Healthy Life
06/04/2025
#စစ်ကိုင်းပြတ်ရွေ့ကြောင်းနဲ့
မြန်မာ့ငလျင်များ
*ပါမောက္ခကိုကိုအောင်*
*********************
မြန်မာနိုင်ငံထဲကကီလိုမီတာ ၁၂၀၀ ရှည်လျားတဲ့စစ်ကိုင်းပြတ်ရွေ့ကြောင်း *Sagaing Fault* ဟာဆန်းဒါးကျောက်ချပ်လွှာနဲ့အိန္ဒိယကျောက်ချပ်လွှာကြားမှာရှိနေတဲ့ပြတ်ရွေ့ကြောင်းကြီးဖြစ်တယ်...
အဲဒီပြတ်ရွေ့ကြောင်းကြီးဟာမန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနဲ့ပဲခူးဒေသတို့ကိုဖြတ်သန်း
လျှက်တည်ရှိနေတယ်...
ကပ္ပလီပင်လယ်ပြင်ကနေမြန်မာနိုင်ငံအလယ်ပိုင်းအထိတောင်မြောက်ယွန်းယွန်း
ဖြောင့်တန်းစွာတည်ရှိနေတဲ့စစ်ကိုင်းပြတ်ရွေ့ကြောင်းကို
၎င်းရဲ့အရှေ့ဘက်ကပ်လျက်
တည်ရှိနေတဲ့ရှမ်းပြတ်ရွေ့ကြောင်းနဲ့နှိုင်းယှဥ်ရင်ပြတ်ရွေ့ကြောင်းတစ်လျှောက်မှာတောင်ကုန်းတောင်တန်းထူထပ်မှုနည်းပါးတာကိုလေ့လာတွေ့ရှိရတယ်...
အိန္ဒိယနဲ့ဆန်းဒါးကျောက်ချပ်လွှာကြီးနှစ်ခုအကြားက ရွေ့လျားနှုန်းဟာတစ်နှစ်မှာ ၃၅ မီလီမီတာဖြစ်ပြီးအဲဒီ
ရွေ့လျားမှုအတိုင်းအတာရဲ့ထက်ဝက်ခန့်ဖြစ်တဲ့ ၁၈ မီလီ
မီတာအရွေ့ဟာစစ်ကိုင်းပြတ်ရွေ့ကြောင်းမှာဖြစ်ပေါ်နေတာကိုလေ့လာတွေ့ရှိရတယ်...
စစ်ကိုင်းပြတ်ရွေ့တည်ရှိတဲ့ *Burma Microplate* ကအရှေ့မြောက်ကိုရွေ့လျားနေစဥ်မှာရှမ်းပြတ်ရွေ့တည်ရှိတဲ့ *Eurasia plate* ကအရှေ့
တောင်ကိုရွေ့လျားရင်းပွတ်
တိုက်မှုကြောင့်ငလျင်လှုပ်
ခြင်းဖြစ်ပြီး၊ပွတ်တိုက်မှုရဲ့သက်ရောက်အားဟာငလျင်ရဲ့ပြင်းအားဖြစ်လာတယ်...
၂၀ ရာစုအစောပိုင်းကာလတွေတုန်းကစစ်ကိုင်းပြတ်ရွေ့ကြောင်းကြီးရဲ့အလျားထက်
ဝက်ကျော်ဟာမြန်မာနိုင်ငံမှာငလျင်များကိုဖြစ်ပေါ်စေခဲ့တဲ့အကြောင်းအရင်းများထဲမှာပါဝင်ပတ်သက်ခဲ့တယ်...
*ပါမောက္ခကိုကိုအောင်
[ကမ္ဘာ့မြေထု၊ရေထုနှင့်
လေထုဆိုင်ရာသိပ္ပံပညာရှင်]*
29/01/2025
ကိုယ့်ဆီနောက်ကျမှ ဝင်လာခဲ့သော်လည်း
ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူလို့
တွေးထင်မိစေတဲ့အပြင်
ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲဆိုပြီး
သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့ မင်းကို
ငါ တကယ်ကျေးဇူးတင်ပါတယ် ။
#လင်းမာအို 🌻
29/01/2025
#ပူစီနံ..
ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။
22/01/2025
ဝိတ်ကျချင်ရင် မနက်စာနဲ့ နေ့လည်စာကို ကြိုက်တာစားပါ ညစာ ကို ဒီလိုလေး စားပါ
တဲ့လေ့...🙃
🍠🌽🥦
Click here to claim your Sponsored Listing.