်ခွန်အားပါ ပေးစွမ်းနိုင်မှာပါ။ ဒါကြောင့် သမရိုးကျ Fashion တွေကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်စတိုင်လ်တစ်ခုကို ရှာဖွေနေတယ်ဆိုရင် Scimitar Jeans ကို စပြီး try ကြည်ကြဖို့ အကြံပေးလိုပါတယ်...

⚔ Wear history. Own the streets. ⚔

#ဂျင်းဘောင်းဘီ

Photos from THROW A FIT's post 08/09/2025

Jeans👖 Guide - (ဂျင်း🫚လမ်းပြ)

​ဂျင်းဘောင်းဘီ တစ်ထည် မှာ သူ့ရဲ့ပုံစံ Cutting နဲ့ ခံစားမှု Vibe က မတူညီပါဘူး။ အောက်မှာ ဂျင်း (၁၀) မျိုးကို ပုံနှင့်တကွ ရှင်းပြပေးမယ်၊ အဲ့ထဲက ဘယ်တစ်ခုက ညီကိုတို့ ဝတ်ရတာ အကြိုက်ဆုံးလဲ ဆိုတာလေးကို cmt မှာ ရေးပေးသွားပါ...✌

06/09/2025

⚜️True wealth isn’t counted in dollars—it’s inherited in grace and legacy.⚜️

ဒီနေ့မှာတော့ “Old Money” ဆိုတာနဲ့ပတ်သတ်ပြီး ရှင်းပြပေးသွားပါမယ်…

“Old Money” ဆိုတာက မိမိလက်ထက်မှာ မှကြိုးစားရှာဖွေထားတဲ့ ငွေမျိူးမဟုတ်ပါဘူး။မျိုးဆက်ပေါင်းများစွာ တစ်ဆင့်ချင်း အမွေဆက်ခံလာတဲ့ ချမ်းသာမှုကို ဆိုလိုပါတယ်။ အနည်းဆုံး သုံးမျိုးဆက်အထက် ချမ်းသာနေဆဲ မိသားစုတွေလို့ မှတ်ယူထားလို့ရပါတယ်။

📜 History :
19th-century အမေရိကန်နဲ့ ဥရောပ စက်မှုတော်လှန်ရေးခေတ်မှာ အစပြုခဲ့တယ်။ Vanderbilt (မီးရထား)၊ Rockefeller (ရေနံ)၊ Carnegie (သံမဏိ) လို မိသားစုတွေက စီးပွားရေးအောင်မြင်ပြီး မျိုးဆက်သစ်တွေ ကအမွေဆက်ခံလာတဲ့အချိန်မှာ “Old Money” ဆိုပြီး စဖြစ်လာခဲ့တာပါ။

⚜️ Values :
Old Money တွေရဲ့ အဓိကတန်ဖိုးထားမှုက “Understatement” ပါပဲ။ ငွေကြေးရှိသော်လည်း ကြွားဝါကြားဝါ မနေဘဲ “Quiet elegance” နဲ့ နေထိုင်တတ်ကြတယ်။ ဒီအတွေးအခေါ်ကလည်း ဒီနေ့ခေတ်မှာ “Quiet Luxury” လို့ ခေါ်ကြတဲ့ အယူအဆဖြစ်လာခဲ့တယ်။

