METAL Hammer
01/03/2026
METAL Hammerရဲ့ production team
ကနေ ထုတ်လုပ်ပေးထားပါတယ်
နောက်ထပ် လူငယ်band အသစ်တွေကိုလည်း
အမြဲကြိုဆိုပါတယ်
Out Now…
Noctem Lamb-Falling Off The Edge MV 🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
https://www.facebook.com/share/v/1887LaudsB/?mibextid=wwXIfr
Noctem Lamb ဆိုတာဘယ်သူတွေလဲ?
ဘာတွေလဲ?
လူငယ်သစ်တန်းထဲမှာ MV တခုဆိုတာထက်
ပိုတဲ့ အရာတခုနဲ့အတူ
ခင်ဗျားတို့ရင်ထဲ
တစုံတခု သယ်ဆောင်လာတော့မယ်
ဆိုတာ သိပြီးကြပြီလား?
ဟုတ်ကဲ့
ကျွန်တော်တို့
Metal Hammကနေ အခုလိုမျိုး ရှားရှားပါးပါး
Local Metal Core Bandဖြစ်တဲ့
Noctem Lamb နဲ့အတူတူ
အခုလိုမျိုး
Interview လေးလုပ်ဖြစ်ခဲ့ပါတယ်
13/02/2026
Today,
Noctem Lamb 💀 Metal Hammer
04/01/2026
သေခြင်းတရားတွေ အနိဌာရုံတွေ
ခပ်ပြင်းပြင်း Riff တီးခတ်မှုတွေနဲ့
EXTREME Metal Music ဘက်ကိုအသားပေးတဲ့
Blacken Thrash Metal Genreကိုပုံဖော်နေတဲ့
CARNAGE Band ကို အခုလို
METAL HAMMER မှ
အင်တာဗျူးဖြစ်ခဲ့ပါတယ်……
စလိုက်ရအောင် !
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
MH-“Band ရဲ့ နာမည်၊ members များနဲ့
တီးခတ်သည့် role nameကိုမိတ်ဆက်ပေးပါဦး”
CN-Glad-vocalist,Razeon-guitarist and Bun Bun- drummerပါbassကတော့Gladနဲ့Bun Bunအဆင်ပြေတဲ့လူပဲတီးနေပါတယ်
MH-Band Name ရဲ့ အဓိပ္ပါယ်နဲ့ အမည်ပေးဖြစ်ပုံ?
CN-နာမည်ကတော့Carnageပါ
အဓိပ္ပာယ်ကတော့သေခြင်းတရားပါ
ထွေထွေထူးထူးရယ်တော့မဟုတ်ပါဘူး။
တစ်ချိန်အကုန်ဒီလမ်းသွားရမှာရယ်
ကျွန်တော်တို့ ကိုယ်တိုင်လည်း
သေခြင်းတရားကိုစွဲလမ်းတာရယ်ကြောင့်ပါ။
MH-စတင်ဖွဲ့စည်းသည့်ခုနှစ်?
CN-Oct 13 2025မှာဖွဲ့ဖြစ်ခဲ့တာပါ။
MH-အဓိက ရည်ရွယ်သည့် ဂီတအမျိုးအစား?
CN-အဓိကအမျိုးအစားကတော့Black Thrashပါ
Blackened Thrashပေါ့
MH-လတ်တလော လှုပ်ရှားမှု/activity နှင့် ထုတ်လုပ်ပြီး(သို့) တီးခတ်ဆဲသီချင်းများ?
CN-လတ်တလောမှာတော့ကျနော်တို့သီချင်းအသစ်လုပ်နေပါတယ်
Attack with black thrashပါ။
MH-Bandရဲ့သီချင်းအကြောင်းအရာက
ဘယ်လိုမျိုးကို
အဓိကဦးတည်သလဲ ဘာဖြစ်မလဲ?
CN-အဓိကအားဖြင်တော့သေခြင်းတရား၊သတ်ဖြတ်ခြင်းရယ်၊နတ်ဆိုးတွေအကြောင်းရယ်၊ငရဲရောက်သွားတာမျိုးတွေရယ်၊ရှေးခေတ်ကဓါးချင်းခုတ်ကြတဲ့တိုက်ပွဲတွေအကြောင်းရယ်ပေါ့
(မိမိသီချင်းများမှ အကြိုက်ဆုံး
စာသားရှိခဲ့မယ်ဆိုရင် ပြောပြပေးနိုင်မလား)
CN-အဲ့လိုမျိုးတော့မရှိပါဘူးဗျ
အကုန်လုံးကိုတော့အကြိုက်တွေ့ပါတယ်
MH-bandရဲ့သီချင်းတပုဒ်ပုဒ်ထဲမှ နာမည်နဲ့
အမည်ပေးဖြစ်ပုံ?
