Melodic Pathways By Belle
12/05/2026
Piano Beginner Class အသစ်လေး လာပါပြီ!
"Pianoကို စတင်တီးချင်တယ်၊ ဒါပေမဲ့ ဘယ်ကစရမှန်း မသိဘူး..." ဖြစ်နေလား?
ဘာအခြေခံမှမရှိလို့ စိုးရိမ်နေတဲ့ Zero Level သမားတွေနဲ့ Beginner တွေအတွက် သီးသန့်ရည်ရွယ်တဲ့ အတန်းလေးတစ်ခု ရှိပါတယ်....
အချိန်အနေနဲ့ တစ်ရက် 1နာရီသင်ကြားပေးပါတယ်....အတန်းချိန်အတွက်ကိုလည်း Instructorနဲ့ညှိနှိုင်းလို့ရပါတယ်🕔
ရက်တွေအနေနဲ့ တစ်ပတ်မှာ 2ရက်ယူပေးပါတယ်🗓
သင်တန်းကြေးကတော့ တစ်လ 80000ကျပ်ဖြစ်ပါတယ်❇️
❇️ဒီအတန်းမှာ ဘာတွေထူးခြားမလဲ?❇️
* ဘာမှမသိသေးတဲ့သူတွေအတွက် ကျောင်းသားရဲ့လိုက်နိုင်မယ့်ပုံစံနဲ့လိုက်လျောညီထွေစွာနဲ့အခြေခံကစပြီး နားလည်လွယ်အောင် သင်ကြားပေးမှာပါ။Staff notesတွေကိုလည်းစနစ်တကျဖတ်နိုင် စည်းချက်မှန်မှန်နဲ့ တီးတတ်လာနိုင်မယ်၊သီချင်းလေးတွေနဲ့ထိတွေ့ရင်းနှီးလာနိုင်ပါလိမ့်မယ်
* အတန်းအတွက်အချိန်မပေးနိုင်မှာ မစိုးရိမ်နဲ့...တစ်ရက်ကို ၁ နာရီ ဝန်းကျင်လောက် အချိန်ပေး တက်ရုံနဲ့တင် လုံလောက်ပါတယ်....
* Online Classလေးဖြစ်တာကြောင့် အတန်းတက်ဖို့ ဖုန်း သို့မဟုတ် Laptop ရှိရပါမယ်...
* အဝေးကြီးလာစရာမလိုဘဲ...အိမ်မှာနေရင်း လေ့လာနိုင်မယ်... မိမိဆီမှာ တီးခတ်ဖို့ Instrument (Piano သို့မဟုတ် Keyboard) တစ်ခုရှိရုံနဲ့ အတန်းတက်ရောက်နိုင်ပါပြီ...
Pianoတီးချင်တဲ့ဝါသနာ၊စိတ်အားထက်သန်မှုနဲ့မှန်ကန်တဲ့ လမ်းပြမှုတွေပေါင်းစပ်လိုက်မယ်ဆိုရင် ပိုမြန်မြန် တတ်မြောက်နိုင်ပါတယ်... ကဲ....ကိုယ်တိုင်တီးခတ်တဲ့ Pianoသံလေးနဲ့ စိတ်အပန်းဖြေဖို့ အခုပဲ စတင်လိုက်ရအောင်😉
📩 သင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်ကို စုံစမ်းချင်တယ်ဆိုရင်တော့ Pageရဲ့ Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီနော်...
Congratulations Tr.Chue 🎉
Tr.Chue ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်းအသစ်လေးကိုမျှဝေပေးလိုက်ပါတယ်
30/04/2026
Secondary Dominant Chordလေးတွေထည့်သုံးပြီးသီချင်းတွေပိုကောင်းအောင်ဖန်တီးမယ်🎼
သီချင်းတစ်ပုဒ်ကို တီးနေရင်းနဲ့ Key ထဲမှာ မရှိတဲ့ Chord အသစ်တစ်လုံး ရုတ်တရက် ဝင်လာတာကို ကြုံဖူးကြမှာပါ။ ဥပမာ - C Major နဲ့ သွားနေရင်း F # သံလေးပါတဲ့ D Major (D7) Chord မျိုးပေါ့။ အဲ့ဒီ Chord လေး ဝင်လာတဲ့အခါ နားထဲမှာ တစ်မျိုးလေး ထူးခြားပြီး နားထောင်လို့ အရမ်းကောင်းသွားတာ ဘာကြောင့်လဲဆိုတာ စဉ်းစားဖူးပါသလား?
ဒီနေ့မှာတော့ အဲ့ဒီလို ဆွဲဆောင်မှုရှိတဲ့ Chord လေးတွေရဲ့ နောက်ကွယ်က Secondary Dominant (V of V) ဆိုတဲ့ လျှို့ဝှက်ချက်အကြောင်းကို ပြောပြချင်ပါတယ်.....✨
C Major Key ထဲမှာ D Major ဆိုတာ တကယ်တော့ သူစိမ်း Chord တစ်လုံးပါ။ ပုံမှန်ဆိုရင်တော့ သူက
ii chord (Dm) အဖြစ်နဲ့ပဲ ရှိနေရမှာ။ ဒါပေမဲ့ သူ့ကို D7 လို့ ပြောင်းလိုက်တဲ့အခါ သူက "တံတား" တစ်ခု ဖြစ်သွားပါတယ်....
ဘယ်သူ့ဆီကို သွားမယ့် တံတားလဲဆိုတော့... C Major ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ G (Dominant) ဆီကို သွားမှာပါ။ G ရဲ့ နံပါတ် ၅ (Dominant) chord က D7 ဖြစ်တဲ့အတွက်၊ ကိုယ်တို့က G ဆီကို ပိုပြီး လှလှပပ ရောက်သွားအောင် G ရဲ့ အပိုင် Chord လေးကို ခဏလေး ငှားသုံးလိုက်တာပါ။ ဒါကိုပဲ V of V (Five of Five) လို့ ခေါ်တာပေါ့❇️
ဒါကို မြင်အောင်ဥပမာအနေနဲ့ပြပါမယ်...
C Keyထဲက ရိုးရိုး Chord progression တစ်ခု
C - G - C ကို Roman Numeralsတွေနဲ့ရေးရင်
[ I - V - I ]
အဲ့တာကို V of V သုံးတဲ့အခါ
C - D7 - G - C [ I - V/ V - V - I ]
V of V ကို ဘာကြောင့် သုံးတာလဲ?❇️
ပထမတစ်ချက်ကတော့Leading Tone ဖန်တီးချင်လို့ပါ 😉
C Major ရဲ့ chord ii ဖြစ်တဲ့ Dm (D, F, A) မှာ F အသံ ပါပါတယ်။ ဒါပေမဲ့ D7(D, F #, A, C) ပြောင်းလိုက်တဲ့အခါ F # ဖြစ်သွားပါတယ်။ ဒီ F # က G ဆီကို တက်သွားဖို့ အရမ်းအားကောင်းတဲ့ Leading tone ဖြစ်နေလို့ G chord ကို ပိုပြီး ခိုင်ခိုင်မာမာ ရောက်ရှိစေတာပါ...
နောက်တစ်ချက်ကတော့ Colorထည့်ချင်လို့ပါ✨
C Major ရဲ့ Pureဖြစ်တဲ့ အသံတွေကြားထဲမှာ F #ဆိုတဲ့ Accidental လေး တစ်ခု ပါလာတာက သီချင်းကို ပိုပြီး "Smart" ကျစေပြီး နားထောင်လို့ ကောင်းစေပါတယ်....
ဒီ V of V (D7) ကို သုံးပြီးရင် ရှေ့ဆက်သွားမယ့် လမ်းကြောင်း နှစ်ခု ရှိပါတယ် ❇️
* Tonicization (ခဏတာ အလည်သွားခြင်း သို့မဟုတ် ခဏတာအရသာပြောင်းခြင်း) D7 ကနေ G ကို သွားလိုက်ပေမဲ့ စိတ်ထဲမှာတော့ C Key ကိုပဲ သတိရနေတုန်းပါ။ဒါကြောင့် G ကို ခဏလေး မင်းသားတင်မြှောက်ပြီးတာနဲ့ မူလအိမ်ဖြစ်တဲ့ C Major ဆီကို ပြန်လာတတ်ပါတယ်။ ဒါဟာ "လမ်းကြောင်း ခဏလွဲသွားပေမဲ့ အိမ်ပြန်လမ်းကို သိနေသလိုမျိုး" နွေးထွေးတဲ့ ခံစားချက်ကို ပေးပါတယ်...ဥပမာ [C - D7-G- C]ဆိုတဲ့ Chord progressionလေးပေါ့။
* Modulation (အိမ်အသစ် ပြောင်းခြင်း) တချို့နေရာမှာတော့ D7 ကနေ G ကို ရောက်သွားပြီးတဲ့နောက် C ဆီ ပြန်မလာတော့ဘဲ G Key ရဲ့ နယ်မြေထဲမှာပဲ အခြေချပြီး ဆက်တီးသွားတာမျိုးပါ။ ဒါကတော့ "အိမ်အသစ်ကို ပြောင်းရွှေ့ အခြေချလိုက်သလို" ခံစားချက်မျိုးပေါ့။ဥပမာ -D7ကနေ Gကိုရောက်ပြီးတဲ့အခါ Cကိုပြန်မသွားတော့ဘဲ G Majorထဲမှာရှိတဲ့ Chordတွေဖြစ်တဲ့ (Em, Am, C, D7, G) ကိုပဲ ဆက်သုံးသွားတော့မယ်ဆိုရင်တော့ ဒါကို Modulation လုပ်လိုက်ပြီလို့ ခေါ်ပါတယ်။
ဂီတပညာရှင်ကြီး Bach ရဲ့ လက်ရာတွေကို နားထောင်ရင် Key တစ်ခုကနေ တစ်ခုကို ပြောင်းသွားတာက အရမ်းကို ချောမွေ့လွန်းလို့ ပြောင်းသွားမှန်းတောင် မသိသာပါဘူး။ အဲ့ဒီနေရာမှာ သူ သုံးသွားတာက Pivot Chord Modulation ဆိုတဲ့ နည်းစနစ်ပါ။သူက Chord တစ်လုံးကို Key နှစ်ခုလုံးနဲ့ ဆိုင်တဲ့ "တံတား (Pivot)" တစ်ခုလို သုံးသွားတာပါ။🤩
ဪ ဒါနဲ့...တစ်ခုသိထားရမှာပါ V of V အပြင် တခြား Secondary Dominantsတွေလည်းရှိပါသေးတယ်..🙋🏼♀️ V of ii, V of vi စသဖြင့်ပေါ့...
ဥပမာ-
V of ii: C Major ထဲမှာဆိုရင် A7 ကနေ Dm ကို သွားတာ။
V of vi: C Major ထဲမှာဆိုရင် E7 ကနေ Am ကို သွားတာ။
ဒါတွေ အားလုံးဟာ သွားချင်တဲ့ Target chord ရဲ့ နံပါတ် 5 (Dominant) ကို ခဏငှားသုံးပြီး နားထောင်သူကို လှည့်စားလိုက်တဲ့ သဘောပါပဲ...
သီချင်းတစ်ပုဒ်မှာ Chord တွေက Key ထဲကအတိုင်းပဲ ရိုးရိုးသွားနေရင် တခါတလေ ပျင်းစရာကောင်းတတ်ပါတယ်....အဲ့ဒီအခါမျိုးမှာ အခုလို Secondary Dominant လေးတွေကို ထည့်သုံးကြည့်ပါ😇
ဒီလို Chord လှလှလေးတွေက သင့်သီချင်းကို ပိုပြီး Professional ဆန်စေမှာပါ...Piano ဒါမှမဟုတ် Guitar ရှေ့မှာ ထိုင်ပြီး ဒီအသံလေးတွေကို ကိုယ်တိုင် စမ်းတီးကြည့်ရင်း အဲ့ဒီ "အရသာ" ကို ခံစားကြည့်ဖို့ တိုက်တွန်းပါရစေ...
Commentမှာလည်းဥပမာလေးကိုမြင်အောင်ဖော်ပြပေးပြီး Youtubeမှာလေ့လာလို့ရအောင်ညွှန်ပြပေးပါ့မယ်
ဂီတကိုချစ်မြတ်နိုးကြသူများအားလုံး ဂီတနှင့်အတူအေးချမ်းမှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
Music Theoryကိုပညာရပ်တစ်ခုလို လေ့လာချင်တယ်ဆိုရင်တော့ Melodic Pathways By Belle မှစီစဥ်ပေးထားတဲ့ Classတွေကို Messengerမှ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်...Mayလထဲမှာတော့ ABRSM သင်ရိုးနဲ့သင်ကြားပေးမယ့် Grade 3 music theory online group classလေးရှိပါမယ်လို့ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ.....
https://m.facebook.com/story.php?story_fbid=122166987938633155&id=61568994666979&mibextid=wwXIfr
ဒီနေ့အကြောင်းအရာလေးကိုတော့ Tr.Belle က မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်ဗျာ….ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
29/04/2026
နှစ်သစ်နဲ့အတူ Discountယူ🎊
မင်္ဂလာပါMusic Learnerလေးတို့ရေ....
Melodic Pathways By Belleမှ စီစဥ်ဖွင့်လှစ်ပေးထားတဲ့ Music Theory Online Classတွေကို ယုံယုံကြည်ကြည်နဲ့တက်ရောက်ကြတဲ့ကျောင်းသားကျောင်းသူတစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ....အရင်ကတော့ Classအသစ်ခေါ်ယူတိုင်း Complete Beginnerတွေအတွက်ရည်ရွယ်ပြီး Grade 1ကစတဲ့အတန်းတွေကိုတက်ရောက်နိုင်ဖို့ စီစဥ်ပေးခဲ့ပါတယ်...Grade တစ်ခုပြီးတိုင်း Melodic Pathways By Belleမှစစ်တဲ့Examအောင်မြင်မှသာ နောက်Grade ကိုတက်ခွင့်ပေးခဲ့ပါတယ်...
ကျောင်းသားဟောင်းမဟုတ်ဘဲ ကျောင်းသားအသစ်တွေအနေနဲ့ Grade 2ကို Joinဖို့အတွက်ဆိုရင်တော့ Class ဝင်ခွင့်Examဖြေမှသာ
တက်ရောက်နိုင်တာဖြစ်ပါတယ်...
ဒီတစ်ခါမှာတော့အမေးများတဲ့ Music Theory Grade 3 ကို ABRSMသင်ရိုးနဲ့သင်ကြားပေးမယ့် Online Group Classလေးစီစဥ်ပေးထားပါတယ်ခင်ဗျာ....လက်ဆောင်အနေနဲ့ Music Theoryကို Grade 2 အထိလေ့လာတတ်မြောက်ထားပြီးသား မည်သူမဆို ဒီClassကို Joinခွင့်ရမှာဖြစ်ပါတယ်...
ကျောင်းသားအသစ်များလည်း တက်ရောက်နိုင်ပါတယ်...🎊💁
❇️ဘယ်နှလကြာမလဲ ?
3 လကြာမြင့်ပါမယ်
❇️အချိန်တွေအနေနဲ့ရောဘယ်လိုဖြစ်မလဲ?
တစ်ပတ်မှာ 2ရက် ၊ 1ရက်ကို 1နာရီသင်ကြားရမှာဖြစ်ပါတယ်...
❇️ဘယ်ရက်တွေ တက်ရမှာလဲ?
လူကြီးမင်းတို့အားလပ်ရက်မှာ အချိန်အများကြီးမပေးရဘဲ စိတ်အေးလက်အေး တက်ရောက်လို့ရမယ့် ပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနေ့တွေပဲဖြစ်ပါတယ်😉
❇️ဘယ်အချိန်တွေလဲ ?
ညနေ 5နာရီမှ 6နာရီအထိဖြစ်ပါတယ်🕔
❇️ဘယ်ရက်မှာစတင်တက်ရောက်ရမလဲ?
16.5.2026 (စနေနေ့) မှာ အတန်းလေး စတက်ရပါမယ်
❇️Platformအနေနဲ့တော့ Zoomကိုအသုံးပြုပြီး သင်ကြားပေးမှာဖြစ်ပါတယ်...စာသင်ချိန်တစ်ချိန်ပြီးတိုင်း Recorded videoကိုပြန်ပို့ပေးမှာဖြစ်လို့ အတန်းခွင့်ယူတဲ့ရက်တွေရှိလာတဲ့အခါ စာတွေလွတ်သွားမှာကိုလည်း စိုးရိမ်စရာမလိုပါဘူးဗျာ....နားမလည်တဲ့သင်ခန်းစာတွေကိုလည်း သင်ကြားပေးတဲ့ Instructor က သေချာပြန်ရှင်းပြပေးပါတယ်...
❇️သင်တန်းကြေးအနေနဲ့ကတော့ Grade 3ကို တစ်လလျှင် 90000 ks ဖြစ်ပါတယ်
အထူးအစီစဉ်အနေနဲ့ နှစ်သစ်မှာ ပထမဆုံးစခေါ်တဲ့အတန်းဖြစ်တဲ့အတွက် မေလ 5ရက်နေ့ မတိုင်ခင် သင်တန်းအပ်တဲ့ကျောင်းသားတိုင်းကို Early Bird Discount အဖြစ် 15% off ပေးမှာဖြစ်ပါတယ်။
သင်တန်းကြေးတွေဟာ Grade အလိုက်ပြောင်းလဲသွားတာဆိုပေမယ့် ဂီတချစ်သူတို့ဆီကို Melodic Pathways By Belleမှ နှစ်သစ်ကူး လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်ပါတယ်🎊🥳❤️
ကဲ.....ဒီလို ကောင်းမွန်တဲ့ အစီစဥ်လေးကို စိတ်ကူးမလွဲဘဲ အမြန်ဆုံးပါဝင်လိုက်တော့နော်💁
သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက pageရဲ့Messengerမှဖြစ်စေ၊ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်..☎️
ဂီတချစ်သူများအားလုံး ဂီတနဲ့အေးချမ်းမှုတွေရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ....🙏🎼
10/04/2026
သင်္ကြန်တွင်း အတန်းပိတ်ရက်များကြေညာခြင်း🔊
အတန်းများအားလုံးကို 13.4.2026မှ 18.4.2026ရက်နေ့အထိ ပိတ်ထားပါတယ်ခင်ဗျာ....
19.4.2026ရက်နေ့မှာ အတန်းများအားလုံးပြန်လည်ဖွင့်လှစ်ပါမယ်ခင်ဗျာ...
စိတ်သစ်လူသစ်နဲ့ပြန်လည်တွေ့ဆုံကြပါမယ်နော်😇
ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်လေးတွေဖြစ်ပါစေလို့ Melodic Pathways By Belleမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...
အတန်းပိတ်ရက် ကြေညာခြင်း 🔔
Marchလ 27ရက် (တော်လှန်ရေးနေ့) တွင် အတန်းများအားလုံး ပိတ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ
07/03/2026
Music Theory (ABRSM Syllabus) Online Group Class for Grade-1✅
ဘယ်လိုသင်ရိုးနဲ့ သင်ကြားပေးမလဲဆိုရင်တော့ Music Theory ကို ABRSM သင်ရိုးနဲ့သင်ကြားပေးမှာဖြစ်ပါတယ်...✅
Musicကို Academically သင်ကြားပေးနေတဲ့ Instructor က
အခြေခံမှစပြီးစနစ်တကျသင်ကြားသွားမှာဖြစ်လို့ယုံကြည်စိတ်ချစွာနဲ့တက်ရောက်နိုင်ပါတယ်..🤩
သင်တန်းကာလကတော့ 3 လကြာမြင့်မှာဖြစ်ပါတယ်✅
သင်တန်းစတင်မယ့်ရက်ကတော့ March 12 ရက်နေ့ဖြစ်ပါတယ် ✅
သင်ကြားချိန်ကတော့တစ်နေ့ကို 1 နာရီကြာမြင့်ပါမယ် ✅
သင်ကြားရမယ့်ရက်တွေကတော့ အပတ်စဥ် Thursday & Friday (8pm-9pm) ပဲ ဖြစ်ပါတယ် ✅
Social Platform အနေနဲ့ Zoom ကိုအသုံးပြုသင်ကြားသွားပြီး အတန်းချိန် တစ်ချိန်ပြီးတိုင်း Recorded video ပြန်လည်ရရှိမှာဖြစ်ပါတယ်✅
သင်တန်းကြေးကတော့ တစ်လ 70000MMK ဖြစ်ပါတယ်✅
သင်တန်းကြေးသွင်းတဲ့အခါမှာ တစ်လချင်းစီသာ သွင်းပေးရမှာဖြစ်ပါမယ်🤩
Grade 1 သင်ကြားမှုပြီးဆုံးတဲ့အခါမှာ Melodic Pathways မှ Exam ပြန်စစ်ပြီး သတ်မှတ်ထားတဲ့အမှတ်ရရှိပါက Grade 1 ပြီးဆုံးအောင်မြင်ထားကြောင်း Certificate ပေးအပ်သွားပါမယ်✅
Grade 1ပြီးဆုံးအောင်မြင်ထားတဲ့ကျောင်းသားများအနေနဲ့ နောက်ဖွင့်မယ့် Grade 2အတန်းတွေကို ဆက်Joinနိုင်ပါတယ်✅
Gradeတစ်ခုဖြေဆိုပြီးတိုင်း ထူးချွန်စွာအောင်မြင်တဲ့ကျောင်းသား၊ကျောင်းသူများအတွက်လည်း ကောင်းမွန်တဲ့အစီစဥ်လေးတွေရှိပါတယ်ဆိုတဲ့အကြောင်းကို တစ်ခါတည်း သတင်းကောင်းပါးလိုက်ပါတယ်ဗျို့🔉
ဒါကြောင့်မို့
"Music Theory Online Classတွေဆို Melodic Pathways By Belleကို သတိရလိုက်ပါ🧑💻"
24/02/2026
Early Bird discountရဲ့ Deadlineရောက်ဖို့ တစ်ရက်ပဲကျန်ပါတော့တယ်🤩
အမှီလာအပ်လို့ရပါသေးတယ်နော်🔉
မင်္ဂလာပါ...ဂီတမိတ်ဆွေတို့ရေ🔉
Music Theory Online Class တွေဆို...Melodic Pathways By Belle ကို သတိရလိုက်ပါ👩💻
Music Theory (ABRSM Syllabus) Online Group Class for Grade-1✅
ဂီတသီအိုရီကို Grade 1 ကနေ စတက်လို့ရမယ့် Online Group Class လေးပြန်လာပါပြီနော်🤩
ဘယ်လိုသင်ရိုးနဲ့ သင်ကြားပေးမလဲဆိုရင်တော့ Music Theory ကို ABRSM သင်ရိုးနဲ့သင်ကြားပေးမှာဖြစ်ပါတယ်...✅
ABRSM ဆိုတဲ့စကားလုံးလေး 5 လုံးကို ရင်းနှီးနားလည်ပြီးသား လူတွေရှိထားနှင့်ပြီးသလို ခုမှ Music ကိုစလေ့လာမှာဖြစ်တာကြောင့် ဒီအသုံးအနှုန်းနဲ့မရင်းနှီးတဲ့ ဂီတဝါသနာရှင်တွေအတွက်ကိုပါ အနည်းငယ်ပြန်လည်ပြောပြပေးပါမယ်
ABRSM stands for the Associated Board of the Royal Schools of Music, based in the United Kingdom!
အဲ့ဒီ Organization က ဂီတကို လေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် Music Exams တွေထဲပါဝင်တဲ့ Vocal, Instruments, Music Theory စတာတွေအတွက် Assessments တွေစီစဥ်ပေးထားတဲ့ Global Music Education Charity ပဲဖြစ်ပါတယ်...သူ့ရဲ့ Mission ကတော့ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ သင်ရိုးတွေကို Music Learners တွေနဲ့ Music Teachers တွေဆီ Offer လုပ်ပေးခြင်းဖြင့် Support ပေးရင်း Musical Achievement တွေအတွက် Inspire ဖြစ်စေဖို့ပဲဖြစ်ပါတယ်...ABRSM qualifications ဟာ Internationally အသိအမှတ်ပြုထားတာဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ Musical Education အတွက် Benefits အများကြီးရရှိနိုင်မှာပဲဖြစ်ပါတယ်
အခုသင်ကြားမယ့်အတန်းဟာလည်း ABRSM သင်ရိုးနဲ့သင်ကြားသွားမှာပဲဖြစ်ပါတယ်
ABRSM exam ဖြေဖို့အတွက် ပြင်ဆင်လေ့လာချင်သူများအနေနဲ့လည်း ဒီ Class ကို Join နိုင်ပါတယ်...
အခြေခံမှစပြီးစနစ်တကျသင်ကြားသွားမှာဖြစ်လို့ယုံကြည်စိတ်ချစွာနဲ့တက်ရောက်နိုင်ပါတယ်...
သင်တန်းကာလကတော့ 3 လကြာမြင့်မှာဖြစ်ပါတယ်✅
သင်တန်းစတင်မယ့်ရက်ကတော့ March 7 ရက်နေ့ဖြစ်ပါတယ် ✅
သင်ကြားချိန်ကတော့တစ်နေ့ကို 1 နာရီကြာမြင့်ပါမယ် ✅
သင်ကြားရမယ့်ရက်တွေကတော့ အပတ်စဥ် Sat & Sun (10Am-11Am) ပဲ ဖြစ်ပါတယ် ✅
Social Platform အနေနဲ့ Zoom ကိုအသုံးပြုသင်ကြားသွားပြီး အတန်းချိန် တစ်ချိန်ပြီးတိုင်း Recorded video ပြန်လည်ရရှိမှာဖြစ်ပါတယ်✅
Grade 1 သင်ကြားမှုပြီးဆုံးတဲ့အခါမှာ Melodic Pathways မှ Exam ပြန်စစ်ပြီး သတ်မှတ်ထားတဲ့အမှတ်ရရှိပါက Grade 1 ပြီးဆုံးအောင်မြင်ထားကြောင်း Certificate ပေးအပ်သွားပါမယ်✅
သင်တန်းကြေးကတော့ တစ်လ 70000MMK ဖြစ်ပါတယ်✅
အထူးအစီစဥ်အနေနဲ့ February လ 26 ရက်နေ့မတိုင်ခင် သင်တန်းအပ်နှံတဲ့ကျောင်းသားကျောင်းသူများကတော့ တစ်လကို 65000MMK သာကျမှာဖြစ်ပါတယ်....🤩
Early Bird အစီစဥ်လေးကို ပါဝင်မယ့်လူတွေအနေနဲ့
ယခု Post ကို Public နဲ့ Share ထားပြီး Page messenger မှာ Screenshot လေးပြရင်း 26 ရက်နေ့မတိုင်ခင် အမြန်လာရောက်အပ်နှံပေးရမှာဖြစ်ပါတယ်🥳🥳🥳
25 ရက်နေ့ ကျော်သွားရင်တော့ တစ်လကို 70000MMK နှုန်းဖြင့် တက်ရောက်ရမှာဖြစ်ပါတယ်....
Standard Price - 70000MMK per month
Early Bird Price - 65000MMK per month
Early Bird Price applies until 26th February❗️
23/02/2026
Music Learnersလေးတို့အတွက် သတင်းကောင်းလေးရှိပါတယ်ဗျို့🔉
ယခင်က Melodic Pathways By Belleမှစီစဥ်ပေးတဲ့ Music Theory Online Group Classတွေဟာ များသောအားဖြင့် ပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေလိုနေ့တွေမှာသာဖြစ်ခဲ့ပါတယ်...
ကဲ....ခုတော့ ပိတ်ရက်လေးတွေကို ပြည့်ပြည့်ဝဝအနားယူပြီး Music Theory Online Group Classလေးကိုလည်း တစ်ပတ်မှာ 2ရက် ပုံမှန် လေ့လာတက်ရောက်နိုင်အောင်Thursday & Friday ညအတန်းသစ်လေးထပ်တိုးစီစဥ်ပေးထားပါပြီနော်🤩
Marchလထဲမှာပဲ Grade 1က စတက်ရမယ့် အတန်းသစ်လေး 2ခု စီစဥ်ဖွင့်လှစ်ထားတာဆိုတော့ ဘယ်အတန်းကို Joinမလဲဆိုတာကို စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်✅
ဒါ့အပြင် အထူးအစီစဥ်အနေနဲ့ March လမှာဖွင့်လှစ်မယ့်အတန်းလေးတွေကို Deadlineအမှီ စောအပ်ပြီး Early Bird Discountကို ရယူလိုက်ပါ🎉
Standard Price - 70000 MMK per month✅
Early Bird Price - 65000 MMK per month✅
Deadline for Sat & Sun Class - 25.2.2026
Deadline for Thurs & Fri Class - 5.3.2026
ဒီလို အခွင့်အရေးလေးတွေကို ကိုယ့်အနီးနားက ဝါသနာတူ ရွက်ပုန်းသီးလေးတွေအတွက်လည်း လက်ဆင့်ကမ်းပေးဖို့ မမေ့လိုက်ပါနဲ့ဦး 🥰
Deadlineကျော်သွားရင်တော့ Standard Priceနဲ့သာ တက်ရောက်ရမှာဖြစ်ပါတယ်....✅
သင်တန်းအပ်နှံမှုကိုတော့ အတန်းအသီးသီး စတင်မယ့်ရက် မတိုင်ခင် 5 ရက်အလိုအထိ လက်ခံထားပါတယ်....
အတန်းအသီးသီးရဲ့ စတင်မယ့်ရက်နဲ့အချိန်တွေကို ပုံထဲမှာဖော်ပြပေးထားပါတယ်✅
Commentမှာလည်း Music Learnersလေးတွေဖတ်သင့်တဲ့ Linkလေးတွေနဲ့သင်တန်းခေါ်ယူတဲ့Postရဲ့ Linkလေးတွေကိုလည်း ဖော်ပြပေးထားပါမယ်နော်......✨
ကဲ.....တွေဝေမနေဘဲ ဂီတပညာရေးကို လေ့လာချင်တဲ့ စိတ်ကူးအိပ်မက်တွေကို အခုပဲ အကောင်အထည်ဖော်လိုက်ကြတော့နော်🔉
Music Theory Online Classတွေဆို...
Melodic Pathways By Belleကို သတိရလိုက်ပါ🔔
20/02/2026
မင်္ဂလာပါ...ဂီတမိတ်ဆွေတို့ရေ🔉
Music Theory Online Class တွေဆို...Melodic Pathways By Belle ကို သတိရလိုက်ပါ👩💻
Music Theory (ABRSM Syllabus) Online Group Class for Grade-1✅
ဂီတသီအိုရီကို Grade 1 ကနေ စတက်လို့ရမယ့် Online Group Class လေးပြန်လာပါပြီနော်🤩
ဘယ်လိုသင်ရိုးနဲ့ သင်ကြားပေးမလဲဆိုရင်တော့ Music Theory ကို ABRSM သင်ရိုးနဲ့သင်ကြားပေးမှာဖြစ်ပါတယ်...✅
ABRSM ဆိုတဲ့စကားလုံးလေး 5 လုံးကို ရင်းနှီးနားလည်ပြီးသား လူတွေရှိထားနှင့်ပြီးသလို ခုမှ Music ကိုစလေ့လာမှာဖြစ်တာကြောင့် ဒီအသုံးအနှုန်းနဲ့မရင်းနှီးတဲ့ ဂီတဝါသနာရှင်တွေအတွက်ကိုပါ အနည်းငယ်ပြန်လည်ပြောပြပေးပါမယ်
ABRSM stands for the Associated Board of the Royal Schools of Music, based in the United Kingdom!
အဲ့ဒီ Organization က ဂီတကို လေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် Music Exams တွေထဲပါဝင်တဲ့ Vocal, Instruments, Music Theory စတာတွေအတွက် Assessments တွေစီစဥ်ပေးထားတဲ့ Global Music Education Charity ပဲဖြစ်ပါတယ်...သူ့ရဲ့ Mission ကတော့ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ သင်ရိုးတွေကို Music Learners တွေနဲ့ Music Teachers တွေဆီ Offer လုပ်ပေးခြင်းဖြင့် Support ပေးရင်း Musical Achievement တွေအတွက် Inspire ဖြစ်စေဖို့ပဲဖြစ်ပါတယ်...ABRSM qualifications ဟာ Internationally အသိအမှတ်ပြုထားတာဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ Musical Education အတွက် Benefits အများကြီးရရှိနိုင်မှာပဲဖြစ်ပါတယ်
အခုသင်ကြားမယ့်အတန်းဟာလည်း ABRSM သင်ရိုးနဲ့သင်ကြားသွားမှာပဲဖြစ်ပါတယ်
ABRSM exam ဖြေဖို့အတွက် ပြင်ဆင်လေ့လာချင်သူများအနေနဲ့လည်း ဒီ Class ကို Join နိုင်ပါတယ်...
အခြေခံမှစပြီးစနစ်တကျသင်ကြားသွားမှာဖြစ်လို့ယုံကြည်စိတ်ချစွာနဲ့တက်ရောက်နိုင်ပါတယ်...
သင်တန်းကာလကတော့ 3 လကြာမြင့်မှာဖြစ်ပါတယ်✅
သင်တန်းစတင်မယ့်ရက်ကတော့ March 7 ရက်နေ့ဖြစ်ပါတယ် ✅
သင်ကြားချိန်ကတော့တစ်နေ့ကို 1 နာရီကြာမြင့်ပါမယ် ✅
သင်ကြားရမယ့်ရက်တွေကတော့ အပတ်စဥ် Sat & Sun (10Am-11Am) ပဲ ဖြစ်ပါတယ် ✅
Social Platform အနေနဲ့ Zoom ကိုအသုံးပြုသင်ကြားသွားပြီး အတန်းချိန် တစ်ချိန်ပြီးတိုင်း Recorded video ပြန်လည်ရရှိမှာဖြစ်ပါတယ်✅
Grade 1 သင်ကြားမှုပြီးဆုံးတဲ့အခါမှာ Melodic Pathways မှ Exam ပြန်စစ်ပြီး သတ်မှတ်ထားတဲ့အမှတ်ရရှိပါက Grade 1 ပြီးဆုံးအောင်မြင်ထားကြောင်း Certificate ပေးအပ်သွားပါမယ်✅
သင်တန်းကြေးကတော့ တစ်လ 70000MMK ဖြစ်ပါတယ်✅
အထူးအစီစဥ်အနေနဲ့ February လ 26 ရက်နေ့မတိုင်ခင် သင်တန်းအပ်နှံတဲ့ကျောင်းသားကျောင်းသူများကတော့ တစ်လကို 65000MMK သာကျမှာဖြစ်ပါတယ်....🤩
Early Bird အစီစဥ်လေးကို ပါဝင်မယ့်လူတွေအနေနဲ့
ယခု Post ကို Public နဲ့ Share ထားပြီး Page messenger မှာ Screenshot လေးပြရင်း 26 ရက်နေ့မတိုင်ခင် အမြန်လာရောက်အပ်နှံပေးရမှာဖြစ်ပါတယ်🥳🥳🥳
25 ရက်နေ့ ကျော်သွားရင်တော့ တစ်လကို 70000MMK နှုန်းဖြင့် တက်ရောက်ရမှာဖြစ်ပါတယ်....
Standard Price - 70000MMK per month
Early Bird Price - 65000MMK per month
Early Bird Price applies until 26th February❗️
"ပြည်ထောင်စုနေ့" (12.2.2026 ကြာသပတေးနေ့) တွင် အတန်းများအားလုံး ပိတ်ပါကြောင်း
အသိပေးအပ်ပါတယ် 🔔
Click here to claim your Sponsored Listing.