MEN News

MEN News

Share

13/10/2024

ရန်ကုန် ဧရာဝတီ တိုင်းတို့တွင် မိုးတိမ်တောင်ကြောင့် မိုးထစ်ချုန်းခြင်း မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်

အောက်တိုဘာ ၁၃ / MEN News

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့ထုတ်ပြန်သည်။

ဌင်းပြင်ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ စိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရာနှုန်းပြည့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း မိုး၊ဇလဌာနက ယနေ့ထုတ်ပြန်သည်။

Photo - မိုး၊ဇလ


#မိုးတိမ်တောင်
#မိုးထစ်ချုန်း



Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

Photos from MEN News's post 12/10/2024

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄ (World Migratory Bird Day 2024)

- ဒေါက်တာသိန်းအောင်

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ဆိုတာ ကမ္ဘာတဝန်း ဆောင်းခိုငှက်တွေနဲ့ အံ့ဩဖွယ် ခရီးစဉ်တွေအကြောင်း၊ ၎င်းတို့ရဲ့ စားကျက်ဒေသတွေကို ထိန်းသိမ်းရေး စည်းရုံးလှုံ့ဆော်တဲ့နေ့ ဖြစ်ပါတယ်။ နှစ်စဉ် မေလနှင့် အောက်တိုဘာလ ဒုတိယပတ် စနေနေ့ကို ကမ္ဘာ့ဆောင်းခိုငှက်များနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနှစ်ရက်ဟာ ငှက်တွေရဲ့ ဆောင်းခိုခြင်း သဘာဝစက်ဝန်းကို ထင်ဟပ်စေပြီး၊ ကမ္ဘာ့မြောက်ဘက်ြခမ်းနဲ့ တောင်ဘက်ခြမ်းတို့ရဲ့ ဆောင်းခိုတဲ့အချိန် ခြားနားမှု အမြင့်ဆုံးချိန်လည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် မေလ ၁၁ ရက်နေ့နဲ့ အောက်တိုဘာ ၁၂ ရက်တို့ကို သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄ ဆောင်ပုဒ်မှာ
“ငှက်ထိန်းသိမ်းဖို့ အင်းဆက် ထိန်းသိမ်းစို့” “Protect Insect Protect Bird” ဖြစ်ပြီး၊ ဆောင်းခိုငှက်များအတွက် အင်းဆက်ပိုးမွှားများ အရေးပါပုံကို အာရုံစူးစိုက်ပြီး အင်းဆက် အကောင်ဦးရေ ကျဆင်းခြင်းနဲ့ ပတ်သတ်ပြီး အလေးထားရန် မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

အင်းဆက်တွေဟာ ဆောင်းခိုငှက်မျိုးစိတ်များအတွက် မရှိမဖြစ် အရေးပါတဲ့ အစာစွမ်းအင် အရင်းအမြစ် ဖြစ်ပါတယ်။ ငှက်တွေရဲ့ မိတ်လိုက် သားပေါက်ရာသီချိန် သာမက ရှည်လျားကျယ်ပြောသည့် ခရီးစဉ် အစအဆုံး အချိန်ကာလအတွင်း ခံစားရတဲ့ ဘေးဒုက္ခအန္တရာယ်များ ကျော်လွှားပြီး အောင်မြင်စွာ ဆောင်းခိုနိုင်ခြင်းအတွက်လည်း အင်းဆက်တွေဟာ အလွန်အရေးပါတယ်။
ဆောင်းခိုပျံသန်းလမ်းကြောင်းတစ်လျှောက် သစ်တောများ၊ ရေတိမ်ဒေသများနဲ့ အမျိုးမျိုး ကွဲပြားခြားနားတဲ့ စားကျက်ဒေသတွေမှာ ရပ်နားကာ အင်းဆက်တွေကို ဖျတ်လတ်စွာ ရှာဖွေစားကြရတယ်။ ခရီးတစ်ထောက် နားခိုတဲ့ စားကျက်တွေမှာ အင်းဆက်ပေါများချိန်နဲ့ ငှက်တွေ ဆောင်းခိုချိန်ဟာ တထပ်ထဲ ကျပါတယ်။ အင်းဆက်တွေဟာ ဆောင်းခိုငှက်တွေ ဆက်လက်ပျံသန်းရမယ့် ခရီးအတွက် အရန်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် အာဟာရပြည့်ဝတဲ့ အစားအစာတွေအဖြစ် ပံ့ပိုးပေးပါတယ်။

ဆောင်းခိုငှက်တွေရဲ့ သားပေါက်ဒေသနဲ့ ဆောင်းခိုပျံသန်းခရီးလမ်းတလျှောက် အင်းဆက်အကောင်ဦးရေ လျော့နည်း ပျောက်ဆုံးခြင်းက ငှက်တွေရဲ့ ရှင်သန်ရေးနှင့် ဘဝအေးချမ်းမှုကို ခြိမ်းခြောက်နေပါတယ်။ သစ်တောနဲ့ မြက်ခင်းဒေသလို သဘာဝနေရာတွေကို ကြီးမားတဲ့ စိုက်ပျိုးမြေချဲ့ထွင်ခြင်းနဲ့ မြို့ပြဖွံ့ဖြိုးရေးအဖြစ် ပုံစံပြောင်းလဲခြင်းတွေက အင်းဆက် အကောင်ဦးရေ ကျဆင်းတဲ့ သက်ရောက်မှုကို ဖြစ်စေတယ်။ စိုက်ပျိုးသီးနှံ ဖြစ်ထွန်းရေးအတွက် အသုံးပြုတဲ့ ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးတွေကလည်း ငှက်တွေရဲ့ အစာအဖြစ် မှီခိုအားထားရတဲ့ အင်းဆက်တွေကို အန္တရာယ်ဖြစ်စေပြန်တယ်။

စွမ်းအင်နှင့် ပရိုတင်းပြည့်ဝတဲ့ အင်းဆက်တွေ နည်းပါးလာခြင်းက ငှက်တွေရဲ့ ဆောင်းခိုခြင်းနဲ့ သားပေါက်ခြင်းကို နှောင့်နှေးစေပြီး ကိုယ်ခံအားစနစ် အားနည်းခြင်း၊ သားပေါက်မှု လျော့ကျခြင်း၊ အရွယ်ရောက်ငှက်နဲ့ ၎င်းတို့သားပေါက်များရဲ့ သေဆုံးမှုနှုန်းကို မြင့်တက်စေပါတယ်။
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄ စည်းရုံးလှုံ့ဆော်ပွဲက ထိန်းသိမ်းရေးဆောင်ရွက်မှု ဖန်တီးရယူရန် လိုအပ်ချက်ကို အလေးထားတယ်။ ပိုးသတ်ဆေးနဲ့ မြေဩဇာ အသုံးပြုမှု လျော့ကျစေရေး အပါအဝင် ဖြစ်နိုင်လျှင် အော်ဂဲနစ် စိုက်ပျိုးရေး ပြောင်းလဲရေးကို ရည်မှန်းပါတယ်။ အခြားလုပ်ဆောင်မှုအနေဖြင့် စိုက်ပျိုးမြေများတွင် ငှက်နဲ့အခြားမျိုးစိတ်တွေအတွက် အစားအစာနှင့် အကာအကွယ် ပံ့ပိုးစီစဉ်ပေးတဲ့ သဘာဝအပင်တွေ ပေါက်တဲ့နေရာများ ထိန်းသိမ်းပြုစုခြင်းနှင့် ချိတ်ဆက်ခြင်း အပါအဝင် ငှက်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း စုစည်း ရေးသားမျှဝေလိုက်ပါတယ်။

Wild Wings Group မှ ဒေါက်တာသိန်းအောင်၏ ဆောင်ပါးကို ပြန်လည်ဖော်ပြသည်။





#ဆောင်းခိုငှက်

Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

Photos from MEN News's post 10/10/2024

ကရင်နီပြည်နယ်တွင် လူ ၃ သောင်းနီးပါး ရေကြီးရေနှစ်မြှုပ်မှုကို ၁ လကြာ ရင်ဆိုင်နေရ

အောက်တိုဘာ ၁ဝ / MEN News

ကရင်နီပြည်နယ်(ကယား)တွင် ယာဂီမုန်တိုင်းအရှိန်ကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်မှစ၍မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံ မြေပြိုခြင်းများ နေရာဒေသအနှံ့ ဆက်တိုက်ဖြစ်ပွား ခဲ့သည်မှာ အောက်တိုဘာလ (၉) ရက်တွင် (၁) လ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ လွိုင်ကော် မြို့နယ်၊ နန်းမယ်ခုံမြို့နယ်၊ ဒီးဘောင်းခူမြို့နယ်၊ ဒီးမော့ဆို(အရှေ့)မြို့နယ်၊ ဟိုယာမြို့ နယ်၊ ဘောလခဲ မြို့နယ်၊ မော်ချီးဒေသ၊ ဆိုမိုပရယ်သိုးလေးမြို့နယ် ယ် (ရှားတော)နှင့် မယ်စဲ့မြို့နယ်များတွင် ရေကြီးရေလျှံ မှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ဘေးရှောင်စခန်း (၁၆) ခုနှင့် ကျေးရွာ (၅၄) ရွာတို့မှ လူဦးရေ ၂၉,၇၇၉ ဦး ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း IEC ကပြောသည်။

လွိုင်ကော်မြို့နယ်၊ နန်းမယ်ခုံ မြို့နယ်၊ ဖယ်ခုံမြို့နယ် (မိုးဗြဲ) နှင့် မယ်စဲ့မြို့နယ်တို့တွင်ရေမကျဘဲ စံချိန်တင်ရေဆက်လက် မြင့်တက် နေဆဲဖြစ်ကာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ရပ်ကွက်များနှင့် လယ်ခင်းများတွင် ရေလွှမ်းမိုးမှု ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုမြင့်မားလာကြောင်းသိရသည်။

ရေကြီးရေလျှံမှု၊ လမ်းတံတားပျက်စီးမှုနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများကြောင့် ရေဘေးသင့်ပြည်သူများ၏ စားနပ်ရိက္ခာများ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ မိသားစုသုံးပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ၊ ဆေးဝါးများနှင့် ကယ်ဆယ်ရေးကိရိယာများ စသည်တို့ကို အချိန်နှင့်တပြေးညီလုံလောက်စွာရရှိနိုင်ရေး အခက်အခဲ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်လုနီးပါး ဖြစ်နေပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုများသည် ပြည်သူအများအတွက် ကြီးမားသည့်စိန်ခေါ်မှု ဖြစ်လာကြောင်း၊ ရေကြီးရေလျှံမှု တို့ကြောင့် စပါးခင်းနှင့် စိုက်ပျိုးသီးနှံခင်းများ ဧကပေါင်း (၁၀၈၆၇.၄၁) ဧက ရေလွှမ်းပျက်စီးသွားခဲ့ကြောင်း၊နေအိမ်စုစုပေါင်း (၁,၉၅၆) အိမ်ခန့်လည်းရေနစ်မြှုပ်ပျက်စီးသွားခဲ့ကြောင်း IEC က ထုတ်ပြန်သည်။

ကရင်နီပြည်တွင်း ရေဘေး အပ်လျက်ရှိနေ သေးသော အပါအဝင် အခြားသဘာဝဘေးများကြောင့် လက်ရှိအချိန်ထိ အကူအညီလိုအပ်လျက် ပြည်သူဦးရေမှာ (၃ဝ,ဝဝဝ) နီးပါးရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ထုတ်ပြန်သည်။

ကရင်နီပြည်နယ်ရှိ ရေဘေးသင့်သူ အနက် ၁၃,ဝဝဝ ဦးအတွက် ဆန်၊ဆီ၊ဆားနှင့် ရိက္ခာခြောက်များဖြန့်ဝေခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးအတွက် မော်တော်စက်လှေနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကူညီခြင်း၊ အမိုးအကာ တာပေါ်လင်
နှင့် လောင်စာဆီများထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးနေကြောင်း IEC က ထုတ်ပြန်သည်။

ဓာတ်ပုံ - ဒီးမော့ဆို(အရှေ့)မြို့နယ် ရေကြီးမှုမြင်ကွင်း။ Photo - Karenni Humanitarian Team


#ကရင်နီ
#ကယား
#ရေကြီး



Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

Photos from MEN News's post 02/08/2024

ပင်လောင်းမြို့တွင် ၅၆ နှစ်အတွင်း စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ်

သြဂုတ် ၂ / MEN News

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် သြဂုတ်လ (၁) ရက်နေ့၌ မိုးရေချိန်လက်မ ၆.၂ (၁၅၈ မီလီမီတာ) ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုး၊ဇလဌာနကထုတ်ပြန်သည်။

ပင်လောင်းမြို့တွင် ၂ဝ၂၃ခုနှစ် သြဂုတ်လ (၈) ရက်နေ့ကလည်း မိုးရေချိန်
၄.၃၇ လက်မရွာသွန်းခဲ့ပြီး ယခုနှစ်တွင် ထိုစံချိန်ကိုကျော်လွန်ခဲ့ခြင်းဖြစ်သည်။

ပင်လောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင် ၄၈ဝဝ ပေတွင်တည်ရှိပြီး မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများမှသိရသည်။

ယနေ့ နံနက်ပိုင်းအချိန်ထိ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ရပ်ကွက်အချို့မှာ ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံအနှံတွင် မိုးရွာသွန်းနေပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေး တိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့
ထုတ်ပြန်သည်။

Photo - Heinn Htet Kyaw(H2KTGI) / FB



#ပင်လောင်း

02/08/2024

မန်းရွှေစက်တော် အောက်စက်တော်ရာ ရင်ပြင်ပေါ်ကို ရေဝင်ရောက်

သြဂုတ် ၂ / MEN News

မကွေးတိုင်း၊ မင်းဘူးမြို့မှာရှိတဲ့ မန်းရွှေစက်တော် အောက်စက်တော်ရာ(အောက်ခြေတော်ရာ) ရင်ပြင်ပေါ်ကို ရေတက်ရောက်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

အောက်စက်တော်ရာဟာ မန်းချောင်းဘေးမှာတည်ရှိပြီး မန်းချောင်းရေမြင့်တက်လာတာကြောင့် ရင်ပြင်ပေါ်ကို ရေတက်ရောက်နေတာလို့ သိရပါတယ်။

နှစ်စဉ်မိုးရာသီရောက်ရင် မန်းချောင်းရေမြင့်တက်လေ့ရှိပြီး အောက်စက်တော်ရာ ကိုရေတက်ရောက်မှုရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။



#အောက်စက်တော်ရာ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Yangon