eYangon
နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် ပါရှိရမည့် အထောက် အထားများ
( ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ)
(၁) အသက် (၁၀) နှစ်ပြည့် (သို့မဟုတ်) (၁၈) ပြည့်နှစ်လျှောက် ထားခြင်း
(က) အသက် (၁၀) နှစ်ပြည့်လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့် အတူ မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လာရောက်ရမည်။ အသက် (၁၈) နှစ် လျှောက်ထားခြင်း ဖြစ်ပါက ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
(ခ) လျှောက်ထားသူ အမည်ပါသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူ တစ်စောင် ပါရှိ ရမည်။
(ဂ) မျိုးရိုးစဉ်ဆက် ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေး လျှောက်လွှာ ပါရှိရမည်။
(ဃ) အသက် အတွက် ကျောင်းထောက်ခံချက် သို့မဟုတ် မွေးစာရင်း မူရင်းနှင့် မိတ္တု ပါရှိရပါမည်။
(င) မိဘ (၂) ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်းနှင့် မိတ္တု ပါရှိရမည်။
(စ) ကာယကံရှင်၏ သွေးစစ် လက်မှတ် မူရင်း ပါရှိရမည်။
(ဆ) ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် ပါရှိရမည်။
( ဇ ) (၀.၈ လက်မ x ၀.၈ လက်မ) အရွယ်ဓါတ်ပုံ (၄) ပုံ (မျက်မှန်မပါ) ပါရှိရမည်။
( ၂ ) အသက် (၁၀) နှစ်မှ အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်လျှောက်ထားခြင်း
(က) ကာယကံရှင် ကိုယ်တိုင် လာရောက်ရမည်။
(ခ) အိမ်ထောင်စု စာရင်း မူရင်းနှင့် မိတ္တူ (၁) စောင်ပါရှိ ရမည်။
(ဂ) ကာယကံရှင် ယခင် ကိုင်ဆောင်ခဲ့သော အသက် (၁၀) နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား မူရင်း ပါရှိရမည်။
(ဃ) မိဘ (၂) ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်း/ မိတ္တူ ပါရှိရမည်။
(စ) ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ပါရှိရမည်။
(ဆ) (၀.၈ လက်မ x ၀.၈ လက်မ) အရွယ်ဓါတ်ပုံ (၄) ပုံ (မျက်မှန်မပါ) ပါရှိရမည်။
(၃) နိုင်ငံသား စိစစ်ရေး ကတ်ပြား (ပျောက်ဆုံး/ ပျက်စီးမိတ္တူ လျှောက်ထားခြင်း )
(က) ကာယကံရှင်၏ ဝန်ခံချက်နှင့် ကိုယ်တိုင် လာရောက် လျှောက်ထားရမည်။
(ခ) မျိုးရိုးစဉ်ဆက် ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေး လျှောက်လွှာ ပါရှိရမည်။
(ဂ) ပျောက်ဆုံး / ပျက်စီး မိတ္တူ ထုတ်ပေးရန် လျှောက်လွှာ (ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အမှန်တကယ် ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက် ပါရှိသော)ပုံစံထွေ(၄) ပါရှိရမည်။
(ဃ) လျှောက်ထားသူ အမည်ပါသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူ (၁) စောင်စီပါရှိရ မည်။
(င) မိဘ (၂) ပါး ကိုင်ဆောင်ထားသော လက်မှတ်မူရင်းနှင့် မိတ္တူ ပါရှိရမည်။
(စ) ပျက်စီးပါက ပျက်စီးသည့် ကတ်ပြား မူရင်းနံပါတ် ပါရှိရမည်။
(ဆ) (၀.၈ လက်မ x ၀.၈ လက်မ) အရွယ် ဓါတ်ပုံ (၄) ပုံ (မျက်မှန် မပါ) ပါရှိရမည်။
ဥပဒေ အရ နိုင်ငံသားများ အတွက် သက်ဆိုင်ရာ မြို့နယ်ရုံးများတွင်သွားရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ
သက်ဆိုင်ရာ ခရိုင် / မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနမှူး ရုံးများ။
ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်
အစိုးရ ရုံးဖွင့်ရက်များ (တနင်္လာနေ့မှ သောကြာနေ့ အထိ)
နံနက် ၀၉း ၃၀ နာရီမှ ညနေ ၁၆း ၃၀ နာရီချိန်ထိ ။
23/04/2018
ထရန်စဖော်မာ လျှောက်ထားခြင်း အတွက် လိုအပ်သော အချက်များ
ဝန်ကြီး ဌာန အနေဖြင့် လျှပ်စစ် ကြောင့် အန္တရာယ် မဖြစ်စေရေး ဓာတ်အား သုံးစွဲမည့် အဆောက်အဦးများ အတွက် ထရန်စဖော်မာ တင်ပြ လျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှ စ၍ ဓာတ်အား ဆက်သွယ်သည့် အချိန် အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အတိုင်း စိစစ် ဆောင်ရွက်လျက် ရှိပါသည်။
(၁) ပုဂ္ဂလိက၊ စက်မှုဇုန်နှင့် ကျေးရွာ မီးလင်းရေး ထရန်စဖော်မာများ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီမှု ရှိ/ မရှိ စာရွက် စာတမ်းနှင့် အထောက်အထားပိုင်း ဆိုင်ရာများ စစ်ဆေးခြင်း၊ ဓာတ်အား ရယူမည့် ပင်မနှင့် တစ်ဆင့်ခံ ဓာတ်အား ခွဲရုံနှင့် ဓာတ်အားလိုင်းများ ဝန်အားနိုင်နင်းမှု ရှိ / မရှိ စစ်ဆေးခြင်း
(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသော Proposal အား ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ အသေးစိတ် ထပ်မံ စိစစ်စေ၍ YESC ရုံးချုပ်၏ နည်းပညာ ကော်မတီ သို့ တိုက်ရိုက် တင်ပြစေ၍ မြို့နယ် / ခရိုင် လျှပ်စစ် မန်နေဂျာရုံးများမှ စိစစ် ထောက်ခံချက် တင်ပြလာသော Technical Proposal အား မှန်ကန်မှု ရှိ / မရှိ ထပ်မံ စိစစ်၍ YESC ၏ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးသို့ တင်ပြကာ ခွင့်ပြုမိန့် ထုတ်ပေးခြင်း
(၃) ၃၃/ ၁၁ ကေဗွီ (သို့မဟုတ်) ၆၆ / ၁၁ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အား ရယူလိုသော Consumer များ၏ ဓာတ်အား တောင်းခံမှုများ ကိုမူ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန၊ ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီး ဌာန ၏ သဘောထား မှတ်ချက် ထပ်မံရယူ၍ ပြည်ထောင်စု ဝန်ကြီးရုံး၏ လုပ်ငန်းမှု ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ အစည်းအဝေးအထိ တင်ပြပြီးမှ ခွင့်ပြုမိန့် ထုတ် ပေးခြင်း
(၄) ခွင့်ပြုမိန့် ရရှိပါက ထရန်စဖော်မာ တပ်ဆင်ခြင်း အတွက် အောက်ဖော်ပြပါ လျှောက်ထားသည့် ထရန်စဖော်မာ(ကေဗွီအေ) အလိုက် သတ်မှတ်နှုန်းထားများအား ပေးသွင်းစေရာတွင် Infrastructure ကြေးအား ကာယကံရှင် ကိုယ်တိုင် ဘဏ်သို့ ပေးသွင်းစေခြင်း၊ ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်း အတွက် သတ်မှတ်ထားသော အုပ်ချုပ်မှု စရိတ်နှင့် ကြီးကြပ်ခများကို သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးတွင် ကာယကံရှင် ကိုယ်တိုင် ပေးသွင်းစေခြင်း
(၅) တပ်ဆင် သုံးစွဲမည့် ပစ္စည်းများ၏ အမျိုးအစား၊ စံချိန် စံညွှန်းများနှင့် တည်ဆောက်မည့် ပုံစံ တို့ကို ခရိုင် လျှပ်စစ် အင်ဂျင်နီယာ ထံ ဦးစွာ တင်ပြ၍ ဓာတ်အား ခွဲရုံ၊ Switch Gear များနှင့် ပတ်သက်ပြီး သတ်မှတ် စံချိန် စံညွှန်းနှင့် ကိုက်ညီမှု ရှိ / မရှိကို ဓာတ်အားခွဲရုံ (ထိန်း / ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင် / ထိန်း) ဌာနခွဲမှ လည်းကောင်း၊ HT Cable, LT Cable များနှင့် ပတ်သက်ပြီး မြေအောက် ဓာတ်ကြိုး ဌာနခွဲမှ လည်းကောင်း၊ ကောင်းကင် ဓာတ်အားလိုင်းနှင့် ပတ်သက်ပြီး ကောင်းကင် ဓာတ်အားလိုင်း ဌာနခွဲမှ လည်းကောင်း အတည်ပြုချက် ရယူပြီးမှသာ လုပ်ငန်း ဆောင်ရွက်စေခြင်း
(၆) စီတီမီတာ ထုတ်ယူရန် အတွက် မြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ တစ်ဆင့် YESC ရုံးချုပ်သို့ Indent ဖြင့် တင်ပြ တောင်းခံစေ၍ ရရှိပါက မီတာ တပ်ဆင်ပေးခြင်း
(၇) ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာန၊ (လျှပ်စစ် စစ်ဆေးရေး)သို့ တည်ဆောက်ပြီးသော ဓာတ်အားလိုင်း၊ ထရန်စဖော်မာနှင့် Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရယူစေခြင်း
(၈) လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရရှိပါက ငွေသွင်း ပြေစာ မိတ္တူများ၊ တည်ဆောက် ပြီးစီးမှု မှတ်တမ်း ဓာတ်ပုံများ နှင့် အတူ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ခရိုင် လျှပ်စစ် မန်နေဂျာရုံး သို့ တင်ပြစေ၍ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ဓာတ်အား ဆက်သွယ်ခွင့်(ဓာတ်လွှတ်မိန့် ) ထုတ်ပေးပြီး ဓာတ်အား ဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာ ဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အား ခွဲရုံ ( ထိန်း / ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင် / ထိန်း) ဌာနခွဲမှ အင်ဂျင်နီယာ(၁)ဦး၊ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ကြီးကြပ်သူ (၁) ဦး၊ မြို့နယ် လျှပ်စစ် မန်နေဂျာတို့ ပါဝင်သော (၄) ဦး ကော်မတီဖြင့် ၄၀၀ ဗို့ Breaker အထိ ဓာတ် အား ဆက်သွယ်ပေးခြင်း
(၉) ၁၁/ ၀.၄ ကေဗွီ၊ ၁၀၀၀ ကေဗွီအေနှင့် အထက်၊ ၃၃ ကေဗွီနှင့် အထက် Voltage Level ဖြင့် ဓာတ်အား ရယူ သုံးစွဲမှုများ အတွက် ဓာတ်အား ဆက်သွယ်ခွင့်အား ဓာတ်အား ဖြန့်ဖြူးရေးဌာန (ရုံးချုပ်) မှ ဓာတ်အား ဆက်သွယ်ခွင့် (ဓာတ်လွှတ်မိန့်) ထုတ်ပေးပြီး ဓာတ်အား ဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာ ဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အားခွဲရုံ (ထိန်း / ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင် / ထိန်း) ဌာနခွဲ မှ အင်ဂျင်နီယာ(၁)ဦး၊ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ကြီးကြပ်သူ (၁)ဦး၊ Test Lab ဌာန မှ အင်ဂျင်နီယာ(၁)ဦး၊ မြို့နယ် လျှပ်စစ် မန်နေဂျာတို့ ပါဝင်သော (၅)ဦး ကော်မတီဖြင့် ၄၀၀ ဗို့ Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း
ထရန်စဖော်မာ မီတာ အသစ် တပ်ဆင်ခြင်း (မီးသုံးသူ အသစ် စာရင်း ရေးသွင်းခြင်း) နှင့် စပ်လျဉ်း၍ မီတာ စတင် လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်း ထွက်ပြီးသည် အထိ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာ ရုံးများရှိ ဌာန အသီးသီးမှ အောက်ဖော်ပြပါ အတိုင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား လိုက်နာ ဆောင်ရွက်လျက် ရှိပါသည်။
(က) စီမံ ခန့်ခွဲရေး ဌာန
လျှောက်လွှာသစ်များ လက်ခံခြင်း ဘုံမှတ်တမ်း( လျှပ်စစ်ပုံစံ -၂၈၄) ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့် အညီ ဓာတ်အား ဆက်သွယ်ရန် လျှောက်လွှာ ပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ် ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင်ရန် လျှောက်လွှာ (လျှပ်စစ်ပုံစံ-၂၅၈)လက်ခံခြင်း
(ခ) ဘဏ္ဍာရေး ဌာန
မှတ်ပုံတင်ကြေးအား ငွေရ ပြေစာ (လျှပ်စစ် ပုံစံ -၂၃) ဖြင့် လက်ခံခြင်း
(ဂ) အင်ဂျင်နီယာ ဌာန
လုပ်ငန်း ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာ တပ်ဆင်ရန် စစ်ဆေးခြင်း
(ဃ) စီမံ ခန့်ခွဲရေး ဌာန
မီတာ တပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်း ရန် အကြောင်းကြားစာ (လျှပ်စစ် ပုံစံ-၂၄) ရေးသွင်းခြင်း
(င) ဘဏ္ဍာရေး ဌာန
ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခ အား ( လျှပ်စစ်ပုံစံ-၂၃) မီတာ သတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃)နှင့် အာမခံ စဘော်ငွေ(လျှပ်စစ် ပုံစံ-၉၅)လက်ခံခြင်း၊ (လျှပ်စစ် ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း
(စ) စီမံ ခန့်ခွဲရေး ဌာန
လျှပ်စစ် ပုံစံ-၁၃၈ တွင် ငွေရပြေစာ အမှတ် ရေးသွင်းပြီး မြို့နယ် လျှပ်စစ် မန်နေဂျာမှ လက်မှတ် ရေးထိုး၍ မီတာ ထုတ်ယူရန် အင်ဂျင်နီယာ ဌာန သို့ ပေးပို့ခြင်း
(ဆ) အင်ဂျင်နီယာ ဌာန
မီတာ တပ်ဆင်ရန် အတွက် ပစ္စည်း စီမံရေး ဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ် ပုံစံ-၂၅(က)ဖြင့် မီတာ တောင်းခံခြင်း
(ဇ) ပစ္စည်း စီမံရေး ဌာန
မီတာအား ပစ္စည်း ထုတ်ပေးလွှာ ပုံစံ-၂၅(ခ) ဖြင့် ထုတ်ပေးခြင်း၊ မီတာ မှတ်ပုံတင် စာအုပ်(လျှပ်စစ် ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ် ပုံစံ-၂၆) ရေးသွင်းခြင်း
(ဈ) အင်ဂျင်နီယာ ဌာန
ထုတ်ယူ ရရှိသော မီတာကို သွားရောက် တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံ ခန့်ခွဲရေး ဌာနသို့ ပေးပို့ခြင်း
(ည) စီမံ ခန့်ခွဲရေး ဌာန
မီတာ အသစ်ဆက်ခြင်း၊ ဘုံမှတ်တမ်း (လျှပ်စစ် ပုံစံ-၂၈၀) ရေးသွင်းခြင်း
(ဋ) ဘဏ္ဍာရေး ဌာန
မီတာဖတ် ကဒ်ပြား ( လျှပ်စစ် ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ်အား သုံးစွဲသူများ လယ်ဂျာ(လျှပ်စစ် ပုံစံ-၄၃) ရေးသွင်းခြင်း၊ လျှပ်စစ် ပုံစံ - ၉၅ လက်ခံ တွင် မီတာ အမှတ်နှင့် စာရင်း အမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ် ထုတ်ခြင်း
ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center ဖုန်းနံပါတ်များ
၀၁-၂၃၀၂၂၈၅ ၀၁-၂၃၀၂၂၈၆ ၀၁-၂၃၀၂၂၈၇ ၀၁-၂၃၀၂၂၈၈ ၀၁-၂၃၀၂၂၈၉ ။
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ် ပျက်စီး / ပျောက်ဆုံးလျှင် မိတ္တူ လျှောက်ထားခြင်း အတွက် လိုအပ်သော အချက်များ
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်များ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး ပျောက်ဆုံး သွားလျှင် မိတ္တူ ထပ်မံ ထုတ်ပေးရန် ကုန်သွယ်ရေး ဦးစီး ဌာနတွင် လျှောက်ထားခွင့် ရှိပါသည်။ ဆောင်ရွက်မှု အခကြေးငွေ အဖြစ် ငွေ ၃၀၀၀ကျပ် ပေးဆောင်စေပြီး၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် မိတ္တူများ ထုတ်ပေးမည် ဖြစ်ပါသည်။ မိတ္တူမှန် လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရပါမည်။
(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ
(ခ) ကုမ္ပဏီ မှတ်ပုံတင် ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ ( မိတ္တူ / မူရင်း)
(ဂ) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း )
(ဃ) ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ( မိတ္တူ )
(င) ဒါရိုက်တာ အဖွဲ့ဝင် အမည်စာရင်း(Form 26)( မိတ္တူ / မူရင်း )
(စ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း(Form 6) ( မိတ္တူ / မူရင်း )
(ဆ) ပျောက်ဆုံးကြောင်း သတင်းစာကြော်ငြာ (မူရင်း)
(ဇ) ရပ်ကွက် ၊ ရဲစခန်း တို့တွင် ပျောက်ဆုံးကြောင်း ထောက်ခံစာ (မူရင်း)
ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ
ကုန်သွယ်ရေး ဦးစီး ဌာန
ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)
၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့်ရွှေဘုံသာလမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။
ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်) ။
ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်
တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း၃၀)။
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon