Easy YBS

Easy YBS

Share

24/05/2026

ကားလိုင်းတွေမှာ ကဒ် ၊ အဲကွန်း ပါလား မပါဘူးလား သိရမယ့် စနစ်လေးထည့်ပေးလိုက်ပါတယ်

💳 - ကဒ်အသုံးပြု၍ရသည်။

❄️ - အဲကွန်းပါသည်။

🐢 - စောင့်ရကြာသည်။ ဤကားစောင့်မည့်အစား ၂ ဆင့်စီးလျှင် ပိုမြန်မည်

ထပ်တိုးရန်ရှိသေးသည်။

18/05/2026

အနီးအနား မှတ်တိုင်တွေမှာ တစ်ဆင့်ထဲရောက်မယ့်ကားရှိလား ရှာပေးမယ့်စနစ်

ပုံမှာမြင်ရတဲ့အတိုင်း ဆူးလေကနေ လှိုင်သာယာဘက်သွားမယ်ဆိုရင် လမ်းနည်းနည်းလျှောက်လိုက်ရုံနဲ့ တစ်ဆင့်ထဲ စီးလို့ရမယ့် ကားဂိတ်ဆီ ညွှန်ပြပေးထားတာကို မြင်ရမှာပါ

တိုက်တွေကို ကျော်ခွမနေဘဲ တကယ့်လမ်းအတိုင်းပြပေးထားပါတယ်

ဟင့်အင်း လမ်းမလျှောက်ချင်ဘူး ၂ ဆင့်ပဲ စီးမယ်ဆိုရင်လည်း အဆင်ပြေအောင် ၂ ဆင့်တွေလည်း ပြသပေးထားပါတယ်

17/05/2026

အကျဉ်းချုပ်

China Stable တွေ အင်တာနက်ပိတ်ပြီး location ကြည့်နိုင်အောင် Force Location Manager လေးဖွင့်ပေးရပါမယ်

စာအရှည်ကြီးဖတ်ချင်သူများအတွက် ...

အစောပိုင်း version တွေမှာ China / Global အားလုံးအတွက် ယေဘုယျ လုပ်ပေးထားတဲ့အတွက် ဘာမှ ဖွင့်စရာမလိုလဲ သုံးနိုင်ပေမယ့် နေရာမတိကျပါဘူး။

ကိုယ်က ဘိုကလေးဈေး ရောက်နေပေမယ့် လမ်း 50 ပြချင်ပြနေတာပါ။

နေရာအတိအကျ ဖြစ်စေဖို့ Google Services တွေကို အသုံးပြုလိုက်ရတဲ့အတွက် Google ပါတဲ့ဖုန်းတွေမှာတော့ လုံး၀ နေရာတိကျသွားပေမယ့် Stable ဖုန်းတွေမှာကျတော့ google မပါတော့ အင်တာနက်ပိတ်ရင် သုံးမရ ဖြစ်သွားပါတယ်။

အဲဒီအတွက် Stable တွေအတွက် သီးသန့် Location Manager ခလုတ်ထည့်ပေးထားတာဖြစ်ပါတယ်။

သီးသန့်ကြီး သွားဖွင့်မနေရအောင်လည်း မြေပုံဖွင့်တာနဲ့ Google Services ပါလားမပါလား မေးပေးထားပါတယ်

မှတ်ချက်။ ။ Force Location Manager ဖွင့်ထားရင် Battery အနည်းငယ်ပိုကုန်ပါတယ်။

15/05/2026

EasyYBS မှာ အဓိက သုံးထားတာ OpenStreetMap (OSM) ဆိုတဲ့ မြေပုံစနစ်ပါ။

အခုလို လူတိုင်း အခမဲ့ သုံးလို့ရအောင် စီစဉ်ပေးထားရုံတင်မကဘဲ မြေပုံထဲက အချက်အလက်တွေကို အမြဲတမ်း ဝင်ပြီး အပ်ဒိတ်လုပ်ပေးနေတဲ့ My OSM Community ကို တကယ်ပဲ အထူးကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။

