Royal Bionic
08/07/2025
၉.၇.၂၀၂၅ (ဗုဒ္ဓဟူးနေ့)တွင်ကျရောက်သော ဝါဆိုလပြည့်နေ့ တွင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေလို့ Royal Bionic Company မိသားစုမှဆုတောင်း ပေးပါတယ် ။ 🙏🙏🙏
29/06/2025
Royal Bionic Company တွင် Fame , BPI နှင့် Wellvit Multivitamins & Minerals အစရှိသောဆေးဝါးများကိုလက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။ဆက်သွယ်ရန်ဖုန်း -09750099802 , 095007061 , 09420036990
05/03/2023
❝ တပေါင်းလပြည့်
မြတ်ဗုဒ္ဓ ပြည်တော်၀င် အခါတော်နေ့ ❞
═══════════════════════
••
••
မြတ်ဗုဒ္ဓ နှင့် တပေါင်းလ
တပေါင်းလသည် မြန်မာလ
များတွင်၁၂-လ မြောက်ဖြစ်သည်။
တနှစ်တာ၏ နောက်ဆုံး
လဖြစ်သည်။
တပေါင်းလ၏ ပထမလ၀က်
သည် ဆောင်းရာသီတွင်
ကျရောက်သည်။
ဒုတိယလ၀က်ကား နွေရာသီတွင်
ကျရောက်သည်။
ဆောင်းကူးနွေစ သာယာလှ
သော လရာသီဖြစ်သည်။
ထို့ကြောင့် ခေတ်အဆက်ဆက်
စာဆိုတို့သည် တပေါင်းလ၏
အလှကို ရေးဖွဲ့ကြသည်မှာ
ယနေ့တိုင်ဖြစ်သည်။
ရှေးယခင်က တပါင်းလပွဲတော်
သည် သဲပုံစေတီပွဲတော်
ဖြစ်သည်။
သဲပုံစေတီပွဲတော်သည်
ပုဂံခေတ် (သို့မဟုတ်)
ပုဂံခေတ်မတိုင်မီကပင်
ပေါ်ပေါက်ခဲ့သည်ဟု
အချို့က ဆိုကြသည်။
နောက်ပိုင်းတွင် သဲပုံစေတီ
ပွဲတော် ကျင်းပသည့်ဓလေ့
တဖြည်းဖြည်း
မှေးမှိန်သွားသည်။
တပေါင်းလပြည့်နေ့တွင်
ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့
ခေတ်စားလာခဲ့သည်။
ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင်
“တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု
သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း
မှတ်တမ်းတင်သင့်သော
ဖြစ်ရပ်ကြီးများ
ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က
ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်
ဝေဠုန်၀န်ကျောင်းတော်၌
သီတင်းသုံးကာ အင်္ဂတိုင်းနှင့်
မဂဓတိုင်းမှ ဒကာ
ဒကာမများအား တရား
ရေအေးတိုက်ကျွေးလျက်
ရှိသည်။
ထိုသတင်းကို ခမည်းတော်
သုဒ္ဓေါဒနမင်းကြီး ကြားသိ
သောအခါ သားတော်ဘုရား
ကို ဖူးတွေ့ချင်နေသည်။
ထို့ကြောင့် အမတ်တယောက်
အား အခြွေအရံတထောင်နှင့်
အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်
လာရာမှ တရားတော်ကိုနာ
ရ၍ အခြွေအရံတို့နှင့်အတူ
ရဟန်းပြုသွားသည်။
သုဒ္ဓေါဒနမင်းကြီး ထံ
ဘုရားရှင်ကြွရောက်တော်မူရန်
မပင့်ဖြစ်ချေ။
မင်းကြီး လည်း နောက်ထပ်
အမတ်တို့ကို အခြေအရံ
တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင်
စေလွှတ်ခဲ့သည်။ သို့သော်
အားလုံး ရဟန်းပြု၍
နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ
ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်
ဖြစ်သော ကာဠုဒါယီအမတ်
ကို စေလွှတ်သည်။
ကာဠုဒါယီအမတ်သည်လည်း
ရှေးက အမတ်များနှင့်နည်းတူ
ပင် နောက်ပါများနှင့်တကွ
ရဟန်းပြုပြန်သည်။
သို့ရာတွင် ခရီးလမ်းပန်းသာယာ
သော တပေါင်းလအချိန်သို့
ရောက်သောအခါတွင်ကား
လမ်းခရီးသာယာပုံ တပေါင်း
အလှကို ဂါထာပေါင်း
၆၀-ဖြင့် ဖွဲ့နွဲ့ကာ
ကပိလ၀တ်ပြည်သို့ ကြွပါမည့်
အကြောင်း ဘုရားရှင်အား
လျှောက်ထား
တောင်းပန်သည်။
ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ
တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့
ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလ၀တ်နေပြည်တော်
သို့ ကြွတော်မူခြင်းကြော
င့် နိဂြောဓာရုံကျောင်းကြီး
ပေါ်ပေါက်လာသည်။
ဂါထာ ၁၀၀၀-ဖြင့် တန်ဆာ
ဆင်အပ်သော ဝေဿန္တရာဇာတ်
တော်ကြီးကို ဟောတော်မူခဲ့သည်။
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တောကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။
နောင်အခါ အရဟတ္တဖိုလ်
တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလ၀တ်
ပြည်သို့ ကြွရောက်တော်မူ၍
တရားဟောတော်မူသဖြင့်
မိထွေးတော် ဂေါတမီ
သည်လည်း
သောတာပန်တည်သည်။
ယသော်ဓရာကို အကြောင်းပြု
၍ စန္ဒကိန္နရီ ဇာတ်တော်ကို
လည်း ဘုရားဟော
တော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား
ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေ
ဘ၀သို့ ရောက်ရှိသည်။
သာကီ၀င်မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ရှိသည်။
ဆွေမျိုးတို့ ဘုရားရှင်ကို
ကြည်ညိုစေရန် ဆောင်ရွက်
ရာ၌ အထူးအောင်မြင်သဖြင့်
ကာဠု ဒါယီမထေရ်အား
ကုလပ်ပသာဒ ဧတဒဂ်
ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည်
ဘုရားရှင် ပြည်တော်၀င်ရန်
စတင်ကြွလှမ်းသောနေ့
ဖြစ်သဖြင့်လည်း ထိုနေ့ကို
အကြောင်းပြု၍ သာသနာ
တော်၌ ထူးခြားသော ဖြစ်ရပ်
ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု
တပေါင်းလပြည့်
ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊
ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်
ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး
တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို
အကြောင်းပြု၍ သာသနာ
တော်၌ ထူးခြားသော
မှတ်တိုင်ကြီးများ ပေါ်ထွန်း
လာ ခဲ့ခြင်း ဖြစ်ပေသည်။
02/03/2023
မတ်လ (၂ ) ရက်နေ့ (၂၀၂၃) ခုနှစ်မှာ ကျရောက်တဲ့
(၆၁) ကြိမ်မြောက် တောင်သူလယ်သမားနေ့မှာ
ကျေးဇူးရှင် တောင်သူလယ်သမားများ အားလုံးပဲ စိုက်ပျိုးသမျှ အထွက်တိုးပါစေကြောင်း Royal Bionic မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ..။
#တောင်သူလယ်သမားနေ့
22/01/2023
🧧🎉 Gong Xi Fa Chai 🎉🧧
2023 Chinese New Year မှာ ကျန်းမာချမ်းသာ၍
လာဘ်လာဘ တိုးပွားကြပါစေကြောင်း Royal Bionic မှ
ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ် ရှင် 🥳
04/01/2023
လွတ်လပ်ရေးနေ့
75th Independence Day of Myanmar
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်သူပြည်သားများနှင့်အတူ Royal Bionic မှ ဂုဏ်ပြုကြိုဆိုပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
No. (88), Mya Kan Thar Street, (10) Miles , Sawbwar Gyi Gone, Insein Township
Yangon
11011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |