Phoo Lay

Phoo Lay

Share

Photos from Phoo Lay's post 07/07/2025

🙇 မူကြိုသွားရင်း 👚ဖိနပ်ကြိုးလေးမထိုးတတ်တဲ့ သားသားမီးမီးတို့အတွက်ကြိုးထိုးထုတ်လေး ဝယ်ပေးထားဖို့လို ပြီနော်🤗
💁 ကြယ်သီးပြားလေးတွေနဲ့ baby လေးတို့စိတ်ကူးဥာဏ်ရှိသလောက် ကားပုံလေး လူပုံလေး လိုသလိုပုံဖော်ပြီး ဆော့လို့ရပါသေးတယ်ရှင့်
🧵🪡အပ်ချည်ကြိုးလေးနဲ့ 👕အင်္ကျီကြယ်သီးလေးတွေ သီသလိုဆော့မလား ဘက်စုံသုံးလေးနော်😁
👨‍👩‍👦‍👦 မိဘအကူညီမပါဘဲ ကိုယ်တိုင်ကြိုးချည်ရတဲ့တွက် ကိုယ်ကိုယ့်ကို ယုံကြည် မှုရရှိစေပါတယ် တစ်ပါးသူမမှီခိုပဲ ကိုယ်ကိုယ်ကို အားကိုးတတ်တဲ့ အလေ့ကျင့်ကောင်းလေး ငယ်ငယ်ကတည်းက ပြုလုပ်ထားသင့်တယ်နော် မေမေတို့🙆‍♀️
👁မျက်လုံး 🖐🏻လက် 🧠ဦးနှောက်ပါ တပြိုင်တည်း သုံးရတာမလို့ စိတ်တည်မှုရရှိစေပြီး brain development အတွက် အထောက်ကူပြုစေပါတယ်ရှင့် 💡

✅ Price - 7500/-

မှာယူလိုပါက -
☎️ 09-795570356
☎️ 09-420522502 သို့ Viber ကနေ တဆင့်မှာယူနိုင်ပါတယ်နော် 💕


#ကြိုးချည်
#ကြယ်သီးကြိုးထိုး

Photos from Phoo Lay's post 07/07/2025

လူကြိုက်များပြီး qualityကောင်းတဲ့Tree hole spelling gameလေး❤️
🔡Small letterလေးတွေနဲ့စပြီး spelling ပေါင်းတာလေးတွေသင်မယ့်သားသားမီးမီးတို့အတွက် အဆင်ပြေစေမယ့် Tree hole spelling gameလေးရှိပါတယ်ရှင့်
letterလေးတွေက ကဒ်ထူသားအချောသားလေးသုံးထားတာမလို့ ကလေးတွေလက်ရှဖို့ စိုးရိမ်စရာမလိုတော့ဘူးနော်❤️

1ဘူး-14000ks💵

💟A to Z small letter (52 ခု)💫
💟spelling card 28 ချပ် ( ကျောကပ်-56 လုံး)⚡️

☎️ 09-795570356
☎️ 09-420522502 သို့ Viber ကနေ တဆင့်လည်းမှာယူနိုင်ပါတယ်နော် 💕


#ကလေးသင်ထောက်ကူ

27/12/2024

ဘာအလုပ်လုပ်လုပ်၊ ဘယ်ရာထူးမဆို
လခနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ
အောင်မြင်သည်ဖြစ်စေ၊မအောင်မြင်သည်ဖြစ်စေ
လူဖြစ်လို့ လူနံ့ထွက်ဖို့ပဲ လိုတယ်။

ပညာတတ်၊ မတတ်မဆို
ကိုယ်ကျင့်သိက္ခာနဲ့ ကိုယ်ချင်းစာတရား
ရှိလျှင်သာ တန်ဖိုးရှိတယ်။
လူတွေကို လိမ်လို့ရပေမဲ့
ကိုယ့်ကိုယ်ကိုယ်တော့ လိမ်လို့မရဘူး။

“ငယ်တော့ ကလေး၊အသက်ကြီးလာတော လူကြီးလူနံ့ထွက်ဖို့ကြိုးစားပါ”။

ချီးနံ့ထွက်ရင်ပတ်ဝန်းကျင်က ရှောင်တိမ်းတယ်။
လူနံ့ထွက်ရင်တော့လေးစားမှုရတယ်။

ဒါကြောင့်ဘယ်လိုနေရာမှာမဆို
လူနံ့ထွက်ပြီးကိုယ့်တန်ဖိုးကို သက်သေပြပါ။

ချီးစားခွေးဆိုရင်ချေးနံ့ကို ကြိုက်တယ်၊
ချီးနားမှာပျော်တယ်။

အသက်ကြီးလို့လူကြီးဖြစ်လာရင်
လူကြီးမင်းရေ၊ထမင်းစားပြီး လူနံ့ထွက်ပါ။

Kh,John(Hantharwaddy)

27/12/2024

👍👍👍

25/12/2024

Merry Christmas 😍😍😍
အားလုံးပဲ အခု Christmas မှစပြီး ကျန်းမာကျပါစေ ချမ်းသာကျပါစေ
ဘဝတက်လမ်းတွေ တောင်းတသောဆုတွေလဲ ပြည့်ကျပါစေ လို့ Phoo Lay - Online Shop မှဆုတောင်းပေးလိုက်ပါတယ်ရှင့် 🥰🥰

22/12/2024

" ပါးစပ် "
ကြောက်စရာ အကောင်းဆုံး နဲ့ လူကို သေစေနိုင်
တဲ့ လက်နက် တစ်မျိုးပါကွယ် သတိထားစေချင်

20/12/2024

တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... ..

#စာပေ

18/12/2024

ဘဝတိုက်ပွဲမှာ...
မတော်တဆ
လဲကျသွားခဲ့ရင်
ပြန်ထဖို့
ချက်ချင်းကြိုးစားလိုက်ပါ...
ပြန်မထပဲ အရှုံးပေးလိုက်တာထက်စာရင်
ပြန်ထပြီး ကြိုးစားကြည့်လိုက်တာက
မျှော်လင့်ချက်တွေ အများကြီး
ရှိလာ‌နိုင်ပါတယ် သူငယ်ချင်း။ 🧑‍🏫🍂🍂

17/12/2024

♣ အမြင်ကျဉ်းတဲ့ သူဟာ
♣ စကားပြောရင်
♣ ဝါးလုံးရှည်နဲ့ ရမ်းတတ်တယ်။
♣ အမြင်ကျယ်တဲ့ သူက
♣ သူပြောမယ့် နယ်ပယ်ထဲကပဲ
♣ ပြောပါလိမ့်မယ် ။
♣ ဥပမာ....
♣ လက်မ မကောင်းရင်
♣ လက်မအကြောင်းပဲ ပြောပါလိမ့်မယ် ။
♣ လက်ငါးချောင်းလုံး
♣ ရောထွေးပြီး မပြောဘူး။
♣ လောကမှာ...
♣ အမြင်ကျဉ်းတဲ့သူနဲ့
♣ စကားပြောရတာလောက်
♣ လက်ပေါက်ကပ်တာ မရှိဘူး ။
♣ သူမြင်ချင်ရာပဲ မြင်ပြီး
♣ သူကြားချင်ရာပဲ ကြားတတ်တယ်။
♣ အဲလိုလူမျိုးတွေနဲ့ တွေ့ခဲ့ရင်
♣ အတတ်နိုင်ဆုံး
♣ မငြင်းခုန်မိအောင် ရှောင်ပါ။
♣ သင့်အတွက်
♣ ဘာအကျိုးမှ မရှိသလို
♣ သူလဲ ဘာအကျိုးမှ
♣ ရမှာလဲ မဟုတ်ဘူး။
♣ သင်ဘယ်လောက်ငြင်းငြင်း
♣ နိုင်မှာလဲ မဟုတ်သလို
♣ အချိန်ကုန် လူပန်း
♣ စိတ်နွမ်းတာပဲ အဖတ်တင်မယ်။
♣ လူဆိုတာ....
♣ တစ်ခါတစ်ရံ
♣ မှန်မှန်မှားမှား
♣ ဘာမှ မပြောပဲ
♣ နုတ်ဆိတ်နေလိုက်ခြင်းက
♣ ပိုပြီး ကောင်းတယ် ။
♣ ပိုပြီး အကျိုးရှိပါတယ်။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon