Thae Susan

Thae Susan

Share

10/07/2024

အားလုံးပဲ မင်္ဂလာပါရှင်...

ကျွန်မ ဒီနေ့မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့.... လူတွေတော်တော်များများ မေ့မေ့သွားတတ်တဲ့ ကိုယ့်ရဲ့အတွင်းထဲ အဆုံးအစမရှိ ကြီးမားတဲ့ Powerful ဖြစ်တဲ့ စိတ်စွမ်းအင်အကြောင်းလေးကို အနည်းငယ် မျှဝေပေးချငိပါတယ်။

🔮 ကျွန်မတို့လူတွေဟာ ဘဝမှာ ကိုယ့်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ ဆန္ဒတွေ အိမ်မက်တွေနောက်ကိုလိုက်ပီး အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့ အခါမှာ... ကိုယ်သွားချင်တဲ့ အိမ်မက်တွေဆီကို မရောက်ခင်မှာ လက်လွှတ်အရှုံးပေးလိုက်ကြတာ ခဏခဏ ဖြစ်ဖူးကြမှာပါ။

🍂 ဘယ်လို အချိန်တွေမှာ အိမ်မက်တွေကို လက်လျော့လိုက်ကြလဲလို့ ပြန်‌ဆန်းစစ်ကြည့်ရင် ...

"ဒီ အိမ်မက်ကြီးက သိပ်ကြီးပါတယ်.. ငါမှန်းတာသိပ်မြင့်နေပီ။ ငါမဖြစ်နိုင်ပါဘူး။ ဒီလောက်ခက်ခဲတဲ့ အရာတွေရှိနေတော့ ငါမလုပ်နိုင်လောက်ပါဘူး "

ဆိုပီး လက်လျော့အရှုံးပေးတတ်ကြတယ်။

တကယ်တော့ ကျွန်မတို့ လူသားတွေမှာ ကျွန်မတို့ကိုယ်တိုင်တောင် မသိတဲ့ကြီးမားတဲ့ စွမ်းအင်တွေ ရှိပီးသားပါ။

တစ်ခါတစ်လေ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ အခြေအနေတစ်ခုမှာ ဖိအားတွေသိပ်များပီး အရှုံးပေးဖို့ စိတ်ကူးနေမိပီဆိုရင်...

ဒီစာကြောင်းလေးကို သတိရစေချင်ပါတယ်။ အဲ့ဒါက သင်ဟာ သင့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲပေးနိုင်တော့မဲ့ ‌အောင်မြင်မှုတွေရဲ့ လက်တစ်ကမ်းပဲလိုတော့တယ်ဆိုတာပါပဲ။

Photos from Thae Susan's post 06/07/2024

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Susan ပါရှင့်။ ကျွန်မရဲ့ ဒီ Page လေးက စိတ်ခွန်အား ဖြစ်စေမဲ့ ဗဟုသုတလေးတွေနဲ့ စိတ်ကိုအပန်းပြေစေမဲ့ စာလေးတွေကို sharing လုပ်သွားပေးမှာမို့ Page လေးကို Like and Follow လုပ်ထားပေးပါဦးနော်🍀🍀🍀။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon