Bio Booster

Bio Booster

Share

15/02/2020

ဆီးချိုရောဂါ ကာကွယ်ခြင်းအတွက် ပိန္နဲသီး၏ အံ့ဩဖွယ် ၁၆ချက်
💮💮💮💮💮💮💮💮💮💮💮💮💮

ဆီးချိုရောဂါသည် ချိုသောအစားအစာများနှင့် မတည့်ကြောင်းသိပြီး ဖြစ်သည်။ သို့ရာတွင် ချိုမြိန်လှသော ပိန္နဲသီးသည် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသတဲ့။ ပိန္နဲသီးဟုဆိုလိုက်လျှင် အပြင်တွင် ဆူးများနှင့် ကာရံထားပြီး အတွင်းမှာ ချိုမြိန်သော အသီးများရှိသည်ကို ပြေးမြင်ကြလေ့ရှိပါသည်။ သို့သော် ပိန္နဲသီးစိမ်းသည်လည်း အမှည့်ကဲ့သို့ပင် စား၍ ရတယ်ဆိုတာ သင်သိပါသလား။




ဆီးချိုရောဂါ ကာကွယ်ခြင်းအတွက် ပိန္နဲသီး၏ အံ့ဩဖွယ် ၁၆ချက်

ပိန္နဲသီးစိမ်းသည် အဝါရောင်နည်း၊ နူးညံ့မှုနည်းပြီး သကြားပါဝင်မှုလည်း နည်းပါသည်။ ထို့ကြောင့် ပိန္နဲသီးကို ဆီးချိုရောဂါကာကွယ်ခြင်းအတွက် အသုံးပြုနိုင်သည်ဟု ဆိုရခြင်းဖြစ်သည်။ ပိန္နဲသီးမှည့်ကို သစ်သီးအဖြစ်စားသုံးကြသော်လည်း အစိမ်းကိုမူ ချက်ပြုတ်ပြီး အရံဟင်းအဖြစ် စားသုံးကြသည်။ တောင်အာရှ သို့မဟုတ် အရှေ့တောင် အာရှရှိ လူမျိုးများသည် ထိုဟင်းများနှင့် ရင်းနှီးကြပါသည်။

ပိန္နဲသီးတွင်ပါဝင်သော အာဟာရတန်ဖိုးများ

ပိန္နဲသီးစိမ်း ၁၀၀ဂရမ်တွင် အောက်ပါ အာဟာရတန်ဖိုးများ ပါဝင်သည်။

စွမ်းအင် ၇ kcal
အဆီ ၀.၇ ဂရမ်ပြည့်ဝဆီ ၀.၁ ဂရမ်ဆိုဒီယမ် ၁၅.၇ မီလီဂရမ်ကစီဓာတ် ၉၁ ဂရမ်အမျှင်ဓာတ် ၆.၅ ဂရမ်ပျော်ဝင်နိုင်သော အမျှင် ၂.၆ ဂရမ်မပျော်ဝင်နိုင်သော အမျှင် ၃.၉ ဂရမ်သကြားဓာတ် ၁၀.၂ ဂရမ်အသားဓာတ် ၃.၆ ဂရမ်
မဂ္ဂနီစ် ၀.၆ မီလီဂရမ်

ဆီးချိုရောဂါအတွက် ပိန္နဲသီး၏ အသုံးဝင်ပုံများ

ပိန္နဲသီး အထူးသဖြင့် ပိန္နဲသီးအစိမ်းတွင် ဆီးချိုအတွက် အထောက်အကူပြုသော အာဟာရများပါဝင်ပါသည်။ ပိန္နဲသီးမှည့်သည် ဆီးချိုအတွက် အန္တရာယ်မရှိဟု ယူဆထားကြသော်လည်း ပိန္နဲသီးစိမ်းသည် အောက်ပါ အချက်များကြောင့် ဆီးချိုရောဂါတွင် အသုံးဝင်ပေသည်။

(၁) သကြားဓာတ်နည်းခြင်း

ဆစ်ဒနီ တက္ကသိုလ်တွင် ပြုလုပ်သော စမ်းသပ်ချက်အရ ပိန္နဲသီးအစိမ်းသည် အမှည့်ထက် သကြားပါဝင်မှုနည်းကြောင်း တွေ့ရပါသည်။ ဆိုလိုသည်မှာ ပိန္နဲသီးစိမ်းစားခြင်းကြောင့် သွေးတွင်း သကြားဓာတ်တက်လာမည် မဟုတ်ပေ။ ထို့ပြင် အမျှင်ဓာတ်များစွာ ပါဝင်လေရာ အမျှင်ဓာတ်အစားနည်းသော ဆီးချိုသမားများအတွက် အကျိုး ရှိပေသည်။

(၂) ဆီးချိုစာအဖြစ် စားနိုင်ခြင်း

ပိန္နဲသီးသည် ဆီးချိုရောဂါအတွက် အထောက်အကူပြုရုံသာမက ပိန္နဲသီးစိမ်းကို ဟင်းလျာအဖြစ် အလွယ်တကူ ချက်ပြုတ်စားနိုင်ပါသည်။ ချက်စားမည်ဆိုလျှင်တော့ အိန္ဒိယစတိုင် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်သင့်ပါသည်။ ဟင်းခတ် အမွှေးအကြိုင်များ(ဥပမာ နနွင်း)သည် ကျန်းမာရေးကို အထောက်အကူပြုသည်။

(၃) ဆာလောင်မှုကို ဟန့်တားပေးခြင်း

ပိန္နဲသီး၏ အသားတွင် မပျော်ဝင်နိုင်သည့် အမျှင်ဓာတ်များ များစွာ ပါဝင်သည်။ အစာခြေနှေးစေသောကြောင့် ဆာလောင်မှုကို ထိန်းချုပ်ပြီး မကြာမကြာ သရေစာစားခြင်းကို ဟန့်တားနိုင်သည်။ ထို့ပြင် အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းနှင့် ဗိုက်အောင့်ခြင်းကို ကာကွယ်ပေးလေရာ အစာခြေစနစ်အတွက် အကျိုးပြုပါသည်။

(၄) ကစီဓာတ်ကို အစားထိုးနိုင်ခြင်း

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မဖြစ်မနေစားနေရသည့် ဆီးချိုသမားများအတွက် ပိန္နဲသီးသည် အလွန်အသုံးဝင်ပါသည်။ သကြားဓာတ်ပါဝင်မှုနည်းသောကြောင့် သွေးတွင်းသကြားဓာတ်ကို မတက်စေရုံသာမက ပါဝင်သည့် အမျှင်ဓာတ်ကလည်း အကျိုပြုပါသည်။ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ကစီဓာတ်များသော ထမင်းနှင့် ပေါင်မုန့်အစားသုံးနိုင်ပြီး စားပြီးသည့်အခါတွင် ထမင်းစားထားသကဲ့သို့ ဗိုက်ပြည့်နေမည် ဖြစ်သည်။

(၅) ဂလူတန် (Gluten) မပါဝင်ခြင်း

ဆီးချိုသမားများသည် ဂလူတန်ပါဝင်သည့် အစားအစာများ(ဥပမာ – ဂျုံ)ကို လျှော့၍ စားသုံးသင့်သည်။ သို့သော် နေ့စဉ်အစားအစာများတွင် ဂျုံပါဝင်နေလေရာ ရှောင်စားရန် ခက်လှသည်။ ထိုအခါမျိုးတွင် ပိန္နဲသီးကို စဉ်းစားသင့်သည်။ ပိန္နဲသီးများ အခြောက်ခံ၍ အမှုန့်ပြုလုပ်ပါ။ ထိုဂလူတန်မပါဝင်သည့် ဂျုံအစားထိုးအမှုန့်ကို ဆီးချိုသမားများ၊ ဂလူတန်နှင့် မတည့်သောသူများတွင် အသုံးပြုနိုင်သည်။

(၆) အသက်ရှည်စေခြင်း

မကြာသေးခင်က သုတေသနပြုချက်အရ ဆီးချိုသမားများအတွက် အမျှင်ဓာတ်အစားနည်းခြင်းသည် လေ့ကျင့်ခန်းမလုပ်ခြင်းထက် ပို၍ အန္တရာယ်များကြောင်း ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ အသီးအရွက်မှရရှိသော အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသည်။ ဒီလို အခါမျိုးတွင် အမျှင်ဓာတ်ပါခြင်းအတူတူ သကြားဓာတ်ပါသော အခြားသစ်သီးများအစား ပိန္နဲသီးအား စားနိုင်ပါသည်။ ထို့ပြင် နေ့စဉ်အစားအစာထဲတွင် ပိန္နဲသီးထည့်စားပေးမည်ဆိုပါက အဆာခံနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်မည် ဖြစ်သည်။ သို့မှသာ အမျှင်ဓာတ် ပိုစားဖြစ်ပြီး အခြားကျန်းမာရးနှင့် မညီညွတ်သော သရေစာများ အစားနည်းသွားမည် ဖြစ်သည်။

(၇) ကိုယ်အလေးချိန်ကျစေခြင်း

အဝလွန်သူများသည် ဆီးချိုရောဂါဖြစ်နိုင်ကြောင်း သိထားပြီးဖြစ်ပါသည်။ ပိန္နဲသီးစားခြင်းသည် ကိုယ်အလေးချိန်ကို ထိန်းပေးသောကြောင့် အမျိုးအစား၂ ဆီးချိုရောဂါ မဖြစ်စေရန် ကာကွယ်ပေးသည်။ သကြားပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန်ကို ကောင်းစွာ ထိန်းနိုင်ပြီး ဆီးချိုရောဂါအတွက် အထောက်အကူပြုပေသည်။

ပိန္နဲသီး၏ အခြားကောင်းကျိုးများမှာ-

(၉) ကိုလက်စရော နည်းစေခြင်း

(၁၀) သွေးဖိအားကျခြင်း

(၁၁) နှလုံးနှင့် ပတ်သတ်သော နောက်ဆက်တွဲပြဿနာများမှ ကာကွယ်ပေးခြင်း

(၁၂) မျက်စိအား ကောင်းစေခြင်း

(၁၃) အနာကျက်စေခြင်း

(၁၄) ရောင်ရမ်းမှုကို သက်သာစေခြင်း

(၁၅) ဒဏ်ရာရလျှင် သွေးထွက်နည်းစေခြင်း

(၁၆) အာဟာရဖြစ်စေခြင်း

ပိန္နဲသီးစိမ်းစားရာတွင် သတိပြုရမည့် အချက်များ

ဆီးချိုနှင့်ပတ်သတ်သော ပိန္နဲသီးကောင်းကျိုးများကို သိထားရမည့်အပြင် ဘေးထွက်ဆိုးကျိုးများကိုလည်း သတိထားရမည်။

ဆီးချိုသမားများသည် သွေးတွင်းသကြားဓာတ် ထိန်းရန်အတွက် နေ့စဉ်ဆေးသောက်နေရပါသည်။ အကယ်၍ သင့်တွင် ဆီးချိုရောဂါရှိပြီး ထို့အတွက် ပိန္နဲသီးအား စားလိုပါလျှင် ဆရာဝန်နှင့် အရင် တိုင်ပင်သင့်ပါသည်။ ပိန္နဲသီးစိမ်း စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အင်ဆူလင် လိုအပ်မှု လျော့နည်းသွားသောကြောင့် ဖြစ်သည်။

ပိန္နဲသီးစိမ်းစားခြင်းကြောင့် ခန္ဓာကိုယ်တွင် သကြားဓာတ်အလွန်အမင်း လျော့နည်းခြင်း (Hypoglycemia) ဖြစ်တတ်သည်။ သို့သော် ဆရာဝန်၏ လမ်းညွှန်မှုအောက်တွင် စားသုံးမည်ဆိုပါက ပိန္နဲသီးစိမ်း၏ အကျိုးကျေးဇူးကို ရရှိမည် ဖြစ်ပါသည်။ ထို့ပြင် ဆီးချိုရောဂါအတွက် ပိန္နဲရွက်ကိုလည်း အသုံးပြုနိုင်သည်။


ဘာသာပြန်ရေးသားသူ -ဒေါက်တာထက်ထက်ဇော်ဝင်း

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

ဗဟန်းမြို့နယ် အင်းယားလမ်း
Yangon
11111