Vanilla Mint
21/11/2025
Page မှာ အမြဲ ဒါတွေပဲ တင်နေလို့ စိတ်မရှိပါနဲ့ .. ပစ္စည်း မရောက်ကြသေးတဲ့အပေါ်မှာ ဒီ Page က လိမ်နေတယ်လို့ အထင်လွဲ မခံနိုင်လို့ပါရှင် 🙏
ပထမဆုံး ပို့တဲ့ Order တစ်သုတ်ရောက်ပြီးကြောင်းလဲ တင်ထားပေးပါတယ်ရှင်.. ခုက တစ် Batch ချင်းစီ ရက်ခြားပြီး ခွဲပို့နေလို့ ထပ်စောင့်နေရတာပါ အကုန်ထုတ်လို့ ရမှာပါ ဒဏ်ကြေးဆောင်နေတာကြောင့် စစ်ဆေးစရာ စစ်ပြီးမှ ထုတ်ပေးတာမို့ ထပ်ပြီးစောင့်နေရတာပါနော်
💚 ပိုပြီး ပွင့်လင်းမြင်သာအောင် Cargo ရဲ့ Ss အပြင် Cargo Invoice တွေပါ တင်ပေးလိုက်ပါတယ်
💚 Invoice ပုံပါအတိုင်း Mint တို့ နောက်အကျဆုံးက Aug 23 မှာ ပို့ခဲ့တာပါ Mint တို့ဖက်က ပို့တာ နောက်ကျတာမဟုတ်ဘဲ ၇ လပိုင်း လလယ်လောက်ကတည်းက လမ်းတွေပိတ်သွားခဲ့လို့ပါ
💚 အကုန်လုံးကို Ship Cargo fees နဲ့ပဲ အများဆုံး ယူပေးခဲ့တာ Customer တွေ အသိပါ .. ဒါပေမဲ့ မြန်အောင် စေတနာထားပြီး Ship Cargo စျေးပဲယူပြီး Air Cargo နဲ့ ရသလောက် တင်ပေးခဲ့တာ အခု Invoice တွေကို ကြည့်ပါနော်
💚 ကျန်နေတဲ့ထဲမှာ Air Cargo Invoice 2 ခု ၊ Ship Cargo Invoice က 1 ခုထဲပါ .. Customer တွေကို မြန်မြန်ရစေချင်လို့ စေတနာတွေနဲ့ လုပ်ပေးခဲ့တာပါ ဒါပေမဲ့စေတနာကောင်းလဲ ကံမကောင်းဘဲ လမ်းပိတ်သွားပါတယ် 🥲
💚 အမြတ်ကြီးရော အမြတ်လေးရော မစားရပါဘူး အခုဆို Cargo ခ တဆ ထပ်ပေးရလို့ ပိတ်မိသမျှတွေ အရင်းတောင် ပြန်မရပါဘူး (ရောင်းခဲ့တဲ့စျေးတွေနဲ့လဲ ခုပြန်ဝယ်လို့မရတော့ပါဘူး အကုန် အရှုံးပါ )
💚Cargo ဖက်က တင်ပေးတဲ့ Post တွေကိုလဲ ချပြပေးထားပါတယ် အခုထိ Ship Cargo က 205 Batch ပဲ ရောက်သေးတာပါ Mint တို့က 206 မို့ ရတော့မှာပါ
💚 Air Cargo က GD ထိပဲ ထုတ်လို့ ရပါသေးတယ် Mint တို့ဟာက GF & GK မို့ ခဏထပ်စောင့်ပေးပါဦးနော်
💚 အကုန်ရမှာပါ မရ မရှိပါ .. Damage လဲမထိသလို အစထဲက Expired ဝေးတာတွေကိုပဲ ရောင်းပေးတာမို့ Date လွန်မှာလဲ စိတ်ပူဖို့ မလိုပါဘူးနော် တခုခုဆိုလဲ တာဝန်ယူမှု တာဝန်ခံမှု 100% ရှိသွားမှာပါရှင် ခဏလေးပဲ ထပ်စောင့်ပေးပါ အကုန် ရပါတော့မယ်နော် 🙏
10/11/2025
Vanilla Mint မှာ ပစ္စည်းမှာထားပြီး မရသေးတဲ့ Customer လေးတွေ ဒီစာလေး ဖတ်ပေးကြပါဦးနော် ‼️
1️⃣ ရှေ့ Post တွေမှာ တင်ထားသလိုပဲ Cargo ဖက်က ဒဏ်ကြေးဆောင်ပြီး ပစ္စည်းတွေ ထုတ်ပေးနေပြီမို့ ပစ္စည်းတွေ စပြီး ဝင်လာပါပြီ
2️⃣ Mint တို့ Cargo ဆီမှာ ပိတ်မိနေတာ GK Batch ထိ ရှိပါတယ် .. ခုပထမဆုံး ဝင်လာတာ GC Batch ပါ (GA, GB, GC အနေနဲ့ သွားပါတယ်…)
3️⃣ ဒဏ်ကြေးဆောင်နေတာမို့ သက်ဆိုင်ရာတွေဖက်ကလဲ စစ်ဆေးစရာတွေ စစ်ပြီးမှ ထုတ်ပေးတာမို့ ချက်ချင်းမရပါဘူး ဒါပေမဲ့ အကုန်ထုတ်လို့ရမှာပါ ခဏလေးပဲ ထပ်ပြီး စောင့်ပေးကြပါဦးနော် ကျန်ခဲ့တာမရှိဘဲ အကုန်ဝင်လာမှာပါ သူတို့ထုတ်ပေးသလောက် အရင်ယူထားရတာမို့ပါ 🙇🏻♀️
4️⃣ ပစ္စည်းတွေကို Cargo ဖက်က လိုအပ်တဲ့ Process တွေအတိုင်း သေချာထိန်းသိမ်းပေးထားတာမို့ ပျက်စီး ၊ ပျောက်ဆုံး မရှိပါဘူးရှင်
5️⃣ Mint တို့ ဒီလိုကြာသွားတာအတွက် အရမ်းအားနာပါတယ် .. ဒါပေမဲ့ တနိုင်ငံလုံးဖြစ်တဲ့ ပြဿနာမို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ပြီးတော့ Mint တို့ ရှေ့ကပစ္စည်းမရောက်သေးဘဲ စျေးဆက်ရောင်းနေတယ်လို့ စိတ်ကွက်မခံချင်လို့ စျေးအရောင်းလဲ နားထားလိုက်သလို ခု Cargo ဖိုးတွေဆိုလဲ တန်ဆာခ တဆ ထပ်ပေးရတာမို့ Customer တွေ အကြာကြီး စောင့်ရသလိုပဲ ထပ်တူနစ်နာမှုတွေ အများကြီးပါ ‼️
6️⃣ အခုပုံပြထားတဲ့ Batch ဆို နဂိုမူရင်း Cargo Fees 8 သောင်းကျော်ပါ .. ဒါကို ဒဏ်ကြေးအနေနဲ့ တဆ ထပ်ပေးရတာမို့ Mint တို့ဖက်က Cargo fees 8 သောင်းကျော်ထပ်စိုက်ရပါတယ် ခုပြထားတဲ့ ပစ္စည်းလေးတွေကိုပဲ ၁ သိန်း ၆ သောင်းပေးပြီး ထုတ်ထားရတာပါ ကျန်တဲ့ Batch တွေလဲ အဲ့လိုပဲ အကုန်ထပ်စိုက်ရမှာပါ ဒါပေမဲ့ Customer တွေစီက ထပ်မံတောင်းခံသွားမှာ မဟုတ်ပါဘူးရှင် ‼️
တသုတ်ချင်း ဝင်လာမှာမို့ အကုန်ရတော့မဲ့အကြောင်းနဲ့ နည်းနည်းပဲ ထပ်ပြီး သည်းခံစောင့်ပေးကြပါဦးလို့ Request လေး လုပ်ပါရစေနော်..
28/10/2025
Cargo update ‼️‼️‼️🥳
Share ထားပေမဲ့ Share Post ဆို မမြင်ကြမှာစိုးလို့ Post လေး သပ်သပ် ထပ်တင်ပေးတာပါရှင့် ..
အားလုံးမျှော်နေကြရတဲ့ ၇ လပိုင်းကတည်းက ပိတ်မိနေတဲ့ပစ္စည်းလေးတွေ အကုန်လုံးကို Cargo ဖက်က ဒဏ်ကြေးဆောင်ပြီး ထုတ်ပေးတော့မှာမို့ နောက်အကျဆုံး နောက်လထဲမှာ အကုန် ရပါတော့မယ်ရှင့်
ဒီအချိန်ထိ တစ်ယောက်မှဆိုးဆိုးဝါးဝါး လာမပြောကြဘဲ Mint တို့နဲ့အတူသည်းခံပြီး စောင့်ပေးကြတဲ့ Customer တိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးအများကြီး တင်ပါတယ်နော် 🙇🏻♀️🫶🏻
ရတာနဲ့ တစ်ယောက်မကျန် CB ကနေလဲ အကြောင်းကြားပေးသွားပါ့မယ်ရှင့် ❤️
လမ်းတွေကလေ အခုထိ ပိတ်နေပြီး ပစ္စည်း အသယ်အပြု လမ်းကြောင်းတွေက ခက်ခဲနေတုန်းပါ .. အခြားထက် ဒီ Post ကို Share ထားတဲ့ Caption တွေကိုပဲ ကြည့်ပါ တစ်နိုင်ငံလုံး အတိုင်းအတာပါ Mint တို့ Page တခုထဲ အခုထိ မရောက်သေးတာ မဟုတ်ရပါဘူးရှင် … Customer တွေဖက်ကိုလဲ အားမနာတာ မဟုတ်ရပါဘူး အရမ်းကြာနေပြီမို့ မျက်နှာပြစရာမရှိအောင် အားနာပါတယ် ဒါကြောင့်လဲ Page အနေနဲ့ ဝင်ငွေ အပိတ်ခံပြီးကို Preorder တွေ လုံးဝ ရပ်ပလိုက်တာပါ ရှေ့ကပစ္စည်းတွေကျ မရောက်ဘဲ စျေးအရောင်းကျ မပျက်ဘူးဆိုတာမျိုး မမြင်စေချင်လို့ပါ .. 😔🙏
နောက်ဆုံး Cargo ဖက်က Update ကတော့ Oct 3rd week ကနေ စပြီး ပစ္စည်း ဖြည်းဖြည်းချင်း ထုတ်လို့ရမယ်လို့ ပြောထားတာတော့ ရှိပါတယ် ဒါပေမဲ့ 100% confirm ရယ်တော့ မဟုတ်သေးပါဘူး တခုခု ထူးတာနဲ့ သေချာလေး ပြောပေးပါ့မယ်နော် အခုထိ စောင့်နေပေးကြတဲ့ Customer တွေအကုန်လုံးကိုလဲ အားနာနာနဲ့ ကျေးဇူးတင်ပါတယ်ရှင် 😭🩵
03/09/2025
ထပ်ပြီး Cargo Update လေးကို တင်ပေးပါရစေ .. အခု ၉ လပိုင်း အစောပိုင်းထဲကို ထုတ်ပေးမယ်လို့ သတင်းကြားနေလို့ Cargo ကို ထပ်မေးတာမှာ သူတို့ဖက်ကတော့ ပစ္စည်းတွေက အများကြီးမို့ ပြောသလို မလွယ်သေးကြောင်းနဲ့ ၉/၁၀ လပိုင်းကိုတော့ သတင်းထူးဖို့ ကြားတယ်လို့ ပြောပါတယ်ရှင့်
ပစ္စည်း Update အနေနဲ့ကတော့ ဘာမှ အထိအရှ အပျောက်အဆုံး မရှိအောင် ထိန်းသိမ်းပေးထားတာမို့ ပစ္စည်းတွေ အကုန် Safe ဖြစ်ပါတယ်
လမ်းပွင့်တာနဲ့ Deli တန်းအပ်ပေးရုံပဲမို့ Admin တို့လဲ ဒီသတင်းပဲ မျှော်နေတာပါ အမြဲလဲ သွား” မေးပေးနေတာမို့ သတင်းထူးတာနဲ့ Page မှာလဲ တင်ပေးပြီး Cus တစ်ယောက်ချင်းစီတိုင်းကိုလဲ အကြောင်းကြားပေးပါ့မယ်ရှင့် စိတ်ချပါနော်
လမ်းကြော အခြေအနေတွေကတော့ ရန်ကုန် မန္တလေးလို မြို့တွင်းတောင် အလှကုန်တွေ ပို့လို့ မရသေးတာ သတင်းတွေကြားကြမှာပါ Admin Ygn ကနေ Instock လှမ်းမှာထားတဲ့ Body Mist တောင်မှ Ygn - Mdy အလှကုန် ပို့မရပါဆိုပြီး Cancel ခံလိုက်ရလို့ ကြေကွဲနေပါတယ် 😭
ဆိုတော့ ခဏပဲ သည်းခံပေးကြပါဦးနော် လမ်းကြော ပွင့်ပြီဆိုတာနဲ့ အမြန်ဆုံး ရောက်စေရပါမယ်🥺🙏
20/08/2025
Mint တို့ ထပ်ရောင်းနေလို့ ရပေမဲ့ ပစ္စည်းတွေကို အကြာကြီး စောင့်နေရမှာစိုးလို့ လမ်းပြန်ပွင့်တဲ့အချိန်ထိ Preorder လေးတွေ ထပ်လက်မခံသေးပါဘူး နားထားပါဦးမယ်
Page engagement အတွက်တော့ ပို့စ်လေးတွေတင်ပါဦးမယ် 🙇🏻♀️
20/08/2025
𝖦𝗂𝗋𝗅𝗁𝗈𝗈𝖽 𝗂𝗌 𝗅𝖾𝖺𝗏𝗂𝗇𝗀 𝗅𝗂𝗉𝗌𝗍𝗂𝖼𝗄 𝗌𝗍𝖺𝗂𝗇 𝗈𝗇 𝖾𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗒𝗈𝗎 𝗅𝗈𝗏𝖾 ୨ৎ
နောက်ပိုင်း 𝖫𝗂𝗉𝗉𝗂𝖾𝗌 လေးတွေ လာဝယ်ကြရင် 𝖫𝗈𝗇𝗀𝗅𝖺𝗌𝗍𝗂𝗇𝗀 ပိုင်းကို အဓိက ထားရွေးနေကြလို့ နှုတ်ခမ်းနီဆိုတာ ပျက်ကို ပျက်ရမှာပါ မပျက်ရင် နှုတ်ခမ်းသား အနဲနဲ့အများ ပျက်စီးပါတယ် ..
အချို့တွေကျ နှုတ်ခမ်းနီကို လူကြားထဲ ခဏတိုင်း ထုတ်ဆိုးရတာ မကြိုက်လို့ ၊ ချစ်ရသူနဲ့ အနမ်းဖလှယ်တဲ့အခါမှာတောင် မပျက်သွားတာလေးကြိုက်ကြလို့ဆိုတာမျိုး လူတကိုယ် အကြိုက်တမျိုးပေါ့နော့
ကိုယ်ကတော့ ကိုယ့်နှုတ်ခမ်းနဲ့ ထိလိုက်တဲ့အရာတွေမှာ ကိုယ့်နှုတ်ခမ်းရာလေး ကျန်နေခဲ့တာကိုက Girlhood ဖြစ်လို့ ရော နှုတ်ခမ်းသား ကျန်းမာရေးအတွက်ရော နှုတ်ခမ်းနီဆို ပျက်လွယ်တာလေးမှ ပိုကြိုက်တာပဲ .. နှုတ်ခမ်းနီ ခဏခဏ ဆိုးနေရတာကိုက မိန်းကလေး ဖြစ်ရတဲ့ အရသာ 💋
Peripera x Princess Hour Collaboration
Details - https://www.facebook.com/share/1758P63jPM/?mibextid=wwXIfr
📌 Disclaimer:
This video is for product review and promotional purposes only. We do not own the music used in this video — all rights belong to the respective copyright owners.We are resellers and not affiliated with the official brand.Credit to the original TikTok creator where applicable.
18/08/2025
Peripera နဲ့ ကိုရီးယား နန်းတွင်း Manhwa တွေထဲက မင်းသမီးလေး လုပ်ကြမယ် 🎐🪭
ဒီ Collaboration လေးကလေ ထွက်တာတော့ကြာပြီရယ် Mint တို့ IG မှာ ခဏခဏ ပြန်တက်နေတာရော Page မှာ မတင်ပေးရသေးတာရောမို့ ခုမှပဲ တင်ဖြစ်တာ
ဒီ Series လေးမှာက Peripera ရဲ့ Mood Fit Cover Cushion, Ink Mood Glowy Tint, Ink Jellable Tint, All Take Mood Like Palette နဲ့ Pure Blushed Cheek တွေထဲကမှ Selected Shade တွေ ပါပါတယ်
Available Shade တွေကို ထည့်ပြပေးထားပေမဲ့ ပုံတွေများနေတော့ ကြည့်ရရှုပ်သွားမှာစိုးလို့ Comment မှာ တစ်ခုချင်းရဲ့ ရနိုင်တဲ့ Shade & Price ကို ခွဲရေးပြပေးမယ်နော်
Waiting Time က Air 3/4 weeks , Ship 5/6 weeks ပါ ဒါပေမဲ့ ခု မြန်မာဘက်ခြမ်းမှာ သွင်းကုန်တွေ ပိတ်ထားပြီး ပစ္စည်းတွေထုတ်မရေသေးလို့ Cargo ကလဲ ပစ္စည်းလက်ခံတာ ခဏရပ်ထားပါသေးတယ် .. ဒီတစ်ခါ ပစ္စည်းတွေ ထုတ်လို့ရမှ လမ်းကြောင်းအခြေအနေသိရမှာမို့ စောင့်နိုင်မှ မှာပေးကြပါဦးနော် 🙇🏻♀️
No cancellation allowed မို့ Cancel ခဲ့ရင် Paid Amount လေးကိုတော့ refund ပြန်လုပ်ပေးသွားမှာ မဟုတ်ပါဘူးရှင့် ‼️
16/08/2025
Announcement about cargo delay ‼️📌
Mint တို့ Cargo အဝင်တွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ထားတဲ့အကြောင်း တင်တာ ဒါနဲ့ဆို ၄ ခါ မြောက်ပါ ဒါပေမဲ့ ဘာလို့ခဏခဏ ထပ်တင်လဲဆို
1. ပစ္စည်းတွေက ပြောထားတဲ့ ကြာချိန်ထက် နောက်ကျနေတာမို့ Customer တွေဘက်က စိတ်မရှည်ဖြစ်တာကို အပြည့်အဝ နားလည်နိုင်တဲ့အတွက် အားနာရလို့ပါ
2. ပစ္စည်းတွေ မရောက်သေးလို့ Page က စိတ်ချရရဲ့လားဆိုတဲ့ သံဃယတွေ Customer တွေကို မပေးချင်လို့ပါ
Cargo ဖက်ကိုလဲ ပစ္စည်းတွေအကုန် ရောက်နေပါပြီ ရောက်တာမှ ကြာတောင်ကြာနေပါပြီ
‼️ခုပိတ်မိတဲ့အသုတ်က Air Cargo တစ်သုတ်နဲ့ ၊ Ship Cargo တစ်သုတ် နှစ်သုတ်ရှိပါတယ် နှစ်သုတ်လုံးကို Mint တို့ ၆ လပိုင်းထဲမှာ ပို့ပါတယ်
Air Cargo waiting time 3/4 weeks / Ship Cargo waiting time 5/6 weeks လို့ ပြောထားခဲ့ပါတယ်.. ပြောထားတဲ့အတိုင်းပဲ Cargo ဖက်ကလဲအတိအကျရောက်ပါတယ်
Air Cargo တွေက ၇ လပိုင်းထဲမှာရောက်ပြီး ၊ Ship Cargo တွေက ၈ လပိုင်းထဲမှာ ရောက်ပါတယ် Page က ပြောထားတဲ့ Waiting Time အတိအကျ Cargo ဖက်ကို ရောက်ခဲ့ပါတယ်
ဒါပေမယ့် ၇ လပိုင်းကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ Cargo အဝင်တွေ အပိတ်ခံလိုက်ရပါတယ် Mint တို့ Page တစ်ခုထဲရဲ့ ပစ္စည်းတွေ ထုတ်မရတာမဟုတ်ဘဲ တစ်နိုင်ငံလုံးပါ … ‼️
ဘာလို့ အဲ့လောက်ကြာနေရတာလဲ ၊ ဘယ်သူက ပိတ်တာလဲဆို နိုင်ငံတော် စီမံချက်နဲ့ပိတ်ထားတာပါ
Mint တို့ရော ၊ Cargo ဖက်ကရောဝင်ပါလို့ မရတဲ့ အပိုင်းတွေပါ ဘယ်ချိန်ရမယ်ဆိုတာမျိုးလဲ အတိအကျ ဘယ်သူ့ဆီကိုမှ သတင်းမရထားပါဘူး “သတင်းတော့ ကြားတယ်” ဆိုတာလောက်ပဲ သိရပါတယ် အခုအခြေအနေက လမ်းပွင့်တာနဲ့ ပစ္စည်းတွေရမယ်ဆိုတာကိုပဲ သိထားရပါတယ် ဘုရားစူးပါရစေ Cargo ကို နေ့တိုင်းလိုလို သွားမေးပေးပါတယ် ဒီအဖြေကလွဲ မရပါဘူးရှင် ဘယ်သူမှ ဘာမှ လုပ်မရဖြစ်နေလို့လဲ တစ်ကယ်ကို အားနာရပါတယ်
Cus တွေလဲ Half Paid ပေးထားရပြီး ပစ္စည်းမရဖြစ်နေသလို Mint တို့ အဲ့မှာ သိန်းရာချီနီးပါး ငွေအောင်းနေပါတယ် .. Half Paid တောင် လူရင်းတွေကလွဲပြီး မပေးနိုင်တဲ့ထိ ရှိသမျှ အရင်းရော အမြတ်ပါ အောင်းနေတာပါ .. ပိုပြီး ရချင်ပါတယ် တစ်ကယ်ပါ ဒါမှ ရှေ့ဆက် အလုပ်လုပ်လို့ ရမှာမို့ပါ
ဒါကြောင့်လဲ အရမ်း အားနာပါတယ် ဆက်ပြီး စိတ်ရှည်ရှည်လေးနဲ့ ဆက်ပြီးစောင့်ပေးကြဖို့ကိုလဲ မျက်နှာပူပူနဲ့ ပြောချင်ပါတယ်.. Mint တို့ ရပြီဆိုတာနဲ့ ၃ ရက်အတွင်း Deli အပြီး အပ်မှာပါ နဲနဲလေးမှ နှောင့်နှေးနေတာမျိုး မဖြစ်စေပါရဘူး အာမခံပါတယ် ထုတ်လို့ရပြီဆိုတဲ့ သတင်းကြားတာနဲ့ Customer တွေဆီကို အရင်ဦး ၊ ဦးဆုံး တစ်ယောက်မကျန် အကြောင်း ကြားပေးမှာမို့ လုံးဝ စိတ်ချပါနော်
ဒါကတော့ Cargo ကို ဒီနေ့ထပ်ထပ်ပြီး အပ်ကြောင်းထပ် မေးထားတာတွေပါ .. အခုဆို Cargo ဖက်က အသစ်ထပ်ပို့တာတွေကိုလဲ လက်မခံတော့တာမို့ ဒီကြားထဲက Order တွေဆိုလဲ Korea Admin ရဲ့ အိမ်မှာ ခဏ Hold ထားရပါတယ် ဘာပစ္စည်းမှ ထပ်ပို့လို့ မရသေးလို့ July နှောင်းပိုင်း Order တင်ထားတဲ့ Customer တွေကိုလဲ အားနာပါတယ် ခဏလေးပဲ နားလည်ပြီး စောင့်ပေးကြပါဦးနော်
14/08/2025
ဒီလိုနေရာမှာတော့ သူငယ်ချင်းစကား တစ်ခွန်းဆို တစ်ခွန်းပဲ 🙂↔️
Click here to claim your Sponsored Listing.