သူတို့တွေ အမြဲတမ်း ဖြည့်စွက်ပေးနေတဲ့ OSM စနစ်ကြောင့်သာ ကျွန်တော်တို့ အခုလို မြေပုံကို အဆင်ပြေပြေနဲ့ စိတ်ချလက်ချ သုံးနိုင်နေတာပါ။

တချို့နေရာတွေဆို Google Map ထက်တောင် အချက်အလက် ပိုစုံ၊ ပိုပြည့်စုံတာမျိုးတွေ ရှိပါတယ်။

ဒါနဲ့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က လမ်းသွယ်၊ လမ်းမ နာမည်တွေကို မြေပုံပေါ်မှာ ကိုယ်တိုင် ထည့်ချင်တာဖြစ်ဖြစ်၊ မြေပုံအကြောင်း သိချင်တာ ရှိရင်ဖြစ်ဖြစ် OpenStreetMap Myanmar Group မှာ ဝင်ပြီး မေးမြန်းလို့ ရပါတယ်။

EasyYBS ကိုယ်စားရော၊ အသုံးပြုသူ ခရီးသွားပြည်သူတွေ ကိုယ်စားပါ OSM ရော၊ မြန်မာ Community ကိုပါ တကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်။

13/05/2026

NFC အသုံးပြုနိုင်တဲ့ဖုန်းတိုင်း Bus card ငွေလက်ကျန်စစ်လို့ရပါပြီ

Trip Reader စနစ် ပေါင်းထည့်ပေးလိုက်ပါပြီ

NFC Settingထဲမှာ on ဖို့မမေ့နဲ့နော်

12/05/2026

Google Service မပါလည်း Easy YBS မြေပုံသုံးလို့ရပါပြီ

အသုံးပြုနိုင်သောစနစ်များ

- ရောက်နေတဲ့နေရာကို သိနိုင်မယ်
- သွားနေတဲ့လမ်းကြောင်းကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်မယ်

Redmi Stable တွေ Huawei ‌တွေ ကိုင်နေတဲ့သူတွေအနေနဲ့ Google Map ကြည့်မရတာ အတော်စိတ်ပျက်စရာပါ

EasyYBS version 1.10.4 မှာဆိုရင် Google Map မရှိရင်တောင် မြေပုံကြည့်လို့ရပါပြီ

Google Map ထက် ပိုပြည့်စုံတဲ့ OSM အသုံးပြုထားတာကြောင့် ရန်ကုန်မြို့ရဲ့ လမ်းတွေ ရပ်ကွက်တွေအထိ အသေးစိတ် ရှာဖွေနိုင်မှာပါ

Google မပါတဲ့ ဖုန်းတွေမှာ မှတ်တိုင်နီး အချက်ပေးစနစ်လည်း version 1.10.4 ကစပြီးအသုံးပြုနိုင်တော့မှာပါ

10/05/2026

မှတ်တိုင်နီးရင် နိုတီသံနဲ့ အသိပေးတဲ့စနစ်က

မြေပုံကနေ အခုပြထားတာလေး နှိပ်လိုက်ရင် အသက်ဝင်ပါပြီ

မှတ်တိုင်နဲ့ မီတာ ၅၀၀ ( ပေ ၁၅၀၀ ခန့်) အကွာကိုရောက်ရင် နိုတီနဲ့သတိပေးမှာပါ။ အသံနဲ့ တုန်ခါမှု ၂ ခုလုံး ပါဝင်ပါတယ်။

- ချိန်ညှိခြင်း
Application ဆက်တင်ထဲကနေ အသိပေးရမယ့်အကွာအဝေးကို မီတာ ၅၀၀ ကနေ အတိုးအလျော့ပြုလုပ်နိုင်ပါတယ်

