Creative Space

Creative Space

Share

30/06/2026

🛑 Business လုပ်နေတာလား၊ ထီထိုးနေတာလား?

လုပ်ငန်းရှင် တော်တော်များများ Marketing လုပ်ပြီဆိုရင် Media Buying (Boosting) တစ်ခုတည်းနဲ့တင် ရောင်းရမယ် ထင်နေကြပါတယ်။
ဒါဟာ Strategy လည်းမရှိ၊ Branding လည်းမပါဘဲ "ဒါလေး Boost လိုက်ရင်တော့ ရောင်းရလောက်ပါရဲ့" ဆိုပြီး ကံစမ်းမဲနှိုက်သလို ငွေသွန်နေကြတာပါ။

Marketing ဆိုတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုစနစ် (System) မပါရင်တော့ သင့်ပိုက်ဆံတွေဟာ လောင်းကစားလုပ်သလို ကုန်သွားရုံပဲ ရှိပါလိမ့်မယ်။

💡 Marketing ဆိုတာ "ရေတို သောက်ဆေး" မဟုတ်ဘဲ "ရေရှည် အာဟာရ" ပါ
ဒီနေ့ အားဆေးတစ်လုံးသောက်ပြီး မနက်ဖြန် ခန္ဓာကိုယ်ကြီး ချက်ချင်း သန်မာလာဖို့ မျှော်လင့်လို့ မရပါဘူး။ အချိန်ပေးပြီး မှန်မှန်မှီဝဲရတဲ့ Long-term System ဖြစ်ပါတယ်။

အားကစားစလုပ်တာ၊ အာဟာရမှီဝဲတာ ၁ လ၊ ၂ လအတွင်းမှာ 6-Pack ကြီး ထမထွက်သေးဘူးဆိုပြီး ရပ်ပစ်မလား? Marketing ကိုလည်း ၁ လတည်း လုပ်ပြီး ရလဒ်မပြောင်းလဲဘူးဆိုကာ ရပ်လိုက်တာဟာ လုပ်ငန်းကို အာဟာရပြတ်အောင် ပြန်လုပ်လိုက်တာနဲ့ အတူတူပါပဲ။

Brand ကြီးတွေတောင် မရပ်ရဲတဲ့ Marketing

ကမ္ဘာသိ Airbnb တို့၊ Asus တို့လို လုပ်ငန်းကြီးတွေဟာ လူတိုင်းသိနေတာတောင် သူတို့ရဲ့ ဈေးကွက်ဝေစုကို အာဟာရပြတ်မသွားစေဖို့အတွက် Marketing Budget တွေကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးပြီး စဉ်ဆက်မပြတ် သုံးစွဲနေကြတာပါ။

Creative Space နဲ့ လက်တွဲရင် ဘာတွေ ကွာခြားသွားမလဲ?
ကျွန်တော်တို့က Content + Design + Media Buying ကို စုန်းစုန်းမြုပ်မယ့် ကံစမ်းမဲပုံစံမျိုး လုံးဝ မလုပ်ပေးပါဘူး။

Branding Strategy အရင်ချတယ်: Customer က သင့်လုပ်ငန်းကို မြင်တာနဲ့တင် ယုံကြည်စိတ်ချပြီး ငွေထုတ်ပေးရဲအောင် အရင်ဆုံး စနစ်တကျ ပြင်ဆင်ပါတယ်။ Page အသစ်ကြီးမှာ Post တစ်ခုတည်း တင်ပြီး ရောင်းခိုင်းတဲ့ ကံစမ်းမဲ ပုံစံမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။

ရေရှည် Partner အဖြစ် သွားတယ်: ၁ လတည်းနဲ့ ထီပေါက်သလို ရလဒ်ချက်ချင်းလိုချင်လို့ စိတ်လောမယ့်သူတွေထက်၊ မိမိလုပ်ငန်းကို စနစ်တကျနဲ့ ရေရှည်တန်ဖိုးတက်လာအောင် လုပ်ချင်တဲ့ မျှော်မှန်းချက်ရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ပဲ လက်တွဲပါတယ်။

🎯 ကံစမ်းမဲနှိုက်သလို စွန့်စားရမယ့် Boosting ပဲ ဆက်လုပ်မလား?

သင့်လုပ်ငန်းကို သေချာရေရာတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် System တကျ တည်ဆောက်မလား?

လုပ်ငန်းရဲ့ Strategy ကို စနစ်တကျ စတင်ဖို့ Creative Space Chat Box မှာ အခုပဲ Message ပို့ပြီး တိုင်ပင်လိုက်ပါ။

17/06/2026

"အရောင်းပါးလို့ မားကက်တင်း ရပ်လိုက်တာဟာ... အချိန်ကုန်သက်သာအောင် နာရီကို ခဏရပ်ထားလိုက်သလိုပါပဲ"

​နာရီကို ရပ်ထားလိုက်ပေမဲ့ အချိန်က ရှေ့ကို ဆက်သွားနေသွားနေမှာပါ...သင် မားကက်တင်း ရပ်ထားတဲ့ အချိန်မှာလည်း စျေးကွက်ထဲက ပြိုင်ဖက်တွေက အရှိန်အဟုန်နဲ့ ရှေ့ကို ကျော်တက်သွားကြမှာပါ။

​မားကက်တင်းဆိုတာ ပိုက်ဆံကို ရေထဲဖျန်းပစ်လိုက်တာ မဟုတ်ပါဘူး။ စနစ်တကျ တွက်ချက်ပြီး ရေရှည်အတွက် ပြုစုပျိုးထောင်ရတဲ့ "မျိုးစေ့" တစ်ခု ဖြစ်ပါတယ်။

​ဒါပေမဲ့ လုပ်ငန်းတော်တော်များများက မားကက်တင်းကို "အသုံးစရိတ် (Expense)" လို့ပဲ မြင်နေကြတုန်းပဲ။ အဲ့ဒီလို မြင်နေသရွေ့တော့ ဘတ်ဂျက်တစ်ခု သုံးရမှာကို နှမြောနေမိမှာပဲ ဖြစ်ပါတယ်။

​တကယ်တော့ Marketing ဆိုတာ —

​Brand Authority & Trust: ကိုယ့်အမှတ်တံဆိပ်ကို လူတွေ ယုံကြည်လာအောင် တည်ဆောက်တာ။

​Sales Funnel Strategy: Customer တွေ စိတ်ဝင်စားရာကနေ ဝယ်ယူလာတဲ့အထိ လမ်းကြောင်းကို စနစ်တကျ ခင်းကျင်းတာ။

​ဒါတွေဟာ ဒီနေ့ စိုက်ထုတ်လိုက်တဲ့ ငွေပမာဏထက် နောင်တစ်ချိန်မှာ ရောင်းအားပမာဏ အဆမတန်ကြီးမားစွာနဲ့ လုပ်ငန်းထဲကို ပြန်လည်စီးဆင်းလာစေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံမှု (ROI) တွေ ဖြစ်ပါတယ်။

​လုပ်ငန်းတစ်ခုကို တကယ်ပြောင်းလဲချင်ပြီး အရှိန်အဟုန်နဲ့ တိုးတက်ချင်တယ်ဆိုရင်... အရင်ဆုံး "Marketing Mindset" ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။

​မားကက်တင်းအတွက် သုံးလိုက်ရတဲ့ ငွေကြေးကို "ကုန်သွားတဲ့ ပိုက်ဆံ" လို့ တွေးပြီး နှမြောနေမယ့်အစား၊ ကိုယ့်လုပ်ငန်းရဲ့ Value ကို သိန်းရာချီ၊ သန်းရာချီ တက်လာစေမယ့် "အနာဂတ် အမြတ်ဝေစု" အဖြစ် ပြောင်းလဲ မြင်ကြည့်လိုက်ပါ။

​ဘာဖြစ်လို့လဲဆိုတော့...

​"မားကက်တင်းဆိုတာ ကုန်ကျစရိတ် မဟုတ်ဘူး၊ လုပ်ငန်းရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု" ဖြစ်လို့ပါပဲ။

​

Photos from Creative Space 's post 08/06/2026

Creative Space အနေနဲ့ KMS Gaming Shop ကို

Gamer များ အားကိုးရမည့် Professional Brand တစ်ခုဖြစ်လာစေဖို့ အနီးကပ် ဝန်ဆောင်မှုပေးပြီး ဒီလို ပံ့ပိုးပေးထားပါတယ်

​Visual Identity: ဂိမ်းလောကနဲ့ ထပ်တူကျမယ့် စွဲမက်ဖွယ် ပုံရိပ်သစ်များကို ဖန်တီးပေးခြင်း။

​Consistency: အမှတ်တံဆိပ်တစ်ခုလုံး တစ်သမတ်တည်းဖြစ်စေဖို့ အရောင်၊ ဒီဇိုင်းနှင့် ပုံစံများကို စနစ်တကျ စီမံပေးခြင်း။

​Marketing Strategy: ဝန်ဆောင်မှုများကို Gamer များထံသို့ အမြန်ဆုံးနှင့် အထိရောက်ဆုံး ရောက်ရှိစေမည့် နည်းလမ်းများဖြင့် အတူတူ လုပ်ဆောင်ပေးခြင်း။

​Creative Space သည် သင်၏ လုပ်ငန်းခရီးလမ်းတွင် အမြဲတစေ အားဖြည့်ပေးမည့် Business Growth Partner တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါသည်။

​KMS Gaming Shop ၏ အောင်မြင်မှုများတွင် အတူတူ ပါဝင်ခွင့်ရသည့်အတွက် အလွန်ပဲ ဝမ်းမြောက်မိပါသည်။

​Elevating Brands with Creative Space Digital Marketing.

​

28/05/2026

လုပ်ငန်းတစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ လျှို့ဝှက်သော့ချက်

​လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင်... အရင်းအနှီး ဘယ်လောက်လိုမလဲ၊ စျေးကွက်က ဘယ်လိုလဲ၊ စီးပွားရေး Idea ကော ကောင်းရဲ့လားဆိုပြီး စဉ်းစားစရာတွေ တောင်လိုပုံနေတတ်ပါတယ်။

​ဒါပေမဲ့ အဲဒီအရာအားလုံးထက် ပိုအရေးကြီးပြီး လုပ်ငန်းတစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ လျှို့ဝှက်သော့ချက်တစ်ခု ရှိပါတယ်။

အဲဒါကတော့ "ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု " ပါပဲ။

​အစီအစဉ်တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ... ကိုယ့်ကိုယ်ကိုယ် မယုံကြည်ရင် ပထမဆုံးခြေလှမ်းကို ဘယ်တော့မှ လှမ်းရဲမှာ မဟုတ်ပါဘူး။

လုပ်ငန်းခရီးလမ်းမှာ အခက်အခဲတွေ၊ အမှားတွေ ကြုံလာရတဲ့အခါမှာလည်း ဒီယုံကြည်မှုရှိမှသာ လဲကျရာကနေ မြန်မြန်ပြန်ထပြီး ရှေ့ဆက်နိုင်မှာပါ။

ကိုယ်တိုင်ကမှ မယုံကြည်ရင် ဘယ် Customer ကမှလည်း ကိုယ့်ကို ယုံကြည်မှာ မဟုတ်ပါဘူး။

​ဒါကြောင့် လုပ်ငန်းသစ်တစ်ခုကို ရဲရဲဝံ့ဝံ့ စတင်နိုင်ဖို့... ပြင်ဆင်မှုတွေအပြင် "ငါ လုပ်နိုင်တယ်" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အရင်ဆုံး တည်ဆောက်လိုက်ပါ။

​သင့်ရဲ့ ယုံကြည်မှုကို လက်တွေ့ရလဒ်အဖြစ် ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြီလား။

​"ငါ လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့အတူ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့... သင့်ရဲ့ စိတ်ကူးအကြံဉာဏ်တွေကို တကယ့်လက်တွေ့ရလဒ်တွေအဖြစ် ပြောင်းလဲပေးဖို့ Creative Space က ရှိနေပါတယ်။

​လုပ်ငန်းတစ်ခု ရေရှည်ခိုင်မာဖို့ဆိုတာ စိတ်အားထက်သန်မှုအပြင် စနစ်ကျတဲ့ စျေးကွက်ဗျူဟာတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကန့်သတ်ထားတဲ့ အရင်းအမြစ်တွေကို အကျိုးရှိဆုံး အသုံးချနိုင်မယ့် "Cost-Effective Strategy" တွေနဲ့ Creative Space က သင့်လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် အတူတူ လက်တွဲပေးသွားမှာပါ။

​စျေးကွက်ထဲမှာ အမှားအယွင်းမရှိ၊ တိကျသေချာတဲ့ ခြေလှမ်းတွေနဲ့ အောင်မြင်မှုဆီကို လှမ်းတက်နိုင်ဖို့ Creative Space နဲ့ ဒီနေ့ပဲ အတူတူ ဆက်သွယ်တိုင်ပင်လိုက်ပါ။

​

Photos from Creative Space 's post 22/05/2026

လုပ်ငန်းတစ်ခု ရေရှည်ရပ်တည် အောင်မြင်ဖို့အတွက် ခိုင်မာတဲ့ Brand Positioning က အဓိက သော့ချက်ဖြစ်ပါတယ်။

အခုဆိုရင် Creative Space ဟာ "Mentor Stella" မှ ခေတ်မီဆန်းသစ်ပြီး Professional ဆန်သော "Stella Mandarin Academy" အဖြစ်သို့ ပုံရိပ်သစ် ပြောင်းလဲခြင်း (Rebranding ခရီးစဉ်) ကို အစအဆုံး မဟာဗျူဟာမြောက် ပုံဖော်ပေးခွင့် ရရှိခဲ့ပါတယ်။

​ပညာရေးလုပ်ငန်းတစ်ခုတွင် မရှိမဖြစ်လိုအပ်သော ယုံကြည်စိတ်ချရမှု နှင့် ခေတ်ရှေ့ပြေးသော သင်ကြားမှုပုံစံကို ပေါင်းစပ်ပြီး Brand Value ပိုမိုမြင့်မားလာစေရန် အောက်ပါ အဓိက ကဏ္ဍကြီး (၃) ခုကို သေချာစွာ စီမံဖန်တီးခဲ့ပါတယ် -

​🔹 Brand Identity လုပ်ငန်း၏ ရည်မှန်းချက်နှင့် တန်ဖိုးကို ရောင်ပြန်ဟပ်စေပြီး ရေရှည်မှတ်မိလွယ်မည့် ခိုင်မာသော Identity အသစ်ကို Design ပိုင်းဆိုင်ရာ စနစ်တကျ တွက်ချက်ဖန်တီးခြင်း။

​🔹 Branding Guidelines ဘယ် Identity Platform မှာမဆို Brand ရဲ့ ပုံရိပ် တစ်သမတ်တည်း ရှိနေစေရန် Visual Assets၊ Color Palette နှင့် Typography စည်းမျဉ်းများကို Professional ဆန်စွာ သတ်မှတ်ပေးခြင်း။

​🔹 Digital Marketing Strategy Brand Image အသစ်ကို Target Audience ထံ ထိရောက်ပြတ်သားစွာ သတင်းစကားပါးနိုင်မည့် မားကက်တင်း မဟာဗျူဟာများနှင့် Creative Dynamic Visual များကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးခြင်း။

​Creative Space အနေဖြင့် Client များ၏ လုပ်ငန်းတန်ဖိုးကို မြှင့်တင်ပေးရုံသာမက၊ ဈေးကွက်အတွင်း ခေါင်းဆောင်နိုင်မည့် Brand တစ်ခုဖြစ်လာစေရန် Business Partner တစ်ယောက်ပမာ အမြဲတစေ ရပ်တည်ပေးလျက်ရှိပါသည်။

​အနာဂတ် ပညာရေးခြေလှမ်းသစ်များဖြင့် အောင်မြင်မှုဆီသို့ ဦးတည်လျှောက်လှမ်းနေသည့် Stella Mandarin Academy နှင့်အတူ လက်တွဲခွင့်ရရှိသည့်အတွက် များစွာ ဂုဏ်ယူမိပါသည်။

​Elevating Brands with Creative Space Digital Marketing.

​

18/05/2026

Marketing က ပြေးပွဲတစ်ခုဆိုရင် ဘဝဟာလည်း ပြေးပွဲတစ်ခုပါပဲ

လူတိုင်း၊ လုပ်ငန်းတိုင်း ကိုယ်စီပန်းတိုင်တွေဆီ အရှိန်အဟုန်နဲ့ ပြေးလွှားနေကြတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ...

တစ်ခါတလေ ဘေးကလူတွေကို ကြည့်ပြီး ကိုယ်နောက်ကျကျန်ခဲ့ပြီလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ အမောစို့မှုတွေ ကြုံဖူးကြပါလိမ့်မယ်။

Digital Marketing ဆိုတဲ့ ပြေးပွဲကြီးထဲမှာလည်း ထို့အတူပါပဲ။

”သူများတွေက ဘတ်ဂျက်အများကြီးသုံးပြီး အရှိန်အဟုန်နဲ့ ရှေ့ကပြေးနေကြပြီ၊ ငါ့လုပ်ငန်းကတော့ ဘတ်ဂျက်အကန့်အသတ်ရှိလို့ ပန်းတိုင်မရောက်ခင် လဲပြိုသွားမလား” ဆိုပြီး တွေးပူနေမိတတ်ပါတယ်။

ဒါပေမဲ့ စစ်မှန်တဲ့ပြေးပွဲမှာ ပိုအရေးကြီးတာက ဘေးကလူတွေရဲ့ အရှိန်မဟုတ်ဘဲ “ကိုယ့်ရဲ့ အသက်ရှူနှုန်းကို မှန်မှန်ထိန်းပြီး ပန်းတိုင်ဆီ တစိုက်မတ်မတ် သွားနိုင်မယ့် ကိုယ်ပိုင်Strategy”*သာ ဖြစ်ပါတယ်။

ဘတ်ဂျက်အများကြီး သုံးနိုင်မှ အောင်မြင်မှာမဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းရဲ့ အားသာချက်က ဘာလဲ၊ ကိုယ့်ရဲ့ Target ရဲ့ စိတ်ကူးက ဘာလဲဆိုတာကို တိတိကျကျ သိမြင်ပြီး အကွက်ချပြေးတတ်ဖို့ပဲ လိုတာပါ။

ဒီပြေးပွဲကြီးထဲမှာ အမောတကောနဲ့ ခြေလှမ်းမမှားစေဘဲ၊ ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံးချပြီး ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ Creative Space က သင့်လုပ်ငန်းအတွက် စနစ်ကျတဲ့ "Cost-Effective Strategy"တွေနဲ့ အတူတူ ရင်ဘောင်တန်း ပြေးပေးသွားမှာပါ။

အရှိန်အဟုန်ပြင်းပြင်း ပြေးနေသူတွေကြားထဲမှာ စနစ်ကျတဲ့ ခြေလှမ်းတွေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ Creative Space နဲ့ ဒီနေ့ပဲ ဆက်သွယ်တိုင်ပင်လိုက်ပါ။

Photos from Creative Space 's post 13/05/2026

Brand Logo ကနေစလို့ Branding & Marketing ပိုင်းအထိ အစအဆုံး ယုံကြည်စိတ်ချစွာ လက်တွဲဆောင်ရွက်ခဲ့တဲ့ Millionaire Real Estate... 🤝✨

​လုပ်ငန်းတစ်ခုရဲ့ သက်တမ်းတစ်လျှောက်မှာ အရေးအပါဆုံးဖြစ်တဲ့ Branding ပိုင်းဆိုင်ရာ -

​🔹 Brand Identity & Logo Design
🔹 Professional Branding Guidelines
🔹 Digital Marketing Strategy & Content Creation

​စတဲ့ အပိုင်းကဏ္ဍတစ်ခုချင်းစီတိုင်းကို Creative Space ကနေ အသေးစိတ် ပုံဖော်ပေးခဲ့ပါတယ်။

​အကောင်းဆုံးသော Service တွေနဲ့အတူ အောင်မြင်မှုလမ်းစဉ်ထက်မှာ အတူတကွ လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ရဲ့ Client အဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါတယ်။

​Elevating Brands with Creative Space Digital Marketing.

​

Photos from Creative Space 's post 10/05/2026

"Behind every strong heart is a mother who poured her soul into it. Cheers to the silent superhero who keeps every family together.
❤️Happy Mother’s Day! ✨"

​
#မေများနေ့

Photos from Creative Space 's post 06/05/2026

Cover Design က ဘာကြောင့် အရေးကြီးတာလဲ?

၁။ လုပ်ငန်းရဲ့ ပထမဆုံး မျက်နှာစာ
Page ထဲဝင်တာနဲ့ အရင်ဆုံးမြင်ရတာ Cover ဖြစ်ပါတယ်။ Design ကောင်းရင် ကြည့်လိုက်တာနဲ့ လုပ်ငန်းအပေါ် ယုံကြည်မှု တန်းရစေပါတယ်။

၂။ ဘာရောင်းလဲဆိုတာ ချက်ချင်းသိစေတယ်
စာတွေ အရှည်ကြီးဖတ်စရာမလိုဘဲ မိမိရဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ပုံတစ်ပုံတည်းနဲ့တင် ရှင်းပြပြီးသား ဖြစ်သွားစေပါတယ်။

၃။ ပိုပြီး Professional ဆန်စေတယ်
သေသပ်တဲ့ Design က တခြားသူတွေထက် ပိုထူးခြားစေပြီး "ဒီလုပ်ငန်းကတော့ စနစ်ကျတယ်" ဆိုတဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။

Creative Space က သင့်လုပ်ငန်းအတွက် ခေတ်မီပြီး Premium ဖြစ်တဲ့ Visual Identity တွေကို ဖန်တီးပေးနေပါတယ်။

"အဆင်ပြေရုံ" မဟုတ်ဘဲ "အကောင်းဆုံး" ဖြစ်ဖို့ ကျွန်တော်တို့ တာဝန်ယူပါရစေ။

23/04/2026

"ဒလောက်ဆို လုံလောက်ပြီ" လို့ သင် တကယ်ပဲ ထင်နေတာလား?

အပြိုင်အဆိုင်တွေ အရမ်းများလွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ "ငါ့ Brand ကတော့ ဒီလောက်ဆို အဆင်ပြေနေတာပဲ" ဆိုတဲ့ အတွေးဟာ လုပ်ငန်းတစ်ခုအတွက် အန္တရာယ်အရှိဆုံး အချက်ဖြစ်ပါတယ်။

သင်က "အဆင်ပြေနေတာပဲ" ဆိုပြီး အရှိန်လျှော့လိုက်တဲ့အချိန်မှာ သင့်ပြိုင်ဘက်တွေကတော့ လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့ Branding နဲ့ Marketing တွေကို အရှိန်မပျက် ဆက်သွားနေကြပါတယ်။

စျေးကွက်ထဲမှာ နေရာပျောက်မသွားဖို့ဆိုရင် ရပ်နေလို့ မရပါဘူး။ အမြဲတမ်း ရှေ့တစ်လှမ်း ကြိုလှမ်းနေဖို့ လိုအပ်ပါတယ်။

ဘာကြောင့် Marketing ကို အရှိန်မလျှော့သင့်တာလဲ?

၁။ လူတွေက မေ့လွယ်ကြလို့ပါ

သင် Marketing လုပ်တာ ရပ်လိုက်တာနဲ့ လူတွေရဲ့ စိတ်ထဲမှာ သင့် Brand နေရာကို တခြား Brand တစ်ခုက အစားထိုးသွားပါလိမ့်မယ်။ သင့်လုပ်ငန်းကို အမြဲမြင်နေမှသာ ဝယ်စရာရှိလာရင် သင့်ကို အရင်ဆုံး သတိရမှာပါ။

၂။ ပြိုင်ဘက်တွေက အနားမယူပါဘူး

ဒီနေ့ခေတ် Marketing က ပြေးပွဲတစ်ခုလိုပါပဲ။ သင် ခဏလေး ရပ်နားလိုက်တာနဲ့ နောက်ကလူတွေက သင့်ကို ကျော်တက်သွားဖို့ အသင့်စောင့်နေကြတာပါ။ အရှိန်တစ်ခု ရနေချိန်မှာ အရှိန်ကို ဆက်ထိန်းထားတာက ပြန်စရတာထက် ပိုလွယ်ပါတယ်။

၃။ Branding ဆိုတာ "ယုံကြည်မှု" တည်ဆောက်တာပါ

Marketing ဆိုတာ ပစ္စည်းရောင်းဖို့တင် မဟုတ်ပါဘူး။ "ငါတို့လုပ်ငန်းက အမြဲတမ်း ရှိနေတယ်၊ အမြဲတမ်း တိုးတက်နေတယ်" ဆိုတဲ့ Message ကို ဖောက်သည်တွေဆီ ပေးနေတာပါ။ ဒါမှသာ သူတို့က သင့်လုပ်ငန်းအပေါ် ရေရှည် ယုံကြည်မှု ရှိမှာ ဖြစ်ပါတယ်။

၄။ ဈေးကွက်က အမြဲပြောင်းလဲနေလို့ပါ

မနေ့က အောင်မြင်ခဲ့တဲ့ နည်းလမ်းက ဒီနေ့မှာ အလုပ်မဖြစ်တော့တာမျိုး ရှိနိုင်ပါတယ်။ Marketing ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေမှသာ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့အညီ သင့် Brand ကို အဆင့်မြှင့်တင်နိုင်မှာပါ။

သင့်လုပ်ငန်းရဲ့ Unique Value ကို လူတွေ ပိုသိလာအောင်၊ ပိုချစ်လာအောင် Branding နဲ့ Marketing ကို အမြဲတမ်း ဆန်းသစ်နေဖို့ လိုပါတယ်။

"ရပ်နေတဲ့ရေဟာ ပုပ်လွယ်သလို၊ ရပ်နေတဲ့ Brand ဟာလည်း နေရာပျောက်လွယ်ပါတယ်။"

သင့် Brand ကို ရှေ့တစ်လှမ်း ပိုရောက်အောင် Marketing Strategy တွေနဲ့ အရှိန်မြှင့်လိုက်ပါ။

​Creative Space က သင့်လုပ်ငန်းအတွက် ခေတ်မီပြီး Premium ဖြစ်တဲ့ Identity တွေကို ပုံဖော်ပေးနေပါတယ်။

"အဆင်ပြေရုံ" မဟုတ်ဘဲ "အကောင်းဆုံး" ဖြစ်နေစေဖို့ ကျွန်တော်တို့ တာဝန်ယူပါရစေ။

​

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon