Digital Hub Pansodan

Digital Hub Pansodan

Share

Photos from Digital Hub Pansodan's post 23/05/2026

🎉 ရင်ထဲကို နွေးထွေးသွားစေတဲ့ Gakken Classroom ရဲ့ Digital Hub (Pansodan) တန်းခွဲသစ် ဖွင့်ပွဲနေ့လေးအတွက် ကျေးဇူးတင်လွှာ 💖

ဒီနေ့ (၂၃.၅.၂၀၂၆) မှာ Digital Hub (Pansodan) တွင်ကျင်းပပြုလုပ်ခဲ့တဲ့ Gakken Classroom ရဲ့ Opening Ceremony & Parent Orientation အခမ်းအနားလေးကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။

ခေတ်ရှေ့ပြေးတဲ့ သင်ကြားရေးနည်းစနစ်တွေနဲ့ သားသားမီးမီးတို့ကို အကောင်းဆုံး လမ်းညွှန်ပြသပေးမယ့် Gakken Classroom ရဲ့ Digital Hub (Pansodan)မှာ တန်းခွဲသစ်စတင်ဖွင့်လှစ်တဲ့ ဒီနေ့မှာပဲ မိုးကလည်း တောက်လျှောက် သည်းသည်းမည်းမည်း ရွာနေခဲ့တာမို့ ဖေဖေ၊ မေမေတို့ လာရပြုရတာ အဆင်မပြေဖြစ်မှာကို တကယ် စိတ်ပူခဲ့ရတာပါ။ ဒါပေမဲ့... 🌧️✨

မိုးရွာထဲမှာပဲ လမ်းခရီး အခက်အခဲတွေကို မမှုဘဲ သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး ကျွန်မတို့ရဲ့ Digital Hub (Pansodan) စင်တာအသစ်ကြီးဆီကို တစ်ခဲနက် တက်ရောက်အားပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများ အားလုံးကို Gakken Classroom နဲ့ Digital Hub (Pansodan) မှ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🥰🙏

ဖေဖေ၊ မေမေတို့ရဲ့ ယုံကြည်မှု၊ သားသားမီးမီးတို့ရဲ့ တက်ကြွတဲ့ အပြုံးတွေနဲ့ ဆူညံသံလေးတွေကြောင့် မိုးအေးအေးလေးထဲမှာပဲ ကျွန်မတို့ရဲ့ Center လေးတစ်ခုလုံး နွေးထွေးမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ရပါတယ်။ ❤️

ယနေ့ကျင်းပပြုလုပ်တဲ့ပွဲလေးမှာ ပါဝင်ဆင်နွှဲပြီး ဗလာမပါ ကံစမ်းမဲတွေ ဆွတ်ခူးသွားကြတဲ့ သားသားမီးမီးတို့နဲ့ အထူး Promotion တွေနဲ့ အပ်နှံသွားကြတဲ့ မိဘများအားလုံးကိုလည်း ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားဆိုပါရစေရှင်။ 🎈

ယနေ့ရရှိသွားတဲ့ ဗဟုသုတတွေ၊ ပျော်ရွှင်စရာ အမှတ်တရတွေကနေတစ်ဆင့် သားသားမီးမီးတို့ရဲ့ ရှေ့ဆက်မယ့် ပညာရေးခရီးလမ်းမှာ Gakken Classroom က အကောင်းဆုံး ပံ့ပိုးကူညီသွားပါ့မယ်လို့ ကတိပြုပါတယ်နော်။ 🤗✨

မိုးရာသီအစမို့ မိဘပြည်သူများနှင့် သားသားမီးမီးတို့အားလုံး ရာသီဥတုအပြောင်းအလဲမှာ ကျန်းမာရေး အထူးဂရုစိုက်ကြဖို့လည်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။ ☔🌸

နွေးထွေးသော လေးစားချစ်ခင်မှုများစွာဖြင့်...
Gakken Classroom - Digital Hub Pansodan Center 💖

23/02/2026

Tech & Smart Lifestyle ကို တစ်နေရာတည်းမှာ ခံစားနိုင်မယ့် Digital Hub အဆောက်အဦး မှာ Vivo Official Store လည်း ပါဝင်လာပါပြီ။

နောက်ဆုံးပေါ် Vivo Smartphone မော်ဒယ်များ၊ Exclusive Promotion တွေကို Digital Hub မှာစောင့်မျှော်လိုက်ပါ။

✨ Opening Day ကို စောင့်ကြည့်ပြီး Smart Experience အသစ်တစ်ခုကို Digital Hub မှာ လာရောက်ခံစားလိုက်ပါ။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 174 Pansodan Street
Yangon
11121