MH-the fall of hanthawadyပါ
Gladက ဆရာခက်ဇော်စာအုပ်ကိုအရမ်းကြိုက်လို့လုပ်ဖြစ်လိူက်တဲ့အပုဒ်ပါ။
MH-သီချင်းတွေကို ဘယ်သူက အဓိကရေးပြီး
Melody ကို ဘယ်လိုမျိုး ဖန်တီးဖြစ်ကြသလဲ?
CN-Gladကရေးပြီးတော့Razeonကတီးပါတယ်။
လဖက်ရညိဆိုင်ဖြစ်ဖြစ်၊တိုက်ခန်းမှာဖြစ်ဖြစ်
ချိန်းပြီးတော့ ဘယ်လိုလုပ်ချင်တယ်
ဆိုတာမျိုးတွေတိုင်ပင်ပြီးလုပ်ဖြစ်ပါတယ်။
MH-တီးခတ်မှု/သီဆိုမှုအပိုင်းမှာ
ဘယ်လိုမျိုး guitar riff/tuning/vocal techniqueတွေကို နှစ်သက်ပြီး အဓိအသုံးပြုသလဲ?
CN-riffအပိုင်းမှာအများဆုံးသုံးတာကတော့tremolo နဲ့Gallopပါvocalပိုင်းမှာကတော့fry scream ပါtunningကတော့ E standardမှာပဲတီးဖြစ်ပါတယ်drop dလည်းသံုးပါတယ်။
MH-recording တုန်းက
အမှတ်တရတခုခုများ ရှိမလား?
CN-မှတ်မှတ်ရရbandသီချင်းစတိုက်တဲ့နေ့ကGladကအလက်ဂျစ်ဖြစ်ပြီး
အဲ့ကောင်မျက်နှာကြီးဖောင်းနေတာကတော့မှတ်မှတ်ရရပါပဲပြုံးစိစိလိုမျိုးဖြစ်နေတာပေါ့…
MH-Band ရဲ့ ငွေကြေးသုံးစွဲမှုကို
ဘယ်လိုမျိုး စီမံ လည်ပတ်နေသလဲ
(ဥပမာ-သီချင်းတိုက်ခ၊record fees)
CN-band members အကုန်လုံး
အတူတူမျှသုံးကြပါတယ်
MH-Band ရဲ့ လက်ရှိ
အခက်အခဲတစုံတရာရှိမယ်ဆိုရင်
ဘာများဖြစ်မလဲ?
CN-ထွေထွေထူးထူးတော့မရှိပါဘူး
အကုန်အားတဲ့အချိန်ညှိပြီးလုပ်ကြရတာတော့နည်း”တိုင်ပတ်တာပေါ့
ဒါကလည်းတအားတော့ပြဿနာမရှိပါဘူး!
MH-လွှမ်းမိုးမှုရှိတဲ့ တီးဝိုင်း/musician က
ဘယ်သူဖြစ်မလဲ?
CN-Darkthrone,Bathory,
Aura Noir, Slaughtered Priestနဲ့KvelertakပါKvelertakကတော့extremeမဟုတ်ပါဘူး
သူ့သီချင်းတွေကမျောလို့ကောင်းပြီး
Black and Roll genreပါRazeonအကြိုက်ပေါ့
-မိမိနှစ်သက်တဲ့ ပြည်တွင်း/ပြည်ပကငြိနေတဲ့
သီချင်းရှိရင်ဝေမျှပေးပါဦး?
CN-Abigailရဲ့Lucifer singsပါ(ပြည်ပbandပါ)
MH-local Metal Industry နဲ့ UG Scene ကို
ဘယ်လိုမြင်သလဲ?
(အားရမှု/အားမရမှုနဲ့ အကြံပြုချင်များရှိမလား)
CN-extremeတော့နည်းပေမဲ့
ပွဲတွေမှာပေးနိုင်တဲ့energyတွေကတော့
အားရစရာပါပဲမူးယစ်ဆေးဝါးမပါဘဲတောင်energyတွေအများကြီးနဲ့
ကဲလို့ကောင်းပါတယ်၊
ထွေထွေထူးထူးအကြံပြုစရာတော့မရှိပါဘူး။
MH-ရှေ့ဆက်မယ့် band ရဲ့ plan အသစ်တွေကရော?
CN-album artအသစ်တွေနဲ့
သီချင်းအသစ်တွေလုပ်ဖို့ရှိပါတယ်။
ဘော်ဒါတစ်ကောင်ကကူညီပြီး
Album artတွေဆွဲပေးတာရော၊page ကိုင်တာရော
ကူပေးနေတာပေါ့၊
အကူအညီတော်တော်ရတဲ့ကောင်ပါ။
နောက်ပိုင်းတော့slam metal bandတစ်ခု
ထပ်လုပ်ဖို့စဉ်းစားနေပ်တယ်၊
ကျနော်တို့ကြိုက်တဲ့extremeဘက်ကို
ပိုကျယ်ပြန့်လာအောင်လို့ပေါ့ ၊
tunedပါ!
MH-အပိတ်အနေနဲ့
Metal Hammer ကနေ ဘော်ဒါတွေကို
စကားလတ်ဆောင်ဘာများပေးချင်ပါသလဲ?
CN-“ပွဲတွေမှာအတူတူဆက်ကဲကြပါမယ်”
23/11/2025
မြန်မာဘက်ကနေ
Local Punk Band ၂ခုဖြစ်တဲ့
The Rebel Riot နဲ့ Kultureshock တို့ကတော့
ထိုင်းနိုင်ငံ ဘန်ကောက်၊ချင်းမိုင် အစရှိတဲ့မြို့တွေမှာ
ဖျော်ဖြေဖို့ရှိတယ်လို့ ကြားသိထားရတာ
ဝမ်းသာစရာပါ
ဒီဇင်ဘာ ၁၃ရက်နေ့လိူ့
ကြေငြာထားတာတွေ့ရှိရပါတယ် 🏴🚩
13 DEC 2025 !!
PUNK ROCK RISING "YEAR END GIG 2025" with Special guest bands "THE REBEL RIOT" x "KULTURE SHOCK" from Myanmar & "CACEROLAZO" from UK at The Rock Pub - Bangkok`s House Of Rock
More info coming soon !!
Petrichor
https://www.facebook.com/share/v/1MszyDrRrF/?mibextid=wwXIfr
CARNAGE 💀🤘🏽
CARNAGE
Band အသစ် UG Music အတွက် အင်အားသစ်
🔥💀🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽🤘🏽
https://www.facebook.com/share/v/1BtGhgZpBK/?mibextid=wwXIfr
FEVER FOREVER
Tribute To ADINO 🕊️🤘🏽
ကိုအဒီနို ချစ်သော underground မှ
သူငယ်ချင်းများ
အတူတကွ အောက်မေ့သီဆိုကြပါသည်
ADINO (Fever109)
Sep 4 1988-Oct 25 2025
Fever 109 fans Soul Contract Fist Record
Phyo Wai Naing
31/10/2025
ကိုအဒီနို (Fever 109) အတွက် Soul Contract မှ အောက်မေ့သတိရခြင်းအစီအစဉ်ကို ကြိုတင်အသိပေးခွင့်ပြုပါ။
အစီအစဉ် ၁။ "ငြိမ်သက်ခြင်းအထိမ်းအမှတ်(Moment of Silence)"
ကျွန်တော်တို့ ချစ်ခင်လေးစားရပါတဲ့ ကိုအဒီနိုကို သတိတရ ဂါရဝပြုသည့်အနေဖြင့် တမိနစ်ခန့် ငြိမ်သက်ဆုတောင်းခြင်းကို ပြုလုပ်ပေးကြပါရန်။
အစီအစဉ် ၂။ "Fever 109 ရဲ့ Accident သီချင်းအား တကူတကွ သီဆိုကြခြင်း"
ပွဲအပြီးမှာ ဒီသီချင်းလေးကို အားလုံးနဲ့အတူတူ microphone တွေမပါဘဲ အတူတကွ အမှတ်တရတခုအနေနဲ့ သီဆိုပေးကြပါရန်။
အထက်ပါ အစီအစဉ်လေးတွေကို ညီအစ်ကို၊ မောင်နှမတွေအားလုံး ပါဝင်ပေးကြဖို့ လေးစားစွာနဲ့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။ 🙏
(စာကြွင်း - အထက်ပါအစီအစဉ်များအတွက် မေတ္တာရှေ့ထားခွင့်ပြုပေးပါသော ကိုအဒီနို၏မိခင် အန်တီထရေစီနှင့်တကွ Fever 109 တဖွဲ့သားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙇♂️)
📌 ပွဲနဲ့ပတ်သက်တဲ့ အခြားအစီအစဉ်အသေးစိတ်ကိုလည်း https://bit.ly/3Lga2gY မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
19/11/2025