👔 Fashion & Lifestyle:
​Old Money မိသားစုတွေအတွက် ဖက်ရှင်ဆိုတာက ခေတ်ရေစီးကြောင်းနောက် လိုက်တာမျိုးမဟုတ်ဘဲ၊ သူတို့ရဲ့ ရိုးရာအစဉ်အလာနဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်စေတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ သူတို့ဟာ အမှတ်တံဆိပ် အမည်ကြီးကြီးတွေပါတဲ့ ဖက်ရှင်တွေကို ရှောင်ရှားပြီး၊ ဂန္တဝင်ဆန်ပြီး အရည်အသွေးကောင်းမွန်တဲ့ အဝတ်အစားတွေကို ပိုမိုတန်ဖိုးထားကြပါတယ်။ ဒီလို Quiet Luxury ပုံစံမျိုးကို ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ Ralph Lauren, Hermès, Burberry စတဲ့ နာမည်ကျော် အမှတ်တံဆိပ်တွေကို ရွေးချယ်တတ်ကြပါတယ်။
​သူတို့ရဲ့ ဝတ်စားဆင်ယင်မှုဟာ ခေတ်မရွေး ရိုးရှင်းပြီး သေသပ်ပါတယ်။ ဥပမာ - ကောင်းမွန်တဲ့ Tailored Suit၊ Cashmere Sweaters၊ Polo Shirts နဲ့ Classic Trench Coat တွေဟာ သူတို့ရဲ့ စတိုင်လ်ကျကျ ဝတ်ဆင်မှုပုံစံတွေပဲ ဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ခြင်းက သူတို့ရဲ့ ကိုယ်ပိုင် Identity ကို အလေးပေးပြီး၊ ရိုးရှင်းမှုထဲမှာပဲ အဆင့်အတန်းမြင့်မားမှုကို ပြသနေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နေထိုင်မှုပုံစံကလည်း အပြင်ပန်းလောက်ပဲ လှပနေတာမျိုးမဟုတ်ဘဲ၊ တကယ့်အနုပညာလက်ရာတွေ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ အလှဆင်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေမှာ နေထိုင်တတ်ကြပါတယ်။ အစားအသောက်၊ အနုပညာနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဗဟုသုတတွေဟာလည်း သူတို့ရဲ့ လူနေမှုဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

🎓 Education & Environment :
Old Money မိသားစုတွေက ပညာရေးနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အလွန်အရေးပေးကြတယ်။ Ivy League တက္ကသိုလ်တွေ၊ နွေရာသီခရီးထွက်တာတွေ၊ Classical manners တွေ… အားလုံးက မိသားစုဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အခြေခံဖြစ်တယ်။

🤝 Philanthropy :
လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ပြီး ငွေကြေးကို အနုပညာ၊ ပညာရေးနဲ့ လူမှုအသိုင်းအဝိုင်းအတွက် လှူဒါန်းတတ်ကြတယ်။ သူတို့အတွက် ငွေကြေးက အသုံးချစရာဖြစ်ပြီး၊ ဂုဏ်သိက္ခာကို တိုးတက်စေဖို့ အသုံးချတတ်ကြတာ။

နိဂုံးချုပ်ပြောရရင်… Old Money ဆိုတာ ငွေမဟုတ်ပါ။ အဆင့်အတန်း၊ တန်ဖိုးထားမှုနဲ့ သာယာအေးချမ်းတဲ့ lifestyle တစ်ခုပါ။ ခေတ်
အဆက်မပြတ် ထိန်းသိမ်းခံရတဲ့ အမွေသရုပ်
တစ်ခုလို့ပြောရင်လဲ မမှားပါဘူး။

⚜️True wealth doesn’t shout. It whispers, quietly.⚜️

05/09/2025

Before hype, before runways… Streetwear was born on the streets.

1980s California လမ်းမတွေပေါ်ကနေ စတင်လာခဲ့တဲ့ Fashion Category တစ်ခု
ဒါမှမဟုတ် “လမ်းမ” ကို ကိုယ်စားပြုတဲ့
အထှာတစ်ခု… 💯
အဲ့တာကတော့ ဒီနေ့ ခေတ်မှာ ပုံစံမျိုး စုံနဲ့ တွေ့နိုင်တဲ့ “Streetwear “ ဆိုတဲ့ Culture ပါပဲ…
Hip-Hop & Skateboarding community တွေရဲ့ လွှမ်းမိုးမှုဟာ ကြီးမားလာတာနဲ့ အမျှ Streetwear တွေကလဲ လမ်းမပေါ်မှာ ပိုပြီး ကြီးစိုးလာခဲ့တယ်။
Hip Hop က Baggy pants & T-Shirt, Chain & Cup တွေ Music တွေနဲ့ Streetwear identity ကိုအကောင်းဆုံးဖော်ပြခဲ့တယ်… Rapper တိုင်းကလည်း Street ကို ကိုယ်စားပြုတဲ့ အနေနဲ့ Streetwear တွေကို နှစ်သက်စွာ ဝတ်ဆင်ပြီး မီးကုန်ယမ်းကုန် ဖြုတ်ခဲ့ကြတယ်…🔥
တစ်ဖက်မှာလဲ skaterတွေ အတွက် Oversize fit တွေ Durable fabric တွေကို အသုံးပြုပေးပြီး Skateboarding communit နဲ့လဲ Streetwear Culture ကို ထိုးဖောက်နေခဲ့တယ်။
1980s–1990s မှာတော့ Stüssy, Supreme တို့လို brand တွေ ရောက်လာပြီး logo-heavy tees, crazy graphics နဲ့ လူငယ်တွေကို အရမ်း hit ဖြစ်စေခဲ့ပြီး…
2000s ခုနှစ် အရောက်မှာတော့ LV, Gucci စတဲ့ Brands တွေနဲ့ Collaboration လုပ်ပြီး ပေးခဲ့တဲ့ Vibe ကြောင့်ပဲ Streetwear Culture ဟာ Global Trend တစ်ခု ဖြစ်လာခဲ့ပြီး Streetwear Culture ရဲ့ Underground ကနေ Mainstream ထိ ထိုးဖောက်လာခြင်းပါပဲ။📈

လက်ရှိ အချိန်ကာလမှာတော့ Streetwear တွေကိုပုံစံမျိုးစုံနဲ့ တွေ့မြင်ရနိုင်ပါတယ်…
ဘာကြောင့် ပုံစံမျိုးစုံလဲ…? လို့မေးစရာရှိပါတယ်
ဟုတ်ကဲ့ပါ။
အဖြေကတော့ ပိုပြီးလွတ်လပ်လာလို့ပါ Street ဆိုတဲ့ စကားအတိုင်းပဲ ကန့်သတ်ချက်တွေ စည်းဘောင်တွေဆိုတာ…ဒီနေ့ခေတ် Streetwear Culture မှာ
ဘောင်မဝင်တော့ပါဘူး… ဘာကြောင့်လဲ ဆိုတော့ Streetwear Culture က DIY လုပ်လို့ အကောင်းဆုံး ထဲမှာပါဝင်နေလို့ပဲ ဖြစ်ပါတယ်… Customized လုပ်ထားတဲ့ Clothing တွေ
ကိုယ်တိုင် Hand-painted လုပ်ထားတဲ့ Design တွေကလဲ Streetwear ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Category အသီးသီးနဲ့ ဝင်ရောက်လာခဲ့ပါတယ်…
နိဂုံးချုပ် ရမယ်ဆိုရင်တော့
Streetwear Culture ဟာ နံမည်နဲ့ လိုက်အောင် လမ်းမ အတွက်က်ိုယ်စားပြု ရပ်တည်ခဲ့သလို
လမ်းမ တွေကလဲ Streetwear ကိုနှစ်ခြိုက်စွာ ဝတ်ဆင်ပြီး Streetwear Culture ကို
ခိုင်ခိုင်မာမာ ကိုယ်စားပြုနေဆဲဖြစ်ပါတယ်…
ဆိုတော့ ကျနော့် အနေနဲ့ကတော့ ဒီနေ့ခေတ်မှာ
Streetwear = freedom လို့ပဲယူဆတယ်
ဘောင်မဲ့၊ Rule မဲ့ပဲ ကိုယ့် Identity ဖော်ပြလို့ရတဲ့ လမ်းမ ရဲ့အထှာ တစ်ခုလို့မြင်ပါတယ်…🫡
Bro တို့ရော Streetwear ကို ဘယ်လိုမြင်လဲ?

#လမ်းမDrip ြောင်း

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Yangon