Zay Amara
24/11/2025
အမျိုးသမီးတွေ စိတ်ရောလူပါ
လွတ်လပ်သွားတဲ့အရွယ်😁😁
#ရွှေဖလား
16/11/2025
#ရွှေဖလား
#သူညာတာပေါ့
ယောကျာ်းတွေဆိုတာမျိုးက
ကိုယ့်ကိုပိုချစ်လို့ လက်ထပ်ယူကြတာမဟုတ်ပါဘူး။
(သူတို့နဲ့တွဲခဲ့တဲ့မိန်းကလေးတိုင်းကိုချစ်ခဲ့တာပါ)
အားလုံးထဲမှာ ကိုယ်ကသူ့အတွက် ပိုအသုံးကျလို့
အရာရာစိတ်ချရလို့ ယူကြတာများတယ်။
တနည်းအားဖြင့် သူ့ရဲ့ဒုက္ခတွေကို အားလုံးထက်
ပိုခံနိုင်ရည်ရှိလို့
ကျားတွေရဲ့အိမ်ထောင်ဘက်ရွေးချယ်မှု့က
မိန်းကလေးတွေထက် ပိုစေ့စပ်သေချာတယ်
မိန်းမတွေကတော့ အော် သူငါ့ကိုပိုချစ်တယ်ထင်ပီး
ကျေနပ်စွာနဲ့ ဒုက္ခအိုးကြီးကို ပွေ့ပိုက်ထားတော့တာပဲ။
😂😜🤣
#ရွှေဖလား
#အမှန်တွေ
အလုပ်ရှိတဲ့နေရာမှာ
အိမ်မရှိဘူး
အိမ်ရှိတဲ့နေရာမှာကျ
အလုပ်မရှိဘူး
အလုပ်နဲ့ အိမ်ရှိပြန်တော့လည်း
တချို့က မိသားစုနဲ့အတူမရှိကြရဘူး
အလုပ်ရော အိမ်ရော မိသားစုရောရှိတဲ့
နေရာမှာ
နေနိုင်ရင် မင်းအတော်ကံကောင်းနေပါပြီ
You are lucky enough
#ရွှေဖလား
အမျိုးသမီးတော်တော်များများဟာကလေးအမေဖြစ်သွားရင်………
💟 ကလေးရဲ့ အီး၊သေး ပေသွားတဲ့ အင်္ကျီနဲ့လည်း မြို့တစ်ပတ် ပတ်နိုင်သွားမယ်။
💟 ကိုယ် ထမင်းစားနေတုန်း ကလေးအီးပါရင် အမြန်အီးအီးကုန်းပေးပြီး ထမင်းကိုဆက်စားနိုင်မယ်။
💟 အပျိူတုန်းက ဘယ်လောက်ရှက်တတ်တဲ့မိန်းမဖြစ်ဖြစ် မိခင်ဘဝရောက်ရင် နေရာစုံမှာ နို့လှန်တိုက်နိုင်တယ်။
💟 ၁၅မိနစ်လောက် နေ့ခင်း အိပ်လိုက်ရရင် ဘဝကြီးမှာ ဇိမ်အရမ်း ခံလိုက်ရသလို ခံစားရမယ်။
💟 အမေ အပြင်သွားလို့ အိတ်ထဲက တစ်ရှုးဖြစ်ဖြစ် ထုတ်ရင် ကလေး အရုပ်တို့၊wet tissueတို့၊diaper တို့ ထွက်လာတတ်တယ်။
💟 ကလေးရဲ့ အီးအီးကို ကြည့်ပြီး ကလေး ဘာဖြစ်နေလဲ လေ့လာစူးစမ်းတတ်သွားမယ်။
💟 ကလေးကို ဖြည့်စွက်စာ စကျွေးပြီဆိုတာနဲ့ တစ်သက်လုံး မသိခဲ့တဲ့ အစာအုပ်စု သုံးစုကို အရိုးထိစွဲအောင် သိသွားမယ်။
💟 ကလေးက ကိုယ်ထည့်ထားသလောက် အကုန်စားရင် ထီပေါက်တာထက် ပျော်တတ်သွားလိမ့်မယ်။
💟 အပြင်သွားရင် diaper ထဲမှာ အီးအီးပါလိုက်ပြီလား ကလေးဖင်လေးကို နမ်းကြည့်မိမယ်။
💟 အစားကောင်းအသောက်ကောင်းတွေထက် စိတ်ကြိုက်အိပ်ခွင့်ရဖို့ကိုသာ လိုချင်မယ်။
💟 ညဖက် အိပ်တဲ့အခါ ဘယ်တော့မှ တစ်ချိူးတည်း အိပ်မပျော်တော့ပဲ ကလေးပဲ ထ ထကြည့်မိလိမ့်မယ်။
💟 ဒေါက်ဖိနပ်ပဲ ကြိုက်တယ်ဆိုတဲ့ မိန်းမဘဝကနေ မြန်မြန်စွပ်လို့ ရတဲ့ ခြေညှပ်ဖိနပ်အပါးသား အသည်းစွဲဖြစ်သွားမယ်။
💟 တစ်ခါ မိတ်ကပ်ပြင်ရင် ၂နာရီလောက်ကြာတဲ့ skill ကနေ ၁၀မိနစ်နဲ့ တစ်ကိုယ်လုံး အပြီး ပြင်တတ်တဲ့ skill ရသွားမယ်။
💟 အပျိုဘဝတုန်းက ရေဘူးအဖုံးတောင် လှည့်ဖွင့်ဖို့ အားမရှိခဲ့ပေမယ့် အိမ်ထောင်ကျ ကလေးရသွားရင် ပေါင် ၃၀ ကလေးကို လက်တစ်ဖက်ကချီ၊တစ်ဖက်က ပစ္စည်းထုတ်ဆွဲ ၆လွှာထိလည်း တတ်နိုင်သွားမယ်။
💟 အပျိူတုန်းက နှာစေးတာလောက်ကို ၂ရက်လောက်မထပဲကွေးနေခဲ့ပေမယ့် ကလေးအမေဖြစ်ပြီဟေ့ဆိုရင် အဖျား ၁၀၄လည်း ကလေးကောင်းကောင်းထိန်းနိုင်သေးမယ်။
💟 ကိုယ့်ပုံတွေနဲ့ပဲ ပြည့်နေခဲ့တဲ့ ဖုန်း gallery က ရှုထောင့်မျိူးစုံကရိုက်ထားတဲ့၊နေရာမျိူးစုံမှာ ရိုက်ထားတဲ့ ကလေးပုံတွေနဲ့ပဲ အပြည့်ဖြစ်လာမယ်။
အမယ်လေး မောလိုက်တာ။ 😁
ကလေး အမေဖြစ်ပြီဟေ့ဆိုတာနဲ့ ပြောင်းလဲခြင်းများစွာနဲ့ မွေ့လျော်ရတော့မယ်ဆိုတာ တွေးထားလိုက်တော့။
ဒါပေမယ့် မပူနဲ့။
အမျိုးသမီးပေါင်းတို့လိုကလေးအမေတွေက superwomen တွေ။🥰
ဒီလို ပင်ပန်းမူပေါင်းစုံ ခံစားပြီး ကိုယ့်ဘဝကို ဖြတ်သန်းနေရတာကိုပဲ ဂုဏ်ယူလိုက်။
ဒါ တို့ကလေးတွေကို ချစ်လွန်းလို့ အပင်ပန်းခံနိုင်သွားတာ။
မပစ်ထားနိုင်လို့ အပင်ပန်းခံရတာ။
အဲဒီ့တော့ ဆက်ပြီး superwomen ကြမယ်။😁
"WE ARE SUPERWOMEN."
မိခင်များအတွက်
#
#ရွှေဖလား #ကလေးရှိခြင်းရဲ့ကောင်းကျိုး
အလုပ်မရှိဘူးလို့ ခေါင်းစဉ်တပ်ခံရတဲ့ မေမေတွေရဲ့ဘ၀ဟာ 24 နာရီ နားချိန်ရှိမနေပါဘူး....
မိခင်ဆိုတာကလည်း လူသားတစ်ဦးပဲမို့
ပင်ပန်းတာပေါ့
ဒါပေမယ့် ကိုယ်ချစ်ရတဲ့ ရတနာလေးအတွက်
နားလို့မရဘူးဆိုတဲ့
အသိလေးနဲ့
ခုထိ တစ်ရက်မှ မနားရဲသေးဘူးမဟုတ်လား...
အမေတွေရဲ့ဘ၀ဆိုတာ ဒါပါပဲ...
ပတ်၀န်းကျင်ရဲ့အပြောအဆိုတွေ နားလည်ကြင်နာမှုမရှိတဲ့ အိမ်ထောင်ဖက်ရဲ့ အပြောတွေကို ချစ်ရတဲ့ ကလေးလေးအတွက် အရာရာသည်းခံအားတင်း ရင်ဆိုင်ရဲတဲ့ ခွန်အားတွေ မေမေတို့ဆီမှာရှိနေတယ်...
#ရွှေဖလား
ပျော်ရွှင်မှုဆိုတာ အဝေးကြီးကနေ လိုက်ရှာရမယ့် ရတနာသိုက်တစ်ခု မဟုတ်ဘူး။ သူဟာ ကိုယ့်ရဲ့ အတွင်းစိတ်မှာ အမြဲတမ်း တိတ်တိတ်လေး ကိန်းဝပ်နေတတ်တဲ့ အလေ့အကျင့်တစ်ခုသာ ဖြစ်ပါတယ်။
လူတွေက မကြာခဏ ထင်တတ်ကြတယ်။ "ဒီအရာ ရရင် ပျော်ရွှင်မယ်၊ ဒီပန်းတိုင်ရောက်ရင် ပျော်ရွှင်မယ်၊ ဒီလိုလူမျိုးနဲ့ ပေါင်းရင် ပျော်ရွှင်မယ်" လို့ပေါ့။ သူတို့ဟာ ပျော်ရွှင်မှုကို အပြင်လောကက အရာဝတ္ထုတွေ၊ လူတွေဆီကနေ မျှော်လင့်တတ်ကြတယ်။
ဒါပေမဲ့ ပြဿနာက အဲ့ဒီအရာတွေ ရောက်လာတဲ့အခါမှာတောင် ပျော်ရွှင်မှုက ခဏတာသာ တည်မြဲပြီး မကြာခင် ပြန်လည်ပျောက်ကွယ်သွားတတ်တာပါပဲ။
ဒါကြောင့် ပျော်ရွှင်မှုကို လိုက်ရှာနေတာ ရပ်လိုက်ပါ။
ပျော်ရွှင်မှုဆိုတာ ဖန်တီးယူရတဲ့အရာပါ။ အဲ့ဒီအရာက ကိုယ့်ရဲ့ အတွေးအခေါ်ပုံစံပေါ်မှာပဲ အဓိကမူတည်နေတယ်။
အတိတ်ရဲ့ နာကျင်မှုတွေကို ခဏတာ ရပ်လိုက်ပါ။
အနာဂတ်ရဲ့ မသေချာမှုတွေအတွက် စိုးရိမ်ပူပန်တာကို ခဏတာ ရပ်လိုက်ပါ။
ပစ္စုပ္ပန်ရဲ့ သေးငယ်တဲ့ အလှတရားကိုသာ အာရုံစိုက်လိုက်ပါ။
မနက်ခင်း လေကောင်းလေသန့်ကို ရှူရှိုက်ရခြင်း၊ ကိုယ်ချစ်တဲ့သူတွေ အနားမှာ ရှိနေခြင်း၊ ကိုယ့်ရဲ့လက်ထဲမှာ ကော်ဖီနွေးနွေးတစ်ခွက် ကိုင်ထားရခြင်း... ဒီလို ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေအားလုံးမှာ ပျော်ရွှင်မှုတွေ တိတ်တိတ်လေး ပုန်းအောင်းနေတတ်တယ်။
သင်လုပ်ရမှာက အဲ့ဒီပျော်ရွှင်မှုတွေကို မြင်အောင်ကြည့်ပြီး၊ တန်ဖိုးထားဖို့ပဲ။
ပျော်ရွှင်မှုဆိုတာ ဘဝမှာ ပန်းချီကားတစ်ချပ်လိုပဲ။ သူများဆွဲပေးတာကို စောင့်မနေပါနဲ့။ ကိုယ်တိုင်ရဲ့ နေ့စဉ်ဘဝအပေါ်မှာ ရယ်မောခြင်းဆိုတဲ့ ဆေးရောင်စုံတွေနဲ့ လှလှပပ ရေးဆွဲလိုက်ပါ။
အဲ့ဒီအခါမှာ သင်ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ရပ်တည်နေပါစေ၊ သင့်ရဲ့စိတ်နှလုံးဟာ အမြဲတမ်း သာယာပျော်ရွှင်ခြင်းဆိုတဲ့ အလင်းရောင်နဲ့ တောက်ပနေမှာ ဖြစ်ပါတယ်။
#စာတို
#ရွှေဖလား
#ပျော်ပါတယ်
#ကလေးရှိခြင်းရဲ့ကောင်းကျိုး
သေခြာတာကတော့ ကလေးရှိတာနဲ့ အထီးကျန်ခြင်းဆိုတာ မရှိတော့ပါဘူးလို့အာမခံပါတယ်😍😍😁😜😂😂😂
ကလေးမွေးပြီးနောက်ပိုင်း
အရမ်းတွေလည်း ပွင့်လင်းလာတယ် အိမ်သာထဲနေရင်တောင် တံခါးမပိတ်ရတော့တဲ့အထိပါ😂😂😂
သုံးနာရီဆက်တိုက် အိပ်ရတာကို မသိတော့တဲ့အထိ အိပ်ရေးမဝခြင်းကို ခံစားရမှာ ဖြစ်သလို ၅မိနစ်သာ အိပ်ပျော်သွားပေမဲ့ ကလေးငိုသံကြားတာနဲ့ ငေါက်ကနဲ ထထိုင်နိုင်တဲ့ အရည်ချင်းကို အလိုလိုရသွားပါတယ်😍😅😂
ရေချိုးတဲ့အခါ နားထဲ ကလေးသံပဲကြားနေရလို့ ဆပ်ပြာအမြုပ်မပြောင်သေးပေမဲ့ ပြေးကြည့်တော့ ကလေးအိပ်နေတာကို တွေ့ရမဲ့ အမှတ်တရတွေနဲ့အတူ
အိပ်ကောင်းတိုင်း မအိပ်ရ စားကောင်းတိုင်းမစားရတဲ့ ၂၄ နာရီမှာ ချစ်မဝတဲ့ ကလေးငယ်ကို ထိုင်ငေးရင်း အချိန်ကုန်လို့ ကုန်မှန်းမသိတဲ့
ချိုမြိန်သော ဘဝအနှစ်သာရနဲ့အတူ ကလေးငိုတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိတဲ့ မိခင်သစ်ရဲ့ဘဝကို ရင်ဖွင့်ကြိုဆိုဖို့ ခွန်အားပေးချင်ပါတယ်။😍😁😂😂😂😂😂
#ရွှေဖလား
I gained 5 followers, created 28 posts and received 28 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉
Zay Amara Electronics,လက်ဝတ်ရတနာ,လူသုံးကုန်,အလှကုန်
10/11/2025
🔺 ကျမ ပျော်နေမှဖြစ်မယ်
🔺 ကျမ စိတ်ညစ်လို့ အိုစာ သွားရင်
🔺ကျမ ရူံးနိမ့်နေမယ်
🔺ဒီတော့
🔺ကျမ လန်းဆန်းပြီး လှနေဘို့ လိုအပ်တယ် ….
#ရွှေဖလား
#လှချင်သူလေးပါ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
10/11/2025