- စမ်းသပ်ခြင်း
နိုတီ အသိပေးမှုစနစ် အလုပ် လုပ်မလုပ်ကို သိချင်ရင် ကိုယ်နဲ့အနီးဆုံး မှတ်တိုင်ကို နှိပ်ကြည့်ပါ။ ချက်ချင်း နိုတီတက်လာရင် အလုပ်လုပ်တယ်လို့ ယူဆနိုင်ပါတယ်

- OS BUG
Xiaomi ဖုန်းတချို့မှာ နိုတီအသံမထွက်ဖြစ်နေခဲ့ရင်
၁။ App ဖျက်
၂။ ဖုန်းကို restart ချ
၃။ playstore ကနေ ပြန်သွင်းပါ

- Xiaomi / Huawei Non GOOGLE Phone Issue
Google မပါတဲ့ဖုန်းအဟောင်းတွေမှာတော့ လက်ရှိ 1.9.1 အထိ အသုံးပြုမရနိုင်သေးပါ။ ရက်ပိုင်းအတွင်း ထွက်လာမယ့် version 1.10+ မှာတော့ စတင်အသုံးပြုလို့ရလာတော့မှာပါ

01/05/2026

EasyYBS Map မှာ လမ်းတွေ တည်နေရာတွေပါ ရှာလို့ရပါပြီ

EasyYBS version 1.9.1 ကနေ စပြီးတော့ ရန်ကုန်မြို့က လမ်းသွယ်တွေ အထင်ကရနေရာတွေ ဥပမာ Passport office, Myanmar Plaza အစရှိတဲ့နေရာတွေကို တိုက်ရိုက်ရှာလို့ရပြီး အနီးဆုံးမှတ်တိုင်တွေကို ကြည့်နိုင်တော့မှာဖြစ်ပါတယ်

30/04/2026

EasyYBS version 1.8.5 Update

Update မှာ မလိုအပ်တာတွေ ထပ်ဖြုတ်လိုက်ပါတယ်
စာတွေအများကြီးဖတ်နေရတာ မျက်စိနောက်တယ်လေ

ဘယ်မှတ်တိုင်ပြောင်းစီးရမလဲ သိရင်ရပြီပဲမို့ မလိုအပ်တဲ့ အစ အဆုံး ထည့်ရေးခြင်းကို ဖြုတ်လိုက်ပါတယ်

25/04/2026

YBS 0 ဆိုတာ နံပါတ်မရှိတဲ့ ကားတွေပါ။
App မှာက ဒီဇိုင်းအရ ဂဏန်းလေးထည့်ထားချင်လို့ 0 ထည့်ထားတာပါ။

ဂဏန်းမပါရင်လည်း ပြောင်ကြီးဆို ပိုပြီးရှုပ်နေမှာစိုးလို့ပါ

ပြောင်အဖြစ် ပြောင်းပေးလိုက်ရမလား 🤔

24/04/2026

ကားစီးရင်း ဘယ်နားရောက်ပြီလဲ သိရဖို့ခက်ခဲနေလား

ကားစီးရတာ လူတွေနဲ့ကြပ်
အပြင်ဘက်လည်းမမြင်ရ
မှတ်တိုင်တွေကို မြင်ရတာလည်း မသဲကွဲဖြစ်နေရင်

EasyYBS Map က ကူညီပေးနိုင်တယ်နော်
ရောက်နေတဲ့နေရာကို အချိန်နဲ့တပြေးညီ ပြပေးပြီး ရှေ့နောက် ဘယ်ညာ မှတ်တိုင်အကုန်မြင်နေရတာကြောင့် ဘယ်နားရောက်ပြီလဲ ဘယ်တော့ဆင်းရမလဲဆိုတာ ဖုန်း‌ထဲမှာတင် ကြည့်လို့ရနေပြီနော်

Android / IOS နှစ်မျိုးလုံး အသုံးပြုလို့ရပါတယ်နော်

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon