NwayLei

NwayLei

Share

18/09/2025

အဆိပ်လူးပြီး ပစ်တဲ့မြှားနဲ့
ပျားရည်လူးပြီး ပစ်တဲ့မြှားမှာ
ပျားရည်လူးပြီးပစ်တဲ့မြှားက
ပိုနာရပါတယ်။ ။

NwayLei

18/09/2025

#လင်းညီ

29/06/2025

နဲနဲ လောသွားလို့

25/03/2025

ပုံပြင်လေးရဲ့အဆုံးမှာ
သူခိုးကြီးဟာ
တချိန်က သူအရမ်းမြတ်နိုး တန်ဖိုးထားပါတယ်ဆိုတဲ့
"အရာလေးကို" နေရာတကျပြန်ထားခဲ့ပီး ခရီးနှင်သွားသတဲ့

CRD
ငမူး

18/02/2025

သူမကို အကြိမ်ကြိမ်
မြင်ဖူးပါလျက် ခိုးကြည့်မိပြန်တယ် ..။

ဟော လှပြန်ပြီ ။

_မင်းလူ

16/02/2025

သူ့ဘက်က
မသေချာခြင်းများစွာနဲ့ရှိခဲ့တာတောင်
ကျွန်တော်ဟာ အသေချာကြီးကို
ချစ်မိခဲ့ပါတယ် ။

#ဂန္ဓမာ

16/02/2025

နေရာလွဲမှား ခဲ့တဲ့
ချစ်ခြင်းမေတ္တာတွေအတွက်
နစ်နာခဲ့ရတဲ့ ပန်းတွေ
ဘယ်လောက်များနေပြီလဲ ။

#ဂန္ဓမာ
၂၀၂၂ (ဒုတိယအကြိမ်)

14/02/2025

နာနာကျင်ကျင် ရှိခဲ့တာတော့ဝန်ခံပါတယ်
နာနာကျည်းကျည်းတော့ မဖြစ်ပါဘူး
ဖတ်ဖူးတဲ့ စာသားလေးလိုပဲ
အဲ့ဒီတုန်းက ထိခိုက်မိတာမှန်ပေမယ့်
အဲ့ဒီမတိုင်ခင်တုန်းကတော့ မြတ်နိုးခဲ့ဖူးကြတာပဲ
ရန်သူဆန်စရာမှမလိုတာ အချစ်ရယ်

W.C
CRD
ငမူး

14/02/2025

တွက်ပြီးသား ပုစ္ဆာ

14/02/2025

ယောကျ်ားတွေ ဝမ်းနည်းကြရင်
ဒေါသပါ ပါတယ်ကွ

သူတို့မှာ မျက်ရည်မကျရဘူးဆိုတဲ့
ဖိအားကြီး ရှိတယ်

ဒါကြောင့် နံရံတွေမှာ အပြစ်ရှိသွားတာ ။

#ယောကျာ်းမာန

14/02/2025

တခြားတယောက်ကို
ရင်ဘက်ထဲထည့်ထားတဲ့
တစုံတယောက်အား
သဘောကျခြင်းဖြင့် ငါတို့ဟာ ကိုယ့်အသည်းကိုပြန်ခွဲခဲ့ကြတယ်

#ငမူး

14/02/2025

Morning … ကလေး ။

တစ်နေ့တာရဲ့
ရာသီဥတုကို
မင်းမျက်လုံးနဲ့ ခွဲတတ်သူမို့

မင်း ပြုံးနေရင်
တစ်နေ့လုံး ကြည်သာပြီး
မင်း မဲ့နေရင်
နွေခေါင်ခေါင်မှာ ပိုလို့ ခြောက်သွေ့ပါဦးမယ်

ဒီမနက်ခင်းကော
ပြုံးဖြစ်ရဲ့လား
နေကောင်းကျန်းမာရဲ့လား
အိပ်ရေးကော ၀ရဲ့လား

မေးခွန်းတွေ အများကြီးမေးတာဟာ
အများကြီး စိတ်ပူနေတာကြောင့်ဆိုတာ
သိပါ ။

ပျော်စေချင်ပါတယ်
လူကော စိတ်ကော အေးချမ်းစေချင်ပါတယ် ။

ကောင်းသော မနက်ခင်းလေး ဖြစ်ပါစေနော် ။

#ကျေးကို

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11211