Hana Microfinance
26/05/2026
"အီးဒ်နေ့ ရုံးပိတ်ရက်အသိပေးကြေညာခြင်း"
(၂၀၂၆) ခုနှစ်၊ မေလ(၂၈)ရက်၊ ကြာသပတေးနေ့ သည် (အီးဒ်နေ့) ရုံးပိတ်ရက် အဖြစ်သတ်မှတ်ထားပါသောကြောင့် အဆိုပါနေ့တွင် 𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ၏ (ရုံးချုပ်) အပါအဝင် ရုံးခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးကြေညာအပ်ပါသည်။
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
25/05/2026
အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ "တစ်နေ့နေ့မှာ စတင်မယ်" လို့ ပြောခဲ့ကြသူတွေမဟုတ်ဘဲ "ဒီနေ့ကစပြီး လုပ်မယ်" လို့ ဆုံးဖြတ်ခဲ့ကြသူတွေပါ။ 💪
တနင်္လာနေ့ဆိုတာ တစ်ပတ်တာရဲ့ အစဖြစ်သလို၊ သင့်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အခွင့်အရေးအသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ကစပြီး စိတ်သစ်၊ လူသစ်နဲ့ကိုယ့်ရဲ့ 𝐆𝐨𝐚𝐥 တွေကို တစ်ခုချင်း အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ☕✨
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
22/05/2026
💡𝐅𝐫𝐢𝐝𝐚𝐲 𝐐𝐮𝐢𝐳 𝐓𝐢𝐦𝐞 !
ဘယ်အရာက ကောင်းမွန်တဲ့ ချေးငွေဖြစ်မလဲ? 🤔
(𝐀) တန်ဖိုးကြီးဇိမ်ခံပစ္စည်းများအတွက်ယူတဲ့ ချေးငွေ
(𝐁) လုပ်ငန်း တိုးချဲ့ဖို့ယူတဲ့ ချေးငွေ
(𝐂) အပျော်ခရီးသွားဖို့ယူတဲ့ ချေးငွေ
👇 သင်မှန်မယ်ထင်တဲ့ အဖြေကို 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာ ရေးသွားပေးပါဦး!
✨ 𝐇𝐢𝐧𝐭: ကောင်းမွန်တဲ့ချေးငွေဆိုတာ ဝင်ငွေတိုးတက်လာစေနိုင်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုတဲ့ ငွေကြေးအထောက်အပံ့မျိုး ဖြစ်ပါတယ်။
💬 အဖြေမှန်ကို နောက်အပတ်သောကြာနေ့ 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာ ပြောပြပေးမယ်နော်!
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
20/05/2026
⚠️ အွန်လိုင်း ငွေကြေးလိမ်လည်မှု သတိပေးချက် ⚠️
𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ၏ အမည်ကို အလွဲသုံးစားပြုလုပ်ပြီး အွန်လိုင်းမှတစ်ဆင့် ငွေချေးပေးမယ်ဆိုကာ 𝐅𝐨𝐫𝐦 ကြေးငွေကြိုတင်တောင်းခံခြင်း၊ ချေးငွေကျပြီဟုဆိုကာ ဝန်ဆောင်ခ တောင်းခံခြင်း စသည်ဖြင့် ငွေကြေးလိမ်လည်မှုများစွာ တွေ့ရှိနေရပါသည်။ ‼️
လူကြီးမင်းတို့၏ ချွေးနှဲစာလေးတွေ မဆုံးရှုံးရအောင် အောက်ပါအချက်လေးတွေကို အတူတူ သတိထားကြရအောင်။ 👇
📣 လိုက်နာရမည့် အချက် ၄ ချက် 📣
၁။ ကြိုတင်ငွေ လုံးဝမပေးပါနဲ့ ❌
𝐇𝐚𝐧𝐚 ကနေ ချေးငွေထုတ်ပေးဖို့အတွက် ဘယ်လိုအကြောင်းပြချက်နဲ့မှ (ဥပမာ- စာရွက်စာတမ်းကြေး၊ အာမခံကြေးတို့ကို ကြိုတင်ငွေ တောင်းခံခြင်း လုံးဝ(လုံးဝ) မရှိပါဘူး။ 💸
၂။ လူကိုယ်တိုင် ရုံးခွဲသို့ လာရောက်ပါ 🏢
ဖုန်းထဲကနေပဲ အွန်လိုင်းမှတစ်ဆင့် ချေးငွေအပြီးအစီး ထုတ်ပေးတာမျိုး မရှိပါ။ ချေးငွေကိစ္စတွေအတွက် နီးစပ်ရာ 𝐇𝐚𝐧𝐚 ရုံးခွဲတွေဆီမှာ လူကိုယ်တိုင် လာရောက်စုံစမ်း လျှောက်ထားခွင့် တစ်မျိုးတည်းသာ ရှိပါသည်။ 🤝
၃။ 𝐇𝐚𝐧𝐚 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 များနှင့်သာ ယုံကြည်စွာ ဆောင်ရွက်ပါ ✅
𝐇𝐚𝐧𝐚 နှင့် နာမည်တူ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐀𝐜𝐜𝐨𝐮𝐧𝐭 အတုတွေ အများကြီးရှိနိုင်ပါသည်။
𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ၏...
