Haresol

Haresol

Share

31/05/2026

𝐇𝐚𝐫𝐞𝐬𝐨𝐥 ရဲ့ပရိတ်သတ်ကြီးရေ……..
ရေဓာတ်ဆုံးရှုံးနိုင်တဲ့အကြောင်းတွေကိုသိထားရဲ့လား…..ရွှေးကြရအောင်။💦🤭

(၁)အားကစားပြုလုပ်ခြင်း
(၂)ကမ်းခြေတွေအချိန်ကြာမြင့်စွာနေထိုင်ခြင်း
(၃)ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
(၄)သွေးလွန်တုပ်ကွေးဖြစ်ခြင်း
(၅)ရာသီပေါ်တုပ်ကွေးဖြစ်ခြင်း
(၆)အထက်ပါအချက်များအားလုံးမှန်သည်။
အဖြေလေးတွေကိုကောမန့်မှာရေးခဲ့ပေးပါဦးနော်။အဖြေမှန်လေးကိုနောက်ရက်ကျတင်ပေးထားမယ်နော်။🥰💙

#𝐡𝐚𝐫𝐞𝐬𝐨𝐥 #ဓာတ်ဆား #𝐨𝐫𝐬

30/05/2026

နွေရာသီကြီးပြီးဆုံးပြီးမိုးရာသီရောက်ရှိတော့မည်။ရာသီဥတု အပြောင်းအလဲမှာ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံးကတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါပါပဲ။🚨

အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရေဓာတ်ခမ်းခြောက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။💥

ဒီကာလမှာမိမိနှင့်မိမိမိသားစု ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုအပ်သလို အရေးပေါ်အခြေအနေအတွက် 𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆားကိုလည်း အိမ်မှာ အဆင်သင့် ဆောင်ထားဖို့ မမေ့ပါနဲ့။🤗

𝐇𝐚𝐫𝐞𝐬𝐨𝐥 က 𝐖𝐇𝐎ဖော်မြူလာအသစ်နှင့်ထုတ်လုပ်ထားသည့်အတွက်ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို အမြန်ဆုံး အစားထိုးပေးပြီး အားအင်ပြန်လည် ပြည့်ဝစေမှာပါ။✨
ကျန်းမာရေး အသိရှိရှိနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်လိုက်ပါ။ 🧚🧑‍🧑‍🧒‍🧒

#𝐡𝐚𝐫𝐞𝐬𝐨𝐥 #𝐝𝐢𝐚𝐫𝐫𝐡𝐨𝐞𝐚 #ဓာတ်ဆား #𝐎𝐑𝐒

28/05/2026

တစ်နေကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်နေရသူများအတွက် ချွေးထွက်လွန်ပြီးအားအင်ကုန်ခမ်းခြင်းဟာ အလုပ်ခွင်မှာအဓိက အဟန့်အတားတစ်ခု ဖြစ်တတ်ပါတယ်။😰💦
ရေဘယ်လောက်သောက်သောက် အာခေါင်ခြောက်တာ မပြေတာ၊ အလုပ်လုပ်နေရင်း မူးဝေတာ ဒါမှမဟုတ် ကြွက်တက်တာမျိုးတွေ ခံစားနေရပြီဆိုရင် ဒါဟာ သင့်ခန္ဓာကိုယ်က ဓာတ်ဆားဓာတ် အရေးပေါ် လိုအပ်နေပြီဆိုတဲ့ အချက်ပြချက်ပါပဲ။⚠️🚨
အလုပ်ကို အားမာန်အပြည့်နဲ့ ဆက်လုပ်နိုင်ဖို့ဆိုရင် ရေချည်းပဲသောက်နေလို့ မလုံလောက်ပါဘူး။❌💧 ကုန်ဆုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို 𝐇𝐚𝐫𝐞𝐬𝐨𝐥 နဲ့ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။

𝐇𝐚𝐫𝐞𝐬𝐨𝐥က𝐖𝐇𝐎ဖော်မြူလာအသစ်ဖြင့်ထုတ်လုပ်ထားလို့သင့်ကို👇

✨အမောအပန်းချက်ချင်းပြေစေတယ်

✨ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုအမြန်ဆုံးဖြည့်ပေးနိုင်တယ်

✨အလုပ်ခွင်မှာသွက်လက်စေပြီး

✨နေပူဒဏ်ကိုကြံ့ကြံ့ခံစေလို့ကာယလုပ်သားတိုင်းအတွက်အားကိုးရာဖြစ်နေမှာပါ။

အလုပ်က ပင်ပန်းပေမဲ့ သင့်ရဲ့ အားမာန်တွေကတော့ ဘယ်တော့မှ မလျော့ပါစေနဲ့။ အိတ်ထဲမှာ 𝐇𝐚𝐫𝐞𝐬𝐨𝐥 တစ်ထုပ် အမြဲဆောင်ထားပြီး အမောဖြေလိုက်ပါ။💪☀️

#𝐡𝐚𝐫𝐞𝐬𝐨𝐥 #ကာယလုပ်သား #ဓာတ်ဆား #𝐎𝐑𝐒

27/05/2026

ခန္ဓာကိုယ်ရဲ့တိတ်တဆိတ်အော်ဟစ်သံ-ဓာတ်ဆားဓာတ်လိုအပ်နေပြီလား။🙀

နွေရာသီအပူရှိန်ကြောင့်ဖြစ်ဖြစ်၊အလုပ်တွေပင်ပန်းလို့ဖြစ်ဖြစ်သင့်ခန္ဓာကိုယ်ကအောက်ပါအတိုင်း“အော်ဟစ်” အကူအညီတောင်းနေပြီဆိုရင်မပေါ့ဆလိုက်ပါနဲ့။‼️

🚨အမြဲတမ်းပင်ပန်းနွမ်းနယ်နေခြင်း
🚨အကြောင်းအရင်းမရှိကြွက်တက်ခြင်း
🚨ခြေချောင်းလက်ချောင်းများထုံကျင်တုန်ယင်ခြင်း
🚨ရုတ်တရက်မူးဝေခြင်း
🚨ဂယောင်ဂတမ်းနှင့်စိတ်ဂနာမငြိမ်ဖြစ်ခြင်း
🚨ရင်တုန်ခြင်း
🚨ပျို့အန်ခြင်း
🚨အိပ်မပျော်ခြင်း

ဒီလိုလက္ခဏာတွေဟာခန္ဓာကိုယ်မှာဓာတ်ဆားဓာတ်လိုကိုလိုအပ်နေပြီလို့အချက်ပြနေတာဖြစ်ပါတယ်။💥

ခန္ဓာကိုယ်မှလိုအပ်နေသောဓာတ်ဆားဓာတ်ကို𝐖𝐇𝐎ဖော်မြူလာအသစ်ဖြင့်ထုတ်လုပ်ထားပြီးအထိရောက်ဆုံးရလဒ်ကိုအမြန်ဆုံးပေးစွမ်းနိုင်မယ့်𝐇𝐚𝐫𝐞𝐬𝐨𝐥နှင့်ပြန်လည်ဖြည့်တင်းလိုက်ပါ။🏅❤️

#𝐡𝐚𝐫𝐞𝐬𝐨𝐥 #𝐞𝐥𝐞𝐜𝐭𝐫𝐨𝐥𝐲𝐭𝐞 #ဓာတ်ဆား #𝐎𝐑𝐒

25/05/2026

လူတိုင်းသိထားသင့်တဲ့ခန္ဓာကိုယ်ရဲ့သက်စောင့်ဓာတ်-ပိုတက်ဆီယမ်အကြောင်း

🌟ကျွန်တော်တို့နှလုံးခုန်သံတွေမှန်ကန်နေတာ၊ ကြွက်သားတွေအားရှိနေတာနဲ့ ရေနှင့်ဆားဓာတ်ညီမျှနေတာတွေကပိုတက်ဆီယမ်ရဲ့စောင့်ကြည့်ပေးနေမှုတွေကြောင့်ဆိုတာသိပါသလား။🤗

🌟ပိုတက်ဆီယမ်ကကြွက်သားအားနည်းခြင်းကိုကာကွယ်ပေးရုံသာမကနှလုံးလှုပ်ရှားမှုကိုဟန်ချက်ညီစေလို့နှလုံးကျန်းမာရေးနှင့်သွေးဖိအားအတက်အကျကိုပါထိန်းညှိပေးပါတယ်။🫀

🌟ကျွန်တော်တို့ခန္ဓာကိုယ်ဟာနေ့တိုင်းပိုတက်ဆီယမ်ကိုဆီး၊ဝမ်းနဲ့ချွေးတွေကတစ်ဆင့်ဆုံးရှုံးကြပါတယ်။အန်ခြင်း၊ဝမ်းလျှောခြင်းနှင့်ချွေးထွက်လွန်ခြင်းစသောရေဓာတ်လွန်ကဲစွာဆုံးရှုံးမှုများကပိုတက်ဆီယမ်ဆုံးရှုံးမှုကိုပိုမိုမြင့်တက်စေပါတယ်။💥
🌟ခန္ဓာကိုယ်မှာပိုတက်ဆီယမ်ဓာတ်အလွန်နည်းနေပြီဆိုရင်ရင်တုန်ခြင်း၊ကြွက်တက်ခြင်း၊အားနည်းခြင်းတွေကိုခံစားရပြီးပြင်းထန်ပါကအသက်ရှူကြပ်ခြင်း၊ရုတ်တရက်မူးလဲခြင်းနှင့်ရုတ်တရက်နှလုံးရပ်ကာအသက်ဆုံးရှုံးသည်အထိဖြစ်ပွါးနိုင်ပါတယ်။🚨🙀

🌟ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကြောင့်ပိုတက်ဆီယမ်မလုံလောက်မှုကိုကာကွယ်ဖို့𝐖𝐇𝐎ဖော်မြူလာအသစ်ဖြင့်ထုတ်လုပ်ထားပြီးခန္ဓာကိုယ်အတွက်လိုအပ်သောဓာတ်ဆားဓာတ်ကိုအမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်တဲ့𝐇𝐚𝐫𝐞𝐬𝐨𝐥ဓာတ်ဆားကိုယုံကြည်စိတ်ချစွာမှီဝဲလိုက်ပါ။🥇❤️

#𝐇𝐚𝐫𝐞𝐬𝐨𝐥 #𝐩𝐨𝐭𝐚𝐬𝐬𝐢𝐮𝐦 #ဓာတ်ဆား #𝐎𝐑𝐒

23/05/2026

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ဆောင်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်က ချွေးနဲ့အတူ ရေဓာတ်တင်မကဘဲ ဆိုဒီယမ်၊ ပိုတက်စီယမ် စတဲ့ သတ္တုဓာတ် တွေပါ ဆုံးရှုံးသွားတတ်ပါတယ်။💦🏃‍♀️ ဒီဓာတ်တွေ လျော့နည်းသွားတဲ့အခါမှာ 𝐆𝐲𝐦 အပြန်မှာ ပိုပြီး ပင်ပန်းတာ၊ ကြွက်သားနာကျင်တာနဲ့ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။🤕

𝐖𝐇𝐎ဖော်မြူလာအသစ်နှင့်ထုတ်လုပ်ထားသော𝐇𝐚𝐫𝐞𝐬𝐨𝐥ဓာတ်ဆားမှာဆိုရင်ခန္ဓာကိုယ်အတွက်လိုအပ်သောရေနှင့်သတ္တုဓာတ်လုံလောက်စွာပါဝင်ပြီးအမြန်ဆုံးအမောပြေလန်းဆန်းအားပြည့်စေမှာမို့ယုံကြည်စိတ်ချစွာသောက်သုံးလိုက်ပါ။🥰🔋

#𝐡𝐚𝐫𝐞𝐬𝐨𝐥 #ဓာတ်ဆား #𝐎𝐑𝐒

21/05/2026

ခရီးတစ်ခုသွားပြီဆိုရင် ပျော်ဖို့ကောင်းသလောက် တစ်ဖက်မှာလည်း ရေမြေမတူလို့ ဗိုက်မကောင်းတာ၊ အစားမှားတာနဲ့ နေပူထဲသွားလာရလို့ အမောဖောက်တာမျိုးတွေ ကြုံရတတ်ပါတယ်။☀️🥵အဲ့ဒီအခါမျိုးမှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ သတ္တုဓာတ်တွေကို အမြန်ဆုံးပြန်ဖြည့်ပေးဖို့ ဓာတ်ဆား က အကောင်းဆုံး အကူအညီဖြစ်ပါတယ်။💧✨

ကျွန်တော်တို့𝐇𝐚𝐫𝐞𝐬𝐨𝐥ဓာတ်ဆားဟာဆိုရင်𝐖𝐇𝐎ဖော်မြူလာအသစ်နှင့်ထုတ်လုပ်ထားပီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေနှင့်ဓာတ်ဆားကိုအမြန်ဆုံးဖြည့်ပေးနိုင်တာမို့ဝမ်းလျှောတာ၊အပူကြောင့်ပင်ပန်းနွမ်းနယ်တာ၊မူးဝေတာတွေကိုအမြန်ဆုံးသက်သာစေမှာပါ။🏃‍♀️💪

ကျန်းမာမှခရီးသွားရတာပျော်ဖို့ကောင်းတာမို့ခရီးသွားတိုင်း𝐇𝐚𝐫𝐞𝐬𝐨𝐥ယူသွားဖို့မမေ့နဲ့နော်။🧳💙

#𝐇𝐚𝐫𝐞𝐬𝐨𝐥 #ဓာတ်ဆား #𝐎𝐑𝐒

11/05/2026

ကလေးဓာတ်ဆားနဲ့ လူကြီး ဓာတ်ဆား တူပါသလား 🤔❓

𝐇𝐚𝐫𝐞𝐬𝐨𝐥 ရဲ့ ပရိတ်သတ်ကြီးရေ . . . ✨

ဓာတ်ဆားရည်နဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုလောက် ဖြေကြည့်ရအောင်နော်။ 👇

“ကလေးဓာတ်ဆားနဲ့ လူကြီးဓာတ်ဆား တူပါသလား”

တူတယ်လို့ ထင်လား၊ မတူဘူးလို့ ထင်လား ကောမန့်မှာ မန့်ပေးခဲ့ပါဦးနော်။ 💬 အဖြေမှန်လေးကိုတော့ နောက်ရက်ကျရင် အသေးစိတ် ရှင်းပြပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးရှင်။ 🧐✨

𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆားက 𝐖𝐇𝐎 ရဲ့ နောက်ဆုံးဖော်မြူလာအတိုင်း ထုတ်လုပ်ထားတာဖြစ်လို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ထိထိရောက်ရောက် ပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ 💙💎
𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆား တစ်ထုပ်ကို ရေကျက်အေး ၂၀၀ မီလီလီတာနဲ့ စနစ်တကျ ရောစပ်ပြီး ချွေးထွက်တာ၊ နုံးချိတာတွေအတွက် လုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝလာမှာပဲ ဖြစ်ပါတယ်။ 💧🔹

“ ရေနဲ့ ဓာတ်ဆား ကုန်ရင်ကွယ် 𝐇𝐚𝐫𝐞𝐬𝐨𝐥 နဲ့ အားဖြည့်မယ် “

#ဓာတ်ဆား

08/05/2026

နွေရာသီဆို သတိထားရမယ့် ကျန်းမာရေးပြဿနာတစ်ခုက ဝမ်းလျှောခြင်းပါ။ ရာသီဥတုတူတဲ့အတွက် အသီးအနှံလေးတွေကို ပိုစားဖြစ်တာကြောင့် အမှည့်လွန်အသီးအနှံတွေက ဖြစ်တတ်တဲ့ ဝမ်းလျှောခြင်းအန္တရာယ်ကို သိထားသင့်ပါတယ်။ ☀️🥭

အမှည့်လွန်တဲ့အသီးအနှံတွေက ဘာကြောင့် ဝမ်းလျှောခြင်းကို ဖြစ်စေတာလဲဆိုတော့

🔹 မှည့်သွားတဲ့အခါ 𝐟𝐫𝐮𝐜𝐭𝐨𝐬𝐞 သကြားပါဝင်မှု ပိုများတာကြောင့် အူလမ်းကြောင်းထဲမှာ ရေများလာပြီး ဝမ်းလျှောသလိုမျိုး ဖြစ်တတ်ပါတယ်။

🔹 အမှည့်လွန်ထားတဲ့ အသီးတွေက ယင်နားလွယ်သလို ဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်လွယ်တာကြောင့် ဝမ်းလျှောနိုင်ပါတယ်။ 🦟

🔹 အသီးအနှံတွေက အမှည့်လွန်လာတဲ့အခါ စပြီး အချဉ်ပေါက်လာပြီး ထွက်လာတဲ့ ဓာတုပစ္စည်းတွေက အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းလျှောစေပါတယ်။

🔹 ဆေးတို့ပြီး မှည့်အောင်လုပ်ထားတဲ့ အသီးအနှံတွေကလည်း ဓာတုဆေးတွေကြောင့် ဝမ်းလျှောစေပါတယ်။ ⚠️

ဒါတွေကတော့ အမှည့်လွန်အသီးတွေစားတဲ့အခါ ဘာလို့ ဝမ်းလျှောစေတာလဲဆိုတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ✨

အမှည့်လွန်အသီးတွေစားပြီး ဝမ်းလျှောတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုများတာကြောင့် အချိန်မီမကုသရင် အသက်အန္တရာယ်ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို ပြန်လည်ဖြည့်ပေးနိုင်ဖို့ 𝐇𝐚𝐫𝐞𝐬𝐨𝐥 ကို လုံလောက်အောင် သောက်ပေးဖို့ လိုပါတယ်။ 💙💧🔹

𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆားက 𝐖𝐇𝐎 ရဲ့ နောက်ဆုံးဖော်မြူလာအတိုင်း ထုတ်လုပ်ထားတာဖြစ်လို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ထိထိရောက်ရောက် ပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ 💙✨
𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆား တစ်ထုပ်ကို ရေကျက်အေး ၂၀၀ မီလီလီတာနဲ့ ရောစပ်ပြီး ဝမ်းလျှောတာနဲ့ ကာမိအောင် လုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝလာမှာပဲ ဖြစ်ပါတယ်။ 💧🔹

“ ရေနဲ့ ဓာတ်ဆား ကုန်ရင်ကွယ် 𝐇𝐚𝐫𝐞𝐬𝐨𝐥 နဲ့ အားဖြည့်မယ် “ 💎

#ဓာတ်ဆား

05/05/2026

နွေရာသီမှာ ပူပြင်းပြီး နုံးချိလွန်းတာကြောင့် အေးတာလေးများ သောက်လိုက်ရရင် လန်းဆန်းသွားမှာပဲလို့ တွေးနေပြီလား . . . 🧊

ဒီလိုအတွေးရဲ့ နောက်ကွယ်မှာ တော်တော်များများ သောက်ဖြစ်နေတာကတော့ စွမ်းအားဖြည့်အချိုရည်လို့ ခေါ်တဲ့ 𝐞𝐧𝐞𝐫𝐠𝐲 𝐝𝐫𝐢𝐧𝐤𝐬 တွေပဲ ဖြစ်ပါတယ်။ 🥤
တကယ်တော့ နွေရာသီလိုမျိုး ချွေးထွက်များပြီး ပူပြင်းတဲ့ ရာသီဥတုမှာ ကျန်းမာရေးအရ သောက်သင့်တာကတော့ ဓာတ်ဆားရည်ပဲ ဖြစ်ပါတယ်။ 💦

ဓာတ်ဆားရည်ကို ဘာကြောင့်သောက်သင့်တာလဲ၊ 𝐞𝐧𝐞𝐫𝐠𝐲 𝐝𝐫𝐢𝐧𝐤𝐬တွေထက် ဘာတွေပိုကောင်းလဲဆိုတာကို အောက်ကပုံလေးမှာ ကြည့်ပေးပါဦးနော်။ ✨
𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆားက 𝐖𝐇𝐎ရဲ့ နောက်ဆုံးဖော်မြူလာအတိုင်း ထုတ်လုပ်ထားတာဖြစ်လို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ထိထိရောက်ရောက် ပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ 💙

𝐇𝐚𝐫𝐞𝐬𝐨𝐥 ဓာတ်ဆား တစ်ထုပ်ကို ရေကျက်အေး၂၀၀ မီလီလီတာနဲ့ ရောစပ်ပြီး ချွေးထွက်တာနဲ့ ကာမိအောင် လုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝလာမှာပဲ ဖြစ်ပါတယ်။ 🔹

“ ရေနဲ့ ဓာတ်ဆား ကုန်ရင်ကွယ် 𝐇𝐚𝐫𝐞𝐬𝐨𝐥 နဲ့ အားဖြည့်မယ် “ 💎

#ဓာတ်ဆား

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Room 1206, Crystal Tower, Kamaryut Township
Yangon