Partner Service
TikTok မှာ ပိုက်ဆံပေးပြီး boost တာလေ
ကိုယ် boost ချင်တဲ့ Video တိုင်း boost လို့ရလား ??
မရပါဘူး
မိတ်ဆွေကပိုက်ဆံဘယ်လောက်ပေးနိုင်နေပါစေ
TikTok ဘက်ကခွင့်ပြုတဲ့ video မှသာလျင် boost လုပ်လို့ရပါတယ်
TikTok မှာ Ads (TikTok promote) အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ Community Guidelines တွေဆိုတာရှိပါတယ်။
ကျွန်တော်တို့ဘက်က Promote စလုပ်လိုက်တဲ့အချိန်မှာ TikTok ဘက်က video ကို Review လုပ်ပါတယ်
သူတို့ချမှတ်ထားတဲ့ Policy တွေနဲ့မငြိမှသာ
Promote လုပ်တာ Active ဖြစ်ပြီး လူတွေကို စပြပေးပါတယ်
သူတို့ရဲ့ Policy နဲ့တခုခုငြိတာပဲဖြစ်ဖြစ်၊
Video ထဲမှ တခုခုအဆင်မပြေတာပဲဖြစ်ဖြစ်ရှိရင်
Rejected ချပစ်ပြီး Promote လုပ်ခွင့်မပြုပါဘူး
မိတ်ဆွေအနေနဲ့ TikTok Promote လုပ်တဲ့အခါ Ads Policy နဲ့ ငြိပြီး Reject ကျ (ပယ်ချ) မခံရစေဖို့အတွက် သိထားသင့်တဲ့ TikTok ads policies တွေရဲ့ အဓိကအချက်တွေကို နားလည်လွယ်အောင် အပိုင်း ၄ ပိုင်းနဲ့ အနှစ်ချုပ် ရှင်းပြပေးပါမယ်။
1. Account & Video Quality
TikTok က အသုံးပြုသူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဗီဒီယိုရဲ့ အရည်အသွေးကို အဓိကကြည့်ပါတယ်
အကောင့်က Public ဖြစ်ရမယ်: လုံခြုံရေးအရ Private ဖြစ်နေတဲ့ အကောင့်တွေက ဗီဒီယိုတွေကို Promote လုပ်လို့မရပါဘူး။
ဗီဒီယိုဖြစ်ရပါမယ် : ဓာတ်ပုံတစ်ပုံတည်းကိုပဲ ဗီဒီယိုလုပ်ထားတာမျိုး၊ပုံတွေအမိားကြီးကို ဗီဒီယိုလိုလုပ်ထားတာမျိုး ၊ စာတန်းတွေချည်းပဲ သွားနေတဲ့ ပုံသေဗီဒီယိုမျိုးတွေကို Promote လုပ်ခွင့်မပေးပါဘူး။
လှုပ်ရှားမှုရှိတဲ့ ဗီဒီယိုဖြစ်ရပါမယ်။
ရေစာ (Watermark) မပါရ: TikTok မဟုတ်တဲ့ အခြား App တွေရဲ့ Logo ဒါမှမဟုတ် ရေစာတွေ ပါနေတဲ့ ဗီဒီယိုတွေကို ခွင့်မပြုပါဘူး
(ဥပမာ- CapCut logo၊ တခြားသူ့ဆီက ကူးထားတဲ့ Watermark စတာတွေ မပါရပါ)။
အသံနဲ့ ရုပ်ထွက် (Audio & Video Quality): ဗီဒီယိုက အရမ်းဝါးနေတာ၊ အသံက နားထောင်လို့မရအောင် ဆူညံနေတာ ဒါမှမဟုတ် အသံလုံးဝမပါတာမျိုး တိုးနေတာမျိုးဆိုရင် Reject ဖြစ်နိုင်ပါတယ်။
2. လုံးဝ Promote လုပ်ခွင့်မရှိတဲ့ ကန့်သတ်ပစ္စည်းများ (Prohibited Content)
အောက်ပါအကြောင်းအရာတွေ ပါဝင်တဲ့ ဗီဒီယိုတွေကို TikTok က လုံးဝ (လုံးဝ) Promote လုပ်ခွင့် မပြုပါဘူး
❌လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ
❌ဆေးလိပ်၊ အီးစီးကရက် (V**e) နှင့် ဆေးဝါးများ
❌အရက်၊ ဘီယာနှင့် မူးယစ်ဆေးဝါးများ
❌လောင်းကစား (Gambling) နှင့် ငွေကြေးအမြန်ချမ်းသာစေမည့် Scheme များ
❌အရွယ်ရောက်ပြီးသူများအတွက်သာဖြစ်သော အဝတ်အစားမပါသည့်အရာများ (Adult content / Nudity)
❌ခွဲခြားဆက်ဆံခြင်း၊ အမုန်းစကား (Hate Speech) နှင့် အကြမ်းဖက်မှုများ
3. အကန့်အသတ်နဲ့ပဲ ခွင့်ပြုတဲ့အရာများ (Restricted Content)
ဒီအချက်တွေကတော့ တချို့နိုင်ငံတွေမှာ ခွင့်ပြုပြီး တချို့နိုင်ငံမှာ ပိတ်ထားတာမျိုးဖြစ်လို့ Promote လုပ်ရင် အထူးသတိထားရမယ့် အပိုင်းတွေပါ။
