Myanmar41media

Myanmar41media

Share

03/07/2026

ကျိုင်းတုံတွင် နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲမှုဖြစ်၊ ပရိဘောဂဆိုင်ရှင်၏ သမီး ယနေ့ထိ ပျောက်ဆုံးနေ
#ကျိုင်းတုံ

03/07/2026

ရခိုင်ပြည်နယ်၏ အထင်ကရမြို့နှစ်မြို့ဖြစ်သည့် မင်းပြားနှင့် ပေါက်တောမြို့တို့၏ အမည်များကို ပြောင်းလဲသတ်မှတ်ရန် ULA/AA ဘက်က စီစဉ်နေပြီး မကြာမီ တရားဝင်ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း သိရသည်။

ဇူလိုင် ၁ ရက်တွင် ULA ၏ မင်းပြားခရိုင် တာဝန်ရှိသူများက ယင်းအစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။မြို့အမည်ပြောင်းလဲမည့် အစီအစဉ်ကို ကြိုဆိုသည့်အနေဖြင့် မင်းပြားနှင့် ပေါက်တောဒေသခံများက ဇူလိုင် ၁ ရက်တွင် သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်များကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

သတင်းများအရ မင်းပြားမြို့၏ လက်ရှိအမည်သည် ရခိုင်ရာဇဝင်သမိုင်းနောက်ခံနှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်အချက်များရှိနေသဖြင့် အမည်ပြောင်းလဲရန် ဒေသခံများက အဆိုပြုတင်ပြမှုများ ပြုလုပ်ထားကြောင်း ဆိုသည်။ထို့အပြင် မင်းပြားနှင့် ပေါက်တောမြို့တို့၏ အမည်သစ်များကို ULA/AA ဗဟိုတာဝန်ရှိသူများက သဘောတူထားပြီးဖြစ်ကာ အမည်အသစ်များကို မကြာမီ တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ပြောင်းလဲသတ်မှတ်မည့် မြို့အမည်အသစ်များကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
#မင်းပြား #ပေါက်တော #ရခိုင်ပြည်နယ်

30/06/2026

နှစ်ပေါင်းများစွာ အငြင်းပွားမှုများရှိခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စု၏ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ဖော်ပြောကြားသည်။

ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာခိုင်ခိုင်စိုးက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ လက်မခံပါက စီမံကိန်းအောင်မြင်ရန် မလွယ်ကူကြောင်း သိရှိထားသဖြင့် ဒေသခံများ၏ သဘောထားကို ရယူရန် ညွှန်ကြားထားကြောင်း ပြောဆိုခဲ့သည်။

၎င်း၏အဆိုအရ ကချင်ပြည်နယ်တွင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဆွေးနွေးပွဲရလဒ်များကို လက်ရှိအချိန်အထိ မထုတ်ပြန်သေးဘဲ ဆက်လက်သုံးသပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုက်အဝန်းနှင့် အမျိုးသားအကျိုးစီးပွားဆိုင်ရာ စိုးရိမ်မှုများကြောင့် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုက ပြန်လည်ဆွေးနွေးနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။
#ကချင်ပြည်နယ် #မြစ်ဆုံ

30/06/2026

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း စစ်အုပ်စု၏ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ မရှိဘဲ အခြေအနေကောင်းမွန်နေကြောင်းနှင့် ဆေးစစ်မှုများကိုလည်း ပုံမှန်ပြုလုပ်ပေးနေကြောင်း ဆိုသည်။

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်ဟု စစ်အုပ်စုဘက်က ဆိုကာ နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်မရှိကြောင်း ပြောဆိုခဲ့သည်။ယင်းပြောဆိုချက်များမှာ စစ်အုပ်စု၏ တရားဝင်သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောကြားချက်ဖြစ်သည်။

29/06/2026

"လေယာဉ်နဲ့ ဗုံးကြဲပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ရင် ဒီဖိတ်ခေါ်မှုကို ကျည်ဆံနဲ့သာ တုံ့ပြန်စရာရှိတယ်" ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

စစ်အုပ်စုက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည့်အပေါ် သဘောထားကို မေးမြန်းရာတွင် AA ပြောခွင့်ရသူ ဦးခိုင်သုခက အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက "စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး တစ်ဖက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်နေမယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ကျည်ဆံနဲ့သာ တုံ့ပြန်စရာရှိတယ်" ဟု ပြောဆိုခဲ့သည်။

ယင်းပြောဆိုချက်သည် ဇွန်လ ၂၆ ရက်နေ့က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ မီဒီယာ၏ မေးမြန်းမှုအပေါ် AA ဘက်မှ တုံ့ပြန်ချက်ဖြစ်သည်။
#ဦးခိုင်သုခ #ရခိုင်

28/06/2026

ဘူးလက်လှဆွေနဲ့ အငြင်းပွားပြီးနောက် ကျော်မျိုးမင်း ဖမ်းဆီးခံရ၊ စစ်လော်ဘီများ ပြန်လွှတ်ပေးဖို့ တောင်းဆို

စစ်လော်ဘီအချင်းချင်း အက်ကွဲမှု ပိုမိုပေါ်လွင်လာတဲ့ဖြစ်ရပ်တစ်ခုအဖြစ် စစ်လော်ဘီ ကျော်မျိုးမင်း ဖမ်းဆီးခံရမှုအပေါ် စစ်လော်ဘီအသိုင်းအဝိုင်းကပင် ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

လူမှုကွန်ရက်မှာ ကြံ့ဖွတ်ပါတီဝင် ဘူးလက်လှဆွေနဲ့ အပြန်အလှန် အငြင်းပွားခဲ့တဲ့ စစ်လော်ဘီ ကျော်မျိုးမင်းဟာ ဇွန်လ ၂၃ ရက်ကတည်းက အဆက်အသွယ်ပြတ်တောက်နေပြီး လက်ရှိအချိန်အထိ သတင်းဗီဒီယိုတွေ တင်ဆက်နိုင်ခြင်း မရှိသေးပါဘူး။

မဘသအစွန်းရောက် ပေါက်ဘုန်းကြီးအပါအဝင် စစ်လော်ဘီအချို့ကတော့ ကျော်မျိုးမင်းဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာ (သို့မဟုတ်) ခေါ်ယူစစ်ဆေးခံနေရတာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပြီး၊ ခေါ်ယူမေးမြန်းတဲ့အဆင့်နဲ့သာ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်လော်ဘီ ရွှေမျိုးဝင်းကလည်း ကိုယ့်ဘက်က ထောက်ခံသူတွေကို ဖမ်းဆီးအရေးယူတာဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပြီး၊ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် စစ်အုပ်စုဟာ ကိုယ့်ထောက်ခံသူတွေကိုပါ ဆုံးရှုံးသွားနိုင်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

လက်ရှိအချိန်အထိတော့ ကျော်မျိုးမင်း ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေးပါဘူး။
#ကျော်မျိုးမင်း #ဘူးလက်လှဆွေ

27/06/2026

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ ပြောဆိုနေတဲ့အချိန်မှာပဲ တစ်ဖက်က တော်လှန်ရေးတပ်ဖွဲ့တွေကို "ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းရမယ်" လို့ ဒုစစ်ခေါင်းဆောင်က ထပ်မံပြောဆိုလိုက်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်ရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်အုပ်စုပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီပြောကြားချက်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ရေး–ထားဝယ်–မြိတ်–ဘုတ်ပြင်း–ကော့သောင်း လမ်းကြောင်းကို နှောင့်ယှက်နေတဲ့ "အကြမ်းဖက်အဖွဲ့အစည်း" တွေကို ချေမှုန်းရမယ်လို့လည်း ဆိုထားပြီး၊ တော်လှန်ရေးအင်အားစုတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကတော့ စစ်အုပ်စုဟာ တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေသလို၊ တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရှိန်မြှင့် ချေမှုန်းမယ်လို့ ပြောဆိုနေတာဟာ ကွဲလွဲနေတဲ့ သဘောထားဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

တော်လှန်ရေးအင်အားစုဘက်ကလည်း လက်နက်ကိုင်တော်လှန်ရေးဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ မလွှဲမရှောင်သာ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
#မြန်မာသတင်း #ကျော်စွာလင်း

27/06/2026

EAO များကို ကြိုတင်ကန့်သတ်ချက်တစ်စုံတစ်ရာမထားဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် အသင့်ရှိကြောင်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုလိုက်ပါတယ်။

ဇွန်လ ၂၆ ရက်က ကျင်းပတဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ မင်းအောင်လှိုင်က "တကယ် ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ပဲ ရောက်လာလိမ့်မယ်၊ မလိုချင်ရင်တော့ အကြောင်းပြပြီး အချိန်ဆွဲမယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် EAO အားလုံးကို ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားကြောင်း၊ တစ်ဖက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်သလို တစ်ဖက်မှာလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံ တိုးတက်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ၎င်းအစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲကို လာရောက်နိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
#မြန်မာ့သတင်း

26/06/2026

DKBA တံဆိပ်နှင့် ယူနီဖောင်းများကို အသုံးပြုကာ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ဘက်သို့ ဝင်ရောက်လာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုနေပြီး နယ်စပ်ဒေသအခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ဇွန်လ ၂၄ ရက်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်သည် ချောင်းနှစ်ခွမှတစ်ဆင့် ကြာအင်းဆိပ်ကြီးဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး ယင်းအနက် အင်အား ၃၀ ခန့်မှာ DKBA ၏ တံဆိပ်နှင့် ယူနီဖောင်းများကို ဝတ်ဆင်ကာ မော်တော်ယာဉ် ၁၀ စီးခန့်ဖြင့် ဘုရားသုံးဆူမြို့သို့ ဆက်လက်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ဒေသတွင်းသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ DKBA အမည်ဖြင့် သွားလာလာခြင်းကြောင့် လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် အထူးစစ်ဆေးမှုမရှိဘဲ ဖြတ်သန်းနိုင်ခဲ့ကြောင်း သိရသည်။ထို့အပြင် ဘုရားသုံးဆူသို့ ဝင်ရောက်လာသူများထဲတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်သည်ဟု ယူဆရသော တရုတ်နိုင်ငံသားအများအပြားလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဘုရားသုံးဆူဒေသ လုံခြုံရေးတာဝန်ယူထားသည့် DKBA အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သတင်းရေးသားချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

မကြာသေးမီကပင် စစ်အုပ်စုက ဘုရားသုံးဆူမြို့ကို DKBA ထံမှ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။လက်ရှိတွင် ဒေသခံများအကြား စစ်အုပ်စုက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုလာနိုင်သည်ဟု စိုးရိမ်နေကြပြီး မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမည့်အခြေအနေကိုလည်း စောင့်ကြည့်နေကြသည်။
#ကရင်သတင်း

25/06/2026

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သော AYA Bank တွင် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားပြီး သုံးစွဲသူအချက်အလက်အချို့ ပေါက်ကြားခဲ့ကြောင်း ဘဏ်ဘက်က အတည်ပြုထုတ်ပြန်လိုက်သဖြင့် သုံးစွဲသူများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

LAPSUS$ ဟု အမည်ရ ဆိုက်ဘာဟက်ကာအဖွဲ့က AYA Bank ၏ စနစ်အချို့ကို ဖောက်ထွင်းရယူထားကြောင်း ကြေညာခဲ့ပြီး သတ်မှတ်ထားသည့်ကာလအတွင်း ညှိနှိုင်းမှုမရှိပါက ရရှိထားသည့် အချက်အလက်များကို Dark Web ပေါ်တွင် ထုတ်ဖော်ရောင်းချသွားမည်ဟု ခြိမ်းခြောက်ထားသည်။

AYA Bank ကမူ တိုက်ခိုက်ခံရသည့် စနစ်မှာ Portal Application အဟောင်းတစ်ခုဖြစ်ပြီး Core Banking System၊ AYA Pay၊ Card System နှင့် Internet/Mobile Banking စနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်း မရှိကြောင်း ရှင်းလင်းထားသည်။ထို့ကြောင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် AYA Pay၊ Internet Banking၊ Mobile Banking တို့ကို ပုံမှန်အတိုင်း လုံခြုံစွာ ဆက်လက်အသုံးပြုနိုင်ကြောင်း ဘဏ်က ဆိုသည်။

သို့သော် ပေါက်ကြားခဲ့သည့် အချက်အလက်များမှာ Portal လျှောက်လွှာများတွင် ပါဝင်သည့် ငွေကြေးနှင့် မသက်ဆိုင်သော ကိုယ်ရေးအချက်အလက်အချို့ ဖြစ်ကြောင်း AYA Bank က ဝန်ခံထားပြီး ဖြစ်စဉ်အတွက် သုံးစွဲသူများကို တောင်းပန်ကာ ဆိုက်ဘာလုံခြုံရေးစနစ်များကို ထပ်မံတိုးမြှင့်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။
#ဧရာဝတီဘဏ်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon