Success 9 Packaging & Distribution

Success 9 Packaging & Distribution

Share

Photos from Success 9 Packaging & Distribution's post 13/04/2024

သက်ြန်ရေ လောကကြီးအေးချမ်းသွားပါစေ
မဂ်လာရှိသောနှစ်သစ်ဖြစ်ကြပါစေရှင်

08/04/2024

သင်္ကြန်လှုတန်းဖို့ ငွေသိပ်မကုန်ပဲ
လူတိုင်းနဲ့တည့်၊လူတိုင်းကြိုက်တဲ့
သဘာဝမန်ကျည်းဖျော်ရည်ပြုလုပ်နည်း‌
မျှဝေပါပီနော်..
နွေရာသီရောက်ပီဆို
အသည်းအသန်ရောင်းရတဲ့
လူကြိုက်များလှတဲ့
အလှုအတန်း မျက်နှာပန်းလှတဲ့
သဘာဝ #မန်ကျည်းဖျော်ရည် ပါ..
ဘယ်လောက်ပဲ လုပ်ထား လုပ်ထား
ကုန် ကုန် သွားတတ်ပါသေးတယ်။.
သဘာဝမန်ကျီးသီးနဲ့ပြုလုပ်တဲ့ ဖျော်ရည်မို့
အန္တရာယ်လဲကင်းပါတယ်နော်.
ပါဝင်ပစ္စည်းများ🌹
လူ 50 စာပါ။
🌷မန်ကျည်းသီးမှည့် ၂၀၀၀ ဂရမ်/
တပိဿာနဲ့ ၂၅ ကျပ်သား
🌷ရေသန့် ၂၀ လီတာ
🌷သကြား/ထန်းလျက် ၄ ကီလို/၂ ပိဿာခွဲခန့်
🌷ဆား ၁၆ဂရမ် ထမင်းစားဇွန်း ၁ ဇွန်း.
🌷ဖျော်ရည်လုပ်နည်း🌷
🎈ရေသန့် 4 လီတာဖြင့် မန်ကျည်းမှည့် ပြုတ်ပါ။ နူးလာလျှင် ဖိုပေါ်ကချပြီး အနှစ်တိုက်ပါ။
မန်ကျည်းမှည့်တိုက်ပြီး ကျန်သော အဖတ်များကို ကျန်သောရေ 2 လီတာဖြင့် ထပ်ပြုတ်ပါ..အဖတ်များနူးလာလျှင် အနှစ်ထပ်တိုက်ပါ။ အရည်စစ်ထားပါ။
🎈ထိုမန်ကျည်းရေ ၂ မျိုးကိုရောပါ၊
ရေသန့် 14 လီတာထပ်ထဲ့ပါ။ အပူပေးပါ ။
🎈၇၀°အပူချိန်တွင် သကြား သို့မဟုတ်
ထန်းလျက်၊ဆား တို့ကို ထဲ့ကြိုပါ။
ကြေအောင်မွှေပါ။
မိမိ စိတ်ကြိုက်အရသာပြုပြင်နိုင်ပါသည်။
ရေတပွက်နှစ်ပွက်ဆူရင် ရပါပြီနော်။.
🎈အားလုံး ကြေပါက
မီးဖိုမှချ၍ စစ်ပိတ်ဖြင့်စစ်ပါ။ .
အလျှူအတန်းသုံး
အအေးဆိုင်သုံး
သဘာဝမန်ကျည်းဖျော်ရည်အပျစ် ရပါပြီ..။.
ဒီအတိုင်း
24 နာရီ ခံပါတယ်နော်။
ရေခဲသေတ္တာနဲ့ 2 ပတ်ခန့်
ထားရောင်းလို့ရပါတယ်။
Photo crd..
အဆင်ပြေကြပါစေ

Photos from Success 9 Packaging & Distribution's post 27/11/2023

#မင်္ဂလာပါ
🪔🪔🪔တန်ဆောင်မုန်း လပြည့်နေ့၌

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့နှင့်တကွကျေးဇူးရှိခဲ့ဖူးသူပုဂ္ဂိုလ်အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများပြည့်စုံကြပါစေ🙏🙏🙏

ပြု​သော​ကောင်းမှု့ အ​ကြောင်းပြု၍ ပြည်သူ ပြည်သားအားလုံး စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ပါစေစီးပွားလာဘ်လာဘ တိုးပွားကြ ပြီး ဘေးအန္တရယ် ကင်းရှင်းကြပါစေ 🙏

ချစ်သူ​ မုန်းသူ 8 ရက်သားသမီး များအားလုံး ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာပြီး တောင်းတဲ့ဆုတိုင်းပြည့်စုံကြပါစေ 🙏

Safe Smile မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏🙏🙏

#လပြည့်
#တန်ဆောင်မုန်းလပြည့်

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)
တန်ဆောင်မုန်းလတွင်
(၁)တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
(၂)ကထိန်သင်္ကန်း အလှူပွဲတော်၊
(၃)မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊
(၄)မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
(၅)ကျီးမနိုးပွဲတော်၊
(၆)သာမညဖလအခါတော်နေ့ ပွဲတော် ဟူ၍ပွဲတော် (၆) မျိုးကျင်းပလေ့ရှိပြီး သာမညဖလအခါတော်နေ့မှာထင်ရှားပါသည် ။
အဖကိုသတ်ခဲ့တဲ့စိတ်ကြောင့် ဝေဒနာကြီးစွာခံစားနေရတဲ့ အဇာတသတ်မင်းကို ဂေါတမမြတ်စွာဘုရားရှင်က တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်အခါမှာ ❝ သာမညဖလသုတ် ဒေသနာတော် ❞ဟောကြားခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တို့က ❝ သာမညဖလအခါတော်နေ့ ❞ အဖြစ်သတ်မှတ်ခဲ့ကြကြောင်း လေ့လာမှတ်သားရပါသည် ။

#တန်ဆောင်မုန်းလပြည့်နေ့

🍀မေတ္တာဖြင့်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Address


အမှတ်(၂၇)၊ ဘုရင့်နောင်မှတ်တိုင်အနီး၊ ကမာကြည်လမ်းမပေါ်၊ သင်္ဃန်းကျွန်း။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00