အလှအပနှင့် ကိုယ်အလေးချိန်ချခြင်း
(Weight Loss):
"ဒါသောက်ရင် ၃ ရက်နဲ့ ဝိတ်ကျတယ်" ဆိုတာမျိုး ခန္ဓာကိုယ်ပုံစံကို အဆမတန် ပြောင်းလဲသွားစေမယ့် Before/After ပြသတာမျိုးတွေကို တင်းကျပ်ထားပါတယ်။
ငွေကြေးနှင့် အာမခံဝန်ဆောင်မှုများ
(Financial Services):
ချေးငွေဝန်ဆောင်မှုတွေ၊ Crypto Cryptocurrency ၊ Trading နဲ့ ပတ်သတ်တာတွေကို Promote လုပ်ရင် Rejectedကျတာ promoteလုပ်ခွင့်မပေးတာတွေရှိပါတယ်။။
မူပိုင်ခွင့်ရှိသော သီချင်းများ
(Copyrighted Music):
Promote လုပ်မယ့် ဗီဒီယိုထဲက နောက်ခံသီချင်းဟာ Commercial Music (စီးပွားရေးအရ သုံးခွင့်ရှိတဲ့ သီချင်း) ဖြစ်ရပါမယ်။
လူကြိုက်များနေတဲ့ ကမ္ဘာကျော်သီချင်း အလွတ်တွေ၊ copyright တင်ထားတဲ့ music တွေသုံးထားမိရင် မူပိုင်ခွင့်ကြောင့် Promote လုပ်ခွင့်မပေးတတ်ပါဘူး။
4. ကလိမ်ကကျစ်လုပ်ခြင်းနှင့် လှည့်စားခြင်းဆိုင်ရာ စည်းမျဉ်းများ (Misleading Claims)
TikTok ဟာ ကြည့်ရှုသူတွေကို လိမ်လည်လှည့်စားတဲ့ ပုံစံမျိုးကို အလွန်မုန်းပါတယ်။
အလွန်အမင်းအပိုတွေပြောခြင်း:
"ဒီ Product ကိုသုံးရင် ရောဂါအားလုံးပျောက်ကင်းစေရမယ်" ဆိုတာမျိုး သက်သေမပြနိုင်တဲ့ Claims တွေ မပြောရပါဘူး။
အတုအပပစ္စည်းများ (Counterfeit):
Brand စစ်စစ်မဟုတ်ဘဲ Brand အတုတွေကို Real ပါဆိုပြီး ရောင်းချမြှင့်တင်တာမျိုး မရပါဘူး။
Clickbait လုပ်ခြင်း:
ဗီဒီယိုထဲမှာ ပြောထားတာနဲ့ ကိုယ်ညွှန်းထားတဲ့ Link (သို့) ဝဘ်ဆိုဒ်ထဲက အကြောင်းအရာ တခြားစီဖြစ်နေရင် TikTok က အကောင့်ကိုပါ ပိတ်ပစ်နိုင်ပါတယ်။
💡 အကြံပြုပေးချင်တာကတော့ Tiktok မှာဗီဒီယိုတစ်ခုကို Promote မလုပ်ခင် အပေါ်ကအချက်တွေနဲ့ ငြိစွန်းမှု ရှိ/မရှိ အမြဲစစ်ဆေးပါ။
အကယ်၍ ကိုယ့်ဗီဒီယိုက Not Approved ၊
Rejected (ပယ်ချခံတာ) ဖြစ်ခဲ့ရင်လည်း
စိတ်ပူစရာမလိုပါဘူး
TikTok က ဘယ်အချက်ကြောင့်လဲဆိုတာ အကြောင်းပြချက် ပေးလေ့ရှိတာမို့ အဲဒီအချက်ကို ပြင်ဆင်ပြီး ပြန်တင်လို့ ရပါတယ်ခင်ဗျာ။
TikTok Promote လုပ်ရင်း Rejected ဖြစ်တာက အကောင့်ကိုလုံးဝ (လုံးဝ) ထိခိုက်မှုမရှိတာကြောင့်
ကိုယ့်ဘက်က video အသစ်ထပ်တင်ပြီး promote ပြောင်းလုပ်တာဖြစ်ဖြစ်
အရင်တင်ပြီးသား video တွေကိုပြောင်းလုပ်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်။
Admin စီမှာ Tiktok promote service အပ်ရင်လဲ
Reject ကျတာမျိုးတွေရှိပါတယ်
Reject ကျတဲ့အခါမျိုးမှာ အကောင့်ထဲကတခြား video တပုဒ်နဲ့အစားထိုးပြန်လုပ်ပေးပါတယ်
Refund လုံးဝ ( လုံးဝ ) ပြန်မပေးပါဘူး။
ဒါကြောင့် Tiktok boost လုပ်မယ်ဆိုရင်
ကိုယ် boost မယ့် video အပြင်
ဒီ video ကို Tiktok ဘက်က လုပ်ခွင့်
မပေးရင် ဘယ် video ပြောင်းလုပ်မယ်ဆိုပြီး အရံထားထားဖို့လိုပါတယ်
ကိုယ်လုပ်ချင်တဲ့အပုဒ်တိုင်းလုပ်ရမှာမဟုတ်ပါဘူး။
Tiktok ဘက်ကခွင့်ပြုမှသာလျင်ရမှာဖြစ်ပါတယ်။
TikTok ဘက်ကခွင့်ပြု မပြုကိုလဲကြိုမသိနိုင်ဘူး
Promote လုပ်ကြည့်မှသာ သိရမှာဖြစ်ပါတယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
11231