Home Works Real Estate Services

Home Works Real Estate Services

Share

04/05/2022
02/07/2020

အရွယ်မရောက်ပဲ ကိုယ်ဝန်ဆောင်တဲ့ ပြဿနာ ကို အစိုးရ နှင့် ဗဟိုဘဏ် ဖြေရှင်းပေးနေတယ်။ ပြည်သူက အစိုးရ နောက်ကလိုက်ဖို့သာ လိုပါတယိ။

ဒေါ်လာ စျေး ဆက်တိုက်ဆင်းနေတယ် ဆိုတဲ့ နောက်မှာ ပြည်တွင်းမှာ မြန်မာငွေ ကြပ် နေတယ် ဆိုတံ အချက်ဟာ အဓိက ကျတယ်။ မြန်မာငွေကြပ်တယ် ဆိုတာ ဟာ မြန်မာငွေ မလည်လို့ဆိုရင် ပြည်တွင်းမှာ ဂျမ်းဖြစ်နေတဲ့ ကုန်သည် အတော်များနေတယ် ဆိုတာ သေချာတယ်။

ထိုအချိန်မှာတော့ လူတွေမှာ ရွှေရောင်း ၊ ဒေါ်လာရောင်း ရှိတာ အကုန်ရောင်းပြီး မြန်မာငွေ ဖော်ကြမှာ အမှန်ပါ။

ဒါဟာ မဆန်းပါဘူး။

ဆန်းတာက ထိကဲ့သို့ panic ဖြစ်အောင် လက်ထဲ ရှိတာ ငွေပြန်ဖော်လို့ ရတာ အကုန်ထုတ်ရောင်းကြမယ် ဆိုရင်

ဒေါ်လာစျေး ကျသွားမယ် ဆိုရင် ငွေကြပ်လို့ရောင်းရခက်နေတဲ့

၁။ နိုင်ငံခြားက သံချောင်း၊အိမ်ဆောက်ပစ္စည်း၊ ကြွေပြား၊ မီးလုံး စတာ အကုန်တင်သွင်းရပြီး ဆောက်တဲ့ တိုက်ခန်းတွေ

၂။ မော်တော် ကား

တွေ၏ စျေး တွေ ဘယ်လောက်တောင် ထိုးဆင်းသွားပြီလဲ။

ထို့အပြင် ငွကြပ်လို့ ငွေမြန်မြန်ဖော်လို့ရတဲ့ ပစ္စည်းတွေ ရရာ အကုန်ထုတ်ရောင်းကြရာမှ တဆင့် မြန်မာငွေစျေး အရမ်းမာသွားရင် လည်းပြည်တွင်းက ထွက်ကုန်တွေ ပြည်ပ ပို့ရင် စျေးကြီးမှာလည်း ကြောက်ရပါသေးတယ်။

ထို့အတွက် ငွေကြပ်လို့ ရှိတာအကုန်ထုတ်ရောင်းရင်း အခြား ဘာပစ္စည်းမှ ထုတ်ရောင်းမရတဲ့ အနေအထား ( ဘာရောင်းရောင်းအရှူံးခံပြီးရောင်းတာတောင် ရောင်းမထွက်တဲ့ အနေအထား)မျိုး ဖြစ်လာရင် ဒီတိုင်းပြည် ဟာ အားလုံးရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဗဟိုဘဏ် က ပြည်သူများအကြား မြန်မာငွေ စီးဆင်းနိုင်သလောက် ပိုစီးဆငိးနိုင်ရန် ဒေါ်လာ ဆင်းဝယ်ပေးပါတယ်။

ဒါကို လူတချို့ က ဗဟိုဘဏိ က အရှူံးခံပြီး ဝယ်ပေးလို့ အစိုးရနစ်နာတယ် ဆိုပပါတယိ။

ဒါပေမယ့် ယနေ့ခေတ် ဗဟိုဘဏ် ဆိုတာ ကွန်ပြူတာ စာရင်းထဲ မှာ ကိန်းဂဏန်းလေးတခု ဖန်ဆင်းလိုက်တာ နှင့် ( ငွေဖန်တီးလိုက်တာ ) နှင့် မြန်မာငွေ အမြောက်အများ ရှိပြီးသားကိုဗျ။

ဒီတော့ဗဟိုဘဏ်ဟာ သူဖန်ဆင်းလိုက်တဲ့ မြန်မာငွေ နှင့် ဒေါ်လာတွေ ဆင်းဝယ်တာ မမှားဘူးဗျ။

သူတောင် မြတ်သေး။ ထို့အပြင် ယခုလိုအနေအထားမှာ တိုင်းပြည်နှင့် ပြည်သူ ဘက်ကလည်း မြတ်သေးဗျ။

ထို့အတွက် ကျွန်တော့ အမြင်ဖြင့် ဒေါ်လာစျေးကို ရှိသင့်တဲ့ စျေးထိန်းတာ ကို ထောက်ထံတယ်။
မှန်လည်းမှန်တယ် ဟု ယူဆမိတယ်။

အကယ်၍ ဗဟိုဘဏ် က စျေးမထိမ်းနိုင်တဲ့ တနေ့

တိုက်ခန်းတွေ ပဲကြီးလှော်လို ရောင်းရမည့် တနေ့ ဘဏ်ချေးငွေ တွေ လေထဲ ပျောက်သွားမည့် တနေ့ ဗဟိုဘဏ်က မြန်မာငွေကို အဆုံးအစ မရှိ ရိုက်ထုတ်ပြီး မြန်မာ့စီးပွားရေးကို ကယ်ရလို့ မြန်မာငွေကို ကော မြန်မာဘဏ္ဍာရေး ကဏ္ဍကို ကော ကမ္ဘာက မယုံကြည်တော့ဘူးဆိုရင် ဒီတိုင်းပြည်ဟာ အာဂျင်တီးနားတို့ ဂရိတို့လို့ ကြွေးနစ်တိုင်းပြည်ဖြစ်ပြီ။

မြန်မာပြည်သားတွေ ဘယ်သွားသွား အကြွေးများသူတွေ အဖြစ် ကမ္ဘာက ထင်သွားကြပြီ။

ထပ်ပြောမယ် ဆိုရင် လက်ရှိ တိုက်ခန်းတွေ ဆောက်လုပ်ရေး သမားတွေထံမှာ ပိုက်မိနေတာလည်း ၂၀၁၃ က ဦးသိန်းစိန် ၏ပေါ်လစီအမှားကြောင့် ဖြစ်လာတာ။

ဒါကြောင့် နိုင်ငံတကာမှာ ဝင်ငွေအလယ်အလတ်တန်းစား အမြင့်ဆုံးအဆင့် နိုငိငံတွေမှာသာ စတွေ့တတ်တဲ့ အိမ်ခြံမြေ ဖောင်းပွပြီး ရောင်းမထွက် ကာ ဘဏ်တွေမှာ ကြွေးဆုံးတွေ များတဲ့ အနေအထားမျိုးကို LDC ဘဝကတောင် အလွတ်သေးတဲ့ မြန်မာပြည်မှာ ဖြစ်တော။

ဒါဟာ ဘာနှင့် တူသလဲ ဆိုရင် အသက် ၁၀ နှစ် သမီးလေးကို မိဘက လငိပေးစားလိုက်လို့ အချိန်မတန်ပဲ အရွယ်မရောက်ပဲ ကလေးမွေးရတဲ့ ပြဿနာ မျိုးပါ။

ထို့ကြောင့် အချိန်မတန်ပဲ ကလေးမွေးကြမည့် အိမ်ခြံမြေ သူဌေးတွေ တိုက်ခန်းတွေ အများအပြားဆောက်ထားတဲ့ နိုငိငံမှာ အစိုးရမှ ဒေါ်လာစျေးအကျမကြမ်းအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးတာ အင်မတန်မှန်ကန်ပါတယ်။

နောက်မဟုတ်ပဲ အချိန်မတန်ပဲ ကိုယ်ဝန်ဆောင်၊ကိ်ုယ်ဝန်ကိုလည်း လမစေ့ပဲ မွေးရရင်တော့ အမေကော ကလေးကော သေရင် ဒီတိုင်းပြည်ဟာ ပျက်မှာပါ။

ဒါမှ မဟုတ် အရွယ်အတိုင်တဲ့ မိခင် က ကလေး ကို မွေးဖွားပေးနိုငိတယ် ဆိုရင်တော့ အဆိုးထဲက အကောင်းပေါ့ဗျာ။

ဆြာမြတ်မော်

Photos from Home Works Real Estate Services's post 06/05/2020
Photos from Meraki Design Myanmar's post 21/01/2020

Meraki Design

24/04/2018

ရန်ကုန်မြို့ရဲ့ ကံကြမ္မာကို မစ္စတာ ဆပ်ခ်ျပန်းလက်ထဲ ၀ကွက်အပ်လိုက်ပြီလား
===================================

ရန်ကုန်တိုင်းဒေသကြီး အစိုးရက အံ့အားသင့်ဖွယ် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ မစ္စတာဆပ်ခ်ျပန်း ဦးဆောင်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) မှ ဦးဆောင် တည်ဆောက်မည် ဆိုသော သတင်းဖြစ်သည်။ ထိုသတင်းနှင့် ပတ်သက်ပြီး ပြင်ပစီးပွားရေး ပညာရှင်များကြားတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့ရပြီး အများစုက အဆိုပါစီမံကိန်းကို ဆန့်ကျင်ကန့်ကွက် ထောက်ပြနေကြသည်။ ပညာရှင် အချို့က ယခု အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် စစ်အစိုးရလက်ထက် မန္တလေးမြို့ပြစီမံကိန်း ကဲ့သို့ တရုတ်များအတွက် မြို့သစ်တည်ပေးသည့် အလားသဏ္ဌာန် ဖြစ်လာမည်ဟု ပြောဆိုလာကြသည်။ ထို့ကြောင့် အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့နေ ပြည်သူများအတွက် အမှန်တကယ်လိုအပ်ခြင်း ရှိမရှိနှင့် အဆိုပါ မြို့သစ်စီမံကိန်းတွင် မည်သူများကသာ အကျိုးစီးပွားဖြစ်ထွန်းမည်ကို သုံးသပ် တင်ပြလိုပါသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရပိုင် ကုမ္ပဏီက ကြီးကြပ်မည်။ ရန်ကုန်တိုင်းအစိုးရ၏ မတည်ထည့်ဝင်ငွေ ကျပ် ၁၀ ဘီလျံဖြင့် မတည် တည်ဆောက်မည် ဆိုသည်မှာ အစိုးရ၏ အကာအကွယ်ကို ယူခြင်းသာဖြစ်သည်။ မြို့သစ်စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည့်အချိန်တွင် အစိုးရထည့်ဝင်ငွေ ၁၀ ဘီလျံသည် ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့သာ ဖြစ်ပြီး စီမံကိန်းသာ အကောင်အထည်ပေါ်ပါက အမှန်ကုန်ကျမည့် ထည့်ဝင်ငွေများကို မည်သူများက ထည့်ဝင်ပါမည်နည်း။ တရုတ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင် စီးပွားရေးသမားများကသာ ထည့်ဝင်မည်ဟု ခန့်မှန်းရပါသည်။ သူတို့ အဘယ်ကြောင့် ထည့်ဝင်ပါသနည်း။ အစိုးရကုမ္ပဏီ အရေခြုံထားသည့်အတွက် ရန်ကုန်နှင့် အနီးဆုံးမြေများကို ဈေးပေါပေါဖြင့် ရသောကြောင့်သာဖြစ် သည်ဆိုသော အဖြေက ပထမဆုံး ရလာသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမူ ရင်းနှီး မြှုပ်နှံသူများ၏ မြေရှားပါးမှုပြဿနာ ဖြေရှင်းရန် ရန်ကုန်မြို့သစ်စီမံကိန်း အကောင် အထည်ဖော်ရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ဆပ်ခ်ျပန်းက ရှင်းပြသည်မှာ တရုတ်အစိုးရ၏ CCCC ကုမ္ပဏီက ဒီဇိုင်းပေးမည်။ ဆောက်လုပ်ရေး လုပ်ငန်းများကို မည်သူမဆို ၀င်ရောက်ယှဉ် ပြိုင်နိုင်သည်။ CCCC တင်ဒါအောင်ပါက ဒီဇိုင်းဆွဲခပေးရန် မလိုသော်လည်း အခြား ကုမ္ပဏီတင်ဒါ အောင်ပါက CCCC သို့ ဒီဇိုင်းခပေးရမည်ဟု သိရသည်။ ထို့ကြောင့် မြို့သစ်စီမံကိန်း မစမီကပင် CCCC သည် ဒီဇိုင်းရေးဆွဲခွင့်ကို ယှဉ်ပြိုင်မှု မရှိဘဲ ရရှိသွားပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် တင်ဒါမအောင်လျှင်သော်မှ ဒီဇိုင်းအတွက် အခကြေးငွေရရှိမည်ဖြစ်ပြီး ထိုအလုပ်ကိုလည်း ယှဉ်ပြိုင်မှုမရှိဘဲ ရရှိသွားသည် ဖြစ်သည်။

ယခုစီမံကိန်းသည် ပြည်ထောင်စု အဆင့် စီမံကိန်းဖြစ်ပါလျက် ပြည်ထောင်စု အစိုးရတွင်လည်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ရှိပါလျက်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင်လည်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရှိပါလျက် အဘယ့် ကြောင့် ဆပ်ခ်ျပန်းကို ဦးဆောင်ခိုင်းပါ သနည်း။ မြန်မာနိုင်ငံသား စစ်စစ်များ ဦးဆောင်နိုင်ခွင့်ကို အဘယ်ကြောင့် မပေး ပါသနည်း။ ဤစီမံကိန်းကို ရန်ကုန်တိုင်း လွှတ်တော်ကရော သဘောတူပါသလား။ ဤမျှကြီးမားသော စီမံကိန်းကို ပြည်သူ့ လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရော ရယူထားပါသလား။ အစိုးရသက်တမ်း သုံးနှစ်သာ ကျန်တော့ချိန်တွင်မှ ဤမျှကြီးမားသော နှစ်ရှည်စီမံကိန်းကြီးကို အဘယ်ကြောင့် တက်သုတ်ရိုက် အကောင်အထည် ဖော်ချင်ပါသနည်း။ အကယ်၍ နောင်လာမည့် ရွေးကောက်ပွဲတွင် အခြားပါတီများ အနိုင်ရပြီး ယခုစီမံကိန်းကို ရပ်တန့်လိုက်ပါက နိုင်ငံတော်ပိုင် အရင်းအမြစ်များ အလဟဿ ဖြုန်းတီးရာရောက်မည်ကို တာဝန်ရှိသူများ တွေးတောခဲ့ပါလား။
ယခုစီမံကိန်းအတွက် Pre/ Feasibi-lity Study ဖြစ်နိုင်စွမ်း ရှိမရှိ လေ့လာသုံးသပ်မှု ပြုလုပ်ဖူးပါသလား။ Master Plan ရော ထားရှိပြီးဖြစ်ပါသလား။ ဆိုရှယ်မီဒီယာပေါ်တွင် ပညာရှင်တစ်ဦး သုံးသပ်ထားသည်ကိုလည်း အဆိုပါပညာရှင်၏ ခွင့်ပြုချက်ဖြင့် တင်ပြလိုပါသည်။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ စဉ်းစားစရာတွေ၊ ဝေဖန်စရာတွေ၊ သုံးသပ်ချင့်ချိန်စရာတွေ အများကြီးရှိပါတယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလ
မြန်မာပြည်ရဲ့ PPP (Public Pri-vate Partnership) Model က ဘာလဲ၊ ဘယ်လိုလဲ။ အစိုးရပိုင် စီးပွားရေးလုပ်ငန်း တွေနဲ့ နိုင်ငံ့စီးပွားရေးကို မောင်းနှင်တဲ့ ဆိုရှယ်လစ်စနစ်နဲ့ ဘာကွာလဲ။ အစိုးရက မဖြစ်စလောက် ဒေါ်လာခုနစ်သန်းလောက် ငွေလေးနဲ့ (၁၀၀%) ပိုင် ကုမ္ပဏီဖွဲ့ပြီး ဒေါ်လာဘီလျံ (သန်းပေါင်းထောင်)နဲ့ချီတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို လုပ်မယ်ဆိုတာ အန်ကယ်ဆာ့ခ်ျပန်းရဲ့ ယုံကြည်ဖွယ်ကောင်းတဲ့ အပြော၊ တရုတ်အစိုးရရဲ့ ကုမ္ပဏီ CCCC ရဲ့ လှပခမ်းနားတဲ့ Smart City ဒီဇိုင်းနဲ့ ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံ ပါမယ်ဆိုတဲ့ အဆိုပြုလွှာ၊ အလုပ်အကိုင် နှစ်သန်း ဖော်ထုတ်ပေးပါမယ်ဆိုတဲ့ ကတိတွေအပေါ် အခြေခံပြီး တည်ဆောက်ထားတာလို့ မြင်ရပါတယ်။ အဲဒီအပြောတွေ၊ အဲဒီအဆိုပြုလွှာတွေ၊ အဲဒီကတိတွေဟာ တကယ်ဖြစ်လာမှာလား၊ တည်မှာလားဆိုတာ အများကြီး (အများကြီး) ချင့်ချိန်သုံးသပ်ရမှာပါ။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းကို ကုမ္ပဏီတွေ အပြိုင်အဆိုင် အဆင့်ဆင့်ပြိုင်ပြီးတော့မှ နောက်ဆုံး ကုမ္ပဏီအုပ်စုတစ်ခုကို ရွေးခဲ့ပါတယ်။ အဲဒီတုန်းက အန်ကယ်ဆာ့ခ်ျပန်းရဲ့ကုမ္ပဏီလည်း ၀င်ပြိုင်ခဲ့ပါသေးတယ်။ ရသွားတာ တခြားကုမ္ပဏီ တစ်ဖွဲ့ပါ။ အခုတော့ ဒီရန်ကုန်မြို့သစ်စီမံကိန်းမှာ ပွဲမစခင် ကတည်းက CCCC ကိုရွေးထားပါပြီ။ CCCC ရဖို့ (၈၀%) သေချာနေတဲ့ နည်းလမ်းကို လှလှပပ Swiss Challenge / NYDC Challenge လို့ အန်ကယ် ဆာ့ခ်ျပန်းက နာမည်တပ်ပြီး တရားမျှတမှုရှိသယောင် ပုံဖော်ထားပါတယ်။ ဘာဖြစ်လို့ တရားမျှတစွာ ပြိုင်ဆိုင်မှုကိုခွင့်မပြုခဲ့တာလဲ။ ဘာဖြစ်လို့ ပွင့်လင်းမြင်သာမှု (Transparency) မရှိတာလဲဆိုတဲ့ မေးခွန်းတွေအတွက် အများပြည်သူကို ပွင့်ပွင့်လင်းလင်း ဖြေဖို့ အဖြေတွေက ခက်ခဲနေမှာပါ။ အဲဒီလို စဉ်းစားစရာတွေ၊ ဝေဖန်စရာတွေ၊ သုံးသပ်ချင့်ချိန်စရာတွေ ရှိနေပေမဲ့လည်း အမေ့ကို (ဒေါ်အောင်ဆန်းစုကြည်ကို) ပြောပြီးသားလို့ တစ်ခွန်းတည်း ဖြေလိုက်ရင် အားလုံးကို ကျော်လွှားလိုက်လို့ရပါပြီ။ အမေသိပြီးသား၊ အမေသဘောတူပြီးသားဆိုရင် ဘယ်သူမှ ဘာမှပြောလို့မရ၊ အထွန့်တက်လို့မရတော့ပါ။ “တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် သိပြီးသားဆိုရင်တော့ အမေ့ဆီမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပါ။ အလုပ် အကိုင် နှစ်သန်းဆိုတာလည်း ဖြစ်လာမှာပါ။ အမေစုနဲ့ ညှိနှိုင်းဆွေးနွေးချက်တွေအရ တရုတ်အစိုးရက CCCC ကို မြန်မာပြည် မှာသွားပြီး ရင်းနှီးမြှုပ်နှံခိုင်းတာမျိုးလည်း ဖြစ်နိုင်တာပဲ” ဆိုပြီး လက်ခံချင်သည်ဖြစ်စေ၊ မခံချင်သည်ဖြစ်စေ ကျိတ်မှိတ် မျိုသိပ်လိုက်ကြရမှာပါ။

တကယ့်စိန်ခေါ်မှုက ဒေါ်အောင်ဆန်း စုကြည်အလွန်ကာလမှာ ဒီစီမံကိန်း ဘယ်လိုဖြစ်သွားမှာလဲ၊ ဘယ်သူတွေပိုင်သွားမှာ လဲ၊ အဲဒီအချိန်ကာလမှာရှိနေမည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ စီမံကိန်းအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုနဲ့ ပိုင်ဆိုင်မှုက ဘယ် လောက်ရှိနေဦးမှာလဲ စတဲ့မေးခွန်းတွေပါ။
Master Plan ခိုင်ခိုင်မာမာရှိဖို့၊ လူ တစ်ဦးတစ်ဖွဲ့အလိုကျ စိတ်တိုင်းကျ ဆွဲထားတဲ့ Corporate Governance စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံမျိုးထက် သက်ဆိုင်ရာလူအများ ပါဝင်ဆွေးနွေး သဘောတူညီကြတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးရှိသလို အများပြည်သူနဲ့ တိုင်းပြည် အကျိုးလည်းဖြစ်ထွန်းတဲ့ ပုံစံမိုဒယ်ဖြစ်ဖို့ အရေးကြီးပါတယ်။

(၂) တရုတ်ကုမ္ပဏီ CCCC
တရုတ်အစိုးရ ရှယ်ယာအများဆုံးပိုင် ဆိုင်တဲ့ CCCC (China Communications and Construction Company) ကုမ္ပဏီက တကယ်တည်ဆောက်တဲ့အချိန်ကျရင် အလုပ်အကိုင်အကုန်လုံးကို မြန်မာလူမျိုးတွေ ရကြမှာလား၊ ကျွန်တော် ကျောက်ဖြူ သွားတုန်းက တွေ့ခဲ့ရသလိုမျိုး အောက်ဆုံးအဆင့် အလုပ်သမားတွေကအစ တရုတ်ပြည်က ခေါ်သွင်းလာတာမျိုးကို ဥပဒေ တစ်ခုခုနဲ့ ထိန်းကွပ်ထားနိုင်မှာလား။

ပိုပြီးအရေးကြီးတဲ့ ဖြစ်နိုင်ခြေတစ်ခုက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းလိုပဲ ရပ်သွားတာမျိုးပါ။ ဒီနေ့ မြန်မာပြည်သူတွေက မြန်မာနိုင်ငံမှာ လာရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်တွေအပေါ် အမြင်က လုံးဝပြောင်းလဲသွားပြီး ၁၀၀% အကောင်း မြင်နေကြပြီလား။ မြေပိုင်ဆိုင်မှုကိစ်္စတွေ၊ မြေသိမ်းတာ တွေအပေါ်မှာ ဆန္ဒပြမှုတွေ မဖြစ်အောင် လက်ရှိ ဒီမိုကရေစီအစိုးရက စစ်အာဏာရှင် အစိုးရထက် ပိုပြီးတင်းကြပ်ကိုင်တွယ် ထားနိုင်မှာလား။ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အင်အားကြီးထွားလာမှုကို အသိအမှတ်ပြုကြရမှာ မှန်ပေမယ့် ကိုယ့်နိုင်ငံကို ဓနအင်အားသုံး နယ်ချဲ့ ကျူးကျော်တယ်လို့ ပြည်သူတွေက မြင်လာခဲ့ရင် ဆန့်ကျင်မှုတွေ တွေ့ကြရမှာမလွဲပါ။ တရုတ်တွေ၊ တရုတ်ကုမ္ပဏီတွေ Respon-sible Investment Practices တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်သိက္ခာတွေ ကျင့်သုံးကြဖို့ အချိန်ယူရပါဦးမယ်။

(၃) စီမံကိန်းဆိုင်ရာ အကြိုလေ့လာမှုများနဲ့ အင်ဂျင်နီယာလုပ်ငန်းများ
မြို့သစ်တစ်ခုတည်ဖို့ဆိုတာ စီမံကိန်းဆိုင်ရာ အကြိုလေ့လာမှုတွေနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေ အများအပြားဆောင်ရွက် ကြရပါတယ်။ Feasibility Studies လို့ ခေါ်တဲ့ စီမံကိန်းဆိုင်ရာ ဖြစ်နိုင်ခြေအကြို လေ့လာမှုတွေအနေနဲ့ ပထ၀ီမြေပြင်အနေ အထား တိုင်းထွာတာတွေ (Geography and Topographic Surveys)၊ ဘူမိ မြေသားစမ်းသပ်တာတွေ (Geotechnical Surveys)၊ မိုးလေ၀သနဲ့ ဇလဗေဒဆိုင်ရာ တိုင်းတာမှုတွေ (Meteorological and Hydro Logical Surveys) ၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနိုင်မှု (Sea Le-velrise) အခြေအနေနဲ့ နောက်ဆက်တွဲ ရေငန် ၀င်ရောက်နိုင်တာတွေ၊ ရေလွှမ်းမိုးနိုင်ခြေ လေ့လာခန့်မှန်းတာတွေ (Flood Risk Mapping)၊ မြေငလျင် သက်ရောက် နိုင်မှုတိုင်းတာတာတွေ (Seismic and Earthquake Hazard Mapping)၊ ရာသီဥတုပြောင်းလဲမှု (Climate Change) တွေနဲ့ လူတွေရဲ့ လုပ်ဆောင်ချက် (Man made Change) တွေ ကြောင့်ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ကြိုတင်ခန့်မှန်းမှု (Disa-ster Risks Predictions) တွေ၊ ရေရရှိနိုင်မှု လေ့လာချက်တွေ၊ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Environmental Impact Assessment - EIA) တွေ၊ လူမှု အသိုင်းအ၀ိုင်းထိခိုက်နိုင်မှု ဆန်းစစ်ချက် (Social Impact Assessment) တွေ၊ စီးပွားရေးဆိုင်ရာ သက်ရောက်နိုင်မှု ဆန်း စစ်ချက် (Economic Impact Assess-ment) တွေ၊ ဘဏ္ဍာရေးဆိုင်ရာ ဖြစ်နိုင် ခြေ သုံးသပ်ချက် (Financial Feasibility Assessment) တွေ မြေအသုံးချမှုဆိုင်ရာ ဆန်းစစ်ချက် (Land Use Assessment) တွေ စသည်ဖြင့် လုပ်ကြရပါတယ်။

အဲဒီ Feasibility Studies တွေ အားလုံးက ကောင်းပြီ၊ ဆက်လုပ်ဖို့ မီးစိမ်းပြပါမှ အင်ဂျင်နီယာ ဒီဇိုင်းလုပ်ငန်းတွေ လုပ်ကြရပါတယ်။ အသေးစိတ်ဒီဇိုင်းတွေ မဆွဲခင်မှာ အသေးစိတ်တိုင်းတာမှုတွေ တစ်ခါထပ် လုပ်ကြရပြန်ပါတယ်။ ပြီးတော့မှ အသေး စိတ် ဒီဇိုင်းတွေဆွဲကြ၊ အပြန်ပြန် အလှန် လှန် စစ်ဆေးကြ၊ ပတ်သက်ဆက်နွှယ်သူ လူထု၊ အဖွဲ့အစည်းအားလုံးနဲ့ အကြိမ်ကြိမ် အခါခါ ဆွေးနွေးညှိနှိုင်းကြရပါပြန်ပါတယ်။ (Multi-Stakeholders meetings/enga-gement) တစ်ခါကိုယ့်မြို့အတွက် အခြေခံ အဆောက်အအုံတွေ၊ လမ်းပန်းဆက်သွယ်ရေး (ကား ရထား အစရှိသည်) ရေ၊ မီး၊ မိလ်္လာ ကိစ်္စအ၀၀ကို အသေးစိတ် ထပ်မံ ရေးဆွဲကြရပါဦးမယ်။ စီမံကိန်းဆိုင်ရာ အကြိုလေ့လာမှုတွေနဲ့ အင်ဂျင်နီယာ လုပ် ငန်းတွေ လုပ်တဲ့အခါမှာ တချို့ဟာတွေက အပြိုင်လုပ်လို့ရပေမယ့် တချို့ဟာတွေက တစ်ခုပြီးမှတစ်ခု လုပ်ရပါတယ်။

ကျွန်တော်ခန့်မှန်းချက်အနေနဲ့ အဲဒီ အကြိုလေ့လာမှုတွေနဲ့ အင်ဂျင်နီယာဒီဇိုင်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့တင်ပဲ နှစ်နှစ်ကနေ သုံးနှစ်လောက် ကြာသွားနိုင်ပါတယ်။ လက်ရှိအစိုးရရဲ့ ကျန်ရှိသက်တမ်းနဲ့ ကွက်တိလောက် ကျသွားပါလိမ့်မယ်။
(၄) စီးပွားရေးတွက်ချေကိုက်မှု
တစ်ခါ ရင်းနှီးမြှုပ်နှံမည့်သူတွေက အမြတ်ရနိုင်စွမ်း (Return on Investment - ROI eJY Internal Rate of Return - IRR စတာတွေ)ကို တွက်ကြပါဦးမယ်။ အစိုးရက ခွင့်ပြုပြီးတာတောင်မှ နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ အခြေအနေတွေ၊ လူတွေရဲ့ ၀ယ်လိုအားတွေနဲ့ လေ့လာသုံးသပ်ပြီး စီးပွားရေးတွက်ခြေကိုက်မှု စလုပ်ကြမှာပါ။ စီးပွားရေး တွက်ချေမကိုက်ရင် ငွေတွေ ဘီလျံနဲ့ချီပြီး သဲထဲရေသွန်လာရင်းကြမယ် မထင်ပါနဲ့။ နှစ်ပေါင်းများစွာ တန်းလန်းရပ်နေတဲ့ ဆောက်လက်စတိုက်တွေ၊ အိမ်ရာစီမံကိန်းတွေ တွေ့ဖူးကြပါလိမ့်မယ်။ မြို့သစ်ကြီး တည်မယ်ဆိုပြီး ကာလတစ်ခုမှာ ရပ်နေတာမျိုး မမြင်ချင်ပါ။ အဲ့လိုမဖြစ် အောင် Financial Plans တွေ ခိုင်မာဖို့ အရေးကြီးပါတယ်။

(၅) အစိုးရပိုင်ကုမ္ပဏီဖွဲ့စည်းမှု
New Yangon Development Co-mpany (NYDC) ကို အစိုးရ (၁၀၀%) ပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းဆောင်ရွက်တာ လည်း ကျွန်တော် သဘောမကျပါဘူး။ လုပ်ငန်း မြန်ဆန်လွယ်ကူအောင် ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အစိုးရပိုင် ကုမ္ပဏီ ဖွဲ့လိုက်တာပါ။ NYDC စီစဉ်နေချိန်မှာပဲ အစိုးရပိုင် (သို့မဟုတ်) အစိုးရနဲ့ ပုဂ္ဂလိကပိုင် ဖက်စပ်ကုမ္ပဏီတွေ တစ်ခုပြီး တစ်ခု ဖွဲ့လာတာ တွေ့ရပါတယ်။

အသွင်ကူးပြောင်းဆဲကာလမှာ အစိုးရက အစိုးရအလုပ်ကို အားသွန်ခွန်စိုက် လုပ်ရမည့်အချိန်မှာ အစိုးရပိုင် (သို့မဟုတ်) အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်ကုမ္ပဏီတွေ တစ်ခု ပြီးတစ်ခုဖွဲ့၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေက ရှယ်ယာတွေ ပိုင်၊ ဒါရိုက်တာအဖွဲ့ဝင်တွေ ၀င်လုပ်နေကြတော့ အစိုးရရဲ့ မူလတာဝန်တွေ လစ်ဟင်းကုန်ကြပါလိမ့်မယ်။ မြင်းအလုပ် မြင်းလုပ်၊ ဆင်အလုပ် ဆင်လုပ်ကြရမယ့်အစား ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တွေကို၊ ကိုယ်မလုပ်သင့်တဲ့ အလုပ်တွေကို ၀င်လုပ်နေကြရင်ဖြင့် ကိုယ်လုပ်ရမည့် အလုပ်တွေမှာ ခရီးမတွင် ဖြစ်ကြပါလိမ့်မယ်။ ဒါ့အပြင် “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏”လို့ ဆိုရိုးစကားရှိတဲ့ အတိုင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရရဲ့ အစိုးရပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းတည်ထောင်ပြီး အလုပ်လုပ်နေတဲ့ ပုံတွေကို အခြားတိုင်းဒေသကြီး အစိုးရတွေကလည်း အတုယူ၊ အတုခိုးကြပြီး အစိုးရပိုင်ကုမ်္ပဏီတွေ တစ်ခုပြီးတစ်ခု ထောင်ကြ၊ လုပ်ကြရင်ဖြင့် ဆိုရှယ်လစ်နိုင်ငံ ပြန်ဖြစ်သွားမှာ အစိုးရိမ်ဆုံး ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ သုံးသပ်ချက် တွေက Negative ဆန်တယ်လို့ ပြောရင်လည်း ခံရမှာပါပဲ။ အပြုသဘောဆောင်တဲ့ အကြံပြုချက်အနည်းငယ် ထည့်သွင်း ရေးသား သော်ငြားလည်း ဝေဖန်ထောက်ပြတာ လွန်ကဲနေတာကိုတော့ ၀န်ခံပါတယ်” ဟု အဆိုပါပညာရှင်ကသုံးသပ်ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့နေ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိပါမည်လော။ လက်ရှိရန်ကုန်တွင် ပင်လျှင် ဆောက်လုပ်ပြီး လူမနေသော တိုက်ခန်းပေါင်း ထောင်ချီရှိနေပါသေးသည်။ မှန်ပါသည်။ လူအများစုမှာ ကျူးကျော်ရပ်ကွက်များတွင် ဖြစ်သလိုနေနေရဆဲ ဖြစ်သည်။ သူတို့အတွက် တိုက်ခန်းများဝယ်ရန် မပြောနှင့် ငှားရမ်းခပင် မတတ်နိုင်သော သူများဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းပြီးလျှင် ရန်ကုန်တွင် ကျူးကျော်များမရှိဘဲ အားလုံးတိုက်ခန်းပေါ် ရောက်မည် ဆိုသောယူဆချက်မှာ မှားယွင်းသည်။ ရန်ကုန်နေပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသည်မှာ တန်ဖိုး နည်းအိမ်ရာများသာ ဖြစ်သည်။ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် တန်ဖိုးကြီး မြို့သစ်အဆောက်အအုံများ မဟုတ်ပါ။

အာဏာရှိသူ တစ်ဦးတစ်ယောက်ထံ ချဉ်းကပ်ပြီး အကောင်အထည်ဖော်သော စီမံကိန်းသာဖြစ်ပါက တိုင်းပြည်အတွက် ရေရှည်တွင် ပြင်မရသော ဆိုးကျိုးများဖြင့် သာ ကျန်ခဲ့ပါလိမ့်မည်။ လက်ရှိ ရန်ကုန်မြို့ တော်ကိုပင်လျှင် စည်းကမ်းရှိသော မြို့တော်၊ သန့်ရှင်းသပ်ရပ်သော မြို့တော်ဖြစ်အောင် မပြုပြင်နိုင်သေးဘဲ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြံစည်နေခြင်းတွင် မမြင်နိုင်သော အခြားအကြောင်း တရားများရှိမည်ဟု ခန့်မှန်းနိုင်ပါသည်။ ယခုစီမံကိန်းသည် JICA က ရေးဆွဲပေးထားသော စီမံကိန်းများအနက်မှ တစ်ခုဟုသိရသည်။ သို့သော် ဂျပန်သည်လည်း နည်းပညာ အကူအညီသာ အခမဲ့ပေးပြီး အမှန်တည်ဆောက်ချိန်တွင် သူ့နိုင်ငံ၏ ချေးငွေနှင့် သူ့နိုင်ငံမှ ကုမ္ပဏီများကိုသာ အလုပ်ရစေမည့် စီမံကိန်းများက များနေသည်ကို သတိပြုသင့်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်အမတ်များသည် ရန်ကုန်မြို့သစ် စီမံကိန်းမစမီ ဦးနုအစိုးရလက်ထက်က မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရန် အမေရိကန်ပညာရှင်များ လာရောက်ရေးဆွဲ ပေးထားသော ပြည်တော်သာ စီမံကိန်းဟု လူသိများသည့် အကြိုဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ (KTA Report)ကို ဦးစွာ ဖတ်ရှုလေ့လာကြ စေလိုပါသည်။ ထိုသို့ ဖတ်ရှုပြီးပါက လွန်ခဲ့သော နှစ် ၇၀ ခန့်က ဆောင်ရွက်သည့် အစီအမံများနှင့် ယခု လက်တန်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဦးစွာခိုင်းနှိုင်းသုံးသပ်ကာ ရန်ကုန်မြို့သစ် စီမံကိန်းမှာ လုပ်သင့်လုပ်ထိုက်သော စီမံကိန်းဟုတ်မဟုတ် စဉ်းစားကြစေလိုပါသည်။

မစ်္စတာဆပ်ခ်ျပန်းနှင့် စီးပွားရေးအတူ လုပ်ခဲ့ဖူးသူတစ်ဦးက “မစ္စတာဆပ်ခ်ျပန်းဆိုတာ ၁၉၆၇ ခုနှစ်က တရုတ်ကို အပြီးပြန် သွားပြီး စစ်အစိုးရလက်ထက်ကျမှ မြန်မာ နိုင်ငံသား ပြန်ရခဲ့သူဖြစ်တယ်။ သူဟာ အပြောကောင်းပြီး ကတိတွေအထပ်ထပ် ပေးတတ်တယ်။ ကျောက်ဆင်းတုကိုတောင် ခေါင်းညိတ်အောင်ပြောတတ်တယ်။ ဒါပေမဲ့ မစ္စတာဆပ်ခ်ျပန်းရဲ့ အတွင်းသဘောက ဘာလဲ၊ ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူ ဟုတ်ရဲ့လားဆိုတာ သူနဲ့ လက်တွဲလုပ် ကိုင်ခဲ့ဖူးတဲ့ မြန်မာစီးပွားရေးသမားတွေကို အစိုးရအနေနဲ့ ဦးစွာစုံစမ်းကြည့်စေချင်တယ်” ဟု ပြောသည်။
နိုင်ငံခြားသား လုပ်ငန်းရှင်တစ်ဦး တစ်ယောက်စကားကို ယုံကြည်ပြီး လက်တန်း အလျင်စလို အကောင်အထည်ဖော်သော စီမံကိန်းတစ်ခု မှားယွင်းသွားပါက အကောင်အထည်ဖော်ခဲ့သူများ၊ ခွင့်ပြုခဲ့သူများသည် သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မည်။ သက်တမ်းစေ့၍ သေလွန်သွားသော်လည်း မိမိနာမည်က သမိုင်းတစ်လျှောက် တရားခံအမည် ပေါက်နေပါလိမ့်မည် ဖြစ်သလို နိုင်ငံတော်အတွက်လည်း ဆိုးရွားသော အကျိုးဆက်များကို နောက်မျိုးဆက်များ ဆက်လက်ခံစားသွားရမည် ဖြစ်ကြောင်း သတိပေးတင်ပြလိုက်ရပါသည်။

လက်စောင်းထက်
တူမောရိုးဂျာနယ်
Credit isee media

15/12/2017

ချည်လက်အိတ်တစ်ဒါဇင် _ ၂၃၀၀ကျပ်။

ချည်လက်အိတ်များ နှင့် ရာဘာလက်အိတ်များကို
နယ်မြို့များသို့ ကားဂိတ်အရောက် လက်ကားဖြန့်ချီပေးနေပါသည်။ ။

Home Works Co.
Contact no: 09799 7777 34.



#လက်အိတ်

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon