Care Pachi

Care Pachi

Share

07/01/2025

Hi everyone💕

Care Pachi အနေနဲ့ Differently Abled အနုပညာပြပွဲမှာ workshop လုပ်ပြီး ပါဝင် အားဖြည့်သွားမှာပါ🎉

မသန်းစွမ်းအနုပညာရှင်တွေရော လာရောက်အားပေးတဲ့ပြင်ပလူတွေပါ ပါဝင်လို့ရအောင် knowledge လဲရမယ် funလဲဖြစ်မဲ့ workshops လေးတွေ စီစဉ်ထားပါတယ်။

Jan 10ရက်နေ့ Studio Canvas မှာလဲ Bookmark Workshop ထည့်သွင်းထားပါတယ်။
Time-1:30pm ton3:30pm
Location- Studio Canvas
No. 575, Upper Pazundaung road, Yangon.

Date-10th Jan 2025

Care Pachi workshop ကိုတက်ရောက်မယ်ဆိုရင် Form ထဲက Jan 10 Care Pachi workshop option လေးရွေးပေးပါနော်💕

Register here:
https://docs.google.com/forms/d/e/1FAIpQLSepfANgDfxDcVeG450t68535xqnxF24dMZkCI9mog65ViFSew/viewform?fbclid=IwZXh0bgNhZW0BMQABHT4O9wzQ_zT7Hm4qHIpcaJeF5g_eB12RzwA3hWgMMkXC8IuOfi0SEWwwWA_aem_FuTQWkQ_KMJVOOaEKoW_AA

မသန်စွမ်းအနုပညာရှင်တွေရဲ့ ပန်းချီ လက်မှု အနုပညာကို ကြည့်ရင်း workshops တွေလဲ joinကြရအောင်နော်✨🤗။
အားလုံးနဲ့ တွေ့မယ်နော် See You!

Photos from လက်မှုClub - Lat Mhu Club's post 02/01/2025

Care Pachi အနေနဲ့ ပြပွဲမှာ Workshop 2ရက်ပါဝင်ပေးသွားမှာဖြစ်လို့ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်🎉

29/12/2024

ကျွန်မတို့ Care Pachi ကနေပြီးတော့ Persons with disabilities အတွက် Workshop နှစ်ရက် ပါဝင်ပေးသွားမှာဖြစ်လို့ ပြပွဲကိုလာခဲ့ကြဖို့ဖတ်ခေါ်ပါရစေရှင့်❤️

[In Burmese]

ထူးခြားပြောင်မြောက်တဲ့ ပန်းချီလက်ရာနဲ့ အနုပညာတွေကို ခံစားနိုင်မယ့် 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐥𝐭𝐲 𝐀𝐛𝐥𝐞𝐝 Art Exhibition

မသန်စွမ်းအနုပညာရှင်တွေရဲ့ လက်ရာမြောက်ဖန်တီးထားတဲ့ ပန်ချီအနုပညာလက်ရာတွေကို ခံစားကြည့်ရှုနိုင်ဖို့၊ သူတို့ရဲ့ ဖန်တီးမှုနဲ့ ဇွဲလုံ့လကို ကိုယ်တိုင်တွေ့မြင် အသိအမှတ်ပြုနိုင်စေဖို့အတွက် Differently Abled ဆိုတဲ့ အနုပညာပြပွဲလေးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ 🎨

စိတ်ပါဝင်စားတဲ့သူတိုင်း ပွဲကိုလာရောက်ကြည့်ရှုနိုင်ဖို့ Differently Abled Art Exhibition ကို

📆 ပြပွဲပထမအပတ်အနေနဲ့
Spaces-31 မှာ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း

📆 ပြပွဲဒုတိယအပတ်အနေနဲ့
Studio Canvas မှာ ဇန်နဝါရီလ ၉ ရက်မှ ၁၁ ရက်နေ့အတွင်း မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ခင််းကျင်းပြပပေးသွားမှာဖြစ်ပြီး

📆 မသန်စွမ်းအနုပညာရှင်တွေရဲ့ ပန်းချီလက်ရာကို နှလုံးသားနဲ့ ပေးချေဝယ်ယူနိုင်မယ့် လေလံပွဲကိုတော့ Turquoise Mountain မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၁၀ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

💖 နှလုံးသားနဲ့ ဖန်တီးရေးဆွဲထားတဲ့လက်ရာတွေကို တန်ဖိုးထားအားပေးဖို့ မိတ်ဆွေတို့အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

[In English]

We cordially invite you to the Differently Abled Art Exhibition, where you can witness the remarkable and extraordinary artworks of talented artists with disabilities.

This exhibition will feature the creations of disabled artists, showcasing their enthusiasm and imagination.

It is a wonderful opportunity to admire and appreciate their captivating work and celebrate the beauty of art.

The Differently Abled Art Exhibition aims to highlight the dedication and passion of these artists. 🎨

💖 We warmly welcome everyone to come and enjoy the masterpieces crafted with heart and soul. Don't miss this chance to support and honor our talented artists.

🌟 First Week: 3rd January - 5th January
🕰️ Time: 10:00 AM ~ 4:00 PM
📍 Location - Spaces-31, 1/A Pyi Htaung Su Lane ( 1 ), Sayar San Road, Bahan, Yangon.

🌟 Second Week: 9th January- 11th January
🕰️ Time: 10:00 AM ~ 4:00 PM
📍 Location - Studio Canvas,No.575, Upper Puzundaung Road, Sat San Quarter, Mingalar Taung Nyunt, Yangon.

🌟 Auction Date : 12th January
🕰️ Time: 10:00 AM ~ 8:00 PM
📍 Location - Turquoise Mountain - 47B Pho Sein Street, Bahan Township, Yangon.

Photos from Care Pachi's post 25/11/2024

Care Pachi at Carbon Kinn Sin“ Capstone project“ ✌🏼
[English below]

ရန်ကုန်မြို့ downtown area, 📍 The Secretariat Yangon (ဝန်ကြီးများရုံး)၊ stone garden တွင် 23.12.2024(စနေနေ့) Doh Eain ၏ Young City Shaper Program၊ Cohort 11; Zero Carbon Group မှ ဦးစီးကျင်းပခဲ့တဲ့ ကာဗွန်ကင်းစင် - Carbon Kinn Sin Capstone project“ ပွဲလေးတွင် Care Pachi က တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်ရှင်။🤗

ပွဲလေးမှာ Care Pachi ကနေ “Bilateral Drawing“ activities လေးကို booth တစ်ခုအနေနဲ့ ပါဝင်ခဲ့ပြီး ဝင်
ရောက်joinပေးခဲ့ကြတဲ့သူ တစ်ဦးတစ်ယောက်ချင်းကို Care Pachi team ကနေ ကျေးဇူးတင်ပါတယ်ရှင်။🫶🏼❤️

ဒီလို ပွဲလေးမှာ ပါဝင်ခွင့်ပေးခဲ့တဲ့အတွက် Doh Eain နဲ့ Zero Carbon Initiatives တို့ကိုလည်းကျေးဇူးတင်ပါတယ်ရှင့်။💖

ဒီလိုနေ့လေးကို Care Pachi team အနေနဲ့ အမှတ်ရနေမှာဖြစ်ပြီး နောက်ပိုင်းလာမယ့် ပွဲ​လေးတွေအတွက် စောင့်မျှော်ပေးကြပါဦးနော်👏🤗✨

𝐂𝐚𝐫𝐞 𝐏𝐚𝐜𝐡𝐢 has participated in the “𝐂𝐚𝐫𝐛𝐨𝐧 𝐊𝐢𝐧𝐧 𝐒𝐢𝐧” 𝐂𝐚𝐩𝐬𝐭𝐨𝐧𝐞 𝐩𝐫𝐨𝐣𝐞𝐜𝐭 event organized by 𝐃𝐨𝐡 𝐄𝐚𝐢𝐧’s 𝐘𝐨𝐮𝐧𝐠 𝐂𝐢𝐭𝐲 𝐒𝐡𝐚𝐩𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦, 𝐂𝐨𝐡𝐨𝐫𝐭 𝟏𝟏; 𝐙𝐞𝐫𝐨 𝐂𝐚𝐫𝐛𝐨𝐧 𝐆𝐫𝐨𝐮𝐩 at the stone garden, 📍𝐓𝐡𝐞 𝐒𝐞𝐜𝐫𝐞𝐭𝐚𝐫𝐢𝐚𝐭 𝐘𝐚𝐧𝐠𝐨𝐧 (Ministers’ Office) downtown area, Yangon on 23.12.2024 (Saturday).✌🏼✨

At the event, we participated with the “𝐁𝐢𝐥𝐚𝐭𝐞𝐫𝐚𝐥 𝐃𝐫𝐚𝐰𝐢𝐧𝐠“ ✍️activities as a booth and the team would like to thank each and every one of you who came and joined us.✨

We would also like to thank 𝐃𝐨𝐡 𝐄𝐚𝐢𝐧 and 𝐙𝐞𝐫𝐨 𝐂𝐚𝐫𝐛𝐨𝐧 𝐆𝐫𝐨𝐮𝐩 for allowing us to participate in this memorable networking event.🫶🏼❤️

We, Care Pachi team will remember this day and please look forward to our future events.✨

Have a nice day, Thankyou✨🫶🏻

Photos from Care Pachi's post 23/11/2024

Care Pachi participated in celebrating the 11th anniversary of YSEALI🇺🇸🎉🌟
[English Below]

✨Care Pachi project အနေနဲ့ YSEALI🇺🇸🌟 ၏ 11th anniversaryမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ 👏Care Pachi အနေ လာရောက်ကြတဲ့ လူငယ်တွေနဲ့ လူငယ်ခေါင်းဆောင်များ တွေ့ဆုံခဲ့ရပြီး bilateral drawings activities မှာ ပါဝင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။🤗✨

YSEALI ၏ခရီးစဉ် တလျှောက် Care Pachi project youth organization အနေနဲ့ တထောင့်တနေရာ ကနေပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် အမှတ်ရနေပါတယ်။ 🥳🙌လာရောက်အားပေးကြပြီး ပံ့ပိုးကူညီမှုများနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို Care Pachi Teamက ကျေးဇူးတင်ရှိပါသည်။🫶🏼❤️

We’re beyond proud to have participated in such a hige event!👏 Care Pachi had an amazing booth with bilateral drawings✍️, and it was an honor to share our positive moments ✨and activities with so many inspirational young leaders and people.🤗

This milestone in YSEALI’s journey reminds us of the power of youth-driven change and collaboration🤗🫶🏼. We’re excited to continue empowering and connecting young people. 🙌Thank you to everyone who visited, supported, sponsored, and engaged with us.🫶🏼❤️

Photos from Care Pachi's post 20/11/2024

🎨 လှည်းကူးမြို့ရှိ ဧမာနွေလကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် သွားရောက်လုပ်ဆောင်ခဲ့တဲ့ Care Pachi Art Therapy Project လေးဟာ ယခုအချိန်မှာ လှပစွာပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်🎉
…………………………………………………………………….

ဒီ YSEALI YOUnified မှ ပံ့ပိုးပေးသော Care Pachi တစ်ရက်တာ Art Therapy workshop လေးမှာ ကလေးငယ်လေးများကို ၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်း၊ စူးစမ်းလေ့လာနိုင်စွမ်းနှင့် အနုပညာစွမ်းရည်များကို ဖော်ထုတ်ပေးပြီး ပျော်ရွှင်စရာအကောင်းဆုံး အချိန်ကာလလေးတစ်ခုကို Imperial Art Club ရဲ့ Care Pachi အဖွဲ့သားများနှင့်အတူ သွားရောက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

🫶🏻တစ်ရက်တာဆိုတဲ့ တိုတောင်းလှတဲ့အချိန်ကာလလေးတစ်ခုအတွင်းမှာ Care Pachi အဖွဲ့သားများက bilateral drawing, sketch drawing, free flow painting လေးတွေကို ကလေးငယ်လေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရပေါင်းများစွာ ဖန်တီးခဲ့ပါတယ်။ ပြုံးပန်းဝေဝေဆာဆာနဲ့ တက်တက်ကြွကြွပါဝင်ပျော်ရွှင်ပေးကြတဲ့ ကလေးငယ်လေးတွေရဲ့ တောက်ပတဲ့မျက်လုံးနဲ့ ရယ်မောသံလေးတွေ ပြည့်နှက်နေခဲ့တဲ့အတွက် တကယ့်ကို ဝမ်းသာပီတိလည်းဖြစ်ရပါတယ်။

အခုလို လှပပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီ Care Pachi ပရောဂျက်လေးကို အချိန်ပေးပြီး လူအင်အား၊ စိတ်ဓာတ်ခွန်အားတွေအပြည်းနဲ့ ပံ့ပိုးပေးခဲ့ကြတဲ့ volunteers လေးတွေတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ် ဒါ့အပြင် ဒီ project ဖြစ်မြောက်ရေးအတွက် နောက်ကွယ်မှ အစွမ်းကုန်ပံ့ပိုးပေးပါသော Myanmar Imperial College - MIC ကိုလည်းကောင်း၊
Art Therapy Training လေးကို volunteers လေးတွေအတွက် စေတနာအပြည့်ဖြင့် လာရောက်သင်ကြားပို့ချပေးသွားတဲ့ Tr. Yuko နှင့် Art of Healing အဖွဲ့သားများကိုလည်းကောင်း၊
ကလေးငယ်တို့အတွက် meal sponsor အဖြစ် ပါဝင်ပေးတဲ့ KFC Myanmarကို လည်းကောင်း၊
ပန်းချီပစ္စည်း Art Supplies များ ပါဝင်ထောက်ပံ့ပေးတဲ့ Golden New Age Myanmar - Authorized Distributor of Mont Marteကိုလည်းကောင်း ကျေးဇူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင့်🤍

နောင်များမှာလည်း Imperial Art Club အနေနဲ့ ယခုလို အနုပညာမှတဆင့် Community ကို အကောင်းဆုံးတွေ ပြန်လည်မျှဝေနိုင်စေဖို့ ဆက်လက်ကြိုးစားသွားပါမယ်လို့လည်း ကတိပြုလိုက်ရပါတယ်ရှင့်💯 💛
# ImperialArtClub

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11041