The Eyes Creative Design Studio

The Eyes Creative Design Studio

Share

14/02/2024

⚡ Why The Eyes was rebrand

The Eyes ရဲ့ မူလရည်ရွယ်ချက်က Business တွေအတွက် Design Agency အနေနဲ့ သီးသန့်ရပ်တည်ဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ Design တွေကို quality ကောင်းကောင်းနဲ့ ထိုက်သင့်တဲ့ စျေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ကို အဓိကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် social media design community တွေကို အချိန်တစ်ခု ပေးပီးလေ့လာပြီးတဲ့နောက်မှတော့ The Eyes ရဲ့ mission statement မှာ အကြောင်းအရာတစ်ခု ထပ်တိုးဖြစ်လာပါတယ်။ The Eyes အနေနဲ့ လုပ်ငန်းတွေအတွက်တင်မကပဲ Designer ညီငယ် ညီမငယ်များ အတွက်ပါ အကျိုးရှိမယ့် အရာတွေကို ယူဆောင်လာပေးဖို့ပါပဲ။

ရှေ့လျောက် The Eyes မှာ Designer ညီငယ် ညီမငယ်များနဲ့ လုပ်ငန်းတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် content တွေ knowledge sharing sessionတွေ design assets freebies တွေကို sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

The Eyes မူရင်း brand က ကျယ်ပြန့်လာတဲ့ scope အတွက် လုံလောက်တဲ့ representation ကို မပေးနိုင်ပါဘူး။ ဒါကြောင့် The Eyes ရဲ့လက်ရှိ scope နဲ့ လိုက်ဖက်အောင် rebrand ပြန်လုပ်တာပဲဖြစ်ပါတယ်။

08/02/2024

⚡The relation of design and culture

Design တစ်ခုဟာ နေရာတိုင်းအတွက် သုံးလို့ရတယ်ဆိုတာထပ် နေရာဒေသနဲ့ ဓလေ့ထုံးစံပေါ်မူတည်ပီး ပြောင်းလဲရတာမျိုးဖြစ်ပါတယ်။ ဒေသတစ်ခုရဲ့ ဓလေ့ထုံးစံဟာ အဲ့ဒီဒေသအတွက် ရည်ရွယ်ထားတဲ့ Design အပေါ်မှာ သိသာတဲ့ လွှမ်းမိုးမှုရှိပါတယ်။

Design မှာ နေရာတိုင်းမှာ သုံးလို့ရနိုင်တဲ့ Design ဆိုတာ မရှိပါဘူး။ Design ကို အဓိက ပုံဖော်တာကတော့ အဲ့ဒီ Design ကို Launch လုပ်မယ့် ဒေသရဲ့ ဓလေ့ထုံးစံပဲဖြစ်ပါတယ်။ Design တစ်ခုအောင်မြင်ဖို့အတွက် အဲ့ဒီဒေသက လူတွေရဲ့ နေ့စဥ်လည်ပတ်စီးဆင်းနေမှုထဲကို အထစ်အငေါ့မရှိ ပေါင်းစည်နိုင်မှုက အဓိကကျတဲ့ တစ်ချက်ဖြစ်ပါတယ်။

ဒီ concept ကို လက်တွေ့ဘဝမှာ အသုံးချနေတာကို နေရာတော်တော်များများမှာ တွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံဟာ သိသာထင်ရှားတဲ့ ဥပမာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နေ့စဥ်ဘဝနဲ့ ဓလေ့ထုံးစံမှာ အချိန်ဟာ တန်ဖိုးအထားအခံရဆုံးဖြစ်ပါတယ်။ ဒါကြောင့် designer တော်တော်များများဟာ အချိန်ကို အဓိကထားပီး ပြဿနာတွေကို ဖြေရှင်းဖို့ design ကို ဖန်တီးကြတာပဲဖြစ်ပါတယ်။ Convivence store တွေမှာ လတ်လတ်ဆပ်ဆပ်လုပ်ထားတဲ့ အသင့်စား ထမင်းဘူးတွေရောင်းတာ၊ ဘူးအောက်ခြေက air-tight seal ကို ချိုးလိုက်ရင် ပန်းကန်ထဲကို ချက်ချင်းကျလာတဲ့ ပူတင်းဘူး၊ ရေသွန်စရာ အပေါက်ပါတဲ့ ramen ခေါက်ဆွဲဘူး ဒါတွေက ပုံမှန်ကြည့်မယ်ဆိုရင်တော့ နေ့စဥ်ဘဝတွေအတွက် အဆင်ပြေအောင် Design လုပ်ထားတယ်လို့ မြင်ရပါတယ်။ ဒါထပ် ပိုပီး နက်နက်ရှိုင်းရှိုင်း စဥ်းစားကြည့်မယ်ဆိုရင်တော့ အခု design တွေအားလုံးဟာ အချိန်ကုန် သက်သာအောင်ဆိုတဲ့ concept ပေါ်မှာ တည်ပီး design လုပ်ထားကြတာပဲဖြစ်ပါတယ်။

Design အားလုံးဟာ အကျိုးသက်ရောက်မှုရှိအောင်ရည်ရွယ်ပီး ဖန်တီးကြတာပဲဖြစ်ပါတယ်။ Design တစ်ခုအနေနဲ့ အကျိုးဖြစ်ထွန်းဖို့ ဆိုရင်တော့ Designer တွေက ဘယ်သူတွေက ကိုယ့် Product ရဲ့ end consumer ဖြစ်မလဲဆိုတာနဲ့ သူတို့ကို ဘယ်လို characteristic တွေက တခြားသူတွေနဲ့ ခွဲခြားလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။ End consumer အပေါ် ထဲထဲဝင်ဝင် နားလည်မှသာ Designer တွေဟာ သူတို့ရဲ့ Design တွေကို စားသုံးသူတွေရဲ့ မသိစိတ်ထဲအထိ ရောက်တဲ့ Design တွေ ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့လဲ ကိုယ့်ရဲ့ Designer တွေကို လွတ်လပ်စွာဖန်တီးခွင့်ကို ပမာဏ တစ်ခုအထိပေးထားဖို့ လိုပါတယ်။ အခုလိုပေးထားမှသာ Designer တွေအနေနဲ့ innovated ဖြစ်တဲ့ ချဥ်းကပ်မှုတွေ၊ အဖြေရှာခြင်းတွေနဲ့ လုပ်ငန်းရဲ့ ဖွင့်ဖြိုးတိုးတက်မှုအပေါ်မှာ အကျိုးသက်ရောက်စေနိုင်မှာပဲဖြစ်ပါတယ်။


Design is much more like a cultural preference than a universal language.

The culture of the region has a great influence on the design of that region.

There is no one-size-fits-all design solution. Design is majorly shaped by the culture of the region where the design is going to be launched. It is crucial to success, the design needs to seamlessly become a part of their daily life.

You can find the application of this concept in various places. Japan is a great example of this matter. Time is most valued in Japanese daily life and culture. So most designs are designed to solve the problems around that value. Convivence store sells freshly made meals. Pudding cup that instantly pours on the plate when you break the air-seal pin. Ramen box with drain hole on the cover. When you zoom in those designs are designed to make daily life connivant. But when you zoom out those designs are designed to reduce the amount of time needed to spend in certain scenarios.

Every design is made to create an impact. For design to work out favorably, designers need to understand who is the end consumers and what characteristics define them to separate from the majority. With deep understanding, designers can embed their design into end consumers’ unconscious minds.

Businesses must let their designers have a certain amount of creativity freedom. With this creativity freedom, designers may be able to exercise and articulate innovative solutions and make an impact on the business’s growth.

22/01/2024

19/01/2024

Project Showcase!

My new way Construction အတွက် ဖန်တီးပေးခဲ့တဲ့ Logo design project.

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00