Myanmarcarmarkets.com

Myanmarcarmarkets.com

Share

22/09/2020

▶️▶️ COVID19 ကာကွယ်ရေး သိကောင်းစရာများ ◀️◀️

⏯ ဗိုင်းရပ်စ်ဟူသည်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ အဆီလွှာ ဖုန်းလွှမ်းထားသော ပရိုတင်း မော်လီကျူး (DNA) သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊ ချွဲသလိပ်တို့တွင် ပါသောဆဲလ်များက ယင်းတို့ကို စုပ်ယူလိုက်သည့်အခါကျမှသာ လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော ဗီဇမျိုးပြောင်း မျိုးပွားသွားခြင်း ဖြစ်သည်။

⏯ ဘက်တီးရီးယားလို သတ်လို့ မရပါ။ ဗိုင်းရပ်စ်က ဘက်တီးရီးယားလို သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။ ပဋိဇီဝဆေးများက သက်မဲ့(ဗိုင်းရပ်စ်)ကို သတ်၍ မရပါ။ ဖေါ်ပြထားသည့် နည်းလမ်းများသုံးလျှင် ဗိုင်းရပ်စ် ဖွဲ့စည်းပုံ အမြန်ပြိုကွဲ ပါလိမ့်မည်။

⏯ ဗိုင်းရပ်စ်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ ပရိုတင်းမော်လီကျူးသာ ဖြစ်သည့်အတွက် သတ်ပစ်၍ မရဘဲ သူ့သဘာဝ အတိုင်း ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။မော်လီကျူးပြိုကွဲ ပျက်စီးရန် ကြာချိန်မှာ အပူချိန်၊ စိုထိုင်းဆ နှင့် ယင်းကပ်ငြိ တင်ကျန်နေသော မျက်နှာပြင် အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါသည်။

⏯ ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး ယင်းကို အကာအကွယ်ပေးထားသောအရာမှာ အပေါ်ယံ အဆီလွှာသာ ရှိပါသည်။ ဆပ်ပြာနှင့် ပိုးသတ်ဆေးများက အကောင်းဆုံး ကုစားနိုင်ခြင်းမှာ ထိုအချက်ကြောင့်ဖြစ်သည်။ ဆပ်ပြာမြှုပ်များက ထိုအဆီလွှာကို ဖြိုခွဲပစ်ပါသည် (ထို့ ကြောင့် ဆပ်ပြာမြှုပ်များများဖြင့် စက္ကန့် ၂၀ အနည်းဆုံး ပွတ်တိုက် ဆေးကြောရန်လိုအပ်ခြင်းဖြစ်သည်။ )အပေါ်ယံ အဆီလွှာ ပျက်စီးသွားသောအခါ ပရိုတင်း မော်လီကျူးလည်း သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။

⏯ အပူဓါတ်က အဆီများကို အရည်ပျော်စေနိုင်ပါသည်။ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုနွေးသော ရေဖြင့် လက်ဆေးခြင်း၊ အဝတ်လျှော်ခြင်း စသည်များ ပြုလုပ်ပါ။ ရေနွေးက ဆပ်ပြာအမြှုပ်များ ပိုထွက်စေသဖြင့် ပိုအသုံး တည့်ပါသည်။
အယ်လ်ကိုဟော ပါဝင်မှု ၆၅ ရာခိုင်နှုန်းထက် ပိုသော လက်ဆေးရည်များက အဆီများကို ပျော်ဝင် ပြိုကွဲစေပါသည်။အထူးသဖြင့် ဗိုင်းရပ်စ်၏ အပေါ်ယံ အဆီလွှာကို ပြိုကွဲပျက်စီးစေပါသည်။

⏯ အရောင်ချွတ်ဆေး တစ်ဆ၊ ရေ ၅ဆ ပါ၀င်သော အရောအနှောကလည်း ပရိုတင်းဓါတ်ကို တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။ ပရိုတင်း အတွင်းသို့ ဝင်ရောက် ဖြိုခွဲပါသည်။

⏯ ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်ကလည်း ဆပ်ပြာ၊ အယ်လ်ကိုဟော(အရက်ပျံ)၊ ကလိုရင်း (အရောင်ချွတ်ဆေး) တို့ကဲ့သို့ပင် ဗိုင်းရပ်စ်ရှိ ပရိုတင်းဓါတ်ကို ပြိုကွဲစေနိုင်ပါသည်။ ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က ရေမရောဘဲသုံးမှ ရသဖြင့် လူ့အရေပြားကို ထိခိုက်စေနိုင်ပါသည်။

⏯ လေအေးစက် ဖွင့်ထားသော အိမ်နှင့် ကားတွင်းကဲ့သို့ နေရာများတွင် ဗိုင်းရပ်စ် မော်လီကျူးများ ငြိမ်နေနိုင်ပါသည်။ ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန် အမှောင်နှင့် စိုစွတ်မှု (စိုထိုင်းဆများရန်) လိုအပ်သည်။ ခြောက်သွေ့၊ နွေးထွေး၊ အလင်းများများ ရသော ပတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပရိုတင်းများ လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။

⏯ ခရမ်းလွန်ရောင်ခြည် (UV Light) ကို မျက်နှာပြင်များ အရာဝထ္တုများပေါ်သို့ ကျရောက်စေပါက ဗိုင်းရပ်စ် ပရိုတင်းများကို ဖြိုခွင်းနိုင်ပါသည်။ လူ့အသားအရေပေါ်သို့ တိုက်ရိုက် ကျရောက်လျှင် အရေပြားတွန့်ခြင်း အရေပြား ကင်ဆာဖြစ်ခြင်း ဖြစ်စေနိုင်ပါသည်။ဗိုင်းရပ်စ်သည် ကျန်းမာကောင်းမွန်သော လူ့အရေပြားကို မဖေါက်ထွင်းနိုင်ပါ။

⏯ ရှာလကာရည် အသုံးမတည့်ပါ၊ ဗိုင်းရပ်စ်၏ အဆီလွှာကို မဖေါက်ထွင်းနိုင်ပါ။အရက်နှင့် ဗော့ဒဂါအရက်များက ဗိုင်းရပ်စ်၏ အဆီလွှာကို ထိရောက်စွာ မဖေါက်နိုင်ပါ။ အပြင်းဆုံး အရက်က အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းသာရှိ၍ လိုအပ်ချက် ၆၅ ရာခိုင်နှုန်းကို မမီပါ။ နေရာ ကျဉ်းကြပ်လျှင် ဗိုင်းရပ်စ် ပိုမို ထူထပ်နိုင်ပါသည်။ ကျယ်ကျယ်ဝန်းဝန်း သဘာဝ လေကောင်းလေသန့် ရနိုင်ပါစေ။

⏯ အကြိမ်ကြိမ်ပြောပြီး ဖြစ်သော်လည်း အောက်ပါ အရာဝထ္ထုများအား မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကို ဆေးကြောပါ။ (ချွဲသလိပ်ရှိနိုင်သော အရေပြားလွှာများ၊ အစားအသောက်များ၊ သော့ခလောက်များ၊ တံခါးလက်ကိုင်ဘုများ၊ မီးခလုတ်များ၊ ရီမုတ် ကွန်ထရိုးများ၊ လက်ကိုင်ဖုန်းများ၊ လက်ပတ်နာရီများ၊ ကွန်ပျူတာများ၊ စာကြည့်စားပွဲများ၊ ရုပ်မြင်သံကြားစက်များ စသည်။ ) ရေအိမ်သာ အသုံးပြုခြင်းလည်း ပါဝင်သည်။

ာကွယ်ရေးသိကောင်းစရာများ

Crd:Kyaw Swar Myint post

24/04/2020

GM ကားထုတ်လုပ်ရေးမှ အမေရိကန်နိုင်ငံအတွက် အသက်ရှူစက်အလုံး ၃၀၀၀၀ ထုတ်လုပ်မှုစတင်
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ဂျင်နရယ်မော်တော် GM ကားထုတ်လုပ်ရေးက အမေရိကန်ပြည်ထောင်စုအတွက် အသက်ရှူစက် အမြောက် အများထုတ်လုပ်မှုလုပ်ငန်း စတင်နေပြီလို့ ဧပြီလ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး အသက်ရှူစက်လိုအပ်နေတဲ့ လူနာတွေ အသုံးပြုဖို့ အတွက် အသက်ရှူစက်ပေးပို့မှု ပထမ အသုတ်ကို ယခုလအတွင်း အမေရိကန် အစိုးရထံ ပို့ပေးနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ကျန်းမာရေးနဲ့ ပြည်သူ့ဝနဆောင်မှု ဌာနကနေ ကားထုတ်လုပ်ရေးနဲ့ ဒေါ်လာ ၄၈၉.၄ သန်းတန် သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ပြီး လာမယ့် သြဂုတ်လကုန်အထိ အသက်ရှူစက်အလုံး ပေါင်း ၃ သောင်းကိုထုတ်လုပ်နိုင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဂျီအမ်က သူ့ရဲ့ အသက်ရှူစက်ထုတ်လုပ်မှုလုပ်ငန်းတွေကို ဗန်တက် လိုက်ဖ် စစ်စတန် လုပ်ငန်းနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နေကာ အဆိုပါ လုပ်ငန်းက ဆေးဝါးသုံးပစ္စည်းတွေ ထုတ်လုပ်နေတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ ဧပြီလ အတွင်း အသက်ရှူစက်အလုံးပေါင်း ၆၀၀ ကျော်ကို သင်္ဘောတင်ပို့ဆောင်နိုင်လိမ့်မယ်လို့ ကုမ္ပဏီက ပြောကြား ထားပါတယ်။
ဒါ့အပြင် နောက်ထပ် အော်ဒါမှာယူမှုရဲ့ ထက်ဝက်နီးပါး အရေအတွက်ကိုလည်း ဇွန်လအကုန်နဲ့ မှာယူမှု စက် အလုံးရေ အားလုံးကိုတော့ သြဂုတ်လအကုန်မှာ အပြီးသတ် ပို့ဆောင်ပေးမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါ တယ်။ ဒီသတင်းဟာ ကားထုတ်လုပ်ရေးက အစိုးရနဲ့ အလုပ်မလုပ်ချင်ဘူးလို့ သမ္မတထရန့်ရဲ့ စွပ်စွဲပြောကြားပြီး တဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ဂျီအမ် ကားထုတ်လုပ်ရေး စီအီးအို မယ်ရီ ဘာရာဟာ ဆေးဝါးအ ထောက်အပံ့ပစ္စည်းတွေ စတင်ထုတ်လုပ်မှုကို အချိန်ဆွဲနေတယ်လို့ ပြစ်တင်ပြောကြားထားခဲ့တယ်လို့ သိရပါတယ်။

Source: automotivenews.com


*Zawgyi*

GM ကားထုတ္လုပ္ေရးမွ အေမရိကန္ႏိုင္ငံအတြက္ အသက္ရႉစက္အလုံး ၃၀၀၀၀ ထုတ္လုပ္မႈစတင္
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ဂ်င္နရယ္ေမာ္ေတာ္ GM ကားထုတ္လုပ္ေရးက အေမရိကန္ျပည္ေထာင္စုအတြက္ အသက္ရႉစက္ အေျမာက္ အမ်ားထုတ္လုပ္မႈလုပ္ငန္း စတင္ေနၿပီလို႔ ဧၿပီလ ၁၄ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရၿပီး အသက္ရႉစက္လိုအပ္ေနတဲ့ လူနာေတြ အသုံးျပဳဖို႔ အတြက္ အသက္ရႉစက္ေပးပို႔မႈ ပထမ အသုတ္ကို ယခုလအတြင္း အေမရိကန္ အစိုးရထံ ပို႔ေပးႏိုင္လိမ့္မယ္လို႔ ဆိုထားပါတယ္။
ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက က်န္းမာေရးနဲ႔ ျပည္သူ႔ဝနေဆာင္မႈ ဌာနကေန ကားထုတ္လုပ္ေရးနဲ႔ ေဒၚလာ ၄၈၉.၄ သန္းတန္ သေဘာတူညီခ်က္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး လာမယ့္ ၾသဂုတ္လကုန္အထိ အသက္ရႉစက္အလုံး ေပါင္း ၃ ေသာင္းကိုထုတ္လုပ္ႏိုင္ေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။
ဂ်ီအမ္က သူ႔ရဲ႕ အသက္ရႉစက္ထုတ္လုပ္မႈလုပ္ငန္းေတြကို ဗန္တက္ လိုက္ဖ္ စစ္စတန္ လုပ္ငန္းနဲ႔ ပူးေပါင္းၿပီး လုပ္ကိုင္ေနကာ အဆိုပါ လုပ္ငန္းက ေဆးဝါးသုံးပစၥည္းေတြ ထုတ္လုပ္ေနတဲ့ လုပ္ငန္းလည္းျဖစ္ပါတယ္။ ဧၿပီလ အတြင္း အသက္ရႉစက္အလုံးေပါင္း ၆၀၀ ေက်ာ္ကို သေဘၤာတင္ပို႔ေဆာင္ႏိုင္လိမ့္မယ္လို႔ ကုမၸဏီက ေျပာၾကား ထားပါတယ္။
ဒါ့အျပင္ ေနာက္ထပ္ ေအာ္ဒါမွာယူမႈရဲ႕ ထက္ဝက္နီးပါး အေရအတြက္ကိုလည္း ဇြန္လအကုန္နဲ႔ မွာယူမႈ စက္ အလုံးေရ အားလုံးကိုေတာ့ ၾသဂုတ္လအကုန္မွာ အၿပီးသတ္ ပို႔ေဆာင္ေပးမယ္လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါ တယ္။ ဒီသတင္းဟာ ကားထုတ္လုပ္ေရးက အစိုးရနဲ႔ အလုပ္မလုပ္ခ်င္ဘူးလို႔ သမၼတထရန႔္ရဲ႕ စြပ္စြဲေျပာၾကားၿပီး တဲ့ေနာက္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္လ္ထရန႔္က ဂ်ီအမ္ ကားထုတ္လုပ္ေရး စီအီးအို မယ္ရီ ဘာရာဟာ ေဆးဝါးအ ေထာက္အပံ့ပစၥည္းေတြ စတင္ထုတ္လုပ္မႈကို အခ်ိန္ဆြဲေနတယ္လို႔ ျပစ္တင္ေျပာၾကားထားခဲ့တယ္လို႔ သိရပါတယ္။

Source: automotivenews.com

17/02/2020

Ford Myanmar က က်င္းပျပဳလုပ္သြားမည့္ Happy February Campaign
================================================================================================
ေဖေဖာ္၀ါရီလ (၁၄)ရက္ေန႔မွ မတ္လ (၅)ရက္ေန႔အထိ Ford ကားခ်စ္သူမ်ားအတြက္ Ford Myanmar မွ Happy February Campaign အစီအစဥ္ကို က်င္းပသြားမည္ျဖစ္သည္။
Happy February Campaign တြင္ ေဖေဖာ္ဝါရီ (၁၄) ရက္မွ မတ္လ (၅) ရက္ေန႔အတြင္း Engine Oil Package လဲလွယ္မည့္ Customer မ်ားအတြက္ Engine Oil Filter Free လက္ေဆာင္ေပး သြားမည္ျဖစ္သည္။ Engine Oil Package တြင္ (Engine Oil, Oil filter, Oil drain plug washer, Air filter,Fuel filter, Odour filter) တို႔ပါ၀င္မည္ျဖစ္သည္။
Happy February Campaign ကို ရန္ကုန္ႏွင့္ မႏၱေလးတို႔ရွိ Ford Showroom တို႔တြင္ က်င္းပသြားမည္ ျဖစ္သည္။



(Unicode)
Ford Myanmar က ကျင်းပပြုလုပ်သွားမည့် Happy February Campaign
================================================================================================
ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ မတ်လ (၅)ရက်နေ့အထိ Ford ကားချစ်သူများအတွက် Ford Myanmar မှ Happy February Campaign အစီအစဉ်ကို ကျင်းပသွားမည်ဖြစ်သည်။
Happy February Campaign တွင် ဖေဖော်ဝါရီ (၁၄) ရက်မှ မတ်လ (၅) ရက်နေ့အတွင်း Engine Oil Package လဲလှယ်မည့် Customer များအတွက် Engine Oil Filter Free လက်ဆောင်ပေး သွားမည်ဖြစ်သည်။ Engine Oil Package တွင် (Engine Oil, Oil filter, Oil drain plug washer, Air filter,Fuel filter, Odour filter) တို့ပါဝင်မည်ဖြစ်သည်။
Happy February Campaign ကို ရန်ကုန်နှင့် မန္တလေးတို့ရှိ Ford Showroom တို့တွင် ကျင်းပသွားမည် ဖြစ်သည်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

No. 618, 4th Floor (A), Waruna 6 Street, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00