MILS Animal Health

MILS Animal Health

Share

Photos from MILS Animal Health's post 08/11/2019

ဝက်စာအတွက် အရေးပါသည့် အဟာရဓါတ်များ

1. Protein
2. Water
3. Fat
4. Fiber
5. Vitamins
6. Minerals
7. Energy

Protein အသားဓာတ်သည် ဝက်များ၏ ကြီးထွားနှုန်းနှင့်မျိုးပွားရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ကိုယ်ဝန်ဆောင်ဝက်မ၏ ပထမရက် ရှစ်ဆယ်တွင် အစာကုန်ကြမ်းမှရသောamino acid များနှင့်လုံလောက်သော်လည်း၊ ကိုယ်ဝန်ရင့်ချိန်တွင် အစာ၌ amino acid ဖြည့်စွက်ကျွေးရန်လိုအပ်သည်။

ဝက်များကို သောက်ရေကို အလုံအလာက်တိုက်ကျွေးထားရှိရန်လိုအပ်သည်။ ရေလိုအပ်ချက်သည် ဝက်များ၏ အသက်အရွယ် အစာအမျိုးအစား၊ ပတ်ဝန်းကျင်အပူချိန်စသည့်အချက်များပေါ်မူတည်၍ ကွဲပြားသည်။ ရေအရည်အသွေးသည်လည်းအလွန်အရေးကြီးသည်။ ဝက်များအတွက်တိုက်ကျွေးသည့်ရေသည် ရောဂါပိုးမွှားကင်းစင်ရန်လည်းလိုအပ်သည်။

ကိုယ်ဝန်ရင့်ချိန်နှင့် နို့ပေးဝက်မကြီးများ နို့ထွက်နှုန်းကောင်းမွန်ရန်၊ ဝက်ငယ်ကြီးထွားနှုန်းကောင်းမွန်ရန်အတွက် အဆီဓာတ်လိုအပ်သည်။ အမွှေးအမျှင်များနှင့်အရေပြားကျန်းမာစေရန်အတွက်လည်း အဆီဓာတ်လိုအပ်မှုသည် အရေးပါသည်။

ပေးဝက်မကြီးနှင့်ကိုယ်ဝန်ဆောင်ဝက်မကြီးများကို အမျှင်ဓာတ်ကျွေးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်သည်။
Vitamin Aသည် အမြင်အာရုံ၊မျိုးပွားနှုန်း၊ကြီးထွားနှုန်းနှင့် ကြွက်သားများသန်စွမ်းရန် အထောက်အကူပြုနိုင်သည်။VitaminDသည် အရိုးများသန်မာကြီးထွားရန်အရေးပါသည်။ နေရောင်ခြည်မှလည်း Vitamin D ရရှိနိုင်သည်။ Vitamin Eသည် သဘာဝ antioxidantများအဖြစ် အစာတွင်ရောစပ်ကျွေးနိုင်ပြီး ဝက်ငယ် သန္ဓေသားကြီးထွားမှုကိုအထောက်အကူပြုနိုင်သည်။ Vitamin Eချို့တဲ့ပါက ဝက်ငယ်ကောင်ရေနည်းခြင်း၊ ဝက်ငယ်များသေဆုံးနှုန်းများခြင်း၊ ရေဖျင်းစွဲခြင်း၊ နှလုံးကျန်းမာရေးထိခိုက်ခြင်းတို့ဖြစ်ပွားစေသည်။Vitamin K သည် ပုံမှန်သွေးပျစ်ခဲနှုန်းကိုထိန်းညှိပေးနိုင်သည်။ Vitamin Kချို့တဲ့လျှင် အရေပြားပေါ်တွင်သွေးကွက်များပေါ်လာခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးမှုကြောင့် သွေးအားနည်း၍ ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်ပွားစေသည်။ VitaminB2ချို့တဲ့ပါက ဝက်များမျက်စိနှင့်အာရုံကြောထိခိုက်ခြင်း၊ မြိုင်ပုံမှန်မဟုတ်ခြင်း၊ မွေးဝက်ငယ်သေဆုံးခြင်းတို့ဖြစ်ပွားစေသည်။
သတ္တုဓာတ်များသည်လည်း ဝက်များ၏ ခန္ဓာကိုယ်နေ့စဉ်ပုံမှန်လုပ်ဆောင်ချက်များအတွက် မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ သတ္တုဓာတ်အမျိုးပေါင်း20ကျော်ရှိသည့်အနက် Calcium, Phosphorus, Sodium, Chloride, Potassium, Magnesium, Iron, Copper, Iodine, Manganese, Zinc,Selenium, Cobaltတို့သည် ဝက်များ၏ ခန္ဓာကိုယ် metabolism ဇီဝရုပ်ဖြစ်ပေါ်မှုလုပ်ဆောင်ချက်အတွက်မရှိမဖြစ် လိုအပ်သော ဓာတ်များဖြစ်ပြီး အချိုးကျ လိုအပ်သမျှ ကျွေးပေးရမည်။ လိုအပ်သည်ထက်ပိုလျှင်ဖြစ်စေ၊ လိုအပ်နေလျှင်ဖြစ်စေ ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကိုထိခိုက်စေသည်။

စွမ်းအင်တွင် Digestible energy အစာချေပြီး ခန္ဓာကိုယ်မှရရှိသောစွမ်းအင် DE၊ metabolizable energy အသုံးပြုစွမ်းအင် ME၊ နှင့် net energy အသားတင်စွမ်းအင် NE ဟူ၍ရှိသည်။ စွမ်းအင်ကို ဆန်ကွဲ၊ဖွဲနု၊ဂျုံ ပြောင်းတို့ကို အစာတွင်ရောစပ်ကျွေးခြင်းဖြင့် စွမ်းအင်အလုံ‌အလောက်ရရှိနိုင်သည်။
Source:Mesk Manual

MILS companyမှ ဝက်များ၏အစာချေစနစ်ကို ပိုမိုအား‌ကောင်းစေပြီး အစာမှအဟာရစုပ်ယူမှုကို မြင့်တင်ပေးသောကြောင့် အသားဖြစ်နှုန်းသိသိသာသာမြင့်တက်စေသော growth promoter Probio-S 20 ကို ထုတ်လုပ်ရောင်းချနေပါပြီ။ Probio-S 20ကို ပုံမှန်တိုက်ကျွေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးပြီး ဝက်ငယ်များတွင်ဖြစ်ပွားလေ့ရှိသော ဝမ်းပျက်ဝမ်းလျော ရောဂါကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ မွေးမြူရေးသမားတိုင်း သုံးစွဲဖူးသူတိုင်း စိတ်တိုင်းကျစေမယ့် Probio- S 20ကို ဝယ်ယူရရှိလိုပါက
ဆက်သွယ်ရန်

Myanmar Innovative Life Sciences -- MILS
အမှတ်၁၆၅ အောင်ဇေယျလမ်းသွယ် ၁ ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : , 09-267287608, 09263709553
www.milsciences.net
email : [email protected]

မန္တလေး နှင့် အထက်မြန်မာပြည် အတွက် : 09-259061312
ရန်ကုန် နှင့် အောက်မြန်မာပြည် အတွက် : 09-263709553, 09-263702244

ဖြန့်ချိ ရေး နှင့် ကိုယ်စားလှယ် ယူလိုသူများ ဆက်သွယ်ရန် : 09267287608,09263709553

Photos from Myanmar Innovative Life Sciences's post 06/11/2019
Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Japan Road, 165 Aung Zay Ya (1) Street, Thiri Mingalar Rd, ရန်ကုန်
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00