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 https://www.facebook.com/hanamicrofinanceltd နှင့်
𝐓𝐢𝐤𝐓𝐨𝐤 အကောင့် https://www.tiktok.com/ သာ အစစ်ဖြစ်ပါသည်။ 🛡️
၄။ အွန်လိုင်းကနေ ငွေမချေးပါ 🚫
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫/ 𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐭 𝐁𝐨𝐱 (သို့မဟုတ်) 𝐕𝐢𝐛𝐞𝐫 တို့မှတစ်ဆင့် ငွေလွှဲပေးမည် ဟူသော ကမ်းလှမ်းချက်မှန်သမျှဟာ လိမ်လည်သူတွေရဲ့မသမာမှုများပဲဖြစ်ပါတယ်။ 📱
🌐 မိမိနှင့် နီးစပ်ရာ 𝐇𝐚𝐧𝐚 ရုံးခွဲလိပ်စာနှင့် ဖုန်းနံပါတ်များကို 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။👇
𝐇𝐚𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞 - https://hanamyanmar.com/
✨ မိတ်ဆွေတို့၏ ယုံကြည်မှုကို အမြဲတန်ဖိုးထားလျက်...✨𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ✅
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
18/05/2026
✨ 𝐍𝐞𝐰 𝐖𝐞𝐞𝐤, 𝐍𝐞𝐰 𝐆𝐨𝐚𝐥𝐬 ✨
ဒီတစ်ပတ် 𝐌𝐨𝐧𝐝𝐚𝐲 မှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး 𝐯𝐞𝐫𝐬𝐢𝐨𝐧 ဖြစ်လာဖို့ ဘယ်လို 𝐆𝐨𝐚𝐥 မျိုးတွေကို အကောင်အထည်ဖော်ချင်လဲ? 💭
💰 𝐒𝐚𝐯𝐢𝐧𝐠 𝐌𝐨𝐝𝐞 𝐎𝐧: ငွေပိုစုမယ်
📈 𝐖𝐨𝐫𝐤 𝐇𝐚𝐫𝐝𝐞𝐫: အလုပ်မှာ ပိုပြီး အာရုံစိုက်မယ်
🛍️ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰𝐭𝐡: လုပ်ငန်းကို ဒီထက်တစ်ဆင့် မြှင့်တင်မယ်
💪 𝐒𝐞𝐥𝐟-𝐈𝐦𝐩𝐫𝐨𝐯𝐞𝐦𝐞𝐧𝐭: အလေ့အထသစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်မယ်
𝐆𝐨𝐚𝐥 သေးသေးလေးပဲဖြစ်ဖြစ် စတင်လိုက်ဖို့က အဓိကပဲမို့ အတူတူကြိုးစားလိုက်ကြရအောင်နော်။ 🌱
သင့်ရဲ့ ဒီတစ်ပတ် 𝐆𝐨𝐚𝐥 ကရော ဘာဖြစ်မလဲ? 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဝေမျှပေးခဲ့ပါဦး။ 👇
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
16/05/2026
💡ချေးငွေကို အချိန်မှန် ပြန်ပေးဆပ်ရင် ဘာအကျိုးရှိမလဲ ?
ချေးငွေဝန်ဆောင်မှုကို ရယူတာက အရေးကြီးသလို အချိန်မှန် ပြန်ဆပ်နိုင်တာကလည်း ပိုအရေးကြီးပါတယ်။
အချိန်မှန် 𝐫𝐞𝐩𝐚𝐲𝐦𝐞𝐧𝐭 လုပ်တဲ့သူတွေက...👇
✅ နောက်တစ်ကြိမ် ထပ်လျှောက်ရတာ ပိုလွယ်လာမယ်
✅ ယုံကြည်မှု (𝐂𝐫𝐞𝐝𝐢𝐭 𝐑𝐞𝐩𝐮𝐭𝐚𝐭𝐢𝐨𝐧) ကောင်းလာမယ်
✅ ပိုများတဲ့ ပမာဏကို ရနိုင်မယ့် အခွင့်အရေးရှိလာမယ်
✅ စိတ်ဖိစီးမှုနည်းပြီး 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 ပိုကောင်းလာမယ်
✅ ကိုယ့်လုပ်ငန်းကို တည်ငြိမ်စွာ ဆက်လက်တိုးချဲ့နိုင်မယ်
အလေ့အကျင့်ကောင်းသေးသေးလေးတွေက အနာဂတ်မှာ ကြီးမားတဲ့ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ပါတယ် 🌱
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
13/05/2026
လူကြီးမင်းရဲ့ ချေးငွေ (𝐋𝐨𝐚𝐧) နဲ့ စုငွေ (𝐒𝐚𝐯𝐢𝐧𝐠) အခြေအနေတွေကို ပုံမှန်စစ်ဆေးခြင်းဟာ ကောင်းမွန်တဲ့ ငွေကြေးစီမံခန့်ခွဲမှုတစ်ခုပါ။ ✅
ဒါကြောင့် 𝐇𝐚𝐧𝐚 က မိတ်ဆွေတို့ရဲ့ ငွေကြေးကို လုံခြုံစိတ်ချစွာ စီမံနိုင်စေဖို့ နည်းပညာအဖော်မွန်အဖြစ် 𝐇𝐚𝐧𝐚 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို ဖန်တီးပေးထားပါတယ်။ ✨
📲 𝐇𝐚𝐧𝐚 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို ဖုန်းထဲမှာ အသုံးပြုထားရုံနဲ့...
💸 သင့်ရဲ့ စုငွေတိုးပွားမှုကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။
💸 ပေးသွင်းထားတဲ့ ချေးငွေအရစ်ကျ အခြေအနေတွေကို ပြန်လည်စစ်ဆေးနိုင်ပါတယ်။
💸 ဘယ်နေရာမှာပဲရှိရှိ သင့်ရဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို အမြဲလက်ထဲမှာ ထိန်းချုပ်ထားနိုင်ပါတယ်။
📲 အသုံးပြုနည်း
𝐀𝐩𝐩 ကိုဖွင့်ပြီး 𝐇𝐨𝐦𝐞 𝐒𝐜𝐫𝐞𝐞𝐧 မှာရှိတဲ့ "သင်၏ ချေးငွေ (𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐀𝐜𝐭𝐢𝐯𝐞 𝐋𝐨𝐚𝐧)" နဲ့ "စုငွေများ (𝐒𝐚𝐯𝐢𝐧𝐠𝐬)" ကိုနှိပ်ပြီး လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။
📌 အခြားစစ်ဆေးနိုင်သော နည်းလမ်းများ
🗣️ လူကိုယ်တိုင် စုံစမ်းခြင်း
📚 သင့်ရဲ့ စုငွေ/ချေးငွေ စာအုပ်ကိုယူပြီး သက်ဆိုင်ရာဌာနခွဲတွေမှာ တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။
👥 သင့်ကို ဝန်ဆောင်မှုပေးနေတဲ့ နယ်မြေဝန်ထမ်းများကိုလည်း တိုက်ရိုက်တွေ့ဆုံပြီး မေးမြန်းနိုင်ပါတယ်။
☎️ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းခြင်း
အချိန်မပေးနိုင်တဲ့အခါတွင်လည်း စိတ်မပူပါနဲ့။
📞 သင့်ရဲ့သက်ဆိုင်ရာနယ်မြေဝန်ထမ်းများ (သို့မဟုတ်) 𝐇𝐚𝐧𝐚 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 📱 (𝟎𝟗-𝟕𝟕𝟑 𝟏𝟎𝟎 𝟗𝟗𝟗) ကို ခေါ်ဆိုပြီး အလွယ်တကူ စုံစမ်းနိုင်ပါတယ်။
𝐇𝐚𝐧𝐚 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 နဲ့ သင့်ရဲ့ ငွေကြေးကို ပိုမို လုံခြုံစိတ်ချစွာ စီမံခန့်ခွဲလိုက်ပါ။ ✨
𝐇𝐚𝐧𝐚 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 အား 𝐆𝐨𝐨𝐠𝐥𝐞 𝐏𝐥𝐚𝐲 𝐒𝐭𝐨𝐫𝐞 တွင် 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူနိုင်ရန် 𝐋𝐢𝐧𝐤 - https://play.google.com/store/apps/details?id=com.hanamicrofinance.clientapp&pcampaignid=web_share
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
11/05/2026
Hana Microfinance အနေနဲ့ ဝန်ထမ်းသစ်တွေရဲ့ လုပ်ငန်းခွင်တွင်း အဆင်ပြေချောမွေ့စေဖို့ အမြဲပံ့ပိုးကူညီပေးလျက်ရှိရာ အသစ်ဝင်ရောက်လာသော FO နှင့် IFO ဝန်ထမ်း (၃၇) ဦးအတွက် သင်တန်းကို ရန်ကုန်ရုံးချုပ်၌ မေလ (၁) ရက်နေ့မှ (၄) ရက်နေ့ထိ ၄ ရက်ထာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ 🏢
ဒီသင်တန်းဟာ ဝန်ထမ်းသစ်များ လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့စွာ စတင်နိုင်ဖို့နဲ့ အနာဂတ်မှာ အားကိုးရတဲ့ ဝန်ထမ်းကောင်းများ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး L&D ဌာနမှ ကြီးမှူး၍ ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ အဆိုပါသင်တန်းမှတစ်ဆင့် ဝန်ထမ်းသစ်များအနေနဲ့ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို စနစ်တကျ သင်ယူခွင့်ရရှိ မျှော်လင့်ပါတယ်။ 💪📖
ဝန်ထမ်းသစ်များအားလုံး ဟာနာမိသားစုနှင့်အတူ အောင်မြင်သော လုပ်ငန်းခွင်ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သင်တန်းပုံရိပ်လေးများကို ဝေမျှပေးလိုက်ပါတယ်ရှင်။ 📸
10/05/2026
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး “စုံထောက်” က ဘယ်သူလဲဆိုရင်…👉 “အမေ” ပါပဲ။ ❤️
မျက်နှာလေးနည်းနည်းညှိုးတာနဲ့တင် “တစ်ခုခုဖြစ်နေပြီ” ဆိုတာ တန်းသိတတ်တဲ့သူ…🥺
အပြင်သွားရင်လည်း စိတ်ပူလွန်းလို့ တစ်ခါတစ်လေ စိတ်ရှုပ်မိပေမယ့် အိမ်ပြန်ရောက်လို့ အမေ့အသံလေးမကြားရရင်လည်း မနေတတ်ပြန်ဘူးမဟုတ်လား...🫶
အမေ့ရဲ့ “စိတ်ပူတာတွေ” က တစ်ခါတလေ အပိုလိုထင်ရပေမယ့် အဲ့ဒီ “အပိုတွေ” ကပဲ ခုချိန်ထိ သား/သမီးတွေရဲ့ဘဝကို လုံခြုံမှုပေးလာတာပါ… 🫂
ဒီနှစ် 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 မှာ တန်ဖိုးကြီးလက်ဆောင်တွေပေးမှ အမေ ပျော်မှာမဟုတ်ပါဘူး။ သင့်ဆီက အမေ အလိုချင်ဆုံးက ဒီအရာလေးတွေပါ👇
📱 ဖုန်းခေါ်ရင် ချက်ချင်းကိုင်ပေးတာ
🏠 အိမ်ပြန်နောက်မကျတာ
🍛 အမေ့လက်ရာကို မြိန်ရေယှက်ရေ စားပေးတာ
💬 “နေကောင်းတယ်၊ အရာရာ အဆင်ပြေတယ်” လို့ ခဏခဏပြောပေးတာ
ဒီ ၄ ချက်ထဲက သင်အခုချက်ချင်း လုပ်ပေးနိုင်တာ ဘယ်နှချက်ရှိပါသလဲ? ❤️ အသည်းလေးပေးပြီး ပြောသွားပါဦး။ ✍️
အမေဆိုတာ ထုတ်မပြောရင်တောင် အမြဲတမ်း သင့်ကို စိတ်ပူနေသူပါ…👵 ဒီနေ့ 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 မှာ “အမေ့ကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် "အမေများနေ့"ကို ပြည့်စုံစေလိုက်ပါနော်... 💌
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
အမေဆိုတာ ဘဝရဲ့ အနွေးထွေးဆုံး ရိပ်မြုံလေးတစ်ခုပါ...💝
ဒီနေ့မှာ ကျရောက်တဲ့ “𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲” မှာ 𝐇𝐚𝐧𝐚 ဝန်ထမ်းလေးတွေ ရင်ထဲကနေ ပြောချင်တဲ့ အမေ့အတွက် မေတ္တာစကားသံလေးတွေကို အတူတူ နားထောင်ကြည့်ရအောင်နော် ❤️✨
#အမေများနေ့ #မေမေ
08/05/2026
📣 𝐅𝐫𝐢𝐝𝐚𝐲 𝐐𝐮𝐢𝐳 လေး လာပြီနော် 👀
အောက်ပါ စကားပုံတွေကို မှန်ကန်အောင် ဖြည့်စွက်နိုင်မလား? 🧐
လွယ်လွယ်လေးဆိုပေမယ့် တချို့က မေ့သွားတတ်တယ်နော်...🤭
(၁) ကျားကြီး ____ ____ ____
(၂) ____ ____ ____ ဆည်တဲ့ကန်သင်း
(၃) ချွေတာစုဆောင်း ____ ____ ____
💬 သိရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ အဖြေလေးတွေ ရေးခဲ့နော် 🥰
✅ အဖြေမှန်တွေကို နောက်တစ်ပတ် သောကြာ ဒီ 𝐏𝐨𝐬𝐭 ရဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐀𝐝𝐦𝐢𝐧 ဖြေပေးပါမယ်နော် 🥳
"𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
11241
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |