Corporate Learning Institute
09/05/2024
"ဂျက်ခ်မား က ပြောတာပါ...”
"ကျေးဇူးပြုပြီး ..
ခင်ဗျားတို့ရဲ့ကလေးတွေကို
ပြောလိုက်ပါ ....
ကမ္ဘာကြီးဟာ ..
နေ့စဉ် ပြောင်းလဲနေတာပါ။
ဘယ်သူကမှ ဘယ်သူ့ကိုမှ
စောင့်နေမှာ မဟုတ်ဘူး ....
ဓာတ်မီးခြစ် တီထွင်ခဲ့အပြီးမှာ
ယမ်းမီးခြစ်ဟာ ..
တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်။
ဂဏန်းပေါင်းစက် တီထွင်ခဲ့အပြီးမှာ
ပေသီးတွက်နည်းဟာ ..
တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်။
ဒစ်ဂျစ်တယ် ကင်မရာတွေ
ပေါ်လာခဲ့တဲ့နောက် ..
ဖလင်ကင်မရာတွေ မှေးမှိန်သွားခဲ့တယ်။
တိုက်ရိုက်ရောင်းစနစ်..
အင်တာနက်ကတဆင့်
ရောင်းတဲ့စနစ် ပေါ်လာပြီးတဲ့နောက်
ရိုးရာ စျေးကွက်ရှာဖွေနည်းတွေ
မှေးမှိန်သွားခဲ့တယ် ...။
4G စမတ်ဖုန်းကို
မိတ်ဆက်ပြီးတဲ့နောက်မှာ ..
ကွန်ပျူတာကို ဖွင့်ဖို့တောင် မလိုတော့ဘူး။
WeChat နဲ့ WhatsApp တွေ
ဖွံ့ဖြိုးလာတဲ့အခါမှာတော့
အစဉ်အလာ နည်းနဲ့..
Text Message ပို့တာတွေ
အရင်လောက် ခေတ်မစားတော့ဘူး...။
ဘယ်သူက ဘယ်သူ့စီးပွားကို
သိမ်းပိုက်သွားလို့ဆိုပြီး ..
အပြစ်တင်မနေကြပါနဲ့တော့ ...။
ဒါဟာ အပြောင်းအလဲကြောင့်သာ
ဖြစ်ပါတယ်။
လူတွေဟာ ..
အပြောင်းအလဲကို လက်ခံလွယ်လာတယ်။
ပိုပြီး လိုက်လျောညီထွေဖြစ်အောင်
ပြောင်းလဲနိုင်လာတယ် ...။
အတွေးသစ် အကြံသစ်တွေကို
လက်ခံလာကြတယ်။”
တစ်စုံတစ်ယောက်က ဂျက်ခ်မားကို
"ခင်ဗျားရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က
ဘာလဲ” လို့မေးတဲ့အခါ -
“သိပ်ကို ရိုးရှင်းပါတယ် ...။
ခင်ဗျားတို့စောင့်ကြည့်နေတဲ့ အချိန်မှာ
ကျွန်တော်က လုပ်နေပါပြီ” …။
ဒါကြောင့်မို့ပြောင်းပါ ...။
အချိန်နဲ့အမျှ ပြောင်းနေတဲ့ကမ္ဘာကြီးထဲမှာ
မပြောင်းပဲနေလိုက်ရင် ကျန်ရစ်ခဲ့လိမ့်မယ်။
ကိုယ့်အချိန်အတွင်းမှာ ကိုယ်စိုက်တာလေးပဲ
ကိုယ်ရိတ်သိမ်းရမှာပါ ....
အသောက်မက်နေရင်
အရက်သမားပဲဖြစ်မှာပေါ့ ...။
အချိန်ရှိသမျှ အပြစ်ချည်းပဲတင်နေရင်လဲ
အပြစ်ဖွဲ့တတ်သူပဲ ဖြစ်လာမှာပေါ့ ...။
ကိုယ့်ကိုယ်ကို လှပဖို့အတွက်
အချိန်သုံးစွဲခဲ့ရင်လဲ... လှပတဲ့
လူငယ် လုံမငယ်လေးတွေ ဖြစ်လာမှာပေါ့။
ကျန်းမာရေးအတွက် အချိန်သုံးခဲ့ရင်
ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပေါ့ ...။
တစ်စုံတစ်ခုကို ..
သေသေချာချာ ရွေးချယ်ခဲ့ရင်လဲ
အဓိပ္ပါယ်ရှိသူ ဖြစ်လာမှာပါ ...။
သင်ယူရာမှာ အချိန်သုံးစွဲခဲ့ရင်လဲ
ပညာရှိဖြစ်လာမှာပါ ...။
မိသားစုအတွက် ..
အချိန်ကို သုံးခဲ့မယ်ဆိုရင်လဲ
သာယာစိုပွတေဲ့ မိသားစုဘဝကို
ပိုင်ဆိုင်နိုင်မှာပါ ...။
Dr. Pacapol Anurit
Click here to claim your Sponsored Listing.
Contact the university
Telephone
Website
Address
#521 A, 5th Floor, Theingi Street, North Okkalapa Tsp
Yangon